ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မကၠဆီကို ႏိုင္ငံဆိုတာ အားလံုးသိၾကတဲ့ အတိုင္းပဲ ခရစ္ယာန္မ်ားတဲ႔ ႏိုင္ငံ။ အဲဒီ မကၠဆီကိုက ဗုဒၶဘာသာ ျဖစ္စ လူ (၃၀) ေလာက္ ျမန္မာျပည္ ေရာက္လာတယ္။ ေရာက္လာတဲ႔အခါက်ေတာ့ မႏၲေလးက မဟာျမတ္မုနိဘုရားၾကီး ဝင္ဖူးျပီးေတာ့ စစ္ကိုင္း ေရာက္လာတယ္။ ေရာက္လာၿပီး ပါခ်ဳပ္ဆရာေတာ္ ေက်ာင္း ေရာက္လာၿပီးေတာ့ ေက်ာင္းေစာင့္ေတြကို ခြင့္ေတာင္းတယ္။ "ဆရာေတာ္နဲ႔ေတြ႔တုန္း ေမးစရာရွိတာေလး ေမးခ်င္ပါတယ္" တဲ့။

ဒါနဲ႔ ဆရာေတာ္ကို ႏိုင္ငံျခားသားေတြကေတြ႕တဲ့အခါ မကၠဆီကန္သူ အမ်ိဳးသမီး တစ္ေယာက္က ဘာေမးတုန္း ဆိုရင္ "ဘုရားၾကီး ဝင္ျပီး ဖူးတဲ႔အခါမွာ (အမ်ိဳးသမီးမဝင္ရ) ဆိုတဲ႔ ဆိုင္းဘုတ္ ေတြ႕လာ တယ္တဲ့။ ဗုဒၶဘာသာက အဲဒီလို ခြဲျခား ဆက္ဆံ သလား" တဲ့။

ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာနဲ႔ ထိစပ္ေနတဲ့ ေနရာ အေတာ္မ်ားမ်ားမွာ အဆိုပါ ဆိုင္းပုဒ္နဲ႔ စည္းကမ္းေလး ေတြ ေတြ႕ဖူးၾကမွာပါ။ ဥပမာ - ေရႊတိဂံုဘုရားရဲ႕ အလယ္ပစၥယံ မွာဆိုရင္ "အမ်ိဳးသမီး မတက္ရ" ဆိုတဲ့ ဆိုင္းဘုတ္ေထာင္ ထားတာ ရွိတယ္။ က်ိဳက္ထီးရိုး ဘုရားမွာ က်ေတာ့လဲ "တံတားကို အမ်ိဳးသမီး မကူးရ" ဆိုတာမ်ိဳးေတြ ရွိတယ္။ အဲဒါနဲ႔ ပတ္သက္လို႔ ဒီႏိုင္ငံအေၾကာင္း သိပ္မသိတဲ့ ႏိုင္ငံျခားသား ဧည့္သည္ေတြနဲ႔ ဧည့္လမ္းၫႊန္ Tour Guide ေတြ ခဏခဏ ျပႆနာတက္တတ္ ၾကတယ္။

ဆိုေတာ့ အခုလည္း မကၠဆီကန္က အသစ္စက္စက္ ဗုဒၶဘာသာ ျဖစ္ခါစ ႏိုင္ငံျခားသူ က မေက်နပ္ ဘူး။ သူတို႔ ႏိုင္ငံျခားက လာတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြက အင္မတန္ စူးစမ္းၾကတာေလ။ တစ္ခုခု ဆိုရင္ တိက်တဲ့ အေျဖမရ မခ်င္း ဇြတ္ကို ေမးေနမွာ။ ခုလဲ ဒီကိစၥကို မရဘူး။ သူလက္မခံဘူးေပါ့။ သူက ေယာက်္ားေရွ႕က ေနခ်င္တာ။ အဲ႔ေတာ့ ေယာက်္ားေတြခ်ည္း တစြက္စြက္ ဝင္သြားၿပီး မိန္းမသားေတြ မဝင္ရဘူး ဆိုေတာ့ ဒါက မိန္းမသားေတြကို ဘာသာေရးမွာ သက္သက္ ႏွိမ္တယ္လို႔ စိတ္ထဲမွာ ထင္ေၾကာင္း ပါခ်ဳပ္ ဆရာေတာ္ကို ေလွ်ာက္တယ္။

