ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေဗဒင္ မွာ ကံညံ့ေနတာကုိ ယၿတာေျခလည္း မေကာင္းတဲ့ သူေတြ ရွိပါတယ္။

အဲဒီ လူေတြက တကယ္ေတာ့ ခင္ပြန္းၾကီး ၁၀ ပါး ကုိ ပစ္မွားမိတဲ့ သူေတြပါပဲ။

ခင္ပြန္းၾကီး ၁၀ ပါး ကုိ ပစ္မွား မိတဲ့ သူေတြ ဟာ ဘယ္ေလာက္ပဲ ကံဇာတာေတြေကာင္းေသာ္ညားလည္း သူတုိ႕ကံမေကာင္းတတ္ၾကပါဘူး ။


အဲလုိ လူမ်ိဳးေတြ က်ေတာ့ ခင္ပြန္းၾကီး ၁၀ ပါး ကို ေန႕တုိင္း ဘုရားရွိခိုးျပီး

ကန္ေတာ့ ရပါတယ္။ ခင္ပြန္းၾကီး ၁၀ ပါး ယၿတာကုိ အနည္းဆံုး တစ္လ

တစ္ၾကိမ္လုပ္သင့္ပါတယ္။

အဲလုိ လုပ္မွာ သူ႕တုိ႕ ရဲ႕ ကံေကာင္းျခင္းေတြ ေရာက္လာပါလိမ့္မယ္ ။


“ ခင္ပြန္းႀကီး(၁၀)ပါး ပူေဇာ္ ကန္ေတာ့ ၀န္ခ်ေတာင္းပန္နည္း ”

.

အဘမင္းသိခၤရဲ႕ မရမ္းတလင္း အယူေတာ္မဂၤလာၿခံႀကီးမွာ အပတ္စဥ္တနဂၤေႏြေန႔မနက္တိုင္း ျပဳလုပ္ေပးေနက်ျဖစ္တဲ့ ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားအား ရွိခိုးပူေဇာ္ ကန္ေတာ့ ၀န္ခ် ေတာင္းပန္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္ ။


မိတ္ေဆြမ်ားအေနနဲ႔ မိမိတို႔အိမ္မွာပင္ ကိုယ္တိုင္ကိုယ္က် ပူေဇာ္ကန္ေတာ့ႏိုင္ရန္ဆိုတဲ့ ေစတနာအရင္းခံနဲ႔ ေဖာ္ျပေပးတာျဖစ္ပါတယ္ ။


အျပစ္ရွိမွ ပူေဇာ္ရတာမ်ဳိးမဟုတ္ပါဘူး …။ ျမတ္စြာဘုရားရွင္ကို္ယ္ေတာ္ျမတ္ႀကီးနဲ႔တကြ ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားကို ေျမဓါတ္ကို ကိုယ္စားျပဳတဲ့ သစ္သီး(၁၀)မ်ဴိး ၊ေရဓါတ္ကို ကိုယ္စားျပဳတဲ့ ေသာက္ေတာ္ေရ(၁၀)ခြက္ ၊ မီးဓါတ္ကို ကိုယ္စားျပဳတဲ့ ဖေယာင္းတိုင္ (၁၀) တိုင္ ၊ ေလဓါတ္ကို ကို္ယ္စားျပဳတဲ့ ယပ္(၁၀)လက္ ပူေဇာ္ကန္ေတာ့တာျဖစ္တဲ့အတြက္ …. ေလာကီ ၊ ေလာကုတၱရာ ႏွစ္ျဖာေသာအက်ဳိးေက်းဇူးမ်ား ကုသိုလ္မ်ားရရွိေစႏိုင္တဲ့ အလွဴလည္းျဖစ္ပါတယ္ …။


ယံုၾကည္စိတ္ခ်စြာျဖင့္ ရဲရဲ၀ံ့၀ံ့ျပဳလုပ္ေဆာင္ရြက္ႏိုင္ပါတယ္ …။ အမွားအယြင္းတစ္စံုတရာေၾကာင့္ အခိုက္အညံ့ ၊ ေဘးထြက္ဆိုးက်ဳိးမ်ားရွိခဲ့ပါလွ်င္ မိတ္ေဆြတို႔အားလံုးရဲ႕ကိုယ္စား အကၽြႏ္ုပ္ကပင္ တာ၀န္ယူ ေခါင္းခံေပးလိုက္ပါတယ္ …။


“ ခင္ပြန္းႀကီး(၁၀)ပါးကိုျပစ္မွားမိလွ်င္ … ”


ေရွးလူႀကီးေတြ ၊ ေရွးဆရာေတြက ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးေတြကို ကာယကံ၊၀ဇီကံ၊မေနာကံ တစ္ပါးပါးေသာကံျဖင့္ ျပစ္မွားက်ဴးလြန္မိပါလွ်င္ “ အသက္မရွည္ဘူး … အသက္ရွည္လွ်င္လည္း ဘုန္းမႀကီးဘူး …” လို႔ ဆိုခဲ့ၾကပါတယ္ …။


အသက္မရွည္ဘူး ဆိုတာကေတာ့ သက္တမ္းေစ့မေနရဘူးဆိုတာပါပဲ …။အသက္ရွည္လွ်င္လည္း ဘုန္းမႀကီးဘူး ဆိုတာကေတာ့ …. ဘာပဲလုပ္လုပ္မေအာင္ျမင္ဘူး …။ဆင္းရဲၿငိဳျငင္စြာ၊ေရာဂါဘယထူေျပာစြာနဲ႔အသက္ရွင္ရပ္တည္ေနရတာကို ဆိုလိုတာပါ …။


ဒီဘ၀မွာ ျပစ္မွားက်ဴးလြန္ခဲ့တာမရွိဘူးဆိုရင္ေတာင္ … အတိတ္ဘ၀အဆက္ဆက္မွာ က်ဴးလြန္ခဲ့ႏိုင္ပါတယ္ …။အဲဒီလိုက်ဴးလြန္ခဲ့ရင္လည္း အဲဒီအျပစ္ေတြဟာ ဒီဘ၀အထိခံေနရမွာပါပဲ …။


ခင္ပြန္းႀကီး(၁၀)ပါးပုဂၢိဳလ္မ်ားကို ေစာ္ကားျပစ္မွားလွ်င္


(၁) ေရာဂါဆန္းေတြ ၿဖစ္တတ္တယ္ ။

(၂) စီးပြားကို ခက္ခဲ ဆင္းရဲ ပင္ပန္းစြာ ရွာရတတ္တယ္။

(၃) ခႏၶာကိုယ္ နာက်င္ က်ိဳးကန္း ထိခိုက္ဒဏ္ရာ ရတတ္တယ္။

(၄) ေပြး၊ ၀ဲ၊ ယားနာ အေရၿပားေရာဂါ ၿဖစ္တတ္တယ္။

(၅) ေဘးရန္ အႏာၱရာယ္ က်ေရာက္တတ္တယ္။

(၆) မင္းေဘးမင္းဒဏ္ သင့္တတ္တယ္။

(၇) အကဲ့ရဲ႕ အစြပ္စဲြ ခံရတတ္တယ္။

(၈) ဇနီး၊ မယား သမီး သားႏွင့္ ရွင္ကဲြ၊ ေသကဲြ ကဲြတတ္တယ္။

(၉) လြန္စြာ ဆင္းရဲ ဒုကၡေရာက္တတ္တယ္။

(၁၀) ဥစၥာ ပစၥည္းမ်ား အေရာင္းအ၀ယ္ မၿဖစ္၊ အလိမ္ခံရ၊ အခိုးခံရ၊ ဓားၿပတိုက္ခံရ၊ မီးေလာင္ခံရ စသည္ၿဖင့္ တနည္းနည္းၿဖင့္ ဆံုးရွံဴးသြားတတ္ပါတယ္ …။

.

