ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မူလတန္းျပရာထူးအတြက္ လူေတြ႔အစစ္အေဆးခံရန္ အင္တာဗ်ဴးခန္းထဲသို႔ မအိအိညိမ္းဝင္လာခဲ့သည္။ ေရနံဝေနသည့္ ေညာင္ဦးၿမိဳ႕ ကၽြန္းပ်ဥ္ေထာင္ပ်ဥ္ကာ ႏွစ္ထပ္ေက်ာင္းေဆာင္ႀကီး၏ အခန္းအတြင္း ေရာက္သည္ႏွင့္ ထိုင္ခံုတြင္ထိုင္ေနၾကေသာ လူေတြ႔စစ္မည့္အရာရွိသံုးဦးက သူ၏ညာဘက္ေျခေထာက္ ေျခဖ်ားေထာက္သြားသည္ကို အထူးအဆန္းသဖြယ္ အကဲခတ္ေနၾကသည္။

အခန္းအတြင္းေရာက္ေသာအခါ သေဘာေကာင္းပံုရေသာ အသက္ ၄၀ ခန္႔အ႐ြယ္ အရာရွိတစ္ဦးက သူ႔ကို ဘြဲ႔လက္မွတ္ထုတ္ျပခိုင္းသည္။ ထိုအခ်ိန္မွာပင္ ညာဘက္လက္ အ႐ိုးေပ်ာ့သည့္ ပံုစံျဖစ္ေနပံုကိုပါ အရာရွိမ်ားက ထပ္အကဲခတ္မိသြားသည္။

“သမီးက လက္ေရာမသန္ဘူးလား”ဟူေသာ အေမးကို ညာဘက္ေျခေထာက္သာမက ညာဘက္လက္ပါမသန္သည့္အေၾကာင္း မအိအိညိမ္းက ျပန္ရွင္းျပလိုက္သည္။

ထိုအျဖစ္အပ်က္သည္ လြန္ခဲ့ေသာ ၅ ႏွစ္ခန္႔က ဆရာမျဖစ္ခြင့္ေလွ်ာက္ထားရာတြင္ သူ ပထမဆံုးေတြ႔ႀကံဳခဲ့ရသည့္ အျဖစ္အပ်က္တစ္ခုျဖစ္သည္။ ထိုျဖစ္ရပ္မ်ားအၿပီး ေနာက္ထပ္ႏွစ္ႀကိမ္ ဆရာမရာထူးအတြက္ ထပ္မံေလွ်ာက္ထားခဲ့သည္။ သို႔ေသာ္ ယခုကဲ့သို႔ပင္ အျငင္းခံခဲရေၾကာင္း မအိအိညိမ္းက ေျပာျပသည္။

ျမန္မာ့ပညာေရးစနစ္တြင္ ပညာေရးတကၠသိုလ္၊ ပညာေရးေကာလိပ္ဝင္ခြင့္ႏွင့္ အျခားေသာ ဆရာျဖစ္သင္တန္းမ်ား၌ သင္တန္းသား ဆရာ၊ ဆရာမေလာင္းမ်ား ကိုယ္လက္အဂၤါျပည့္စံု၊ မျပည့္စံု အစစ္ခံၾကသည္။ ဆရာမျဖစ္ခြင့္အတြက္ ထိုသို႔ကိုယ္လက္အဂၤါျပည့္စံုမႈ ရွိ၊ မရွိစစ္ေဆးသည္ကို ထိုအခ်ိန္က သူ႔အေနႏွင့္ တိတိက်က်မသိခဲ့။ ၾကားဖူးနားဝေတာ့ရွိသည္။ ႏိုင္ငံ့ဝန္ထမ္း ဆရာမတစ္ဦးျဖစ္ေရးကိုသာ ဖမ္းဆုပ္ႏိုင္ရန္ ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

သန္းေခါင္စာရင္း (၂၀၁၄) အရ ျမန္မာႏိုင္ငံတြင္ စုစုေပါင္းလူဦးေရ၏ ၄ ဒသမ ၆ ရာခိုင္ႏႈန္းသည္ မသန္စြမ္းသူမ်ားျဖစ္သည္။ တစ္နည္းအားျဖင့္ ၂ ဒသမ ၃ သန္းသည္ မသန္စြမ္းသူမ်ားျဖစ္သည္။ သို႔ေသာ္ ေျမျပင္အေျခအေနတြင္ ထိုပမာဏထက္ ပိုမ်ားႏိုင္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔က ခန္႔မွန္းထားသည္။ မသန္စြမ္းသူမ်ား ပညာသင္ယူခြင့္ အေျခခံေက်ာင္းမ်ား၌ျဖစ္ေစ၊ တကၠသိုလ္မ်ားတြင္ျဖစ္ေစ လက္ခံသင္ၾကားရန္ ပညာေရးဝန္ႀကီးက ေျပာဆိုထားေသာ္လည္း ေက်ာင္းအုပ္မ်ား၏ဆႏၵအရ လက္ခံ၊ ျငင္းပယ္မႈမ်ား ရွိေနဆဲျဖစ္သည္။

အေျခခံအဆင့္တြင္ ေက်ာင္းေနခြင့္ လံုးဝျငင္းပယ္ခံရျခင္းႏွင့္ ေက်ာင္းေနခြင့္ရေသာ္လည္း မသန္စြမ္းမ်ားအတြက္ လိုအပ္သည့္အေဆာက္အအံုမရွိေသးျခင္ႏွင့္ ဆရာအင္အားမလံုေလာက္ဟုဆိုကာ ျငင္းပယ္ျခင္းရွိေနေသးသည္။ “နယ္က ကေလးေတြက ေက်ာင္းကိုပဲ အားကိုးရတာေလ။ ေက်ာင္းက ဆရာ၊ ဆရာမေတြသာ သူတို႔ရဲ႕ အားကိုးရာေပါ့။ အဲဒီခံယူခ်က္နဲ႔ ေရွ႕ဆက္လိုက္တာပါ။ အခု႐ြာေက်ာင္းမွာ လုပ္အားေပးတာ ဆယ္စုႏွစ္ေက်ာ္ (၂၀၀၄ ခုႏွစ္မွစ၍ ယခုအခ်ိန္အထိ လုပ္အားေပးေနဆဲျဖစ္သည္) ၿပီေပါ့”ဟု မအိအိညိမ္းက ေျပာသည္။

သူ႔မိသားစုတြင္ ေမြးခ်င္း ၈ ဦးအနက္ သူက ၄ ဦးေျမာက္ျဖစ္သည္။ ဖခင္ျဖစ္သူကေတာ့ ဆံုးသြားၿပီျဖစ္သည္။ အစ္ကိုျဖစ္သူက မိသားစုကိုဦးစီးၿပီး ပဲနီ၊ ပဲဇီးကြက္၊ ေျမပဲ စသည္ျဖင့္စိုက္ပ်ိဳးကာ ေတာင္သူလုပ္ကိုင္စားေသာက္ၾကသည္။ သူ႔႐ြာေလးတြင္ေတာ့ သူတစ္ေယာက္သာ မသန္စြမ္းသူျဖစ္သည္။ သို႔ေသာ္ အမ်ားက ေလးစားသမႈရွိသည့္ “ေစတနာ့ဝန္ထမ္း ဆရာမေလး ေဒၚအိအိညိမ္း၊ ဓမၼစကူးလ္ဆရာမ ေဒၚအိအိညိမ္း၊ စာၾကည့္တိုက္မွဴး ေဒၚအိအိညိမ္း”ဟု ႐ြာက ေခၚၾကသည္။

မေကြးတိုင္း ပခုကၠဴၿမိဳ႕နယ္အပိုင္ျဖစ္ေသာ္လည္း ႐ြာသူ႐ြာသားအမ်ားစုက ခရီးနီးစပ္ၿပီး ေရလမ္းျဖင့္ သြားလာေရးလြယ္သည့္ ပုဂံႏွင့္သာ ကူးလူးဆက္ဆံမႈ ပိုမ်ားသည္။ ေဈးေရာင္းေဈးဝယ္၊ အလုပ္သြား စသည္ျဖင့္ ေန႔စဥ္ေန႔တိုင္း ပုဂံဘက္သို႔ သြားလာဆက္သြယ္ၾကသည္။ ဆရာမေလး ေဒၚအိအိညိမ္း တစ္ဦးတည္းသာ မဟုတ္။ ျမန္မာႏိုင္ငံတြင္ မသန္စြမ္းသူမ်ားသည္ လုပ္ငန္းခြင္ဝင္ေရာက္လုပ္ကိုင္ခြင့္၊ ပညာသင္ခြင့္အပါအဝင္ အေျခအေနအခ်ိဳ႕က အကန္႔အသတ္ရွိဆဲျဖစ္သည္။

အေျခခံအဆင့္တြင္ လံုးဝေက်ာင္းေနခြင့္ျငင္း ပယ္ခံရျခင္းႏွင့္ ေက်ာင္းေနခြင့္ရေသာ္လည္း မသန္စြမ္းမ်ားအတြက္ လိုအပ္သည့္အေဆာက္အအံုမရွိေသးျခင္းႏွင့္ ဆရာအင္အားမလံုေလာက္ဟုဆိုကာ ျငင္းပယ္ျခင္းရွိေနေသးသည္။ထို႔ျပင္ သင္႐ိုးသစ္တြင္ ခုန္ေပါက္ကစားရသည့္ အားကစားမ်ားလည္း ပါဝင္ေသာေၾကာင့္ မသန္စြမ္းကေလးမ်ား ေက်ာင္းတက္ရန္ အဆင္မေျပေသာေၾကာင့္ အထူးေက်ာင္းကိုသာ သြားတက္ရန္ ေျပာဆိုခံရၿပီး ျငင္းပယ္ခံရျခင္းျဖစ္သည္။