ပါခ်ဳပ္ ဆရာေတာ္ က ဘာျပန္မိန္႔သလဲဆိုေတာ့ - "This is not Buddhism. This is a tradition." ဒါ ဗုဒၶဘာသာနဲ႔ မဆိုင္ဘူးလို႔။ ဒါဟာ "tradition" ျမန္မာတို႔ရဲ႕ ဓေလ့ထံုးစံ ေခၚတယ္လို႔ ေျပာေတာ့မွ ေက်နပ္ သြားတယ္။

Tour Guide လုပ္တဲ့ လူေတြကိုလည္း ပါခ်ဳပ္ဆရာေတာ္ဟာ တဆက္ထဲမွာလိုက္တယ္။ "မင္းတို႔ ရွည္ရွည္ေဝးေဝးေတြ ေလွ်ာက္မေျပာနဲ႔။ Guide လုပ္တဲ့လူကို အဲဒီလိုေမးလိုက္လို႔ Guide ျဖစ္တဲ့လူက အေယာင္ေယာင္အမွားမွားနဲ႔ အမ်ိဳးသမီးဆိုတာ ဘုရားေရွ႕မွာ မေတာ္လို႔လို႔၊ ထမီေတြနဲ႔ ဘာျဖစ္လို႔ ညာျဖစ္လို႔ ဆိုၿပီး အဲဒီလိုေတြ မေျပာနဲ႔တဲ့။ သူတို႔ဆီမွာ ထမီ ေခါင္းေပါင္းၿပီး ေရခ်ိဳးတဲ့ ေယာက်္ား ေတာင္ ရွိေသးတယ္တဲ့" ဆရာေတာ္က မိန္႔တယ္။

ဆက္လက္ၿပီး ဆရာေတာ္က - "သီဟိုဠ္မွာဆိုရင္ သူတလွည့္ ကိုယ္တလွည့္ ဝတ္ေနတာ။ ထမီရယ္ လံုခ်ည္ရယ္ ရွိတာ မဟုတ္ပဲ။ ဘာမွ မထူးဘူး။ ေခါင္းအံုးေပၚလဲ ေျခေထာက္ တင္တာပဲ အဲဒီလူေတြ။ အဲဒီေတာ့ ေျခေထာက္က နိမ့္က်ျပီး ေခါင္းက ျမတ္တယ္လို႔ ဘယ္လိုလုပ္ ေျပာလို႔ ရမွာလဲ။ ခႏၶာကိုယ္တစ္ခုလံုးဟာ တူတူပဲေပါ့။

သို႔ေသာ္ ဗမာေတြ အယူအဆေနာ္။ ေခါင္းရင္းဆိုရင္ အမြန္အျမတ္ ထားတယ္ေလ။ ေခါင္းရင္းကို ေျခေထာက္ထားရင္ အလြန္စိတ္ဆိုးမယ္။ ဒါက tradition ပဲေပါ့။ ေခါင္းမကိုင္နဲ႔ ေခါင္းကိုင္ရင္ မၾကိဳက္ ဘူး။ ထိုင္းေလးေတြဆိုရင္ ေခါင္းသြားကိုင္ရင္ ရန္သူပဲ။ အဲဒါ သီဟိုဠ္ေတြက ဘာရယ္ မဟုတ္ဘူး။ လူကို ခ်စ္လို႔ရွိရင္ ေခါင္းကိုင္တယ္။

အဲဒီလိုမ်ိဳးေတြ တစ္ဦးနဲ႔တစ္ဦး tradition ေတြက မတူဘူး။ ျပီးေတာ့ သီဟိုဠ္တို႔ Chinese တို႔က တစ္ခုခုျပရင္ လက္နဲ႔ မျပဘူး။ ေျခေထာက္နဲ႔ ျပတယ္။ (ဗမာက်ေတာ့ ဒါ အင္မတန္ရိုင္းတယ္) ဒါ သူတို႔ tradition ပဲလို႔ ကိုယ္က နားလည္လို႔ရွိရင္ ျပႆနာ မျဖစ္ဘူး။ "ဟာ ဒီေကာင္ ရိုင္းလွခ်ည္လား" ဆို ရန္ျဖစ္ၾက။ သူကလဲ ဘာရိုင္းမွန္း မသိဘူး။ ရိုင္းလွခ်ည္လားဆို သူ႔ကိုယ္သူလဲ ဘာရိုင္းမွန္းမွ မသိတာ။ သူ လုပ္ေနက်ပဲ ေျခေထာက္နဲ႔ ျပတယ္ေလ။ ဒါ သူ႔ ေျခေထာက္ အားလို႔ ေျခေထာက္နဲ႔ ျပတာေပါ့။ ကိုယ္အားတာ ကိုယ္လုပ္တာ။ လက္နဲ႔ ေျခေထာက္ တူတူပိုင္တာပဲ။

