ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

က်င့္ဝတ္သိကၡာကို စြမ္းႏိုင္သေလာက္ ျဖည့္က်င့္
ေနၾကတဲ့ ရွင္ ရဟန္းမ်ားဟာ ေဆြမ်ိဳးေတာ္သူ
ဖိတ္မန္ထားသူအမ်ား အထံေသာ္မွ ေတာင္းဖို႔
အလွဴခံဖို႔ အမတန္ဝန္ေလးၾကပါတယ္။

ျမတ္စြာဘုရား ခြင့္ျပဳထားတဲ့ ေတာင္းသင့္ အလွဴခံ
ခြင့္အခ်ိန္ကလြဲရင္ က်င့္ဝတ္သိကၡာ ျပည့္စုံၾကတဲ့
ရွင္ ရဟန္းမ်ားဟာ ေဆြမ်ိဳးမေတာ္သူမ်ားနဲ႔ မဖိတ္
မန္ထားသူမ်ားအထံမွာ ေတာင္းျခင္း အလွဴခံျခင္း
မ်ိဳးကို ဘယ္ေသာအခါမွ လုပ္ၾကမွာ မဟုတ္ပါ။

ျမတ္စြာဘုရား ဘုရားကလည္း
ေဆြမ်ိဳးမေတာ္သူ မဖိတ္ထားသူမ်ားအထံ ခြင့္ျပဳ
ထားတဲ့ အခ်ိန္ကာလကလြဲရင္ က်န္တဲ့ကာလမွာ
မေတာင္းဖို႔ အလွဴမခံဖို႔ တားျမစ္ေတာ္မူထားခဲ့
ပါတယ္။

ေတာင္းျခင္း အလွဴခံျခင္းဟာ အမုန္းခံရတတ္ပါ
တယ္။ အေတာင္းခံ အလွဴခံ ခံၾကရတဲ့သူမ်ားဟာ
လည္းမေပးႏိုင္ မလွဴႏိုင္ၾကရင္ အမုန္းဒဏ္ကို ခံၾက
ရတာပါပဲ။ ငယ္ရြယ္ၾကတဲ့ ရွင္ ရဟန္းမ်ားဟာလည္း
ေတာင္းဖို႔ အလွဴခံဖို႔ ေတာ္ေတာ္ဝန္ေလးၾကပါတယ္။

ဒကာ ဒကာမ်ားက "ဘာလိုလဲ ဘုရား"လို႔
ေလွ်ာက္ထားလာၾကရင္လည္း "ဘာလိုတယ္
ညာလိုတယ္"လို႔ ဆယ္ပါးမွာ တစ္ပါး ေျပာခဲပါ
တယ္။ "ဘာလိုလဲ ဘုရား"ဆိုတဲ့ ေမးခြန္းမ်ိဳးကို
လည္း မေျဖလိုၾကပါ။

ဒကာ ဒကာမမ်ားက အလိုက္တသိ ေပးလွဴၾကရင္
ေတာ့လည္း "မေကာင္း မလိုခ်င္"မေျပာၾကဘဲ
တည္ျငိမ္စြာ ခံယူၾကပါတယ္။

က်င့္ဝတ္သိကၡာ ျပည့္စုံၾကတဲ့ ပုဂၢိဳလ္မ်ားနဲ႔
ငယ္ရြယ္ၾကတဲ့ ရွင္ ရဟန္းမ်ား ဒကာ ဒကာမမ်ား
အထံမွာ ေတာင္းဖို႔ အလွဴဖို႔ မေျပာနဲ႔ ဖခင္အရင္း
အထံေတာင္မွ သူေတာ္ေကာင္းမ်ားဟာ မေတာင္း
ၾကဘူးဆိုတာ ေအာက္ပါ ဇာတ္လမ္းေလးကို
ဖတ္ၾကည့္ရင္ အသိတစ္ခုေတာ့ ရၾကမွာပါေလ။

ဖခင္ျဖစ္သူက သူ႔သားအား ေျပာတယ္။

"ခ်စ္သား ရ႒ပါလ ! ငါ မသိတဲ့ သူမ်ားဟာ
ငါ့ကို လာလာေတာင္းၾကတယ္။
ခ်စ္သားကေတာ့ ဘာလို႔ မေတာင္းသလဲ ?တဲ့"။