ဆရာျဖစ္သင္တန္းဝင္ခြင့္တြင္လည္း လက္ႏွစ္ေခ်ာင္းပူးေနသျဖင့္၊ ဓားျပတ္၍ လက္ေခ်ာင္းတိုေနသျဖင့္၊ လက္ပြားပါေနသျဖင့္၊ မ်က္စိတြင္ ေက်ာက္မ်က္လံုးထည့္ထားသျဖင့္ စသည္ျဖင့္ ျငင္းပယ္ခံရမႈမ်ား ရွိခဲ့သည္။ မသန္စြမ္းသူမ်ားပညာေရးေကာ္မတီ အေထြေထြအတြင္းေရးမွဴး ကိုရဲဝင္းက “အျမင္မေတာ္ဘူးဆိုၿပီး မသန္စြမ္းမႈကို ႐ႈတ္ခ်အထင္ေသးေနတာေတြက လူ႔အခြင့္အေရးကို ခ်ိဳးေဖာက္ေနသလို တိုင္းျပည္ရဲ႕ လူ႔စြမ္းအားအရင္းအျမစ္ေတြကို ဆံုး႐ံႈးေစတယ္။ ဆရာေလာင္းေတြ ဆံုး႐ံႈးရပါတယ္” ဟု မွတ္ခ်က္ေပးသည္။

မသန္စြမ္းသူမ်ား၏ အခြင့္အေရးဥပေဒတြင္ မသန္စြမ္းမႈကိုအေၾကာင္းျပဳ၍ ခြဲျခားဆက္ဆံမႈႏွင့္ ႏွိမ့္ခ်မႈတို႔မရွိေစရဘဲ စီးပြားေရး၊ လူမႈေရး၊ ပညာေရးႏွင့္ က်န္းမာေရးဝန္ေဆာင္မႈ အျပည့္အဝရရွိေစရန္ စီမံေဆာင္႐ြက္ေပးရမည့္အေၾကာင္း ျပ႒ာန္းထားသည္။ အမ်ိဳးသားပညာေရးဥပေဒကို ျပင္ဆင္သည့္ ဥပေဒတြင္ မသန္စြမ္းသူမ်ားအတြက္ ပညာသင္ယူသည့္ အဆင့္တိုင္းတြင္ တန္းတူသင္ၾကားေရး၊ အတားအဆီးမရွိေသာ ေက်ာင္းပတ္ဝန္းက်င္ ဖန္တီးႏိုင္ေရး ေဆာင္႐ြက္ရန္ ျပ႒ာန္းထားသည္။

မသန္စြမ္းသူမ်ား ပညာသင္ၾကားခြင့္ဥပေဒမ်ားသည္ စာ႐ြက္ထဲမွာပင္ရွိေသးၿပီး ဥပေဒစိုးမိုးမႈ အားနည္းေနေသးသလို လက္ေတြ႔အေကာင္အထည္ေဖာ္မႈ အားနည္းေနေသးေၾကာင္း မသန္စြမ္းအခြင့္အေရးလႈပ္ရွားသူမ်ားက ေဝဖန္ၾကသည္။ ပညာေရးနယ္ပယ္တြင္သာမက အျခားေသာ လုပ္ငန္းခြင္နယ္ပယ္တြင္လည္း မသန္စြမ္းသူမ်ား ျငင္းပယ္ခံရဆဲျဖစ္သည္။ အလုပ္ေခၚစာမွာပင္ “က်န္းမာ သန္စြမ္းရမည္” ဟူေသာ မွတ္ခ်က္မ်ိဳး ထည့္သြင္းေရးသားေနသည္မ်ား ရွိေနဆဲျဖစ္သည္။

၂၀၁၆ ခုႏွစ္အထိ တကၠသိုလ္ဝင္ခြင့္လမ္းၫႊန္၌ပင္ စစ္ကိုင္းပညာေရးတကၠသိုလ္ႏွင့္ ရန္ကုန္ပညာေရးတကၠသိုလ္ ေလွ်ာက္ထားခြင့္တြင္ က်န္းမာေရးျပည့္စံုၿပီး ကိုယ္လက္အဂၤါမသန္စြမ္းျခင္း၊ ခ်ိဳ႕တဲ့ျခင္း၊ စကားမပီသျခင္း၊ စကားထစ္ျခင္းမ်ား ကင္းရွင္း၍ ဆရာအဂၤါရပ္ႏွင့္ျပည့္စံုသူျဖစ္ရမည္ဟု ကန္႔သတ္ထားခဲ့သည္။ မသန္စြမ္းသူမ်ား ပညာသင္ခြင့္အတြက္ ၿပီးခဲ့သည့္ႏွစ္ တကၠသိုလ္ဝင္ခြင့္မွစကာ “ကိုယ္လက္အဂၤါ ျပည့္စံုၿပီး က်န္းမာသန္စြမ္းရမည္” ဆိုေသာ ကန္႔သတ္ခ်က္အစား “က်န္းမာေရးေကာင္းမြန္ရမည္” ဟုသာ ေျပာင္းလဲခဲ့သည္။

သို႔ေသာ္ လက္ေတြ႔ေျမျပင္အေျခအေနတြင္ ေက်ာင္းအုပ္ႀကီးမ်ားႏွင့္ လူေတြ႔စစ္ေဆးသူမ်ား၏ သေဘာဆႏၵအရ “မသန္စြမ္း” ဟု မွတ္ခ်က္ျပဳကာ ျငင္းပယ္မႈမ်ားလည္း ရွိေနဆဲျဖစ္သည္။ ထိုအထဲတြင္ ေစတနာ့ဝန္ထမ္း ဆရာမေလး ေဒၚအိအိညိမ္းလည္း ပါဝင္ခဲ့ရသည္။ ဆရာမ ျဖစ္ခြင့္ျငင္းခံရသည့္ ထိုအခ်ိန္က သူဝမ္းနည္းခဲ့သည္။ ငိုခဲ့သည္။ သို႔ေသာ္ မသန္စြမ္းမႈေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အသံုးမက်ဟုယူဆၿပီး အယံုအၾကည္မဲ့မသြားခဲ့။ ဝါသနာပါသည့္၊ ဆႏၵျပင္းျပသည့္ ႏိုင္ငံ့ဝန္ထမ္း ဆရာမျဖစ္ရန္ သံုးႀကိမ္တိုင္တိုင္ ေလွ်ာက္ထားခဲ့သည္။

ေနာက္ပိုင္းတြင္ေတာ့ အသက္ကန္႔သတ္ခ်က္ေၾကာင့္ သူေလွ်ာက္ခြင့္မရေတာ့။ သူျဖစ္ခ်င္သည့္ ႏိုင္ငံ့ဝန္ထမ္း ဆရာမတစ္ဦးျဖစ္ဖို႔ ယခုဘဝတြင္ေတာ့ ေမွ်ာ္လင့္ခ်က္ကုန္ဆံုးသြားၿပီဟု ေကာက္ခ်က္ခ်ေနေတာ့သည္။ ဆရာဟူသည္ စံျပပုဂၢိဳလ္ဆိုကာ မသန္စြမ္းသူမ်ားကို ဆရာျဖစ္ခြင့္မေပးသင့္ဟု ယူဆခ်က္အေပၚ စိတ္ဓာတ္၊ ခံယူခ်က္ႏွင့္ သင္ၾကားသည့္ဘာသာရပ္အေပၚ ကၽြမ္းက်င္မႈသာအေရးႀကီးေၾကာင္း သူက မွတ္ယူထားသည္။ ကိုယ္လက္အဂၤါျပည့္စံုၿပီး ႐ုပ္ရည္ေခ်ာေမာသည့္ဆရာမ်ားကို တပည့္မ်ားက လြမ္းဆြတ္တမ္းတသည္မရွိ။ စာရိတၱေကာင္းၿပီး ေစတနာျပည့္ျပည့္ဝဝျဖင့္ သင္ၾကားျပသမႈေကာင္းေသာ ဆရာကိုသာ လြမ္းဆြတ္တမ္းတမႈရွိသည္ဟု ယံုၾကည္ထားသူျဖစ္သည္။
မအိအိညိမ္း

ဆရာမေလး ေဒၚအိအိညိမ္း၏ မသန္စြမ္းမႈက ေမြးရာပါျဖစ္သည္။ အသက္ ၁၂ ႏွစ္ဝန္းက်င္က ေဆးကုသဖူးေသာ္လည္း ေပ်ာက္ကင္းႏိုင္မည္မဟုတ္ေၾကာင္း ဆရာဝန္က အသိေပးလိုက္ၿပီးေနာက္ ဆက္ၿပီး မကုေတာ့။ သူ႔ဘဝတြင္ အလယ္တန္း၊ အထက္တန္း ေက်ာင္းတက္ခ်ိန္မ်ားက အခက္အခဲမ်ားႏွင့္ အဓိကႀကံဳခဲ့ရေၾကာင္း သူငယ္ဘဝကို ေပါ့ေပါ့ပါးပါးၿပံဳးၿပံဳးရႊင္ရႊင္ပင္ ျပန္ေျပာျပသည္။ သို႔ေသာ္ ေက်ာင္းတက္ရသည္၊ စာသင္ရသည္ကိုပင္ ေပ်ာ္ရႊင္ခဲ့ေသာေၾကာင့္ ထိုအခက္အခဲမ်ားကို ေက်ာ္လႊားခဲ့သည္။ အထကပုဂံမွ အထက္တန္းေအာင္ၿပီး ပခုကၠဴတကၠသိုလ္ကို ျမန္မာစာအဓိကျဖင့္ ဆက္တက္သည္။ ဘြဲ႔ရသည္။

ယခုေတာ့ သူ႔႐ြာ အေရွ႕သီရိအထက္တန္းေက်ာင္းခြဲတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္အားေပးေနၿပီျဖစ္သည္။ ယဥ္ေက်းမႈေဒသပုဂံ ေလာကနႏၵာေရဆိပ္ေရာက္လွ်င္ အေရွ႕သီရိ႐ြာမွ “ဆရာမ အိအိညိမ္း” ဆိုလိုက္လွ်င္ မသိသူနည္းလိမ့္မည္။ ဧရာဝတီျမစ္ကို စက္ေလွျဖင့္ ၁၅ မိနစ္ခန္႔ ျဖတ္ကူးၿပီး ၅ မိနစ္၊ ၁၀ မိနစ္ခန္႔ ဆိုင္ကယ္စီး၊ လမ္းေလွ်ာက္လွ်င္ သူ႔႐ြာေလးကို ေရာက္ႏိုင္မည္။