သို႔ေသာ္ tradition အရ ဒါေတြ ရိုင္းစိုင္းတယ္လို႔ ယူဆတယ္။ ယဥ္ေက်းတယ္လို႔ ယူဆၾကတယ္။အဲဒီလို ယူဆတာ။

သီဟိုဠ္ကၽြန္း သြားၾကည့္ရင္ တရားနာျပီဆိုလို႔ရွိရင္ အမ်ိဳးသမီးေတြက ဒူးတုပ္ျပီး မထိုင္ႏိုင္ဘူး။ ဘာလုပ္တုန္း။ ဘုန္းၾကီးဘက္ ေျခေထာက္ေလးေတြ ဆင္းျပီး ထိုင္ၾကတယ္။ အမ်ိဳးသားေတြက ဒူးေထာင္ေပါင္ကား ထိုင္ၾကတယ္။ အဲေတာ့ အမ်ိဳးသမီးေတြထိုင္တာ ၾကည့္လိုက္လို႔ရွိရင္ ဘုန္းၾကီး ဘက္ကို ေျခဆင္းထိုင္ၾကတယ္။ လက္အုပ္ေတာ့ ခ်ီထားတယ္။ ေျခစံုလက္စံုမိုးတယ္ ဆိုတာ အဲဒါ ေခၚတာ။ ဒါ ဗုဒၶဂယာ သြားတဲ႔လူေတြ သီဟိုဠ္အဖြဲ႕ ဘုရားဖူးလာတယ္ဆိုရင္ ေတြ႔လိမ့္မယ္။ ဒီအတိုင္းပဲ ေတြ႔ရတတ္တာပဲေနာ္။ ေျခစံုလက္စံုမိုး ဒါ သူတို႔ tradition ပဲ။ သြားေျပာလို႔ မရဘူးေလ။

သူတို႔မွာ ေျခေထာက္ကို ယုတ္ညံ႔တယ္လို႔ မသတ္မွတ္ဘူး။ ဗမာကေတာ့ ေျခေထာက္ကို အလြန္ ယုတ္ညံ႔တယ္။ ယုတ္ညံ႔သည့္အတြက္ေၾကာင့္ လူၾကီး၊ သူၾကီးေရွ႕ဆိုရင္ ေျခေထာက္ေဖာ္ မထိုင္ရဘူး။ ေနာက္ပစ္ထားရတယ္ေနာ္။ သူတို႔က်ေတာ့ ေျခေထာက္နဲ႔ ေခါင္း တူတူပဲ။ ဘာမွ မထူးဘူး။

ေအး ျမတ္စြာဘုရားရဲ႕ အဆံုးအမ အမွန္ေတြဟာ ဒီ tradition ေတြကေန ခြဲထြက္ဖို႔ လိုအပ္တယ္။ tradition ေတြကေန ခြဲမထြက္ႏိုင္ဘူးဆိုရင္ ဗုဒၶရဲ႕ အဆံုးအမလိုလို ဘာလိုလိုနဲ႔ ေရာေထြး ဝင္ေရာက္ ေနတာ။ ဗုဒၶရဲ႕ အဆံုးအမ အစစ္က ခုနက ေျပာတဲ႔ အတိုင္းပဲ။

ဘယ္အခ်ိန္လုပ္လုပ္ ေကာင္းတာ လုပ္ရင္ ေကာင္းတဲ႔ နကၡတ္ပဲ။ ေကာင္းကင္က ၾကယ္ေတြက ကိုယ့္ ကိုဘာမွ မတတ္ႏိုင္ဘူး။ ေကာင္းကင္ နကၡတ္ေတြက ကိုယ့္ကို ဘာမွ မတတ္ႏိုင္ဘူး။ ကိုယ္ လုပ္သင့္ မလုပ္သင့္ ကိုယ့္ဟာ ကိုယ္ပဲ နားလည္ရမယ္။ အကုသိုလ္ မျဖစ္ေအာင္ လုပ္ရမယ္။ ကုသိုလ္ ျဖစ္ ေအာင္ သတိေဆာင္ရမယ္။ ဒါ ျမတ္စြာဘုရားရဲ႕အဆံုးအမ အေျခခံပဲ။