အဒီေတာ့ သားက ျပန္ေျပာတယ္။
"ေတာင္းတဲ့သူဟာ အမုန္းခံရသလို အေတာင္း
ခံရလ်က္ မေပးတဲ့သူဟာလည္း အမုန္းခံရတတ္လို႔
မေတာင္းတာပါ။ ဖခင္ ! သားအေပၚကို တမ်ိဳးျမင္
တလြဲထင္ျပီး မမုန္းပါနဲ႔"တဲ့ေလ။ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုရင္ သုတ
# Unicode Version ျဖင့္ ဖတ္ပါ #
ကျင့်ဝတ်သိက္ခာကို စွမ်းနိုင်သလောက် ဖြည့်ကျင့်
နေကြတဲ့ ရှင် ရဟန်းများဟာ ဆွေမျိုးတော်သူ
ဖိတ်မန်ထားသူအများ အထံသော်မှ တောင်းဖို့
အလှူခံဖို့ အမတန်ဝန်လေးကြပါတယ်။

မြတ်စွာဘုရား ခွင့်ပြုထားတဲ့ တောင်းသင့် အလှူခံ
ခွင့်အချိန်ကလွဲရင် ကျင့်ဝတ်သိက္ခာ ပြည့်စုံကြတဲ့
ရှင် ရဟန်းများဟာ ဆွေမျိုးမတော်သူများနဲ့ မဖိတ်
မန်ထားသူများအထံမှာ တောင်းခြင်း အလှူခံခြင်း
မျိုးကို ဘယ်သောအခါမှ လုပ်ကြမှာ မဟုတ်ပါ။

မြတ်စွာဘုရား ဘုရားကလည်း
ဆွေမျိုးမတော်သူ မဖိတ်ထားသူများအထံ ခွင့်ပြု
ထားတဲ့ အချိန်ကာလကလွဲရင် ကျန်တဲ့ကာလမှာ
မတောင်းဖို့ အလှူမခံဖို့ တားမြစ်တော်မူထားခဲ့
ပါတယ်။

တောင်းခြင်း အလှူခံခြင်းဟာ အမုန်းခံရတတ်ပါ
တယ်။ အတောင်းခံ အလှူခံ ခံကြရတဲ့သူများဟာ
လည်းမပေးနိုင် မလှူနိုင်ကြရင် အမုန်းဒဏ်ကို ခံကြ
ရတာပါပဲ။ ငယ်ရွယ်ကြတဲ့ ရှင် ရဟန်းများဟာလည်း
တောင်းဖို့ အလှူခံဖို့ တော်တော်ဝန်လေးကြပါတယ်။

ဒကာ ဒကာများက "ဘာလိုလဲ ဘုရား"လို့
လျှောက်ထားလာကြရင်လည်း "ဘာလိုတယ်
ညာလိုတယ်"လို့ ဆယ်ပါးမှာ တစ်ပါး ပြောခဲပါ
တယ်။ "ဘာလိုလဲ ဘုရား"ဆိုတဲ့ မေးခွန်းမျိုးကို
လည်း မဖြေလိုကြပါ။

ဒကာ ဒကာမများက အလိုက်တသိ ပေးလှူကြရင်
တော့လည်း "မကောင်း မလိုချင်"မပြောကြဘဲ
တည်ငြိမ်စွာ ခံယူကြပါတယ်။

ကျင့်ဝတ်သိက္ခာ ပြည့်စုံကြတဲ့ ပုဂ္ဂိုလ်များနဲ့
ငယ်ရွယ်ကြတဲ့ ရှင် ရဟန်းများ ဒကာ ဒကာမများ
အထံမှာ တောင်းဖို့ အလှူဖို့ မပြောနဲ့ ဖခင်အရင်း
အထံတောင်မှ သူတော်ကောင်းများဟာ မတောင်း
ကြဘူးဆိုတာ အောက်ပါ ဇာတ်လမ်းလေးကို
ဖတ်ကြည့်ရင် အသိတစ်ခုတော့ ရကြမှာပါလေ။

ဖခင်ဖြစ်သူက သူ့သားအား ပြောတယ်။

"ချစ်သား ရဋ္ဌပါလ ! ငါ မသိတဲ့ သူများဟာ
ငါ့ကို လာလာတောင်းကြတယ်။
ချစ်သားကတော့ ဘာလို့ မတောင်းသလဲ ?တဲ့"။

အဒီတော့ သားက ပြန်ပြောတယ်။
"တောင်းတဲ့သူဟာ အမုန်းခံရသလို အတောင်း
ခံရလျက် မပေးတဲ့သူဟာလည်း အမုန်းခံရတတ်လို့
မတောင်းတာပါ။ ဖခင် ! သားအပေါ်ကို တမျိုးမြင်
တလွဲထင်ပြီး မမုန်းပါနဲ့"တဲ့လေ။ ။


ဖိုးသူတော် (www.phothutaw.com)
Credit: ကိုရင် သုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top