ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

စင္ကာပူနိုင္ငံ ဆမ္ဘာဝမ္းရပ္ကြက္ရွိ HDB အထပ္ျမင့္ေနအိမ္တိုက္ခန္း၏ ဒုတိယထပ္တြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦးဟာ ေအာက္တိုဘာလ ၉ ရက္ အဂၤါေန႔ နံနက္ ၄ နာရီအခ်ိန္က သူ႔ရဲ့တိုက္ခန္းထဲမွာပဲ စပါးအုံးေႁမြႀကီးတစ္ေကာင္ ကိုက္တာကို ခံခဲ့ရပါတယ္။

သူမဟာ အပင္စိုက္ထားတဲ့ ပန္းအိုးေတြကို ျပန္စီေနစဥ္ ဘယ္ဖက္ေျခေထာက္ စူးကနဲနာက်င္သြားတာေၾကာင့္ သူမရဲ့ေၾကာင္ကိုက္တယ္လို႔ ထင္ၿပီး ေျခေထာက္နဲ႔ ရမ္းကန္လိုက္ပါတယ္။ အဲဒီေနာက္ျပန္ၾကည့္လိုက္ေတာ့မွ ၉ ေပခန႔္ရွည္လ်ားတဲ့ စပါးအုံးေႁမြႀကီးတစ္ေကာင္ ျဖစ္ေနတာကို ထိတ္လန႔္စြာ ေတြ႕လိုက္ရပါတယ္။
 
စတိုးဆိုင္တစ္ခုက ဝန္ထမ္းျဖစ္ၿပီး အသက္ ၄၂ ႏွစ္အရြယ္ “ခ်န္ရင္ဟ” က ေႁမြေၾကာတ္တတ္သူျဖစ္တာေၾကာင့္ ျမင္လိုက္တဲ့အခ်ိန္မွာ အရမ္းထိတ္လန႔္သြားၿပီး သူ႔ကို ညိဳ႕ၿပီး ရစ္ပတ္ၿမိဳမွာ စိုးရိမ္လို႔ ထြက္ေျပးခဲ့တယ္လို႔ သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါတယ္။

သူမဟာ အိမ္နီးခ်င္းေတြကို တစ္အိမ္ၿပီးတစ္အိမ္ တံခါးေခါက္ၿပီး အကူအညီေတာင္းခဲ့ပါတယ္၊ ေႁမြကိုက္ခံရမွုေၾကာင့္ သူမရဲေျခေထာက္မွာ ေသြးေတြထြက္က်ခဲ့ပါတယ္။ အိမ္နီးခ်င္းေတြက ပိုးမႊားတိရိစၧာန္ထိန္းခ်ဳပ္ေရးနဲ႔ ရဲစခန္းကို အေၾကာင္းၾကားခဲ့ပါတယ္။
 
စပါးအုံးေႁမြႀကီးက ေရပိုက္ထဲကို ျပန္ေလ်ာဝင္သြားတာေၾကာင့္ ပိုးမႊားတိရိစၧာန္ထိန္းခ်ဳပ္ေရး အဖြဲ႕က ေရေႏြးနဲ႔ ပိုက္ထဲေလာင္းထည့္ၿပီး ေႁမြျပန္ထြက္ေလာေအာင္ လုပ္ေဆာင္ခဲ့ရပါတယ္။
ေႁမြကိုက္ခံရသူကိုေတာ့ အနီးနားက Khoo Teck Puat ေဆး႐ုံကို ပို႔ေဆာင္ခဲ့ပါတယ္။အေျခအေနေကာင္းမြန္ၿပီး ေဆးခြင့္ ၄ ရက္ေပးကာ အနားယူေနေၾကာင္း စင္ကာပူသတင္းစာမွာ ေဖာ္ျပပါရွိသည္။
 
ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#

စင်ကာပူနိုင်ငံ ဆမ်ဘာဝမ်းရပ်ကွက်ရှိ HDB အထပ်မြင့်နေအိမ်တိုက်ခန်း၏ ဒုတိယထပ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးဟာ အောက်တိုဘာလ ၉ ရက် အင်္ဂါနေ့ နံနက် ၄ နာရီအချိန်က သူ့ရဲ့တိုက်ခန်းထဲမှာပဲ စပါးအုံးမြွေကြီးတစ်ကောင် ကိုက်တာကို ခံခဲ့ရပါတယ်။

သူမဟာ အပင်စိုက်ထားတဲ့ ပန်းအိုးတွေကို ပြန်စီနေစဉ် ဘယ်ဖက်ခြေထောက် စူးကနဲနာကျင်သွားတာကြောင့် သူမရဲ့ကြောင်ကိုက်တယ်လို့ ထင်ပြီး ခြေထောက်နဲ့ ရမ်းကန်လိုက်ပါတယ်။ အဲဒီနောက်ပြန်ကြည့်လိုက်တော့မှ ၉ ပေခန့်ရှည်လျားတဲ့ စပါးအုံးမြွေကြီးတစ်ကောင် ဖြစ်နေတာကို ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။

စတိုးဆိုင်တစ်ခုက ဝန်ထမ်းဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် “ချန်ရင်ဟ” က မြွေကြောတ်တတ်သူဖြစ်တာကြောင့် မြင်လိုက်တဲ့အချိန်မှာ အရမ်းထိတ်လန့်သွားပြီး သူ့ကို ညို့ပြီး ရစ်ပတ်မြိုမှာ စိုးရိမ်လို့ ထွက်ပြေးခဲ့တယ်လို့ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

သူမဟာ အိမ်နီးချင်းတွေကို တစ်အိမ်ပြီးတစ်အိမ် တံခါးခေါက်ပြီး အကူအညီတောင်းခဲ့ပါတယ်၊ မြွေကိုက်ခံရမှုကြောင့် သူမရဲခြေထောက်မှာ သွေးတွေထွက်ကျခဲ့ပါတယ်။ အိမ်နီးချင်းတွေက ပိုးမွှားတိရိစ္ဆာန်ထိန်းချုပ်ရေးနဲ့ ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။

စပါးအုံးမြွေကြီးက ရေပိုက်ထဲကို ပြန်လျောဝင်သွားတာကြောင့် ပိုးမွှားတိရိစ္ဆာန်ထိန်းချုပ်ရေး အဖွဲ့က ရေနွေးနဲ့ ပိုက်ထဲလောင်းထည့်ပြီး မြွေပြန်ထွက်လောအောင် လုပ်ဆောင်ခဲ့ရပါတယ်။
မြွေကိုက်ခံရသူကိုတော့ အနီးနားက Khoo Teck Puat ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။အခြေအနေကောင်းမွန်ပြီး ဆေးခွင့် ၄ ရက်ပေးကာ အနားယူနေကြောင်း စင်ကာပူသတင်းစာမှာ ဖော်ပြပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top