ျမတ္စြာဘုရားရဲ႕ အဆံုးအမကို အႏွစ္ခ်ဳပ္ေျပာရမယ္ ဆိုလို႔ရွိရင္ ကုသိုလ္ျဖစ္တဲ႔အလုပ္ မွန္သမွ် လုပ္ ေကာင္းတယ္။ အကုသိုလ္ျဖစ္တဲ႔ အလုပ္မွန္သမွ် မလုပ္ေကာင္းဘူး။ ဒီလိုပဲ သတ္မွတ္တယ္။"

အျပည္ျပည္ဆိုင္ရာ ေထရဝါဒ ဗုဒၶသာသနာျပဳ တကၠသိုလ္
ပါေမာကၡခ်ဳပ္ ဆရာေတာ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ နႏၵမာလာဘိဝံသ

#Unicode Version#
 မက္ကဆီကို နိုင်ငံဆိုတာ အားလုံးသိကြတဲ့ အတိုင်းပဲ ခရစ်ယာန်များတဲ့ နိုင်ငံ။ အဲဒီ မက္ကဆီကိုက ဗုဒ္ဓဘာသာ ဖြစ်စ လူ (၃၀) လောက် မြန်မာပြည် ရောက်လာတယ်။ ရောက်လာတဲ့အခါကျတော့ မန္တလေးက မဟာမြတ်မုနိဘုရားကြီး ဝင်ဖူးပြီးတော့ စစ်ကိုင်း ရောက်လာတယ်။ ရောက်လာပြီး ပါချုပ်ဆရာတော် ကျောင်း ရောက်လာပြီးတော့ ကျောင်းစောင့်တွေကို ခွင့်တောင်းတယ်။ "ဆရာတော်နဲ့တွေ့တုန်း မေးစရာရှိတာလေး မေးချင်ပါတယ်" တဲ့။

ဒါနဲ့ ဆရာတော်ကို နိုင်ငံခြားသားတွေကတွေ့တဲ့အခါ မက္ကဆီကန်သူ အမျိုးသမီး တစ်ယောက်က ဘာမေးတုန်း ဆိုရင် "ဘုရားကြီး ဝင်ပြီး ဖူးတဲ့အခါမှာ (အမျိုးသမီးမဝင်ရ) ဆိုတဲ့ ဆိုင်းဘုတ် တွေ့လာ တယ်တဲ့။ ဗုဒ္ဓဘာသာက အဲဒီလို ခွဲခြား ဆက်ဆံ သလား" တဲ့။

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာနဲ့ ထိစပ်နေတဲ့ နေရာ အတော်များများမှာ အဆိုပါ ဆိုင်းပုဒ်နဲ့ စည်းကမ်းလေး တွေ တွေ့ဖူးကြမှာပါ။ ဥပမာ - ရွှေတိဂုံဘုရားရဲ့ အလယ်ပစ္စယံ မှာဆိုရင် "အမျိုးသမီး မတက်ရ" ဆိုတဲ့ ဆိုင်းဘုတ်ထောင် ထားတာ ရှိတယ်။ ကျိုက်ထီးရိုး ဘုရားမှာ ကျတော့လဲ "တံတားကို အမျိုးသမီး မကူးရ" ဆိုတာမျိုးတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒီနိုင်ငံအကြောင်း သိပ်မသိတဲ့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဧည့်လမ်းညွှန် Tour Guide တွေ ခဏခဏ ပြဿနာတက်တတ် ကြတယ်။

ဆိုတော့ အခုလည်း မက္ကဆီကန်က အသစ်စက်စက် ဗုဒ္ဓဘာသာ ဖြစ်ခါစ နိုင်ငံခြားသူ က မကျေနပ် ဘူး။ သူတို့ နိုင်ငံခြားက လာတဲ့ အမျိုးသား၊ အမျိုးသမီးတွေက အင်မတန် စူးစမ်းကြတာလေ။ တစ်ခုခု ဆိုရင် တိကျတဲ့ အဖြေမရ မချင်း ဇွတ်ကို မေးနေမှာ။ ခုလဲ ဒီကိစ္စကို မရဘူး။ သူလက်မခံဘူးပေါ့။ သူက ယောကျ်ားရှေ့က နေချင်တာ။ အဲ့တော့ ယောကျ်ားတွေချည်း တစွက်စွက် ဝင်သွားပြီး မိန်းမသားတွေ မဝင်ရဘူး ဆိုတော့ ဒါက မိန်းမသားတွေကို ဘာသာရေးမှာ သက်သက် နှိမ်တယ်လို့ စိတ်ထဲမှာ ထင်ကြောင်း ပါချုပ် ဆရာတော်ကို လျှောက်တယ်။