ေစာ္ကားျပစ္မွားၿပီးမွ ရွိခိုးေတာင္းပန္တာထက္ …. ေနာက္ေနာင္ မေစာ္ကား မျပစ္မွားမိေအာင္ သတိထားဂရုစိုက္ဖို႔ လည္း အေရးႀကီးပါတယ္ … ။


“ လူခ်င္းတူေသာ္လည္း … ”

.

ေန႔စဥ္နဲ႔အမွ် လူေပါင္းမ်ားစြာနဲ႔ထိေတြ႕ဆက္ဆံေနရတာ (၁၆)ႏွစ္ေက်ာ္ခဲ့ပါၿပီ …။ပညာခ်င္းလည္းတူတယ္ ၊ ႀကိဳးစားအားထုတ္မႈလည္းတူတယ္ ၊ အပင္ပန္းအနစ္နာခံတာလည္းတူတယ္ ၊အလုပ္အေပၚေစတနာထားတာလည္းတူေနပါလွ်က္ …. လူတစ္ခ်ဳိ႕က်ေတာ့ ႀကိဳးစားသေလာက္ေအာင္ျမင္ေနတယ္ … တစ္ခ်ဳိ႕က်ေတာ့လည္း ႀကိဳးစားတာထက္ေတာင္ပိုၿပီးေအာင္ျမင္တယ္ …။


တစ္ခ်ဳိ႕က်ေတာ့ ႀကိဳးစားသေလာက္ အရာမထင္ဘူး …။လုပ္သေလာက္မေအာင္ျမင္ဘူး …။လုပ္ေလ ျမဳပ္ေလျဖစ္ေနတယ္ …။ယၾတာေခ်လည္း မထိေရာက္ဘူး …။


လူတစ္ခ်ဳိ႕က်ေတာ့လည္း ေရာဂါလည္းသိတယ္ ။ေဆးလည္းရွိတယ္။ေဆးကုတဲ့ဆရာေကာင္းလည္းရွိတယ္ ။ေရာဂါေတြက မေပ်ာက္ကင္း မသက္သာဘူး ။ ကိုယ္ နဲ႔ေရာဂါတူ ၊ ေဆးကုတာ တူတဲ့သူေတြက ေပ်ာက္ကင္းကုန္ၾကၿပီ ။ ကိုယ္ပဲ က်န္ေနတာ ။


ခင္ပြန္းႀကီး(၁၀)ပါးမွာ ၿငိ ေနတာေတြပါ ။


အဲလိုလူမ်ဳိးေတြဟာ ခင္ပြန္းႀကီး(၁၀)ပါးကို ေသခ်ာကန္ေတာ့ ၀န္ခ် ေတာင္းပန္ၿပီးတဲ့ေနာက္မွာ လုပ္ငန္းစီးပြား၊ရည္ရြယ္ခ်က္ေတြ သိသိသာသာ အဆင္ေျပတိုးတက္ လာၾကတာကိုလည္း အမ်ားႀကီး လက္ေတြ႕ႀကံဳရဖူးပါတယ္ ….။ အဲလိုလူေတြဟာ ရုပ္ေတြပါေျပာင္းသြားပါတယ္ …။ ( ညွင္းသိုးသိုး မႈန္ကုပ္ကုပ္ ရုပ္ေတြကေန ၾကည္ၾကည္လင္လင္ ရွင္းရွင္း လင္းလင္း ရုပ္အျဖစ္ ေျပာင္းသြားၾကတာကိုလည္း သတိထားမိပါတယ္။အပ်က္ရုပ္ကေန အျဖစ္ရုပ္ကို ေျပာင္းသြားတာပါ)


က်ေနာ္တို႔ ေလာကီပညာမွာလည္း အဓိဌာန္၊က်င့္စဥ္၊တက္စဥ္ ေတြျပဳလုပ္ေဆာင္ရြက္တဲ့အခါ ခင္ပြန္းႀကီး(၁၀)ပါးကို ဦးစြာ ရွိခိုးကန္ေတာ့ ၀န္ခ်ေတာင္းပန္ၿပီးမွ ျပဳလုပ္ေဆာင္ရြက္ရပါတယ္ …။ ခင္ပြန္းႀကီး(၁၀)ပါးကို ေစာ္ကားျပစ္မွားထားတဲ့ အျပစ္ေတြရွိေနရင္ အဓိဌာန္၊က်င့္စဥ္၊တက္စဥ္ေတြဟာလည္း ထိေရာက္ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ေတာ့ပါဘူး …။


“ ခင္ပြန္းႀကီး(၁၀)ပါး ဆိုတာ ….”

.

ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားကို အရပ္စကားနဲ႔နားေလည္ေအာင္ ေျပာျပရမယ္ဆိုရင္ …။

.

(၁) ဘုရားရွင္ အေပါင္း (ေဂါတမဗုဒၶအပါအ၀င္ ယခင္ကပြင့္ေတာ္မူခဲ့ၿပီးေသာ ဘုရားရွင္အေပါင္း


(၂) ပေစၥကဗုဒၶါအေပါင္း


(၃)ရဟႏၱာအရွင္သူျမတ္အေပါင္း (အာသေ၀ါကုန္ခမ္းၿပီးေသာ ပုဂၢိဳလ္မ်ား)


(၄)အဂၢသာ၀က (ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး၏ လက္ယာေတာ္ရံ ရွင္သာရိပုတၱရာ ၊ လက္၀ဲေတာ္ရံ ရွင္ေမာဂၢလာန္ႏွင့္ တကြတပည့္သာ၀ကမ်ား)


(၅)မာတာ ( ယခုဘ၀အပါအ၀င္ ၊ ယခင္ဘ၀မ်ားမွာ ေတာ္စပ္ခဲ့ဖူးေသာ ၊ ေက်းဇူးရွိခဲ့ဖူးေသာ မိခင္မ်ားအားလံုး )


(၆) ပီတု ( ယခုဘ၀အပါအ၀င္ ၊ ယခင္ဘ၀မ်ားမွာ ေတာ္စပ္ခဲ့ဖူးေသာ ၊ ေက်းဇူးရွိခဲ့ဖူးေသာ ဖခင္မ်ားအားလံုး )


(၇) အာစရိယ ဂုရု ( မိမိအား ယခုဘ၀ ၊ ယခင္ဘ၀ မ်ားတြင္ ပညာသင္ၾကားေပးခဲ့ဖူးေသာ သင္ဆရာ၊ျမင္ဆရာ၊ၾကားဆရာမ်ားအားလံုး )


(၈) သတၱာ ( မိမိထက္ အသက္အရြယ္၊ဘုန္းသမၻာႀကီးရင့္ေသာ ပုဂၢိဳလ္ႀကီးမ်ား)


(၉) ဓမၼေဒသကာ ( ယခင္ဘ၀ ၊ ယခုဘ၀မ်ားတြင္ မိမိအား ေကာင္းက်ဳိးညႊန္ျပၿပီး တရားေဟာေျပာ သြန္သင္ဆံုးမေပးခဲ့ဖူးေသာ ပုဂိၢိဳလ္မ်ား )


(၁၀) ဒါယကာ ( ယခုဘ၀ ၊ယခင္ဘ၀မ်ားတြင္ မိမိအား အစာေရစာ၊ေနရာထိုင္ခင္း၊အ၀တ္အထည္၊ေငြေၾကး စသည္ျဖင့္ တစ္နည္းမဟုတ္တနည္းျဖင့္ ကူညီေထာက္ပံ့ေပးခဲ့ဖူးေသာ ၊ အခက္အခဲျဖစ္စဥ္ ကူညီခဲ့ဖူးေသာ ေက်းဇူးရွင္မ်ား )


စသည္တို႔ျဖစ္ပါတယ္ ….။


“ ခင္ပြန္းႀကီး(၁၀)ပါးအား ပူေဇာ္ကန္ေတာ့ဖို႔ ျပင္ဆင္ပံု ”