ယခင္က ထို႐ြာေက်ာင္းေလးမွာလည္း မူလတန္းအဆင့္သာဖြင့္ႏိုင္ေသာေၾကာင့္ အလယ္တန္း၊ အထက္ တန္းေရာက္လွ်င္ ပုဂံဘက္သို႔ ဧရာဝတီျမစ္ကို ျဖတ္ကူးကာ ေက်ာင္းတက္ၾကရသည္။ ယခုအခါ ႐ြာေက်ာင္းေလးမွာ အထက္တန္းေက်ာင္းခြဲအျဖစ္ နဝမတန္းအထိဖြင့္ႏိုင္ၿပီျဖစ္ေသာေၾကာင့္ ေက်ာင္းသားအမ်ားစုလည္း ျမစ္ကူးေခ်ာင္းျခား ေက်ာင္းတက္စရာမလိုေတာ့။ ဆယ္တန္းေရာက္မွသာ ပုဂံဘက္ကိုသြားၿပီး ေက်ာင္းတက္ၾကရေတာ့သည္။

ဆရာမေဒၚအိအိညိမ္း၏ အိမ္ႏွင့္ ေက်ာင္းဆိုလွ်င္ ၁၅ မိနစ္ခန္႔လမ္းေလွ်ာက္ရသည္။ ကၽြန္း႐ြာျဖစ္၍ ပံုမွန္ေရက်ခ်ိန္တြင္ ေဒၚအိအိညိမ္းေက်ာင္းကို လမ္းေလွ်ာက္သြားသည္။ ေရႀကီးခ်ိန္ (ဇူလိုင္၊ ဩဂုတ္လပိုင္း) တြင္ေတာ့ မိသားစုဝင္တစ္ဦးဦးက ေလွျဖင့္ ေက်ာင္းလိုက္ပို႔ၾကရသည္။ ေန႔စဥ္ မနက္တိုင္း ၈ နာရီဝန္းက်င္ဆိုလွ်င္ ဆရာမေဒၚအိအိညိမ္း ေက်ာင္းသြားၿပီ။ ညေန ၃ နာရီေက်ာ္ဆိုလွ်င္ ေက်ာင္းဆင္းၿပီ။ ကေလးမ်ားႏွင့္အတူ တအိအိလမ္းေလွ်ာက္ရင္း ေဒၚအိအိညိမ္း ျပန္လာၿပီ။

႐ြာေက်ာင္းေလးတြင္ ေက်ာင္းသားမ်ားကို ျမန္မာစာ၊ အဂၤလိပ္စာ၊ အေျခခံသိပၸံသင္ေပးသည္။ သူဘြဲ႔ရသည္က ျမန္မာစာအဓိက။ အဂၤလိပ္စာကို စိတ္ဝင္စားၿပီး စိတ္ႏွစ္သင္သည္။ သို႔ေသာ္ အေျခခံသိပၸံမွာေတာ့ ပံုဆြဲညံ့ေၾကာင္း သူက ဝန္ခံသည္။ ႐ြာသူ၊ ႐ြာသားမ်ားႏွင့္ ေက်ာင္းတာဝန္ရွိသူမ်ားက ဆရာမေလးေဒၚအိအိညိမ္းကို တစ္လ က်ပ္ ၈၀,၀၀၀ ျပန္ကူညီေပးသည္။ ထိုပမာဏကိုလည္း သူ႔အေနႏွင့္မ်ားသည္ဟု လည္းမမွတ္။ နည္းသည္ဟူလည္း မယူ။ စာသင္ေနရျခင္းကိုသာ ေက်နပ္ေနသူ။

“စာသင္ရတာ ေပ်ာ္တယ္ရွင့္။ စာမသင္ဘဲ ေနရမွာပဲ ေၾကာက္ေနတာ။ ကေလးေတြနဲ႔ေနရတာ ကၽြန္မကိုကၽြန္မလည္း အားတက္တယ္။ ဒီလိုမဟုတ္ရင္ ကၽြန္မကိုယ္ကၽြန္မ မေက်မနပ္ျဖစ္ေနမိမွာ” ဟု ဆရာမေလး ေဒၚအိအိညိမ္းက ဆိုသည္။

“မသန္စြမ္းမႈကို မေက်မနပ္ျဖစ္ၿပီး ကိုယ့္ကိုယ္ကိုယ္ လူပိုႀကီးတစ္ေယာက္လိုမ်ိဳး ခံစားရမွာဆိုေတာ့ အခု ကေလးေတြနဲ႔ ေပ်ာ္လိုက္၊ ပါးလိုက္၊ ကိုယ္သိသေလာက္ သူတို႔ကိုျဖန္႔ေဝေပးလိုက္ဆိုေတာ့ ေပ်ာ္ေနတာ” ဟု သူက ဆက္ေျပာသည္။

ထို႔အတြက္ ဆရာမေလး ေဒၚအိအိညိမ္း မသန္စြမ္းျဖစ္ေသာ္လည္း ေက်ာင္းသားမ်ားက ေလွာင္ေျပာင္မႈ မရွိၾက။ ေက်ာင္းသားမ်ားက သူ႔ကိုနားလည္ေပးၾကသည္။ ဆရာႏွင့္ေက်ာင္းသား လိုက္ေလ်ာညီေထြရွိၾကသည္။ ေက်ာင္းရွိ ဆရာမ်ားကလည္း သူ႔အေပၚ နားလည္မႈရွိၾကသည္။

“ကၽြန္မ စာသင္လာတဲ့အခါ သူငယ္တန္းကေလးေတြက ကၽြန္မကို စိတ္ဝင္စားတယ္ေလ။ ဆရာမ ဘယ္လိုလမ္းေလွ်ာက္တာလဲ၊ ဘယ္လိုျဖစ္တာလဲဆိုတာ စိတ္ဝင္တစားေမးၾကတယ္။ ကၽြန္မလည္း သူတို႔ကို ဆရာမက အေမေမြးကတည္းက ဒီလိုပဲဆိုတာ ျပန္ရွင္းျပရတယ္။ တခ်ိဳ႕ကေလးေတြက်ေတာ့လည္း ကၽြန္မ ေျခဖ်ားေထာက္သြားတဲ့အခါ စူးဆူးတယ္ထင္တာေပါ့။ ဆရာမ စူးထြင္ပါလား။ ဘာလို႔မထြင္တာလဲဆိုၿပီး ေျပာၾကတယ္။ ေက်ာင္းသားတစ္ေယာက္ဆိုရင္ ကၽြန္ေတာ့္အေမက စူးထြင္ေကာင္းတယ္ ဆရာမ။ ကၽြန္ေတာ္ ေခၚခဲ့မယ္ေပါ့။ ေက်ာင္းသားေတြက ကၽြန္မကို ေဒါက္ဖိနပ္ေတြ စီးေစခ်င္တယ္။ ဆရာမ ဘယ္လို ဖိနပ္စီးတာလဲ၊ ေဒါက္ဖိနပ္ စီးပါလားေပါ့။ ဆရာမက စီးမရဘူးဆိုတာလည္း သူတို႔ကို ရွင္းျပရေသးတယ္” ဟု ရယ္ေမာလ်က္ သူက ေျပာသည္။

မသန္စြမ္းသူမို႔ ေက်ာင္းသားမ်ားက ေလွာင္ေျပာင္မႈမရွိသည့္အျပင္ ေလးစားမႈရွိၾကသလို ဆရာမ ေဒၚအိအိညိမ္းကလည္း ေက်ာင္းသားမ်ားအတြက္ အၿမဲတမ္းစဥ္းစားေပးသည္။ ႐ြာထဲတြင္ ႀကိဳးစားလိုစိတ္ရွိေသာ္လည္း ေငြေၾကးအခက္အခဲရွိေသာေၾကာင့္ အထက္တန္းဆက္မတက္ႏိုင္ေတာ့မည့္ ေက်ာင္းသားတစ္ဦးကိုပင္ မသန္စြမ္း ဆရာမေလး ေဒၚအိအိညိမ္းက အလွဴရွင္ရွာကာ ပုဂံတြင္ ေက်ာင္းထားေပးထားသည္။

ေႏြရာသီတြင္ ေက်ာင္းသားမ်ား အဂၤလိပ္စာႏွင့္ အဆက္ျပတ္မသြားေစရန္လည္း ျပင္ပမွ ဆရာမ်ားကို ဖိတ္ေခၚကာ အဂၤလိပ္စာ ပညာဒါနသင္တန္းမ်ိဳးကိုလည္း ဖြင့္ေစသည္။ သူကိုယ္တိုင္လည္း ထိုသင္တန္းကိုတက္သည္။ ႐ြာေက်ာင္းက ကေလးမ်ားကို ေစတနာအရင္းခံကာ သင္ၾကားေပးေသာ္လည္း ႏိုင္ငံ့ဝန္ထမ္း ဆရာမ်ားလို သင္ၾကားနည္း၊ ပညာေရးသေဘာတရား၊ ပညာေရးစိတ္ပညာရပ္မ်ားကို အထူးတလည္ေတာ့ မသင္ယူဖူး။ မေလ့လာဖူး။

သို႔ေသာ္ သင္ၾကား၊ သင္ယူေရးတြင္ အေရးႀကီးဆံုးျဖစ္သည့္ ကေလးမ်ားအေပၚ နားလည္မႈရွိၿပီး စိတ္ရွည္သည္းခံမႈႏွင့္ ေစတနာကသာအေရးႀကီးေၾကာင္း သူက မွတ္ယူထားသည္။ ႐ြာေက်ာင္းရွိ ပညာတန္ေဆာင္၊ ပညာေခတ္ မဂၢဇင္းမ်ားကိုဖတ္႐ႈကာ သင္ၾကားနည္း၊ ပညာေရး သေဘာတရား၊ ပညာေရးစိတ္ပညာကို ေက်ာင္းျပင္ပသင္႐ိုးအျဖစ္ အဆင္ေျပသလိုသာ ေလ့လာေနသည္။