ပါချုပ် ဆရာတော် က ဘာပြန်မိန့်သလဲဆိုတော့ - "This is not Buddhism. This is a tradition." ဒါ ဗုဒ္ဓဘာသာနဲ့ မဆိုင်ဘူးလို့။ ဒါဟာ "tradition" မြန်မာတို့ရဲ့ ဓလေ့ထုံးစံ ခေါ်တယ်လို့ ပြောတော့မှ ကျေနပ် သွားတယ်။

Tour Guide လုပ်တဲ့ လူတွေကိုလည်း ပါချုပ်ဆရာတော်ဟာ တဆက်ထဲမှာလိုက်တယ်။ "မင်းတို့ ရှည်ရှည်ဝေးဝေးတွေ လျှောက်မပြောနဲ့။ Guide လုပ်တဲ့လူကို အဲဒီလိုမေးလိုက်လို့ Guide ဖြစ်တဲ့လူက အယောင်ယောင်အမှားမှားနဲ့ အမျိုးသမီးဆိုတာ ဘုရားရှေ့မှာ မတော်လို့လို့၊ ထမီတွေနဲ့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အဲဒီလိုတွေ မပြောနဲ့တဲ့။ သူတို့ဆီမှာ ထမီ ခေါင်းပေါင်းပြီး ရေချိုးတဲ့ ယောကျ်ား တောင် ရှိသေးတယ်တဲ့" ဆရာတော်က မိန့်တယ်။

ဆက်လက်ပြီး ဆရာတော်က - "သီဟိုဠ်မှာဆိုရင် သူတလှည့် ကိုယ်တလှည့် ဝတ်နေတာ။ ထမီရယ် လုံချည်ရယ် ရှိတာ မဟုတ်ပဲ။ ဘာမှ မထူးဘူး။ ခေါင်းအုံးပေါ်လဲ ခြေထောက် တင်တာပဲ အဲဒီလူတွေ။ အဲဒီတော့ ခြေထောက်က နိမ့်ကျပြီး ခေါင်းက မြတ်တယ်လို့ ဘယ်လိုလုပ် ပြောလို့ ရမှာလဲ။ ခန္ဓာကိုယ်တစ်ခုလုံးဟာ တူတူပဲပေါ့။

သို့သော် ဗမာတွေ အယူအဆနော်။ ခေါင်းရင်းဆိုရင် အမွန်အမြတ် ထားတယ်လေ။ ခေါင်းရင်းကို ခြေထောက်ထားရင် အလွန်စိတ်ဆိုးမယ်။ ဒါက tradition ပဲပေါ့။ ခေါင်းမကိုင်နဲ့ ခေါင်းကိုင်ရင် မကြိုက် ဘူး။ ထိုင်းလေးတွေဆိုရင် ခေါင်းသွားကိုင်ရင် ရန်သူပဲ။ အဲဒါ သီဟိုဠ်တွေက ဘာရယ် မဟုတ်ဘူး။ လူကို ချစ်လို့ရှိရင် ခေါင်းကိုင်တယ်။

အဲဒီလိုမျိုးတွေ တစ်ဦးနဲ့တစ်ဦး tradition တွေက မတူဘူး။ ပြီးတော့ သီဟိုဠ်တို့ Chinese တို့က တစ်ခုခုပြရင် လက်နဲ့ မပြဘူး။ ခြေထောက်နဲ့ ပြတယ်။ (ဗမာကျတော့ ဒါ အင်မတန်ရိုင်းတယ်) ဒါ သူတို့ tradition ပဲလို့ ကိုယ်က နားလည်လို့ရှိရင် ပြဿနာ မဖြစ်ဘူး။ "ဟာ ဒီကောင် ရိုင်းလှချည်လား" ဆို ရန်ဖြစ်ကြ။ သူကလဲ ဘာရိုင်းမှန်း မသိဘူး။ ရိုင်းလှချည်လားဆို သူ့ကိုယ်သူလဲ ဘာရိုင်းမှန်းမှ မသိတာ။ သူ လုပ်နေကျပဲ ခြေထောက်နဲ့ ပြတယ်လေ။ ဒါ သူ့ ခြေထောက် အားလို့ ခြေထောက်နဲ့ ပြတာပေါ့။ ကိုယ်အားတာ ကိုယ်လုပ်တာ။ လက်နဲ့ ခြေထောက် တူတူပိုင်တာပဲ။