(၁) စားပြဲ၀ိုင္း တစ္ခုေပၚတြင္ အရြယ္တူ ေၾကြပန္းကန္ျပား (၁၀) ခ်ပ္တင္ပါ။ခလယ္တြင္ (၁)ခ်ပ္ ။ ေဘးပတ္ပတ္လည္တြင္ (၉) ခ်ပ္ ။ (ပံုတြင္ ျပထားတဲ့အတိုင္း )


(၂) သစ္သီး(၁၀)မ်ဳိးကို ခလယ္က ပန္ကန္ျပားထဲတြင္ (၁၀)မ်ဳိးစလံုးထည့္ၿပီး ၊ ေဘးပတ္ပတ္လည္က ပန္းကန္ျပားတစ္ခ်ပ္စီတြင္ တစ္မ်ဳိးစီထည့္ပါ။


(၃) ပန္းကန္တစ္ခ်ပ္စီ၏ ေဘးတြင္ ေသာက္ေတာ္ေရ(၁)ခြက္စီခ်ထားပါ။စုစုေပါင္း (၁၀)ခြက္။


(၄) ပန္းကန္တစ္ခ်ပ္စီ၏ ေဘးတြင္ ဖေယာင္းတိုင္ တစ္တိုင္စီ စိုက္ပါ။ထြန္းညႈိပါ။စုစုေပါင္း (၁၀) တိုင္။


(၅) ပန္းကန္(၁)ခ်ပ္စီ၏ ေဘးတြင္ ယပ္ (၁)ေခ်ာင္းစီကို ပုလင္း (သို႔) ပန္းအိုးေလးမ်ားတြင္စိုက္ၿပီးခ်ပးထားပါ။ ( ပန္းအိုးတစ္အိုးထဲမွာ (၁၀) ေခ်ာင္းစလံုး စုၿပီးလည္း ထည့္ႏုိင္ပါတယ္)


ခလယ္က ပန္းကန္ျပားဟာ ျမတ္စြာဘုရားရွင္ကုိယ္ေတာ္ျမတ္ႀကီးကို ရြယ္စူးၿပီးလွဴဒါန္းဖို႔ ျဖစ္ပါတယ္ …။က်န္တဲ့ပန္းကန္ေတြကေတာ့ က်န္တဲ့ ပုဂၢိဳလ္ႀကီးမ်ားအတြက္ရြယ္စူးလွဴဒါန္းဖို႔ျဖစ္ပါတယ္ …။


မည္သည့္ေန႔၊မည္သည့္အခ်ိန္တြင္မဆိုျပဳလုပ္ႏိုင္ပါတယ္။(၁၂)နာရီမေက်ာ္ခင္ေတာ့ ျပဳလုပ္ေဆာင္ရြက္ပါ။ဘုရားစင္ေရွ႕မွာျပဳလုပ္ရမွာျဖစ္ပါတယ္ …။


“ စတင္ပူေဇာ္ကန္ေတာ့ပံု ”


(၁) ဘုရားကန္ေတာ့ပါ။ ( မိမိကန္ေတာ့တတ္သလို ကန္ေတာ့ပါ)


(၂) ျမတ္စြာဘုရားရွင္ကို္ယ္ေတာ္ျမတ္ႀကီးနဲ႔တကြ ခင္ပြန္းႀကီး(၁၀)ပါးပုဂၢိဳလ္ႀကီးမ်ားကို ျပင္ဆင္ထားတဲ့ ေျမဓါတ္ကို ကိုယ္စားျပဳတဲ့ သစ္သီး(၁၀)မ်ဴိး ၊ေရဓါတ္ကို ကိုယ္စားျပဳတဲ့ ေသာက္ေတာ္ေရ(၁၀)ခြက္ ၊ မီးဓါတ္ကို ကိုယ္စားျပဳတဲ့ ဖေယာင္းတိုင္ (၁၀) တိုင္ ၊ ေလဓါတ္ကို ကို္ယ္စားျပဳတဲ့ ယပ္(၁၀)လက္ တို႔ကို ကပ္လ်ဴပူေဇာ္ပါ ။ ( မိမိစိတ္တိုင္းက် ကပ္လွဴပူေဇာ္ႏိုင္ပါတယ္)


(၃) ေမတၱာပို႔ပါ။( မိမိကိုယ္ကို စၿပီး ပို႔ပါ။ၿပီးလွ်င္ မိဘႏွစ္ပါး၊ဆရာသခင္မ်ား၊မိသားစုမ်ား၊ေဆြမ်ားညာတကာမ်ား၊မိတ္ေဆြမ်ားမွေနစတင္ၿပီး စၾကၤာ၀ဠာတိုက္တစ္ေသာင္းထိေရာက္ေအာင္ ပို႔ပါ။


(၄) ယခင္ဘ၀ ၊ယခုဘ၀မ်ားတြင္ ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားအား ကာယကံ၊၀စီကံ၊မေနာကံ တပါးပါးေသာကံျဖင့္ ျပစ္မွားက်ဴးလြန္ခဲ့ေသာအျပစ္မ်ား ေလ်ာ့ပါးေစဖို႔ ၊ ကင္းစင္ပေေပ်ာက္ေစဖို႔ အတြက္ အသံထြက္ၿပီး ၀န္ခ် ကန္ေတာ့ ေတာင္းပန္ပါ။


မိမိစိတ္တိုင္းက် ပူေဇာ္ကန္ေတာ့ ၀န္ခ်ေတာင္းပန္ႏိုင္ပါတယ္ ။ရင္ထဲမွာ ရွင္းသြားသည္ ၊ ေပါ့သြားသည္ ၊ ေက်နပ္သြားသည္အထိ တစ္၀ႀကီး ျပဳလုပ္ပါ။


မွတ္ခ်က္။ ။ က်ေနာ္တို႔ ပူေဇာ္ကန္ေတာ့တဲ့ ကန္ေတာ့နည္းအတိုင္းကန္ေတာ့ခ်င္သပဆိုရင္ ေဖာ္ျပေပးလိုက္ပါတယ္ ….။


“ ဗုဒါၶစ …. ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးႏွင့္တကြ …. ယခင္ကပြင့္ေတာ္မူခဲ့ၿပီးေသာ ဘုရားရွင္အေပါင္းတို႔အား၄င္း ….။


ပေစၥကဗုဒၶါစ …. ပေစၥကဗုဒၶါအေပါင္းတို႔အား၄င္း ….။


ရဟႏၱာ …. အာသေ၀ါကုန္ခမ္းၿပီးေသာ ရဟႏၱာအရွင္သူျမတ္တို႔အား၄င္း ….။


အဂၢသာ၀က……ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး၏ လက္ယာေတာ္ရံ ရွင္သာရိပုတၱရာ ၊ လက္၀ဲေတာ္ရံ ရွင္ေမာဂၢလာန္ႏွင့္ တပည့္သာ၀ကအေပါင္းတို႔အား၄င္း ….။


မာတာ …. ယခုဘ၀ ၊ ယခင္ဘ၀မ်ားတြင္ ေတာ္စပ္ခဲ့ဖူးေသာ ၊ ေက်းဇူးရွိခဲ့ဖူးေသာ မိခင္မ်ားအားလံုးတို႔အား၄င္း ….။


ပီတု …. ယခုဘ၀ ၊ ယခင္ဘ၀မ်ားတြင္ ေတာ္စပ္ခဲ့ဖူးေသာ ၊ ေက်းဇူးရွိခဲ့ဖူးေသာ ဖခင္မ်ားအားလံုးတို႔အား၄င္း ….။


ဂုရု …. မိမိအား ယခုဘ၀ ၊ ယခင္ဘ၀မ်ားတြင္ ပညာသင္ၾကားေပးခဲ့ဖူးေသာ သင္ဆရာ၊ျမင္ဆရာ၊ၾကားဆရာမ်ားအားလံုးတို႔အား၄င္း …။


