ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တခ်ဳိ့လူ​ေတြ ​​ေျပာၾက​တဲ့ စကား႐ွိတယ္​။
သူမ်ားအ​ေပၚမဟုတ္​တာမလုပ္​ဘူး မ​ေကာင္​းမၾကံဘူး
နွုတ္ၾကမ္​းတာ ဘာျဖစ္​လည္​း ။

မွန္​ပါတယ္​ နွုတ္ၾကမ္းလုိ့ ​​သူတစ္ပါးက
ျဖစ္​ျခင္​မွျဖစ္​မွာပါ။ျဖစ္​တာ ခံရတာက ကုိယ္​ပါ ။

ျမတ္​စြာဘုရား လက္​ထက္က
အဗၺပါလီျပည္​့တန္​ဆာမက ႐ုပ္​ရည္​လွပလုိ႔ ဟုိမင္​းက
လုိခ်င္​ ဒီမင္​းက ရခ်င္န့ဲ သူ​့ေၾကာင္​့စစ္​ျဖစ္​မွာစုိးလုိ႔
အမ်ားပုိင္​အျဖစ္​ျပည့္​တန္​ဆာမလုပ္​ဖုိ႔ ျဖစ္​ခဲ့ရတာဟာ
စိတ္​ထားညံ့လုိ႔ ​ေစတနာနည္​းလုိ႔မဟုတ္​ပါဘူး။

အတိတ္​ဘဝ ​ေစတီရင္​ျပင္​မွာ
​ေနမ​ေကာင္​းတဲ့ ရဟႏၱာမႀကီး ခြၽဲသလိပ္ဖိတ္​စင္​သြားတာကုိ ဘယ္​သူမွန္​းမသိပဲ စည္​းကမ္​းမဲ့တယ္​ ​ေစတီရင္​ျပင္​​ေပၚ
ဘယ္​ျပည္​့တန္​ဆာမက တံ​​ေတြး ေထြးသြားလဲလုိ႔
​ေစတနာ​ေဒါသ နွုတ္ဝဋ္​​ေႂကြး​ေၾကာင္​့ပါ။

​ေနာက္တစ္​ခုက အမ်ဳိးသမီး​ေတြထဲ
တရား​ေဟာ အ​ေတာ္​ဆုံးျဖစ္​တဲ့ ခုဇုတၱရာဆုိတဲ့
ခါးကုန္​မ​ေလးဟာ ဒီဘဝ ပဋိကတ္​​ေဆာင္​ အမ်ဳိးသမီးျဖစ္​ရၿပီး ဘာ​ေၾကာင္​့ ခါးကုန္းရလဲဆုိရင္​ အတိတ္​ဘဝ အလႉခံႂကြလာတဲ့ ပ​ေစၥကဗုဒၶတစ္​ပါးက ခါးကုန္​းတာကုိ သူငယ္​ခ်င္​း​ေတြ​ေ႐ွ႕ ဟာသအျဖစ္​ ဖလားကုိင္​ၿပီး ​အိမ္​မွာလာတဲ့
ကုိယ္​​ေတာ္​​ေလးက ​ေဟာဒီလုိ ခါးကုန္​​ေလးပါလုိ႔
ဟန္​အမူရာလုပ္​ ​ေျပာင္​ခဲ့လုိ႔ ခါးကုန္​းျဖစ္​ရတာပါ။



ျမတ္​စြာဘုရားကုိယ္​တုိင္​က ​ေဟာခဲ့ပါတယ္​။
သူမ်ားကုိ မကဲ့ရဲ႕ဖုိ႔ ၾကမ္​းတမ္​းတဲ့စကား​ေတြနဲ႔ မ​ေျပာဖုိ႔ပါ။

ျမတ္​စြာဘုရား သုႏၵရိတိတၳိ မိန္​းမပ်ဳိ
စိဥၨမာနတုိ႔ စြပ္​စြဲခံရတာဟာ ႏုစဥ္​အ​ေလာင္​း​ေတာ္​ဘဝက
ပ​ေစၥကဗုဒၶကုိ မိန္​းမပုံစံဝတ္​ၿပီး လူထင္​လြဲ​ေအာင္​ျပဳခဲ့လုိ႔တဲ့။

ဒုကၠစရိယ ၆ႏွစ္​က်င္​့ရျခင္​း
လွည္​းကုန္​သည္​လႉတဲ့
မုန္​႔ၾကမ္​းကုိ တစ္​ဝါတြင္​းလုံး
ဘုန္​​ေပးရျခင္​း​ေတြကနွုတ္ဝဋ္​​ေႂကြးပါ။

အျပင္​လက္​​ေတြ႔ဘဝမွာလည္​း
သူတစ္​ပါး အားနည္​းခ်က္​ကုိ
ကဲ့ရဲ႕တဲ့သူ​ေတြျပန္​ဝဋ္​လည္​ပါတယ္​။

ဆရာႀကီး​ေရႊဥ​ေဒါင္​းက
သူရဲ႕ ဘဝတသက္​တာ စာအုပ္​ထဲမွာ
သူစကားထစ္​ရျခင္​း အ​ေၾကာင္​းက
က​ေလးဘဝက စကားထ​စ္​တဲ့
တန္​းအ​ေဖာ္​သူငယ္​ခ်င္​းကုိ ​ေျပာင္​တာက​ေန
ျဖစ္​ရတာပါလုိ႔ ​ေရးထားပါတယ္​။

လူ​ေလာကမွာ တခ်ဳိ့သူတစ္​ပါးကုိ
ကဲ့ရဲ႕တာ ​ေနာက္​​ေျပာင္​တာကအစ ကုိယ္​တုိင္​​ေရာ
ကုိယ္​​ေမြးတဲ့က​ေလးတုိ႔မွာ
အားနည္​း​ခ်က္​​ေတြပါလာတာ အမ်ားႀကီးပါ။