မသန္စြမ္းမႈေၾကာင့္ ဆရာျဖစ္ခြင့္မရခဲ့။ အတိတ္ကံေၾကာင့္ မသန္စြမ္းအျဖစ္ ေမြးဖြားႀကီးျပင္းလာရသည္။ အတိတ္ကံကို ျပင္လို႔မရ။ သို႔ေသာ္ အနာဂတ္အတြက္ ျပင္ဆင္ခြင့္ရွိသည္ဟု ဆရာမေလး ေဒၚအိအိညိမ္းက ယံုၾကည္ထားသည္။ ထို႔အတြက္ ႐ြာေလးက သူ႔တပည့္ေက်ာင္းသားမ်ား အဂၤလိပ္ဘာသာစကား ေကာင္းေကာင္းမြန္မြန္တတ္ဖို႔ သူအားစိုက္သည္။ စာအုပ္ေတြဖတ္သည္။ ေႏြရာသီတြင္ အခမဲ့သင္တန္း စီစဥ္ေပးသည္။ သူကိုယ္တိုင္လည္းတက္သည္။

တစ္ဖက္ကလည္း သူစိတ္ပါဝင္စားသည့္ အဂၤလိပ္ဘာသာစကားကို ကေလးမ်ားအတြက္ ေကာင္းေကာင္းသင္ေပးႏိုင္ရန္ ေႏြရာသီေက်ာင္းပိတ္ခ်ိန္တြင္ ရန္ကုန္သို႔လာၿပီး အဂၤလိပ္ေက်ာင္းမ်ားတြင္ တက္လိုသည္။ ထိုအေၾကာင္း သူ႔ညီမမ်ားကိုေျပာျပေသာအခါ သြားလာေရးမလြယ္ကူေသာေၾကာင့္ မျဖစ္ႏိုင္ေၾကာင္း ျငင္းပယ္ခံရသည္။ သူတို႔အေၾကာင္းျပခ်က္က ရန္ကုန္တြင္ မသန္စြမ္းသူမ်ား ဘတ္စ္ကားစီးရန္ မလြယ္ကူသည့္အခ်က္ျဖစ္သည္။

ရန္ကုန္သို႔လာ၍ အဂၤလိပ္ဘာသာစကားသင္တန္း ထပ္မတက္ႏိုင္ေတာ့။ သို႔ေသာ္ သူ အားမေလွ်ာ့ေသး။ ထပ္မံဆည္းပူးသြားရန္ သူႏွင့္အနီးစပ္ဆံုးျဖစ္သည့္ ပုဂံဘက္မွ ကၽြမ္းက်င္သူဆရာမ်ားကိုခ်ိတ္ဆက္ရန္ ရွာေဖြေနေလသည္။႐ြာေက်ာင္းေလးတြင္ လုပ္အားေပး ေစတနာ့ဝန္ထမ္းအျဖစ္ အသက္႐ွဴရပ္တန္႔သြားသည္အထိ လုပ္ကိုင္လိုသည္။ သို႔ေသာ္ ေက်ာင္းက သူ႔ကိုမလိုအပ္ေတာ့ဟုဆိုလိုက္လွ်င္ ကေလးမ်ားကို စာသင္ရေတာ့မည္မဟုတ္။ ႐ြာက သူ႔ကိုမလိုအပ္ေတာ့ဟုဆိုလိုက္လွ်င္ သူဆႏၵမ်ား ရပ္ဆိုင္းသြားေတာ့မည္။

ထိုအခ်ိန္ေရာက္လာလွ်င္ ေစတနာ့ဝန္ထမ္း မသန္စြမ္းဆရာမေလး ေဒၚအိအိညိမ္း ဘာဆက္လုပ္မည္နည္း။ သူက ယခုကဲ့သို႔ ဆိုလိုက္ပါသည္။

“ကၽြန္မ ရည္႐ြယ္ထားပါတယ္။ အဓိက ကၽြန္မရင္ထဲမွာ ကေလးေတြပဲရွိတယ္။ ကေလးေတြကို ကၽြန္မတို႔ထက္ ေတာ္ေစခ်င္တယ္။ ႐ြာက ကေလးေတြကို အဂၤလိပ္စာသင္ေပးမယ္။ ႏိုင္ငံ့ဝန္ထမ္းျဖစ္ဖို႔ေတာ့ မေမွ်ာ္ေတာ့ပါဘူး”

ဒီကေန႔ ေအာက္တုိဘာ ၅ ရက္ေန႔မွာ က်ေရာက္တဲ့ ကမၻာ့ဆရာမ်ားေန႔ အထိိမ္းအမွတ္ အျဖစ္ ဆရာမေလးေဒၚအိအိညိမ္းကုိ ျမန္မာႏုိင္ငံလုံးဆုိင္ရာ ဆရာ၊ဆရာမမ်ားအဖြဲ႔ခ်ဳပ္ကေနၿပီး အခုနွစ္အတြက္ မီးအိမ္ရွင္ဆရာဆု ဂုဏ္ျပဳခ်ီးျမွင့္လုိက္ပါတယ္။ ေစတနာ့၀န္ထမ္း ဆရာမေလး ေဒၚအိအိညိမ္းဟာ ေမြးကတည္းက ညာဘက္ေျခ ေထာက္နဲ႔လက္ မသန္စြမ္းသူျဖစ္ေပမယ့္ ကေလးေတြရဲ႕ပညာေရးအတြက္ စြမ္းေဆာင္ႏုိင္ခဲ့တဲ့ အတြက္ အခုလုိဂုဏ္ျပဳရတာလုိ႔ ျမန္မာႏုိင္ငံလုံး​ဆုိင္ရာ ဆရာ၊ဆရာမမ်ား အဖြဲ႔ခ်ဳပ္ အတြင္းေရးမႉး  အဖြဲ႔၀င္ ေဒါက္တာ ေဇာ္မ်ဳိးလႈိင္က ေျပာပါတယ္။

“သူ႔ကုိဂုဏ္ျပဳရတဲ့အေၾကာင္းရင္းကေတာ့ သူက ပညာေပးေ၀တဲ့ ဆရာအလုပ္ကုိ သူအရမ္းစိတ္၀င္စားၿပီးလုပ္ခ်င္တယ္။ ဒါေပမယ့္  ဘ၀ကံအေၾကာင္းေၾကာင့္သူဟာ ေျခေထာက္မသန္တဲ့ အေနအထားေလးရွိတယ္။ အဲေတာ့ သူဟာအလုပ္ေလွ်ာက္ခဲ့တယ္။ ၃ ႏွစ္တုိင္တုိင္ သူအလုပ္သြားေလွ်ာက္ေပမယ့္ က်ေနာ္တုိ႔လက္ရွိ ပညာေရးအဖြဲ႔အစည္းေတြက ဆရာ ဆရာမတေယာက္ျဖစ္ခဲ့မယ္ဆုိရင္ ကိုယ္လက္အဂၤါသန္စြမ္းရမယ္ဆုိတဲ့ အယူအဆနဲ႔ လက္ရွိ အထိလုပ္ေဆာင္ေနတယ္။ က်ေနာ္တုိ႔ ဒီဘက္ေခတ္၀န္ႀကီးက ဒီလုိမ်ဳိးမလုပ္ၾကပါနဲ႔  မသန္ေပမယ့္ စြမ္းတဲ့လူေတြကုိ အလုပ္ခန္႔မႈ ေျပာတာေတြၾကားရေပမယ့္ လက္ေတြ႕မွာေတာ့ အဲလုိဟာေတြကုိ အေကာင္အထည္မေဖာ္ၾကဘူးခင္ဗ်ာ။ အဲေတာ့ ဒီဆရာမဟာ အလုပ္ေလ်ာက္ခဲ့ေပမယ့္ အလုပ္မရခဲ့ဘူး။

အလုပ္မရေတာ့ သက္ဆုိင္ရာ သူ႔ရြာေက်ာင္းမွာေတာ့ လုပ္အားေပးအျဖစ္နဲ႔ ဆယ္စုႏွစ္တခုေလာက္သူမသန္ေပမယ့္ သူစြမ္းစြမ္းတမံလုပ္ခဲ့တယ္ေပါ့ေနာ္။ အဲဒီဟာေတြကုိ က်ေနာ္တုိ႔ေတြ႕ရတဲ့အခါက်ေတာ့ သူဟာ ဂုဏ္ျပဳ ထိုက္တဲ့ ဆရာတေယာက္အျဖစ္နဲ႔ က်ေနာ္တုိ႔အဖြဲ႔ကေနၿပီးေတာ့ေရြးခ်ယ္တာေပါ့ေနာ္။ အဓိကကေတာ့ မသန္စြမ္းေတြကို ဆရာအျဖစ္နဲ႔ ထမ္းေဆာင္ႏုိင္စြမ္းရွိရက္သားနဲ႔  ေက်ာင္းသားေတြ ေရွ႕မွာ ဒီလုိမ်ဳိး ကုိယ္လက္မသန္စြမ္းတာေတြမရွိရဘူးဆုိတဲ့ အယူအဆႀကီး ကလည္း မွားယြင္းေနတဲ့ အယူအဆဆုိတာကုိ မီးေမာင္းထုိးျပခ်င္တယ္။ ”

ဆရာမေဒၚအိအိညိမ္းကုိ ဂုဏ္ျပဳလက္မွတ္အျပင္ ဂုဏ္ျပဳဆုေငြေတြကုိလည္း ခ်ီးျမႇင့္သြားဖို႔ ရွိေနပါတယ္။ ျမန္မာႏုိင္ငံလုံးဆုိင္ရာဆရာ၊ဆရာမမ်ားအဖြဲ႔ခ်ဳပ္အေနနဲ႔ ႏွစ္စဥ္ကမၻာ႔ဆရာမ်ားေန႔ က်င္းပလာခဲ့တာ ဒီႏွစ္ဆုိရင္ ပဥၥမအႀကိမ္ေျမာက္ျဖစ္ပါတယ္။ တတိယအႀကိမ္ကစၿပီး MTF မီးအိမ္႐ွင္ဆရာဆုေတြေပးအပ္ခဲ့ရာ အခုႏွစ္ရဲ႕ မီးအိမ္႐ွင္ ဆရာဆုကိုေတာ့ ပခုကၠဴၿမိဳ႕နယ္ အေရွ႕သီရိရြာက ဆရာမ ေဒၚအိအိညိမ္းကို ေရြးခ်ယ္တာ ျဖစ္ပါတယ္။