သတၱာ …. မိမိထက္ အသက္အရြယ္၊ဘုန္းသမၻာႀကီးရင့္ေသာ ပုဂၢိဳလ္ႀကီးမ်ားအား၄င္း ….။


ဓမၼေဒသကာ ….. ယခင္ဘ၀ ၊ ယခုဘ၀မ်ားတြင္ မိမိအား ေကာင္းက်ဳိးညႊန္ျပၿပီး တရားေဟာေျပာ သြန္သင္ဆံုးမေပးခဲ့ဖူးေသာ ပုဂိၢိဳလ္မ်ားအား၄င္း …။


ဒါယကာ ….. ယခုဘ၀ ၊ယခင္ဘ၀မ်ားတြင္ မိမိအား အစာေရစာ၊ေနရာထိုင္ခင္း၊အ၀တ္အထည္၊ေငြေၾကး စသည္ျဖင့္ တစ္နည္းမဟုတ္တနည္းျဖင့္ ကူညီေထာက္ပံ့ေပးခဲ့ဖူးေသာ ၊ အခက္အခဲျဖစ္စဥ္ ကူညီခဲ့ဖူးေသာ ေက်းဇူးရွင္မ်ားအား၄င္း ….။


တပည့္ေတာ္ တပည့္ေတာ္မတို႔သည္ …. ယခင္ဘ၀အဆက္ဆက္တြင္၄င္း …. ယခုဘ၀တြင္၄င္း …. ။


သိ၍ေသာ္၄င္း ၊ မသိ၍ေသာ္၄င္း ….။


ကာယကံ ….၀စီကံ ….မေနာကံ …. တစ္ပါးပါးေသာကံျဖင့္ ျပစ္မွားမိသည္ရွိေသာ္ …. ထိုအျပစ္တို႔ကို ေပ်ာက္ပါေစျခင္း အက်ဳိးငွာ …. ပထမ ….ဒုတိယ …တတိယ ….တစ္ႀကိမ္ ….ႏွစ္ႀကိမ္ ….သံုးႀကိမ္ေျမာက္ေအာင္ ….ရွိခိုးပူေဇာ္ ….ဖူးေမ်ာ္မာန္ေလ်ာ့ …. ကန္ေတာ့ပါ၏ …. ။ ၀န္ခံပါ၏ ….။ ၀န္ခ်ပါ၏ …။ ေတာင္းပန္ပါ၏ ….။ ဘုရား …။


ဤကုသိုလ္ကံ ေစတနာတို႔ေၾကာင့္ ဆိုးက်ိဳးေပးဆဲျဖစ္ေသာ …. ဆိုးက်ိဳးေပးရန္ရွိေသာ အကုသိုလ္မွန္သမွ်တို႔သည္၄င္း … အခက္အခဲဒုကၡအေႏွာက္အယွက္မွန္သမွ်တို႔သည္၄င္း ….. ေရာဂါေ၀ဒနာမွန္သမွ် အနႏၲတို႔သည္၄င္း ….. ။

.

ပိန္းၾကာဖက္တြင္ေရမတင္ ေလွ်ာက်ဘိသကဲ့သို႔ ….. ကင္းစင္လြင့္ေပ်ာက္ မထိေရာက္ေတာ့ဘဲ

ေကာင္းက်ိဳးအနႏၲမ်ားသာ …..ျဖစ္ထြန္းရပါလို၏ …ဘုရား …..”


(ေက်နပ္သည္အထိ ၊ ရင္ထဲတြင္ ေပါ့သြားရွင္းသြားသည္အထိ ဘယ္ႏွစ္ႀကိမ္မဆို ရွိခိုး၀န္ခ်ေတာင္းပန္ႏိုင္ပါတယ္ )


(၅) “ ဆုေတာင္းရန္ ”


အင္မတန္ႀကီးေလး မြန္ျမတ္ေသာ ကုသိုလ္ေကာင္းမႈႀကီးၿပီးကာစ ၊ မိမိ၏ရင္ထဲ ၊ ႏွလံုးသားထဲ ၊စိတ္ထဲတြင္ ကုသိုလ္စိတ္မ်ားျဖင့္ ထံုမႊမ္းလႊမ္းၿခံဳေနေသာအခ်ိန္ ၊ အျပစ္ေတြ ေလ်ာ့ပါး ကင္းစင္ ပေပ်ာက္ကာစ ၊ ရင္ထဲတြင္ ေပါ့ပါးေက်နပ္ ရွင္းလင္းေနတဲ့အခ်ိန္မွာ …မိမိအလိုရွိရာမ်ား …မိမိျဖစ္ခ်င္တာမ်ားကို ဆုေတာင္းမည္ဆိုပါက ….။ တျခားေသာအခ်ိန္ေတြမွာ ဆုေတာင္းတာထက္ပိုၿပီး ဆုေတာင္းျပည့္ေစႏိုင္မွာျဖစ္ပါတယ္ …။


ဒါေၾကာင့္ မိမိအလိုရွိရာမ်ားကို အသံထြက္ၿပီး ျပတ္ျပတ္သားသား တ၀ႀကီး ဆုေတာင္းရန္ျဖစ္ပါတယ္ …..။


(၆) မိမိျပဳလုပ္ခဲ့ၿပီးေသာ ကုသိုလ္ေကာင္းမႈမ်ားကို မိမိနဲ႔ပက္သက္ဆင္ႏြယ္ေနသူမ်ား၊ေ၀မာနိကမ်ားကို အမွ်အတန္းေပးေ၀ရန္ျဖစ္ပါတယ္ ။( မိမိ စိတ္တိုင္းက် အမွ်ေ၀ႏိုင္ပါတယ္ )


(၇) လွဴဒါန္းထားတဲ့ ပစၥည္းမ်ားကို ျပန္စြန္႔ႏိုင္ပါၿပီ။၄င္းပစၥည္းမ်ားကို အိမ္အျပင္သို႔ထုတ္ကာ အခင္းခပ္သန္႔သန္႔ခင္းၿပီး …. ေရေျမေလမီး တြင္ က်က္စားေနၾကကုန္ေသာ ေ၀မာနိကသတၱ၀ါမ်ားကို စြန္႔က်ဲလ်ဴဒါန္းပါ။ ၄င္းတို႔ကလည္း ျပန္လည္ကူညီ ေစာင့္ေရွာက္ပါလိမ့္မယ္ …။ ( မိမိတို႔၏ စီးပြားေရး၊လူမႈေရး၊က်န္းမာေရး၊လုပ္ငန္းေဆာင္ရည္ရြယ္ခ်က္မ်ားတြင္ အကူအညီေကာင္းမ်ား ၊ အေထာက္အပံ့ေကာင္းမ်ားရရွိေစႏိုင္တဲ့ စြန္႔က်ဲျခင္းမ်ဳိးျဖစ္ပါတယ္)


(၈) ေအာင္ထူးဆန္း ၊ ေအာင္သံဟိန္း ဂါထာရြတ္ၿပီး ေအာင္ပြဲခံရန္


“ ေအာင္သံဟိန္း ဂါထာေတာ္ႀကီး ”


ေအာင္ထူးဆန္း ၊ မွန္းသိုက္၀င္

ထင္ေက်ာ္ေသာင္း ၊ ေဆာင္းထီးျဖဴ

လူထိပ္မိုး ၊ ဟိုးဟိုးေက်ာ္

ေက်ာ္၀ွန္းတက္ ၊ ဘက္မေရွာင္

ေခါင္ဘုန္းႀကီး ၊ ထီးေရႊနန္း

မွန္းအိျႏၵရာဇာ …။


ဧဟိဧဟိ


ငါတို႔ရွိရာ စီးပြားလာဟု …။

ငါတို႔ရွိရာ ႀကီးပြားလာဟု …။

ငါတို႔ရွိရာ ပညာလာဟု …။

ငါတို႔ရွိရာ ေအာင္ျမင္ျခင္းလာဟု …။

.