သို့သော် tradition အရ ဒါတွေ ရိုင်းစိုင်းတယ်လို့ ယူဆတယ်။ ယဉ်ကျေးတယ်လို့ ယူဆကြတယ်။အဲဒီလို ယူဆတာ။

သီဟိုဠ်ကျွန်း သွားကြည့်ရင် တရားနာပြီဆိုလို့ရှိရင် အမျိုးသမီးတွေက ဒူးတုပ်ပြီး မထိုင်နိုင်ဘူး။ ဘာလုပ်တုန်း။ ဘုန်းကြီးဘက် ခြေထောက်လေးတွေ ဆင်းပြီး ထိုင်ကြတယ်။ အမျိုးသားတွေက ဒူးထောင်ပေါင်ကား ထိုင်ကြတယ်။ အဲတော့ အမျိုးသမီးတွေထိုင်တာ ကြည့်လိုက်လို့ရှိရင် ဘုန်းကြီး ဘက်ကို ခြေဆင်းထိုင်ကြတယ်။ လက်အုပ်တော့ ချီထားတယ်။ ခြေစုံလက်စုံမိုးတယ် ဆိုတာ အဲဒါ ခေါ်တာ။ ဒါ ဗုဒ္ဓဂယာ သွားတဲ့လူတွေ သီဟိုဠ်အဖွဲ့ ဘုရားဖူးလာတယ်ဆိုရင် တွေ့လိမ့်မယ်။ ဒီအတိုင်းပဲ တွေ့ရတတ်တာပဲနော်။ ခြေစုံလက်စုံမိုး ဒါ သူတို့ tradition ပဲ။ သွားပြောလို့ မရဘူးလေ။

သူတို့မှာ ခြေထောက်ကို ယုတ်ညံ့တယ်လို့ မသတ်မှတ်ဘူး။ ဗမာကတော့ ခြေထောက်ကို အလွန် ယုတ်ညံ့တယ်။ ယုတ်ညံ့သည့်အတွက်ကြောင့် လူကြီး၊ သူကြီးရှေ့ဆိုရင် ခြေထောက်ဖော် မထိုင်ရဘူး။ နောက်ပစ်ထားရတယ်နော်။ သူတို့ကျတော့ ခြေထောက်နဲ့ ခေါင်း တူတူပဲ။ ဘာမှ မထူးဘူး။

အေး မြတ်စွာဘုရားရဲ့ အဆုံးအမ အမှန်တွေဟာ ဒီ tradition တွေကနေ ခွဲထွက်ဖို့ လိုအပ်တယ်။ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေး ဝင်ရောက် နေတာ။ ဗုဒ္ဓရဲ့ အဆုံးအမ အစစ်က ခုနက ပြောတဲ့ အတိုင်းပဲ။

ဘယ်အချိန်လုပ်လုပ် ကောင်းတာ လုပ်ရင် ကောင်းတဲ့ နက္ခတ်ပဲ။ ကောင်းကင်က ကြယ်တွေက ကိုယ့် ကိုဘာမှ မတတ်နိုင်ဘူး။ ကောင်းကင် နက္ခတ်တွေက ကိုယ့်ကို ဘာမှ မတတ်နိုင်ဘူး။ ကိုယ် လုပ်သင့် မလုပ်သင့် ကိုယ့်ဟာ ကိုယ်ပဲ နားလည်ရမယ်။ အကုသိုလ် မဖြစ်အောင် လုပ်ရမယ်။ ကုသိုလ် ဖြစ် အောင် သတိဆောင်ရမယ်။ ဒါ မြတ်စွာဘုရားရဲ့အဆုံးအမ အခြေခံပဲ။

မြတ်စွာဘုရားရဲ့ အဆုံးအမကို အနှစ်ချုပ်ပြောရမယ် ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ် မှန်သမျှ လုပ် ကောင်းတယ်။ အကုသိုလ်ဖြစ်တဲ့ အလုပ်မှန်သမျှ မလုပ်ကောင်းဘူး။ ဒီလိုပဲ သတ်မှတ်တယ်။"

အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော်
ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ နန္ဒမာလာဘိဝံသ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top