ဆုစတင္ေပးအပ္တဲ့ ပထမအႀကိမ္တုန္းက ကဗ်ာရြတ္ဆုိသင္ၾကားရာမွာ ထူးခြ်န္တဲ့ ေပါက္ၿမိဳ႕နယ္က ဆရာမ ေဒၚျမင့္ျမင့္ေဇာ္နဲ႔ ကခ်င္ျပည္နယ္က တုိက္ပြဲေတြၾကား ကေလးေတြကုိ ကာကြယ္ၿပီး ဒဏ္ရာရရွိခဲ့တဲ့ ေဒၚဂူပါငယ္ကုိ ေပးအပ္ခဲ့ပါတယ္။ မႏွစ္ကေတာ့ ေမွာ္ဘီၿမိဳ႕နယ္က ေက်ာင္းသားတဦး ကားအတုိက္ခံရမယ့္အေရးကို  ကာကြယ္ေပးရင္းနဲ႔ ကိုယ္တုိင္ကားတုိက္ခံရၿပီး ေသဆုံးသြားခဲ့တဲ့ ဆရာမေဒၚသန္းသန္းေဌးကုိ ခ်ီးျမႇင့္ခဲ့ပါတယ္။

အလားတူ ကမာၻ႔ဆရာမ်ားေန႔အျဖစ္ ထုိင္းနယ္စပ္တေလွ်ာက္က ဒုကၡသည္စခန္း ေတြမွာလည္း အခမ္းအနားေတြက်င္းပၾကၿပီး ဒီႏွစ္မွာလည္း ဆရာသက္တမ္း ၅ ႏွစ္၊ ၁၀ႏွစ္နဲ႔ ၁၅ ႏွစ္ရွိတဲ့ ဆရာေတြကုိ ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခဲ့ပါတယ္။ ဒီေန႔က်ေရာက္တဲ့ ကမာၻ႔ဆရာမ်ားေန႔မွာ နယ္စပ္ဒုကၡသည္စခန္းေတြနဲ႔ တုိင္းရင္းသား ေဒသေတြက ဆရာဆရာမေတြကုိ အစုိးရအေနနဲ႔ အသိအမွတ္ျပဳဖုိ႔လည္း ကရင္နီပညာေရးဌာန ညႊန္ၾကားေရးမႉး ဆရာမ အဲလစ္စဘတ္မီမာ ကေျပာပါတယ္။

“ေျပာခ်င္တာကေတာ့ က်မတုိ႔ ဒုကၡသည္စခန္းနဲ႔ တုိင္းရင္းသားေဒသေတြမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ဆရာ၊ ဆရာမေတြကုိ  ျမန္မာအစုိးရျဖစ္ေစ၊ တျခားႏုိင္ငံတကာ အဖြဲ႔အစည္းကေနၿပီးေတာ့မွ အသိအမွတ္ျပဳေပးေစခ်င္တာေပါ့ေနာ္။ ဒုကၡေရာက္ေနတဲ့ လူထုေတြအတြက္၊ ကေလးသူငယ္ေတြအတြက္ တဖက္တလမ္းကေနၿပီးေတာ့မွ ပါ၀င္ေပးဆပ္သြားတဲ့ဆရာ၊ ဆရာမေတြ ရွိေနေၾကာင္းကုိ အစုိးရနဲ႔ ႏုိင္ငံတကာကုိ အသိေပးေစခ်င္ပါတယ္”

ေအာက္တုိဘာ ၅ ရက္ေန႔ကုိ ကမာၻ႔ဆရာမ်ားေန႔အျဖစ္ ကုလသမဂၢက ၁၉၉၄ ခုႏွစ္ကတည္း က သတ္မွတ္ႏွစ္စဥ္က်င္းပတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB Burmese
#Unicode Version#
မူလတန်းပြရာထူးအတွက် လူတွေ့အစစ်အဆေးခံရန် အင်တာဗျူးခန်းထဲသို့ မအိအိညိမ်းဝင်လာခဲ့သည်။ ရေနံဝနေသည့် ညောင်ဦးမြို့ ကျွန်းပျဉ်ထောင်ပျဉ်ကာ နှစ်ထပ်ကျောင်းဆောင်ကြီး၏ အခန်းအတွင်း ရောက်သည်နှင့် ထိုင်ခုံတွင်ထိုင်နေကြသော လူတွေ့စစ်မည့်အရာရှိသုံးဦးက သူ၏ညာဘက်ခြေထောက် ခြေဖျားထောက်သွားသည်ကို အထူးအဆန်းသဖွယ် အကဲခတ်နေကြသည်။

အခန်းအတွင်းရောက်သောအခါ သဘောကောင်းပုံရသော အသက် ၄၀ ခန့်အရွယ် အရာရှိတစ်ဦးက သူ့ကို ဘွဲ့လက်မှတ်ထုတ်ပြခိုင်းသည်။ ထိုအချိန်မှာပင် ညာဘက်လက် အရိုးပျော့သည့် ပုံစံဖြစ်နေပုံကိုပါ အရာရှိများက ထပ်အကဲခတ်မိသွားသည်။

“သမီးက လက်ရောမသန်ဘူးလား”ဟူသော အမေးကို ညာဘက်ခြေထောက်သာမက ညာဘက်လက်ပါမသန်သည့်အကြောင်း မအိအိညိမ်းက ပြန်ရှင်းပြလိုက်သည်။

ထိုအဖြစ်အပျက်သည် လွန်ခဲ့သော ၅ နှစ်ခန့်က ဆရာမဖြစ်ခွင့်လျှောက်ထားရာတွင် သူ ပထမဆုံးတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။ ထိုဖြစ်ရပ်များအပြီး နောက်ထပ်နှစ်ကြိမ် ဆရာမရာထူးအတွက် ထပ်မံလျှောက်ထားခဲ့သည်။ သို့သော် ယခုကဲ့သို့ပင် အငြင်းခံခဲရကြောင်း မအိအိညိမ်းက ပြောပြသည်။

မြန်မာ့ပညာရေးစနစ်တွင် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်ဝင်ခွင့်နှင့် အခြားသော ဆရာဖြစ်သင်တန်းများ၌ သင်တန်းသား ဆရာ၊ ဆရာမလောင်းများ ကိုယ်လက်အင်္ဂါပြည့်စုံ၊ မပြည့်စုံ အစစ်ခံကြသည်။ ဆရာမဖြစ်ခွင့်အတွက် ထိုသို့ကိုယ်လက်အင်္ဂါပြည့်စုံမှု ရှိ၊ မရှိစစ်ဆေးသည်ကို ထိုအချိန်က သူ့အနေနှင့် တိတိကျကျမသိခဲ့။ ကြားဖူးနားဝတော့ရှိသည်။ နိုင်ငံ့ဝန်ထမ်း ဆရာမတစ်ဦးဖြစ်ရေးကိုသာ ဖမ်းဆုပ်နိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သန်းခေါင်စာရင်း (၂၀၁၄) အရ မြန်မာနိုင်ငံတွင် စုစုပေါင်းလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်သည်။ တစ်နည်းအားဖြင့် ၂ ဒသမ ၃ သန်းသည် မသန်စွမ်းသူများဖြစ်သည်။ သို့သော် မြေပြင်အခြေအနေတွင် ထိုပမာဏထက် ပိုများနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ မသန်စွမ်းသူများ ပညာသင်ယူခွင့် အခြေခံကျောင်းများ၌ဖြစ်စေ၊ တက္ကသိုလ်များတွင်ဖြစ်စေ လက်ခံသင်ကြားရန် ပညာရေးဝန်ကြီးက ပြောဆိုထားသော်လည်း ကျောင်းအုပ်များ၏ဆန္ဒအရ လက်ခံ၊ ငြင်းပယ်မှုများ ရှိနေဆဲဖြစ်သည်။

အခြေခံအဆင့်တွင် ကျောင်းနေခွင့် လုံးဝငြင်းပယ်ခံရခြင်းနှင့် ကျောင်းနေခွင့်ရသော်လည်း မသန်စွမ်းများအတွက် လိုအပ်သည့်အဆောက်အအုံမရှိသေးခြင်နှင့် ဆရာအင်အားမလုံလောက်ဟုဆိုကာ ငြင်းပယ်ခြင်းရှိနေသေးသည်။ “နယ်က ကလေးတွေက ကျောင်းကိုပဲ အားကိုးရတာလေ။ ကျောင်းက ဆရာ၊ ဆရာမတွေသာ သူတို့ရဲ့ အားကိုးရာပေါ့။ အဲဒီခံယူချက်နဲ့ ရှေ့ဆက်လိုက်တာပါ။ အခုရွာကျောင်းမှာ လုပ်အားပေးတာ ဆယ်စုနှစ်ကျော် (၂၀၀၄ ခုနှစ်မှစ၍ ယခုအချိန်အထိ လုပ်အားပေးနေဆဲဖြစ်သည်) ပြီပေါ့”ဟု မအိအိညိမ်းက ပြောသည်။

သူ့မိသားစုတွင် မွေးချင်း ၈ ဦးအနက် သူက ၄ ဦးမြောက်ဖြစ်သည်။ ဖခင်ဖြစ်သူကတော့ ဆုံးသွားပြီဖြစ်သည်။ အစ်ကိုဖြစ်သူက မိသားစုကိုဦးစီးပြီး ပဲနီ၊ ပဲဇီးကွက်၊ မြေပဲ စသည်ဖြင့်စိုက်ပျိုးကာ တောင်သူလုပ်ကိုင်စားသောက်ကြသည်။ သူ့ရွာလေးတွင်တော့ သူတစ်ယောက်သာ မသန်စွမ်းသူဖြစ်သည်။ သို့သော် အများက လေးစားသမှုရှိသည့် “စေတနာ့ဝန်ထမ်း ဆရာမလေး ဒေါ်အိအိညိမ်း၊ ဓမ္မစကူးလ်ဆရာမ ဒေါ်အိအိညိမ်း၊ စာကြည့်တိုက်မှူး ဒေါ်အိအိညိမ်း”ဟု ရွာက ခေါ်ကြသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်အပိုင်ဖြစ်သော်လည်း ရွာသူရွာသားအများစုက ခရီးနီးစပ်ပြီး ရေလမ်းဖြင့် သွားလာရေးလွယ်သည့် ပုဂံနှင့်သာ ကူးလူးဆက်ဆံမှု ပိုများသည်။ ဈေးရောင်းဈေးဝယ်၊ အလုပ်သွား စသည်ဖြင့် နေ့စဉ်နေ့တိုင်း ပုဂံဘက်သို့ သွားလာဆက်သွယ်ကြသည်။ ဆရာမလေး ဒေါ်အိအိညိမ်း တစ်ဦးတည်းသာ မဟုတ်။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများသည် လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်ခွင့်၊ ပညာသင်ခွင့်အပါအဝင် အခြေအနေအချို့က အကန့်အသတ်ရှိဆဲဖြစ်သည်။