ငါတို႔မွန္း …


တစ္ရာ့တစ္ပါး ၊ လူမ်ဳိးျခားတို႔

ေက်ာ္ရန္ႏွိမ္ႏွင္း ၊ ေစာရန္ခြင္း၍

မျငင္းမဆန္ ၊ မခံမ၀ံ့

လြန္ေၾကာက္ရြ႔ဲ႕ကာ ၊


တစ္စႀကၤာ၀ဠာလံုး ၊ တစ္ကမၻာလံုး ၊ တစ္ျပည္လံုး ၊တစ္ၿမိဳ႕လံုး ၊ တစ္ရြာလံုး ၊ တစ္မိသားစုလံုး ….လက္ရုံးတန္းကာ ….။


(လက္ရံုးဆန္႔တန္းၿပီး ရြတ္ရန္ )


ေအာင္ပါေစေသာ္ …(၃) ခါ


ေအာင္ေစရတု (၃) ခါ


ေအာင္ဆုၾသဘာ ၊ ေအာင္မဂၤလာျဖင့္

ေအာင္ျခာေပၚထြန္း ၊ ေအာင္ဘုန္းကၽြန္းထက္

ေအာင္ပႏၷက္ျဖင့္ ၊ ေအာင္ပန္း ပန္ၿပီး


ေအာင္ပါေစေသာ္ (၃) ခါ


(လက္ခုပ္တီးရန္)


( ၄င္းသစ္သီးမ်ားကို ျပန္စြန္႔ၿပီး မိမိကိုယ္တိုင္လည္း စားလို႔ရသလို ၊ တျခားသူမ်ားအားလည္း ေ၀ေကၽႊးႏိုင္ပါတယ္ ။ ဥပါဒ္၊အႏၱရာယ္မရွိပါ)


(၉) ဤတြင္ အဘမင္းသိခၤ၏ မရမ္းတလင္း အယူေတာ္မဂၤလာျခံတြင္ အပတ္စဥ္တနဂၤေႏြေန႔မနက္တိုင္း ျပဳလုပ္ေဆာင္ရြက္ေပးေနက်ျဖစ္ေသာ ခင္ပြန္းႀကီး(၁၀) ပါး ပုဂၢဳိလ္ႀကီးမ်ားအား ပူေဇာ္ကန္ေတာ့ ၀န္ခ်ေတာင္းပန္ျခင္း အဆင့္ဆင့္ ၿပီးစီးေအာင္ျမင္ၿပီျဖစ္ပါတယ္ …။


မိတ္ေဆြတို႔ေကာင္းက်ဳိးမ်ားကို အစဥ္လုိလားေသာ


ဖိုးသူေတာ္ (www.phothutaw.com)

Credit: မင္းသိမ္းခိုင္ (ေရႊရမ္းထူးလင္း)

# Unicode Version ျဖင့္ ဖတ္ပါ #

ဗေဒင် မှာ ကံညံ့နေတာကို ယတြာခြေလည်း မကောင်းတဲ့ သူတွေ ရှိပါတယ်။

အဲဒီ လူတွေက တကယ်တော့ ခင်ပွန်းကြီး ၁၀ ပါး ကို ပစ်မှားမိတဲ့ သူတွေပါပဲ။

ခင်ပွန်းကြီး ၁၀ ပါး ကို ပစ်မှား မိတဲ့ သူတွေ ဟာ ဘယ်လောက်ပဲ ကံဇာတာတွေကောင်းသော်ညားလည်း သူတို့ကံမကောင်းတတ်ကြပါဘူး ။


အဲလို လူမျိုးတွေ ကျတော့ ခင်ပွန်းကြီး ၁၀ ပါး ကို နေ့တိုင်း ဘုရားရှိခိုးပြီး

ကန်တော့ ရပါတယ်။ ခင်ပွန်းကြီး ၁၀ ပါး ယတြာကို အနည်းဆုံး တစ်လ

တစ်ကြိမ်လုပ်သင့်ပါတယ်။

အဲလို လုပ်မှာ သူ့တို့ ရဲ့ ကံကောင်းခြင်းတွေ ရောက်လာပါလိမ့်မယ် ။


“ ခင်ပွန်းကြီး(၁၀)ပါး ပူဇော် ကန်တော့ ဝန်ချတောင်းပန်နည်း ”

.

အဘမင်းသိင်္ခရဲ့ မရမ်းတလင်း အယူတော်မင်္ဂလာခြံကြီးမှာ အပတ်စဉ်တနင်္ဂနွေနေ့မနက်တိုင်း ပြုလုပ်ပေးနေကျဖြစ်တဲ့ ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများအား ရှိခိုးပူဇော် ကန်တော့ ဝန်ချ တောင်းပန်နည်းကို ဖော်ပြပေးလိုက်ပါတယ် ။


မိတ်ဆွေများအနေနဲ့ မိမိတို့အိမ်မှာပင် ကိုယ်တိုင်ကိုယ်ကျ ပူဇော်ကန်တော့နိုင်ရန်ဆိုတဲ့ စေတနာအရင်းခံနဲ့ ဖော်ပြပေးတာဖြစ်ပါတယ် ။


အပြစ်ရှိမှ ပူဇော်ရတာမျိုးမဟုတ်ပါဘူး …။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွ ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများကို မြေဓါတ်ကို ကိုယ်စားပြုတဲ့ သစ်သီး(၁၀)မျိူး ၊ရေဓါတ်ကို ကိုယ်စားပြုတဲ့ သောက်တော်ရေ(၁၀)ခွက် ၊ မီးဓါတ်ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင် (၁၀) တိုင် ၊ လေဓါတ်ကို ကိုယ်စားပြုတဲ့ ယပ်(၁၀)လက် ပူဇော်ကန်တော့တာဖြစ်တဲ့အတွက် …. လောကီ ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကျေးဇူးများ ကုသိုလ်များရရှိစေနိုင်တဲ့ အလှူလည်းဖြစ်ပါတယ် …။


ယုံကြည်စိတ်ချစွာဖြင့် ရဲရဲဝံ့ဝံ့ပြုလုပ်ဆောင်ရွက်နိုင်ပါတယ် …။ အမှားအယွင်းတစ်စုံတရာကြောင့် အခိုက်အညံ့ ၊ ဘေးထွက်ဆိုးကျိုးများရှိခဲ့ပါလျှင် မိတ်ဆွေတို့အားလုံးရဲ့ကိုယ်စား အကျွန်ုပ်ကပင် တာဝန်ယူ ခေါင်းခံပေးလိုက်ပါတယ် …။


“ ခင်ပွန်းကြီး(၁၀)ပါးကိုပြစ်မှားမိလျှင် … ”


ရှေးလူကြီးတွေ ၊ ရှေးဆရာတွေက ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးတွေကို ကာယကံ၊ဝဇီကံ၊မနောကံ တစ်ပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိပါလျှင် “ အသက်မရှည်ဘူး … အသက်ရှည်လျှင်လည်း ဘုန်းမကြီးဘူး …” လို့ ဆိုခဲ့ကြပါတယ် …။


အသက်မရှည်ဘူး ဆိုတာကတော့ သက်တမ်းစေ့မနေရဘူးဆိုတာပါပဲ …။အသက်ရှည်လျှင်လည်း ဘုန်းမကြီးဘူး ဆိုတာကတော့ …. ဘာပဲလုပ်လုပ်မအောင်မြင်ဘူး …။ဆင်းရဲငြိုငြင်စွာ၊ရောဂါဘယထူပြောစွာနဲ့အသက်ရှင်ရပ်တည်နေရတာကို ဆိုလိုတာပါ …။


ဒီဘဝမှာ ပြစ်မှားကျူးလွန်ခဲ့တာမရှိဘူးဆိုရင်တောင် … အတိတ်ဘဝအဆက်ဆက်မှာ ကျူးလွန်ခဲ့နိုင်ပါတယ် …။အဲဒီလိုကျူးလွန်ခဲ့ရင်လည်း အဲဒီအပြစ်တွေဟာ ဒီဘဝအထိခံနေရမှာပါပဲ …။


ခင်ပွန်းကြီး(၁၀)ပါးပုဂ္ဂိုလ်များကို စော်ကားပြစ်မှားလျှင်


(၁) ရောဂါဆန်းတွေ ဖြစ်တတ်တယ် ။

(၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်တယ်။

(၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်တယ်။

(၄) ပွေး၊ ဝဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်တယ်။

(၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်တယ်။

(၆) မင်းဘေးမင်းဒဏ် သင့်တတ်တယ်။

(၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်တယ်။

(၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်တယ်။

(၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်တယ်။

(၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအဝယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်ပါတယ် …။

.