​ေပ်ာ္​​ေစခ် င္​လုိ႔ ဟာသလုပ္​တာ​ေကာင္​းပါတယ္​
သုိ႔​ေသာ္​လည္​း အေရမရ အ ဖတ္မရ
အကုသုိလ္​ဝဋ္​မပါ​ေအာင္​
သတိထားရင္​ အ​ေကာင္​းဆုံးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဓမၼေအးရိပ္

#Unicode Version#
တချို့လူတွေ ပြောကြတဲ့ စကားရှိတယ်။
သူများအပေါ်မဟုတ်တာမလုပ်ဘူး မကောင်းမကြံဘူး
နှုတ်ကြမ်းတာ ဘာဖြစ်လည်း ။

မှန်ပါတယ် နှုတ်ကြမ်းလို့ သူတစ်ပါးက
ဖြစ်ခြင်မှဖြစ်မှာပါ။ဖြစ်တာ ခံရတာက ကိုယ်ပါ ။

မြတ်စွာဘုရား လက်ထက်က
အဗ္ဗပါလီပြည့်တန်ဆာမက ရုပ်ရည်လှပလို့ ဟိုမင်းက
လိုချင် ဒီမင်းက ရချင်နဲ့ သူ့ကြောင့်စစ်ဖြစ်မှာစိုးလို့
အများပိုင်အဖြစ်ပြည့်တန်ဆာမလုပ်ဖို့ ဖြစ်ခဲ့ရတာဟာ
စိတ်ထားညံ့လို့ စေတနာနည်းလို့မဟုတ်ပါဘူး။

အတိတ်ဘဝ စေတီရင်ပြင်မှာ
နေမကောင်းတဲ့ ရဟန္တာမကြီး ချွဲသလိပ်ဖိတ်စင်သွားတာကို ဘယ်သူမှန်းမသိပဲ စည်းကမ်းမဲ့တယ် စေတီရင်ပြင်ပေါ်
ဘယ်ပြည့်တန်ဆာမက တံတွေး ထွေးသွားလဲလို့
စေတနာဒေါသ နှုတ်ဝဋ်ကြွေးကြောင့်ပါ။

နောက်တစ်ခုက အမျိုးသမီးတွေထဲ
တရားဟော အတော်ဆုံးဖြစ်တဲ့ ခုဇုတ္တရာဆိုတဲ့
ခါးကုန်မလေးဟာ ဒီဘဝ ပဋိကတ်ဆောင် အမျိုးသမီးဖြစ်ရပြီး ဘာကြောင့် ခါးကုန်းရလဲဆိုရင် အတိတ်ဘဝ အလှူခံကြွလာတဲ့ ပစ္စေကဗုဒ္ဓတစ်ပါးက ခါးကုန်းတာကို သူငယ်ချင်းတွေရှေ့ ဟာသအဖြစ် ဖလားကိုင်ပြီး အိမ်မှာလာတဲ့
ကိုယ်တော်လေးက ဟောဒီလို ခါးကုန်လေးပါလို့
ဟန်အမူရာလုပ် ပြောင်ခဲ့လို့ ခါးကုန်းဖြစ်ရတာပါ။



မြတ်စွာဘုရားကိုယ်တိုင်က ဟောခဲ့ပါတယ်။
သူများကို မကဲ့ရဲ့ဖို့ ကြမ်းတမ်းတဲ့စကားတွေနဲ့ မပြောဖို့ပါ။

မြတ်စွာဘုရား သုန္ဒရိတိတ္ထိ မိန်းမပျို
စိဉ္ဇမာနတို့ စွပ်စွဲခံရတာဟာ နုစဉ်အလောင်းတော်ဘဝက
ပစ္စေကဗုဒ္ဓကို မိန်းမပုံစံဝတ်ပြီး လူထင်လွဲအောင်ပြုခဲ့လို့တဲ့။

ဒုက္ကစရိယ ၆နှစ်ကျင့်ရခြင်း
လှည်းကုန်သည်လှူတဲ့
မုန့်ကြမ်းကို တစ်ဝါတွင်းလုံး
ဘုန်ပေးရခြင်းတွေကနှုတ်ဝဋ်ကြွေးပါ။

အပြင်လက်တွေ့ဘဝမှာလည်း
သူတစ်ပါး အားနည်းချက်ကို
ကဲ့ရဲ့တဲ့သူတွေပြန်ဝဋ်လည်ပါတယ်။

ဆရာကြီးရွှေဥဒေါင်းက
သူရဲ့ ဘဝတသက်တာ စာအုပ်ထဲမှာ
သူစကားထစ်ရခြင်း အကြောင်းက
ကလေးဘဝက စကားထစ်တဲ့
တန်းအဖော်သူငယ်ချင်းကို ပြောင်တာကနေ
ဖြစ်ရတာပါလို့ ရေးထားပါတယ်။

လူလောကမှာ တချို့သူတစ်ပါးကို
ကဲ့ရဲ့တာ နောက်ပြောင်တာကအစ ကိုယ်တိုင်ရော
ကိုယ်မွေးတဲ့ကလေးတို့မှာ
အားနည်းချက်တွေပါလာတာ အများကြီးပါ။

ပျော်စေချ င်လို့ ဟာသလုပ်တာကောင်းပါတယ်
သို့သော်လည်း အရေမရ အ ဖတ်မရ
အကုသိုလ်ဝဋ်မပါအောင်
သတိထားရင် အကောင်းဆုံးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:  ဓမ္မအေးရိပ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top