အခြေခံအဆင့်တွင် လုံးဝကျောင်းနေခွင့်ငြင်း ပယ်ခံရခြင်းနှင့် ကျောင်းနေခွင့်ရသော်လည်း မသန်စွမ်းများအတွက် လိုအပ်သည့်အဆောက်အအုံမရှိသေးခြင်းနှင့် ဆရာအင်အားမလုံလောက်ဟုဆိုကာ ငြင်းပယ်ခြင်းရှိနေသေးသည်။ထို့ပြင် သင်ရိုးသစ်တွင် ခုန်ပေါက်ကစားရသည့် အားကစားများလည်း ပါဝင်သောကြောင့် မသန်စွမ်းကလေးများ ကျောင်းတက်ရန် အဆင်မပြေသောကြောင့် အထူးကျောင်းကိုသာ သွားတက်ရန် ပြောဆိုခံရပြီး ငြင်းပယ်ခံရခြင်းဖြစ်သည်။

ဆရာဖြစ်သင်တန်းဝင်ခွင့်တွင်လည်း လက်နှစ်ချောင်းပူးနေသဖြင့်၊ ဓားပြတ်၍ လက်ချောင်းတိုနေသဖြင့်၊ လက်ပွားပါနေသဖြင့်၊ မျက်စိတွင် ကျောက်မျက်လုံးထည့်ထားသဖြင့် စသည်ဖြင့် ငြင်းပယ်ခံရမှုများ ရှိခဲ့သည်။ မသန်စွမ်းသူများပညာရေးကော်မတီ အထွေထွေအတွင်းရေးမှူး ကိုရဲဝင်းက “အမြင်မတော်ဘူးဆိုပြီး မသန်စွမ်းမှုကို ရှုတ်ချအထင်သေးနေတာတွေက လူ့အခွင့်အရေးကို ချိုးဖောက်နေသလို တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဆုံးရှုံးစေတယ်။ ဆရာလောင်းတွေ ဆုံးရှုံးရပါတယ်” ဟု မှတ်ချက်ပေးသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် မသန်စွမ်းမှုကိုအကြောင်းပြု၍ ခွဲခြားဆက်ဆံမှုနှင့် နှိမ့်ချမှုတို့မရှိစေရဘဲ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝရရှိစေရန် စီမံဆောင်ရွက်ပေးရမည့်အကြောင်း ပြဋ္ဌာန်းထားသည်။ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် မသန်စွမ်းသူများအတွက် ပညာသင်ယူသည့် အဆင့်တိုင်းတွင် တန်းတူသင်ကြားရေး၊ အတားအဆီးမရှိသော ကျောင်းပတ်ဝန်းကျင် ဖန်တီးနိုင်ရေး ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။

မသန်စွမ်းသူများ ပညာသင်ကြားခွင့်ဥပဒေများသည် စာရွက်ထဲမှာပင်ရှိသေးပြီး ဥပဒေစိုးမိုးမှု အားနည်းနေသေးသလို လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေသေးကြောင်း မသန်စွမ်းအခွင့်အရေးလှုပ်ရှားသူများက ဝေဖန်ကြသည်။ ပညာရေးနယ်ပယ်တွင်သာမက အခြားသော လုပ်ငန်းခွင်နယ်ပယ်တွင်လည်း မသန်စွမ်းသူများ ငြင်းပယ်ခံရဆဲဖြစ်သည်။ အလုပ်ခေါ်စာမှာပင် “ကျန်းမာ သန်စွမ်းရမည်” ဟူသော မှတ်ချက်မျိုး ထည့်သွင်းရေးသားနေသည်များ ရှိနေဆဲဖြစ်သည်။

၂၀၁၆ ခုနှစ်အထိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်၌ပင် စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် လျှောက်ထားခွင့်တွင် ကျန်းမာရေးပြည့်စုံပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းခြင်း၊ ချို့တဲ့ခြင်း၊ စကားမပီသခြင်း၊ စကားထစ်ခြင်းများ ကင်းရှင်း၍ ဆရာအင်္ဂါရပ်နှင့်ပြည့်စုံသူဖြစ်ရမည်ဟု ကန့်သတ်ထားခဲ့သည်။ မသန်စွမ်းသူများ ပညာသင်ခွင့်အတွက် ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်ခွင့်မှစကာ “ကိုယ်လက်အင်္ဂါ ပြည့်စုံပြီး ကျန်းမာသန်စွမ်းရမည်” ဆိုသော ကန့်သတ်ချက်အစား “ကျန်းမာရေးကောင်းမွန်ရမည်” ဟုသာ ပြောင်းလဲခဲ့သည်။

သို့သော် လက်တွေ့မြေပြင်အခြေအနေတွင် ကျောင်းအုပ်ကြီးများနှင့် လူတွေ့စစ်ဆေးသူများ၏ သဘောဆန္ဒအရ “မသန်စွမ်း” ဟု မှတ်ချက်ပြုကာ ငြင်းပယ်မှုများလည်း ရှိနေဆဲဖြစ်သည်။ ထိုအထဲတွင် စေတနာ့ဝန်ထမ်း ဆရာမလေး ဒေါ်အိအိညိမ်းလည်း ပါဝင်ခဲ့ရသည်။ ဆရာမ ဖြစ်ခွင့်ငြင်းခံရသည့် ထိုအချိန်က သူဝမ်းနည်းခဲ့သည်။ ငိုခဲ့သည်။ သို့သော် မသန်စွမ်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျဟုယူဆပြီး အယုံအကြည်မဲ့မသွားခဲ့။ ဝါသနာပါသည့်၊ ဆန္ဒပြင်းပြသည့် နိုင်ငံ့ဝန်ထမ်း ဆရာမဖြစ်ရန် သုံးကြိမ်တိုင်တိုင် လျှောက်ထားခဲ့သည်။

နောက်ပိုင်းတွင်တော့ အသက်ကန့်သတ်ချက်ကြောင့် သူလျှောက်ခွင့်မရတော့။ သူဖြစ်ချင်သည့် နိုင်ငံ့ဝန်ထမ်း ဆရာမတစ်ဦးဖြစ်ဖို့ ယခုဘဝတွင်တော့ မျှော်လင့်ချက်ကုန်ဆုံးသွားပြီဟု ကောက်ချက်ချနေတော့သည်။ ဆရာဟူသည် စံပြပုဂ္ဂိုလ်ဆိုကာ မသန်စွမ်းသူများကို ဆရာဖြစ်ခွင့်မပေးသင့်ဟု ယူဆချက်အပေါ် စိတ်ဓာတ်၊ ခံယူချက်နှင့် သင်ကြားသည့်ဘာသာရပ်အပေါ် ကျွမ်းကျင်မှုသာအရေးကြီးကြောင်း သူက မှတ်ယူထားသည်။ ကိုယ်လက်အင်္ဂါပြည့်စုံပြီး ရုပ်ရည်ချောမောသည့်ဆရာများကို တပည့်များက လွမ်းဆွတ်တမ်းတသည်မရှိ။ စာရိတ္တကောင်းပြီး စေတနာပြည့်ပြည့်ဝဝဖြင့် သင်ကြားပြသမှုကောင်းသော ဆရာကိုသာ လွမ်းဆွတ်တမ်းတမှုရှိသည်ဟု ယုံကြည်ထားသူဖြစ်သည်။
မအိအိညိမ်း

ဆရာမလေး ဒေါ်အိအိညိမ်း၏ မသန်စွမ်းမှုက မွေးရာပါဖြစ်သည်။ အသက် ၁၂ နှစ်ဝန်းကျင်က ဆေးကုသဖူးသော်လည်း ပျောက်ကင်းနိုင်မည်မဟုတ်ကြောင်း ဆရာဝန်က အသိပေးလိုက်ပြီးနောက် ဆက်ပြီး မကုတော့။ သူ့ဘဝတွင် အလယ်တန်း၊ အထက်တန်း ကျောင်းတက်ချိန်များက အခက်အခဲများနှင့် အဓိကကြုံခဲ့ရကြောင်း သူငယ်ဘဝကို ပေါ့ပေါ့ပါးပါးပြုံးပြုံးရွှင်ရွှင်ပင် ပြန်ပြောပြသည်။ သို့သော် ကျောင်းတက်ရသည်၊ စာသင်ရသည်ကိုပင် ပျော်ရွှင်ခဲ့သောကြောင့် ထိုအခက်အခဲများကို ကျော်လွှားခဲ့သည်။ အထကပုဂံမှ အထက်တန်းအောင်ပြီး ပခုက္ကူတက္ကသိုလ်ကို မြန်မာစာအဓိကဖြင့် ဆက်တက်သည်။ ဘွဲ့ရသည်။

ယခုတော့ သူ့ရွာ အရှေ့သီရိအထက်တန်းကျောင်းခွဲတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးနေပြီဖြစ်သည်။ ယဉ်ကျေးမှုဒေသပုဂံ လောကနန္ဒာရေဆိပ်ရောက်လျှင် အရှေ့သီရိရွာမှ “ဆရာမ အိအိညိမ်း” ဆိုလိုက်လျှင် မသိသူနည်းလိမ့်မည်။ ဧရာဝတီမြစ်ကို စက်လှေဖြင့် ၁၅ မိနစ်ခန့် ဖြတ်ကူးပြီး ၅ မိနစ်၊ ၁၀ မိနစ်ခန့် ဆိုင်ကယ်စီး၊ လမ်းလျှောက်လျှင် သူ့ရွာလေးကို ရောက်နိုင်မည်။