စော်ကားပြစ်မှားပြီးမှ ရှိခိုးတောင်းပန်တာထက် …. နောက်နောင် မစော်ကား မပြစ်မှားမိအောင် သတိထားဂရုစိုက်ဖို့ လည်း အရေးကြီးပါတယ် … ။


“ လူချင်းတူသော်လည်း … ”

.

နေ့စဉ်နဲ့အမျှ လူပေါင်းများစွာနဲ့ထိတွေ့ဆက်ဆံနေရတာ (၁၆)နှစ်ကျော်ခဲ့ပါပြီ …။ပညာချင်းလည်းတူတယ် ၊ ကြိုးစားအားထုတ်မှုလည်းတူတယ် ၊ အပင်ပန်းအနစ်နာခံတာလည်းတူတယ် ၊အလုပ်အပေါ်စေတနာထားတာလည်းတူနေပါလျှက် …. လူတစ်ချို့ကျတော့ ကြိုးစားသလောက်အောင်မြင်နေတယ် … တစ်ချို့ကျတော့လည်း ကြိုးစားတာထက်တောင်ပိုပြီးအောင်မြင်တယ် …။


တစ်ချို့ကျတော့ ကြိုးစားသလောက် အရာမထင်ဘူး …။လုပ်သလောက်မအောင်မြင်ဘူး …။လုပ်လေ မြုပ်လေဖြစ်နေတယ် …။ယတြာချေလည်း မထိရောက်ဘူး …။


လူတစ်ချို့ကျတော့လည်း ရောဂါလည်းသိတယ် ။ဆေးလည်းရှိတယ်။ဆေးကုတဲ့ဆရာကောင်းလည်းရှိတယ် ။ရောဂါတွေက မပျောက်ကင်း မသက်သာဘူး ။ ကိုယ် နဲ့ရောဂါတူ ၊ ဆေးကုတာ တူတဲ့သူတွေက ပျောက်ကင်းကုန်ကြပြီ ။ ကိုယ်ပဲ ကျန်နေတာ ။


ခင်ပွန်းကြီး(၁၀)ပါးမှာ ငြိ နေတာတွေပါ ။


အဲလိုလူမျိုးတွေဟာ ခင်ပွန်းကြီး(၁၀)ပါးကို သေချာကန်တော့ ဝန်ချ တောင်းပန်ပြီးတဲ့နောက်မှာ လုပ်ငန်းစီးပွား၊ရည်ရွယ်ချက်တွေ သိသိသာသာ အဆင်ပြေတိုးတက် လာကြတာကိုလည်း အများကြီး လက်တွေ့ကြုံရဖူးပါတယ် ….။ အဲလိုလူတွေဟာ ရုပ်တွေပါပြောင်းသွားပါတယ် …။ ( ညှင်းသိုးသိုး မှုန်ကုပ်ကုပ် ရုပ်တွေကနေ ကြည်ကြည်လင်လင် ရှင်းရှင်း လင်းလင်း ရုပ်အဖြစ် ပြောင်းသွားကြတာကိုလည်း သတိထားမိပါတယ်။အပျက်ရုပ်ကနေ အဖြစ်ရုပ်ကို ပြောင်းသွားတာပါ)


ကျနော်တို့ လောကီပညာမှာလည်း အဓိဌာန်၊ကျင့်စဉ်၊တက်စဉ် တွေပြုလုပ်ဆောင်ရွက်တဲ့အခါ ခင်ပွန်းကြီး(၁၀)ပါးကို ဦးစွာ ရှိခိုးကန်တော့ ဝန်ချတောင်းပန်ပြီးမှ ပြုလုပ်ဆောင်ရွက်ရပါတယ် …။ ခင်ပွန်းကြီး(၁၀)ပါးကို စော်ကားပြစ်မှားထားတဲ့ အပြစ်တွေရှိနေရင် အဓိဌာန်၊ကျင့်စဉ်၊တက်စဉ်တွေဟာလည်း ထိရောက်အောင်မြင်သင့်သလောက် မအောင်မြင်တော့ပါဘူး …။


“ ခင်ပွန်းကြီး(၁၀)ပါး ဆိုတာ ….”

.

ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများကို အရပ်စကားနဲ့နားလေည်အောင် ပြောပြရမယ်ဆိုရင် …။

.

(၁) ဘုရားရှင် အပေါင်း (ဂေါတမဗုဒ္ဓအပါအဝင် ယခင်ကပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်အပေါင်း


(၂) ပစ္စေကဗုဒ္ဓါအပေါင်း


(၃)ရဟန္တာအရှင်သူမြတ်အပေါင်း (အာသဝေါကုန်ခမ်းပြီးသော ပုဂ္ဂိုလ်များ)


(၄)အဂ္ဂသာဝက (မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ၊ လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်နှင့် တကွတပည့်သာဝကများ)


(၅)မာတာ ( ယခုဘဝအပါအဝင် ၊ ယခင်ဘဝများမှာ တော်စပ်ခဲ့ဖူးသော ၊ ကျေးဇူးရှိခဲ့ဖူးသော မိခင်များအားလုံး )


(၆) ပီတု ( ယခုဘဝအပါအဝင် ၊ ယခင်ဘဝများမှာ တော်စပ်ခဲ့ဖူးသော ၊ ကျေးဇူးရှိခဲ့ဖူးသော ဖခင်များအားလုံး )


(၇) အာစရိယ ဂုရု ( မိမိအား ယခုဘ၀ ၊ ယခင်ဘ၀ များတွင် ပညာသင်ကြားပေးခဲ့ဖူးသော သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားလုံး )


(၈) သတ္တာ ( မိမိထက် အသက်အရွယ်၊ဘုန်းသမ္ဘာကြီးရင့်သော ပုဂ္ဂိုလ်ကြီးများ)


(၉) ဓမ္မဒေသကာ ( ယခင်ဘ၀ ၊ ယခုဘဝများတွင် မိမိအား ကောင်းကျိုးညွှန်ပြပြီး တရားဟောပြော သွန်သင်ဆုံးမပေးခဲ့ဖူးသော ပုဂ္ဂိိုလ်များ )


(၁၀) ဒါယကာ ( ယခုဘ၀ ၊ယခင်ဘဝများတွင် မိမိအား အစာရေစာ၊နေရာထိုင်ခင်း၊အဝတ်အထည်၊ငွေကြေး စသည်ဖြင့် တစ်နည်းမဟုတ်တနည်းဖြင့် ကူညီထောက်ပံ့ပေးခဲ့ဖူးသော ၊ အခက်အခဲဖြစ်စဉ် ကူညီခဲ့ဖူးသော ကျေးဇူးရှင်များ )


