(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ခႏၶာကိုယ္မွာ ပိုလွ်ံေနတဲ့ အဆီေတြကို သဘာဝအတိုင္း က်ခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ နည္းလမ္းမွန္ဖို႔ေတာ့ လိုတာေပါ့။

ဝိတ္ခ်တယ္ဆိုျပီး အစားအေသာက္ေတြေရွာင္၊ ေလ့က်င့္ခန္းေတြ အျပင္းအထန္လုပ္တိုင္း နည္းလမ္းမွန္လို႔ ေျပာလို႔မရပါဘူး။ သင့္တင့္မွ်တတဲ့ အစားအေသာက္၊ ေလ့က်င့္ခန္းေတြျဖစ္ဖို႔ လိုပါတယ္။ ဒါတင္မက တစ္ဖက္တလမ္းကေန က်န္းမာေရးေကာင္းကာ ကိုယ္တြင္း အဆီပို၊ အဆိပ္အေတာက္ေတြကို ဖယ္ရွင္းေပးမယ့္ ဂ်င္းျပဳတ္ရည္လို သဘာဝဓါတ္စာေလးေတြကိုလည္း မွီဝဲေပးသင့္ပါတယ္။

ေလ့လာေတြ႕ရွိမႈေတြအရ ဂ်င္းျပဳတ္ရည္ဟာ ကိုယ္ခႏၶာအေလးခ်ိန္ကို ေျပာင္းလဲမႈျဖစ္ေစတယ္လို႔ ဆိုပါတယ္။ ကိုယ္တြင္းအဆီပိုမ်ားကို က်ေစတဲ့အျပင္ glucose level နွင့္ အင္ဆူလင္ကိုပါ ေလ်ာ့က်ေစပါတယ္။ Medical News Today ရဲ႔ ေလ့လာခ်က္အရ ဂ်င္းျပဳတ္ရည္မွာပါဝင္တဲ့ phenolic compound ဟာ ေလေကာင္းေစတာကို ေတြ႕ရွိရပါတယ္။ ဒါ့အျပင္ ခႏၶာကိုယ္ရဲ႔ အင္ဇိုင္းမ်ားနွင့္ ပန္ကရိယတို႔အေပၚတြင္ပါ ေကာင္းမြန္တဲ့ သက္ေရာက္မႈမ်ားကို ျဖစ္ေစပါတယ္။ အဓိကအားျဖင့္ေတာ့ အစာေျခစနစ္ကို သန႔္ရွင္းေကာင္းမြန္ေစတာေၾကာင့္ ဝိတ္က်ဖို႔အတြက္ အေထာက္အကူျဖစ္ပါတယ္။

ဂ်င္းျပဳတ္ရည္ရဲ႕ ေကာင္းက်ိဳးဟာ ဝိတ္က်ရံုတင္ မကပါဘူး။ ၾကြက္သားေရာင္ရမ္းနာက်င္ျခင္းကို သက္သာေစလို႔ ေလ့က်င့္ခန္းလုပ္သူမ်ား ေသာက္သံုးသင့္ပါတယ္။ အေအးမိဖ်ားနာျဖစ္ခ်ိန္မွာလည္း ဂ်င္းျပဳတ္ရည္က သင့္ကို ျပန္လည္ေကာင္းမြန္ေစမွာပါ။ အမ်ိဳးသမီးမ်ား ဓမၼတာလာခ်ိန္ ကိုက္ခဲနာၾကင္မႈမ်ား သက္သာေစဖို႔ အတြက္လည္း ေသာက္သံုးၾကပါတယ္။

မွတ္ခ်က္။ ဂ်ငး္ျပဳတ္ရည္ျပဳတ္တဲ့အခါ မိမိၾကိဳက္နွစ္သက္သလို အရသာေကာင္းမြန္ေစဖို႔ ပ်ားရည္၊ သံပုရာရည္ စသျဖင့္ ထည့္သြင္းေသာက္သံုးနိုင္ပါတယ္။ တန္ေဆးလြန္ေဘးဆိုသကဲ့သုိ႔ ဂ်င္းမ်ားမ်ားစားသံုးျခင္းကလည္း မလိုလားအပ္တဲ့ က်န္းမာေရး ေဘးထြက္ဆိုးက်ိဳးမ်ားကို ျဖစ္ေပၚေစလို႔ တစ္ေန႔ကို 4g ထက္ပိုျပီး မသံုးစြဲသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN

#Unicode Version#
ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီတွေကို သဘာဝအတိုင်း ကျချင်ကြတာချည်းပါပဲ။ ဒါပေမယ့် နည်းလမ်းမှန်ဖို့တော့ လိုတာပေါ့။

ဝိတ်ချတယ်ဆိုပြီး အစားအသောက်တွေရှောင်၊ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တိုင်း နည်းလမ်းမှန်လို့ ပြောလို့မရပါဘူး။ သင့်တင့်မျှတတဲ့ အစားအသောက်၊ လေ့ကျင့်ခန်းတွေဖြစ်ဖို့ လိုပါတယ်။ ဒါတင်မက တစ်ဖက်တလမ်းကနေ ကျန်းမာရေးကောင်းကာ ကိုယ်တွင်း အဆီပို၊ အဆိပ်အတောက်တွေကို ဖယ်ရှင်းပေးမယ့် ဂျင်းပြုတ်ရည်လို သဘာဝဓါတ်စာလေးတွေကိုလည်း မှီဝဲပေးသင့်ပါတယ်။

လေ့လာတွေ့ရှိမှုတွေအရ ဂျင်းပြုတ်ရည်ဟာ ကိုယ်ခန္ဓာအလေးချိန်ကို ပြောင်းလဲမှုဖြစ်စေတယ်လို့ ဆိုပါတယ်။ ကိုယ်တွင်းအဆီပိုများကို ကျစေတဲ့အပြင် glucose level နှင့် အင်ဆူလင်ကိုပါ လျော့ကျစေပါတယ်။ Medical News Today ရဲ့ လေ့လာချက်အရ ဂျင်းပြုတ်ရည်မှာပါဝင်တဲ့ phenolic compound ဟာ လေကောင်းစေတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အင်ဇိုင်းများနှင့် ပန်ကရိယတို့အပေါ်တွင်ပါ ကောင်းမွန်တဲ့ သက်ရောက်မှုများကို ဖြစ်စေပါတယ်။ အဓိကအားဖြင့်တော့ အစာခြေစနစ်ကို သန့်ရှင်းကောင်းမွန်စေတာကြောင့် ဝိတ်ကျဖို့အတွက် အထောက်အကူဖြစ်ပါတယ်။

ဂျင်းပြုတ်ရည်ရဲ့ ကောင်းကျိုးဟာ ဝိတ်ကျရုံတင် မကပါဘူး။ ကြွက်သားရောင်ရမ်းနာကျင်ခြင်းကို သက်သာစေလို့ လေ့ကျင့်ခန်းလုပ်သူများ သောက်သုံးသင့်ပါတယ်။ အအေးမိဖျားနာဖြစ်ချိန်မှာလည်း ဂျင်းပြုတ်ရည်က သင့်ကို ပြန်လည်ကောင်းမွန်စေမှာပါ။ အမျိုးသမီးများ ဓမ္မတာလာချိန် ကိုက်ခဲနာကြင်မှုများ သက်သာစေဖို့ အတွက်လည်း သောက်သုံးကြပါတယ်။

မှတ်ချက်။ ဂျင်းပြုတ်ရည်ပြုတ်တဲ့အခါ မိမိကြိုက်နှစ်သက်သလို အရသာကောင်းမွန်စေဖို့ ပျားရည်၊ သံပုရာရည် စသဖြင့် ထည့်သွင်းသောက်သုံးနိုင်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသကဲ့သို့ ဂျင်းများများစားသုံးခြင်းကလည်း မလိုလားအပ်တဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေလို့ တစ်နေ့ကို 4g ထက်ပိုပြီး မသုံးစွဲသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top