ယခင်က ထိုရွာကျောင်းလေးမှာလည်း မူလတန်းအဆင့်သာဖွင့်နိုင်သောကြောင့် အလယ်တန်း၊ အထက် တန်းရောက်လျှင် ပုဂံဘက်သို့ ဧရာဝတီမြစ်ကို ဖြတ်ကူးကာ ကျောင်းတက်ကြရသည်။ ယခုအခါ ရွာကျောင်းလေးမှာ အထက်တန်းကျောင်းခွဲအဖြစ် နဝမတန်းအထိဖွင့်နိုင်ပြီဖြစ်သောကြောင့် ကျောင်းသားအများစုလည်း မြစ်ကူးချောင်းခြား ကျောင်းတက်စရာမလိုတော့။ ဆယ်တန်းရောက်မှသာ ပုဂံဘက်ကိုသွားပြီး ကျောင်းတက်ကြရတော့သည်။

ဆရာမဒေါ်အိအိညိမ်း၏ အိမ်နှင့် ကျောင်းဆိုလျှင် ၁၅ မိနစ်ခန့်လမ်းလျှောက်ရသည်။ ကျွန်းရွာဖြစ်၍ ပုံမှန်ရေကျချိန်တွင် ဒေါ်အိအိညိမ်းကျောင်းကို လမ်းလျှောက်သွားသည်။ ရေကြီးချိန် (ဇူလိုင်၊ ဩဂုတ်လပိုင်း) တွင်တော့ မိသားစုဝင်တစ်ဦးဦးက လှေဖြင့် ကျောင်းလိုက်ပို့ကြရသည်။ နေ့စဉ် မနက်တိုင်း ၈ နာရီဝန်းကျင်ဆိုလျှင် ဆရာမဒေါ်အိအိညိမ်း ကျောင်းသွားပြီ။ ညနေ ၃ နာရီကျော်ဆိုလျှင် ကျောင်းဆင်းပြီ။ ကလေးများနှင့်အတူ တအိအိလမ်းလျှောက်ရင်း ဒေါ်အိအိညိမ်း ပြန်လာပြီ။

ရွာကျောင်းလေးတွင် ကျောင်းသားများကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ အခြေခံသိပ္ပံသင်ပေးသည်။ သူဘွဲ့ရသည်က မြန်မာစာအဓိက။ အင်္ဂလိပ်စာကို စိတ်ဝင်စားပြီး စိတ်နှစ်သင်သည်။ သို့သော် အခြေခံသိပ္ပံမှာတော့ ပုံဆွဲညံ့ကြောင်း သူက ဝန်ခံသည်။ ရွာသူ၊ ရွာသားများနှင့် ကျောင်းတာဝန်ရှိသူများက ဆရာမလေးဒေါ်အိအိညိမ်းကို တစ်လ ကျပ် ၈၀,၀၀၀ ပြန်ကူညီပေးသည်။ ထိုပမာဏကိုလည်း သူ့အနေနှင့်များသည်ဟု လည်းမမှတ်။ နည်းသည်ဟူလည်း မယူ။ စာသင်နေရခြင်းကိုသာ ကျေနပ်နေသူ။

“စာသင်ရတာ ပျော်တယ်ရှင့်။ စာမသင်ဘဲ နေရမှာပဲ ကြောက်နေတာ။ ကလေးတွေနဲ့နေရတာ ကျွန်မကိုကျွန်မလည်း အားတက်တယ်။ ဒီလိုမဟုတ်ရင် ကျွန်မကိုယ်ကျွန်မ မကျေမနပ်ဖြစ်နေမိမှာ” ဟု ဆရာမလေး ဒေါ်အိအိညိမ်းက ဆိုသည်။

“မသန်စွမ်းမှုကို မကျေမနပ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူပိုကြီးတစ်ယောက်လိုမျိုး ခံစားရမှာဆိုတော့ အခု ကလေးတွေနဲ့ ပျော်လိုက်၊ ပါးလိုက်၊ ကိုယ်သိသလောက် သူတို့ကိုဖြန့်ဝေပေးလိုက်ဆိုတော့ ပျော်နေတာ” ဟု သူက ဆက်ပြောသည်။

ထို့အတွက် ဆရာမလေး ဒေါ်အိအိညိမ်း မသန်စွမ်းဖြစ်သော်လည်း ကျောင်းသားများက လှောင်ပြောင်မှု မရှိကြ။ ကျောင်းသားများက သူ့ကိုနားလည်ပေးကြသည်။ ဆရာနှင့်ကျောင်းသား လိုက်လျောညီထွေရှိကြသည်။ ကျောင်းရှိ ဆရာများကလည်း သူ့အပေါ် နားလည်မှုရှိကြသည်။

“ကျွန်မ စာသင်လာတဲ့အခါ သူငယ်တန်းကလေးတွေက ကျွန်မကို စိတ်ဝင်စားတယ်လေ။ ဆရာမ ဘယ်လိုလမ်းလျှောက်တာလဲ၊ ဘယ်လိုဖြစ်တာလဲဆိုတာ စိတ်ဝင်တစားမေးကြတယ်။ ကျွန်မလည်း သူတို့ကို ဆရာမက အမေမွေးကတည်းက ဒီလိုပဲဆိုတာ ပြန်ရှင်းပြရတယ်။ တချို့ကလေးတွေကျတော့လည်း ကျွန်မ ခြေဖျားထောက်သွားတဲ့အခါ စူးဆူးတယ်ထင်တာပေါ့။ ဆရာမ စူးထွင်ပါလား။ ဘာလို့မထွင်တာလဲဆိုပြီး ပြောကြတယ်။ ကျောင်းသားတစ်ယောက်ဆိုရင် ကျွန်တော့်အမေက စူးထွင်ကောင်းတယ် ဆရာမ။ ကျွန်တော် ခေါ်ခဲ့မယ်ပေါ့။ ကျောင်းသားတွေက ကျွန်မကို ဒေါက်ဖိနပ်တွေ စီးစေချင်တယ်။ ဆရာမ ဘယ်လို ဖိနပ်စီးတာလဲ၊ ဒေါက်ဖိနပ် စီးပါလားပေါ့။ ဆရာမက စီးမရဘူးဆိုတာလည်း သူတို့ကို ရှင်းပြရသေးတယ်” ဟု ရယ်မောလျက် သူက ပြောသည်။

မသန်စွမ်းသူမို့ ကျောင်းသားများက လှောင်ပြောင်မှုမရှိသည့်အပြင် လေးစားမှုရှိကြသလို ဆရာမ ဒေါ်အိအိညိမ်းကလည်း ကျောင်းသားများအတွက် အမြဲတမ်းစဉ်းစားပေးသည်။ ရွာထဲတွင် ကြိုးစားလိုစိတ်ရှိသော်လည်း ငွေကြေးအခက်အခဲရှိသောကြောင့် အထက်တန်းဆက်မတက်နိုင်တော့မည့် ကျောင်းသားတစ်ဦးကိုပင် မသန်စွမ်း ဆရာမလေး ဒေါ်အိအိညိမ်းက အလှူရှင်ရှာကာ ပုဂံတွင် ကျောင်းထားပေးထားသည်။

နွေရာသီတွင် ကျောင်းသားများ အင်္ဂလိပ်စာနှင့် အဆက်ပြတ်မသွားစေရန်လည်း ပြင်ပမှ ဆရာများကို ဖိတ်ခေါ်ကာ အင်္ဂလိပ်စာ ပညာဒါနသင်တန်းမျိုးကိုလည်း ဖွင့်စေသည်။ သူကိုယ်တိုင်လည်း ထိုသင်တန်းကိုတက်သည်။ ရွာကျောင်းက ကလေးများကို စေတနာအရင်းခံကာ သင်ကြားပေးသော်လည်း နိုင်ငံ့ဝန်ထမ်း ဆရာများလို သင်ကြားနည်း၊ ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာရပ်များကို အထူးတလည်တော့ မသင်ယူဖူး။ မလေ့လာဖူး။

သို့သော် သင်ကြား၊ သင်ယူရေးတွင် အရေးကြီးဆုံးဖြစ်သည့် ကလေးများအပေါ် နားလည်မှုရှိပြီး စိတ်ရှည်သည်းခံမှုနှင့် စေတနာကသာအရေးကြီးကြောင်း သူက မှတ်ယူထားသည်။ ရွာကျောင်းရှိ ပညာတန်ဆောင်၊ ပညာခေတ် မဂ္ဂဇင်းများကိုဖတ်ရှုကာ သင်ကြားနည်း၊ ပညာရေး သဘောတရား၊ ပညာရေးစိတ်ပညာကို ကျောင်းပြင်ပသင်ရိုးအဖြစ် အဆင်ပြေသလိုသာ လေ့လာနေသည်။

မသန်စွမ်းမှုကြောင့် ဆရာဖြစ်ခွင့်မရခဲ့။ အတိတ်ကံကြောင့် မသန်စွမ်းအဖြစ် မွေးဖွားကြီးပြင်းလာရသည်။ အတိတ်ကံကို ပြင်လို့မရ။ သို့သော် အနာဂတ်အတွက် ပြင်ဆင်ခွင့်ရှိသည်ဟု ဆရာမလေး ဒေါ်အိအိညိမ်းက ယုံကြည်ထားသည်။ ထို့အတွက် ရွာလေးက သူ့တပည့်ကျောင်းသားများ အင်္ဂလိပ်ဘာသာစကား ကောင်းကောင်းမွန်မွန်တတ်ဖို့ သူအားစိုက်သည်။ စာအုပ်တွေဖတ်သည်။ နွေရာသီတွင် အခမဲ့သင်တန်း စီစဉ်ပေးသည်။ သူကိုယ်တိုင်လည်းတက်သည်။