စသည်တို့ဖြစ်ပါတယ် ….။


“ ခင်ပွန်းကြီး(၁၀)ပါးအား ပူဇော်ကန်တော့ဖို့ ပြင်ဆင်ပုံ ”


(၁) စားပွဲဝိုင်း တစ်ခုပေါ်တွင် အရွယ်တူ ကြွေပန်းကန်ပြား (၁၀) ချပ်တင်ပါ။ခလယ်တွင် (၁)ချပ် ။ ဘေးပတ်ပတ်လည်တွင် (၉) ချပ် ။ (ပုံတွင် ပြထားတဲ့အတိုင်း )


(၂) သစ်သီး(၁၀)မျိုးကို ခလယ်က ပန်ကန်ပြားထဲတွင် (၁၀)မျိုးစလုံးထည့်ပြီး ၊ ဘေးပတ်ပတ်လည်က ပန်းကန်ပြားတစ်ချပ်စီတွင် တစ်မျိုးစီထည့်ပါ။


(၃) ပန်းကန်တစ်ချပ်စီ၏ ဘေးတွင် သောက်တော်ရေ(၁)ခွက်စီချထားပါ။စုစုပေါင်း (၁၀)ခွက်။


(၄) ပန်းကန်တစ်ချပ်စီ၏ ဘေးတွင် ဖယောင်းတိုင် တစ်တိုင်စီ စိုက်ပါ။ထွန်းညှိုပါ။စုစုပေါင်း (၁၀) တိုင်။


(၅) ပန်းကန်(၁)ချပ်စီ၏ ဘေးတွင် ယပ် (၁)ချောင်းစီကို ပုလင်း (သို့) ပန်းအိုးလေးများတွင်စိုက်ပြီးချပးထားပါ။ ( ပန်းအိုးတစ်အိုးထဲမှာ (၁၀) ချောင်းစလုံး စုပြီးလည်း ထည့်နိုင်ပါတယ်)


ခလယ်က ပန်းကန်ပြားဟာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ရွယ်စူးပြီးလှူဒါန်းဖို့ ဖြစ်ပါတယ် …။ကျန်တဲ့ပန်းကန်တွေကတော့ ကျန်တဲ့ ပုဂ္ဂိုလ်ကြီးများအတွက်ရွယ်စူးလှူဒါန်းဖို့ဖြစ်ပါတယ် …။


မည်သည့်နေ့၊မည်သည့်အချိန်တွင်မဆိုပြုလုပ်နိုင်ပါတယ်။(၁၂)နာရီမကျော်ခင်တော့ ပြုလုပ်ဆောင်ရွက်ပါ။ဘုရားစင်ရှေ့မှာပြုလုပ်ရမှာဖြစ်ပါတယ် …။


“ စတင်ပူဇော်ကန်တော့ပုံ ”


(၁) ဘုရားကန်တော့ပါ။ ( မိမိကန်တော့တတ်သလို ကန်တော့ပါ)


(၂) မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွ ခင်ပွန်းကြီး(၁၀)ပါးပုဂ္ဂိုလ်ကြီးများကို ပြင်ဆင်ထားတဲ့ မြေဓါတ်ကို ကိုယ်စားပြုတဲ့ သစ်သီး(၁၀)မျိူး ၊ရေဓါတ်ကို ကိုယ်စားပြုတဲ့ သောက်တော်ရေ(၁၀)ခွက် ၊ မီးဓါတ်ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင် (၁၀) တိုင် ၊ လေဓါတ်ကို ကိုယ်စားပြုတဲ့ ယပ်(၁၀)လက် တို့ကို ကပ်လျူပူဇော်ပါ ။ ( မိမိစိတ်တိုင်းကျ ကပ်လှူပူဇော်နိုင်ပါတယ်)


(၃) မေတ္တာပို့ပါ။( မိမိကိုယ်ကို စပြီး ပို့ပါ။ပြီးလျှင် မိဘနှစ်ပါး၊ဆရာသခင်များ၊မိသားစုများ၊ဆွေများညာတကာများ၊မိတ်ဆွေများမှနေစတင်ပြီး စင်္ကြာဝဠာတိုက်တစ်သောင်းထိရောက်အောင် ပို့ပါ။


(၄) ယခင်ဘ၀ ၊ယခုဘဝများတွင် ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများအား ကာယကံ၊ဝစီကံ၊မနောကံ တပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်ခဲ့သောအပြစ်များ လျော့ပါးစေဖို့ ၊ ကင်းစင်ပေပျောက်စေဖို့ အတွက် အသံထွက်ပြီး ဝန်ချ ကန်တော့ တောင်းပန်ပါ။


မိမိစိတ်တိုင်းကျ ပူဇော်ကန်တော့ ဝန်ချတောင်းပန်နိုင်ပါတယ် ။ရင်ထဲမှာ ရှင်းသွားသည် ၊ ပေါ့သွားသည် ၊ ကျေနပ်သွားသည်အထိ တစ်ဝကြီး ပြုလုပ်ပါ။


မှတ်ချက်။ ။ ကျနော်တို့ ပူဇော်ကန်တော့တဲ့ ကန်တော့နည်းအတိုင်းကန်တော့ချင်သပဆိုရင် ဖော်ပြပေးလိုက်ပါတယ် ….။


“ ဗုဒါ္ဓစ …. မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်တကွ …. ယခင်ကပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်အပေါင်းတို့အား၎င်း ….။


ပစ္စေကဗုဒ္ဓါစ …. ပစ္စေကဗုဒ္ဓါအပေါင်းတို့အား၎င်း ….။


ရဟန္တာ …. အာသဝေါကုန်ခမ်းပြီးသော ရဟန္တာအရှင်သူမြတ်တို့အား၎င်း ….။


အဂ္ဂသာဝက……မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ၊ လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်နှင့် တပည့်သာဝကအပေါင်းတို့အား၎င်း ….။


မာတာ …. ယခုဘ၀ ၊ ယခင်ဘဝများတွင် တော်စပ်ခဲ့ဖူးသော ၊ ကျေးဇူးရှိခဲ့ဖူးသော မိခင်များအားလုံးတို့အား၎င်း ….။


ပီတု …. ယခုဘ၀ ၊ ယခင်ဘဝများတွင် တော်စပ်ခဲ့ဖူးသော ၊ ကျေးဇူးရှိခဲ့ဖူးသော ဖခင်များအားလုံးတို့အား၎င်း ….။


ဂုရု …. မိမိအား ယခုဘ၀ ၊ ယခင်ဘဝများတွင် ပညာသင်ကြားပေးခဲ့ဖူးသော သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများအားလုံးတို့အား၎င်း …။


သတ္တာ …. မိမိထက် အသက်အရွယ်၊ဘုန်းသမ္ဘာကြီးရင့်သော ပုဂ္ဂိုလ်ကြီးများအား၎င်း ….။


ဓမ္မဒေသကာ ….. ယခင်ဘ၀ ၊ ယခုဘဝများတွင် မိမိအား ကောင်းကျိုးညွှန်ပြပြီး တရားဟောပြော သွန်သင်ဆုံးမပေးခဲ့ဖူးသော ပုဂ္ဂိိုလ်များအား၎င်း …။


ဒါယကာ ….. ယခုဘ၀ ၊ယခင်ဘဝများတွင် မိမိအား အစာရေစာ၊နေရာထိုင်ခင်း၊အဝတ်အထည်၊ငွေကြေး စသည်ဖြင့် တစ်နည်းမဟုတ်တနည်းဖြင့် ကူညီထောက်ပံ့ပေးခဲ့ဖူးသော ၊ အခက်အခဲဖြစ်စဉ် ကူညီခဲ့ဖူးသော ကျေးဇူးရှင်များအား၎င်း ….။