တစ်ဖက်ကလည်း သူစိတ်ပါဝင်စားသည့် အင်္ဂလိပ်ဘာသာစကားကို ကလေးများအတွက် ကောင်းကောင်းသင်ပေးနိုင်ရန် နွေရာသီကျောင်းပိတ်ချိန်တွင် ရန်ကုန်သို့လာပြီး အင်္ဂလိပ်ကျောင်းများတွင် တက်လိုသည်။ ထိုအကြောင်း သူ့ညီမများကိုပြောပြသောအခါ သွားလာရေးမလွယ်ကူသောကြောင့် မဖြစ်နိုင်ကြောင်း ငြင်းပယ်ခံရသည်။ သူတို့အကြောင်းပြချက်က ရန်ကုန်တွင် မသန်စွမ်းသူများ ဘတ်စ်ကားစီးရန် မလွယ်ကူသည့်အချက်ဖြစ်သည်။

ရန်ကုန်သို့လာ၍ အင်္ဂလိပ်ဘာသာစကားသင်တန်း ထပ်မတက်နိုင်တော့။ သို့သော် သူ အားမလျှော့သေး။ ထပ်မံဆည်းပူးသွားရန် သူနှင့်အနီးစပ်ဆုံးဖြစ်သည့် ပုဂံဘက်မှ ကျွမ်းကျင်သူဆရာများကိုချိတ်ဆက်ရန် ရှာဖွေနေလေသည်။ရွာကျောင်းလေးတွင် လုပ်အားပေး စေတနာ့ဝန်ထမ်းအဖြစ် အသက်ရှူရပ်တန့်သွားသည်အထိ လုပ်ကိုင်လိုသည်။ သို့သော် ကျောင်းက သူ့ကိုမလိုအပ်တော့ဟုဆိုလိုက်လျှင် ကလေးများကို စာသင်ရတော့မည်မဟုတ်။ ရွာက သူ့ကိုမလိုအပ်တော့ဟုဆိုလိုက်လျှင် သူဆန္ဒများ ရပ်ဆိုင်းသွားတော့မည်။

ထိုအချိန်ရောက်လာလျှင် စေတနာ့ဝန်ထမ်း မသန်စွမ်းဆရာမလေး ဒေါ်အိအိညိမ်း ဘာဆက်လုပ်မည်နည်း။ သူက ယခုကဲ့သို့ ဆိုလိုက်ပါသည်။

“ကျွန်မ ရည်ရွယ်ထားပါတယ်။ အဓိက ကျွန်မရင်ထဲမှာ ကလေးတွေပဲရှိတယ်။ ကလေးတွေကို ကျွန်မတို့ထက် တော်စေချင်တယ်။ ရွာက ကလေးတွေကို အင်္ဂလိပ်စာသင်ပေးမယ်။ နိုင်ငံ့ဝန်ထမ်းဖြစ်ဖို့တော့ မမျှော်တော့ပါဘူး”

ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အဖြစ် ဆရာမလေးဒေါ်အိအိညိမ်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ကနေပြီး အခုနှစ်အတွက် မီးအိမ်ရှင်ဆရာဆု ဂုဏ်ပြုချီးမြှင့်လိုက်ပါတယ်။ စေတနာ့ဝန်ထမ်း ဆရာမလေး ဒေါ်အိအိညိမ်းဟာ မွေးကတည်းက ညာဘက်ခြေ ထောက်နဲ့လက် မသန်စွမ်းသူဖြစ်ပေမယ့် ကလေးတွေရဲ့ပညာရေးအတွက် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် အခုလိုဂုဏ်ပြုရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး  အဖွဲ့ဝင် ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။

“သူ့ကိုဂုဏ်ပြုရတဲ့အကြောင်းရင်းကတော့ သူက ပညာပေးဝေတဲ့ ဆရာအလုပ်ကို သူအရမ်းစိတ်ဝင်စားပြီးလုပ်ချင်တယ်။ ဒါပေမယ့်  ဘဝကံအကြောင်းကြောင့်သူဟာ ခြေထောက်မသန်တဲ့ အနေအထားလေးရှိတယ်။ အဲတော့ သူဟာအလုပ်လျှောက်ခဲ့တယ်။ ၃ နှစ်တိုင်တိုင် သူအလုပ်သွားလျှောက်ပေမယ့် ကျနော်တို့လက်ရှိ ပညာရေးအဖွဲ့အစည်းတွေက ဆရာ ဆရာမတယောက်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်လက်အင်္ဂါသန်စွမ်းရမယ်ဆိုတဲ့ အယူအဆနဲ့ လက်ရှိ အထိလုပ်ဆောင်နေတယ်။ ကျနော်တို့ ဒီဘက်ခေတ်ဝန်ကြီးက ဒီလိုမျိုးမလုပ်ကြပါနဲ့  မသန်ပေမယ့် စွမ်းတဲ့လူတွေကို အလုပ်ခန့်မှု ပြောတာတွေကြားရပေမယ့် လက်တွေ့မှာတော့ အဲလိုဟာတွေကို အကောင်အထည်မဖော်ကြဘူးခင်ဗျာ။ အဲတော့ ဒီဆရာမဟာ အလုပ်လျောက်ခဲ့ပေမယ့် အလုပ်မရခဲ့ဘူး။

အလုပ်မရတော့ သက်ဆိုင်ရာ သူ့ရွာကျောင်းမှာတော့ လုပ်အားပေးအဖြစ်နဲ့ ဆယ်စုနှစ်တခုလောက်သူမသန်ပေမယ့် သူစွမ်းစွမ်းတမံလုပ်ခဲ့တယ်ပေါ့နော်။ အဲဒီဟာတွေကို ကျနော်တို့တွေ့ရတဲ့အခါကျတော့ သူဟာ ဂုဏ်ပြု ထိုက်တဲ့ ဆရာတယောက်အဖြစ်နဲ့ ကျနော်တို့အဖွဲ့ကနေပြီးတော့ရွေးချယ်တာပေါ့နော်။ အဓိကကတော့ မသန်စွမ်းတွေကို ဆရာအဖြစ်နဲ့ ထမ်းဆောင်နိုင်စွမ်းရှိရက်သားနဲ့  ကျောင်းသားတွေ ရှေ့မှာ ဒီလိုမျိုး ကိုယ်လက်မသန်စွမ်းတာတွေမရှိရဘူးဆိုတဲ့ အယူအဆကြီး ကလည်း မှားယွင်းနေတဲ့ အယူအဆဆိုတာကို မီးမောင်းထိုးပြချင်တယ်။ ”

ဆရာမဒေါ်အိအိညိမ်းကို ဂုဏ်ပြုလက်မှတ်အပြင် ဂုဏ်ပြုဆုငွေတွေကိုလည်း ချီးမြှင့်သွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ဆရာမများအဖွဲ့ချုပ်အနေနဲ့ နှစ်စဉ်ကမ္ဘာ့ဆရာများနေ့ ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် ပဉ္စမအကြိမ်မြောက်ဖြစ်ပါတယ်။ တတိယအကြိမ်ကစပြီး MTF မီးအိမ်ရှင်ဆရာဆုတွေပေးအပ်ခဲ့ရာ အခုနှစ်ရဲ့ မီးအိမ်ရှင် ဆရာဆုကိုတော့ ပခုက္ကူမြို့နယ် အရှေ့သီရိရွာက ဆရာမ ဒေါ်အိအိညိမ်းကို ရွေးချယ်တာ ဖြစ်ပါတယ်။

ဆုစတင်ပေးအပ်တဲ့ ပထမအကြိမ်တုန်းက ကဗျာရွတ်ဆိုသင်ကြားရာမှာ ထူးချွန်တဲ့ ပေါက်မြို့နယ်က ဆရာမ ဒေါ်မြင့်မြင့်ဇော်နဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေကြား ကလေးတွေကို ကာကွယ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒေါ်ဂူပါငယ်ကို ပေးအပ်ခဲ့ပါတယ်။ မနှစ်ကတော့ မှော်ဘီမြို့နယ်က ကျောင်းသားတဦး ကားအတိုက်ခံရမယ့်အရေးကို  ကာကွယ်ပေးရင်းနဲ့ ကိုယ်တိုင်ကားတိုက်ခံရပြီး သေဆုံးသွားခဲ့တဲ့ ဆရာမဒေါ်သန်းသန်းဌေးကို ချီးမြှင့်ခဲ့ပါတယ်။

အလားတူ ကမ္ဘာ့ဆရာများနေ့အဖြစ် ထိုင်းနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း တွေမှာလည်း အခမ်းအနားတွေကျင်းပကြပြီး ဒီနှစ်မှာလည်း ဆရာသက်တမ်း ၅ နှစ်၊ ၁၀နှစ်နဲ့ ၁၅ နှစ်ရှိတဲ့ ဆရာတွေကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတယ်။ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ နယ်စပ်ဒုက္ခသည်စခန်းတွေနဲ့ တိုင်းရင်းသား ဒေသတွေက ဆရာဆရာမတွေကို အစိုးရအနေနဲ့ အသိအမှတ်ပြုဖို့လည်း ကရင်နီပညာရေးဌာန ညွှန်ကြားရေးမှူး ဆရာမ အဲလစ်စဘတ်မီမာ ကပြောပါတယ်။

“ပြောချင်တာကတော့ ကျမတို့ ဒုက္ခသည်စခန်းနဲ့ တိုင်းရင်းသားဒေသတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကို  မြန်မာအစိုးရဖြစ်စေ၊ တခြားနိုင်ငံတကာ အဖွဲ့အစည်းကနေပြီးတော့မှ အသိအမှတ်ပြုပေးစေချင်တာပေါ့နော်။ ဒုက္ခရောက်နေတဲ့ လူထုတွေအတွက်၊ ကလေးသူငယ်တွေအတွက် တဖက်တလမ်းကနေပြီးတော့မှ ပါဝင်ပေးဆပ်သွားတဲ့ဆရာ၊ ဆရာမတွေ ရှိနေကြောင်းကို အစိုးရနဲ့ နိုင်ငံတကာကို အသိပေးစေချင်ပါတယ်”

အောက်တိုဘာ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ကုလသမဂ္ဂက ၁၉၉၄ ခုနှစ်ကတည်း က သတ်မှတ်နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top