တပည့်တော် တပည့်တော်မတို့သည် …. ယခင်ဘဝအဆက်ဆက်တွင်၎င်း …. ယခုဘဝတွင်၎င်း …. ။


သိ၍သော်၎င်း ၊ မသိ၍သော်၎င်း ….။


ကာယကံ ….ဝစီကံ ….မနောကံ …. တစ်ပါးပါးသောကံဖြင့် ပြစ်မှားမိသည်ရှိသော် …. ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ …. ပထမ ….ဒုတိယ …တတိယ ….တစ်ကြိမ် ….နှစ်ကြိမ် ….သုံးကြိမ်မြောက်အောင် ….ရှိခိုးပူဇော် ….ဖူးမျော်မာန်လျော့ …. ကန်တော့ပါ၏ …. ။ ဝန်ခံပါ၏ ….။ ဝန်ချပါ၏ …။ တောင်းပန်ပါ၏ ….။ ဘုရား …။


ဤကုသိုလ်ကံ စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲဖြစ်သော …. ဆိုးကျိုးပေးရန်ရှိသော အကုသိုလ်မှန်သမျှတို့သည်၎င်း … အခက်အခဲဒုက္ခအနှောက်အယှက်မှန်သမျှတို့သည်၎င်း ….. ရောဂါဝေဒနာမှန်သမျှ အနန္တတို့သည်၎င်း ….. ။

.

ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ….. ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ

ကောင်းကျိုးအနန္တများသာ …..ဖြစ်ထွန်းရပါလို၏ …ဘုရား …..”


(ကျေနပ်သည်အထိ ၊ ရင်ထဲတွင် ပေါ့သွားရှင်းသွားသည်အထိ ဘယ်နှစ်ကြိမ်မဆို ရှိခိုးဝန်ချတောင်းပန်နိုင်ပါတယ် )


(၅) “ ဆုတောင်းရန် ”


အင်မတန်ကြီးလေး မွန်မြတ်သော ကုသိုလ်ကောင်းမှုကြီးပြီးကာစ ၊ မိမိ၏ရင်ထဲ ၊ နှလုံးသားထဲ ၊စိတ်ထဲတွင် ကုသိုလ်စိတ်များဖြင့် ထုံမွှမ်းလွှမ်းခြုံနေသောအချိန် ၊ အပြစ်တွေ လျော့ပါး ကင်းစင် ပပျောက်ကာစ ၊ ရင်ထဲတွင် ပေါ့ပါးကျေနပ် ရှင်းလင်းနေတဲ့အချိန်မှာ …မိမိအလိုရှိရာများ …မိမိဖြစ်ချင်တာများကို ဆုတောင်းမည်ဆိုပါက ….။ တခြားသောအချိန်တွေမှာ ဆုတောင်းတာထက်ပိုပြီး ဆုတောင်းပြည့်စေနိုင်မှာဖြစ်ပါတယ် …။


ဒါကြောင့် မိမိအလိုရှိရာများကို အသံထွက်ပြီး ပြတ်ပြတ်သားသား တဝကြီး ဆုတောင်းရန်ဖြစ်ပါတယ် …..။


(၆) မိမိပြုလုပ်ခဲ့ပြီးသော ကုသိုလ်ကောင်းမှုများကို မိမိနဲ့ပက်သက်ဆင်နွယ်နေသူများ၊ဝေမာနိကများကို အမျှအတန်းပေးဝေရန်ဖြစ်ပါတယ် ။( မိမိ စိတ်တိုင်းကျ အမျှဝေနိုင်ပါတယ် )


(၇) လှူဒါန်းထားတဲ့ ပစ္စည်းများကို ပြန်စွန့်နိုင်ပါပြီ။၎င်းပစ္စည်းများကို အိမ်အပြင်သို့ထုတ်ကာ အခင်းခပ်သန့်သန့်ခင်းပြီး …. ရေမြေလေမီး တွင် ကျက်စားနေကြကုန်သော ဝေမာနိကသတ္တဝါများကို စွန့်ကျဲလျူဒါန်းပါ။ ၎င်းတို့ကလည်း ပြန်လည်ကူညီ စောင့်ရှောက်ပါလိမ့်မယ် …။ ( မိမိတို့၏ စီးပွားရေး၊လူမှုရေး၊ကျန်းမာရေး၊လုပ်ငန်းဆောင်ရည်ရွယ်ချက်များတွင် အကူအညီကောင်းများ ၊ အထောက်အပံ့ကောင်းများရရှိစေနိုင်တဲ့ စွန့်ကျဲခြင်းမျိုးဖြစ်ပါတယ်)


(၈) အောင်ထူးဆန်း ၊ အောင်သံဟိန်း ဂါထာရွတ်ပြီး အောင်ပွဲခံရန်


“ အောင်သံဟိန်း ဂါထာတော်ကြီး ”


အောင်ထူးဆန်း ၊ မှန်းသိုက်ဝင်

ထင်ကျော်သောင်း ၊ ဆောင်းထီးဖြူ

လူထိပ်မိုး ၊ ဟိုးဟိုးကျော်

ကျော်ဝှန်းတက် ၊ ဘက်မရှောင်

ခေါင်ဘုန်းကြီး ၊ ထီးရွှေနန်း

မှန်းအိန္ဒြရာဇာ …။


ဧဟိဧဟိ


ငါတို့ရှိရာ စီးပွားလာဟု …။

ငါတို့ရှိရာ ကြီးပွားလာဟု …။

ငါတို့ရှိရာ ပညာလာဟု …။

ငါတို့ရှိရာ အောင်မြင်ခြင်းလာဟု …။

.

ငါတို့မှန်း …


တစ်ရာ့တစ်ပါး ၊ လူမျိုးခြားတို့

ကျော်ရန်နှိမ်နှင်း ၊ စောရန်ခွင်း၍

မငြင်းမဆန် ၊ မခံမဝံ့

လွန်ကြောက်ရွ့ဲ့ကာ ၊


တစ်စင်္ကြာဝဠာလုံး ၊ တစ်ကမ္ဘာလုံး ၊ တစ်ပြည်လုံး ၊တစ်မြို့လုံး ၊ တစ်ရွာလုံး ၊ တစ်မိသားစုလုံး ….လက်ရုံးတန်းကာ ….။


(လက်ရုံးဆန့်တန်းပြီး ရွတ်ရန် )


အောင်ပါစေသော် …(၃) ခါ


အောင်စေရတု (၃) ခါ


အောင်ဆုသြဘာ ၊ အောင်မင်္ဂလာဖြင့်

အောင်ခြာပေါ်ထွန်း ၊ အောင်ဘုန်းကျွန်းထက်

အောင်ပန္နက်ဖြင့် ၊ အောင်ပန်း ပန်ပြီး


အောင်ပါစေသော် (၃) ခါ


(လက်ခုပ်တီးရန်)


( ၎င်းသစ်သီးများကို ပြန်စွန့်ပြီး မိမိကိုယ်တိုင်လည်း စားလို့ရသလို ၊ တခြားသူများအားလည်း ဝေကျွှေးနိုင်ပါတယ် ။ ဥပါဒ်၊အန္တရာယ်မရှိပါ)


(၉) ဤတွင် အဘမင်းသိင်္ခ၏ မရမ်းတလင်း အယူတော်မင်္ဂလာခြံတွင် အပတ်စဉ်တနင်္ဂနွေနေ့မနက်တိုင်း ပြုလုပ်ဆောင်ရွက်ပေးနေကျဖြစ်သော ခင်ပွန်းကြီး(၁၀) ပါး ပုဂ္ဂိုလ်ကြီးများအား ပူဇော်ကန်တော့ ဝန်ချတောင်းပန်ခြင်း အဆင့်ဆင့် ပြီးစီးအောင်မြင်ပြီဖြစ်ပါတယ် …။


မိတ်ဆွေတို့ကောင်းကျိုးများကို အစဉ်လိုလားသော


ဖိုးသူတော် (www.phothutaw.com)

Credit: မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top