ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ယေန ့ေခတ္အခါတြင္ သာသနာေတာ္ျမတ္သည္ "ပရိယတၱိ" ေရာ "ပဋိပတၱိ" ပါ ဘက္စုံ တိုးတက္ဖြံ႕ျဖိဳးလ်က္ ရွိပါ၏ ။ ပရိယတၱိဝန္ေဆာင္ သံဃာေတာ္အရွင္သူျမတ္မ်ားက ပရိယတၱိတာဝန္ကို ရြပ္ရြပ္ခြၽံခြၽံ ေဆာင္ေနသကဲ့သို႕ ပဋိပတၱိဝန္ေဆာင္ အရွင္ျမတ္မ်ားကလည္း ဝိပႆနာစခန္း ဖြင့္လွစ္ျပီး ေယာဂီတို႕အား တရားျပ ပို႕ခ်လ်က္ရွိပါ၏ ။ ဘာသာေရးစာေပမ်ားကို ျမတ္ႏိုးတနာ ေလ့လာဖတ္႐ႉသူမ်ား ေပါမ်ားလာသကဲ့သို႕ ဝိပႆနာဘာဝနာမႈကိုျပဳသူမ်ားလည္း မ်ားျပားလွပါ၏။ ေထရဝါဒ ပိဋကတ္ေတာ္မ်ားတြင္ ဝိပႆနာ႐ႈနည္း၊ ထိုင္နည္းမ်ားကို ေဖာ္ျပထားရာ ဝိပႆနာစခန္းဝင္သူတို႕သည္ ဘုရားရွင္က တိုက္႐ိုက္ ညႊန္ၾကားခဲ့သည့္အတိုင္း လိုက္နာက်င့္ၾကံၾကျခင္း ျဖစ္ပါ၏။

အခ်ိဳ႕ေသာ စာေစာင္မဂၢဇင္းမ်ားတြင္ ဝိပႆနာမႈထက္ 'ပုတီးစိပ္မႈ' ကို  ေရွ႕တန္းတင္ ေရးသားထားသည္ကို ဖတ္႐ႈရ၏။ ဗုဒၶဘာသာဝင္မွန္လွ်င္ ပုတီးစိပ္ရမည္ဟူေသာသေဘာမ်ိဳး ေရးသားၾက၏။ အထူးသျဖင့္ နကၡတ၊ ေဝဒ၊ ေရာင္ျပန္၊ ဂမၻီရ စေသာ မဂၢဇင္းမ်ားတြင္ "ပုတီးစိပ္ျခင္း" ကို အသားေပး ေဖာ္ျပတတ္ၾက၏ ။ ေကာင္းျပီ။ စိပ္ပုတီးသည္ ေထရဝါဒ ပိဋိကတ္ေတာ္မ်ားတြင္ ပါဝင္ပါ၏ေလာ။  ဘုရားရွင္က ဗုဒၶဘာသာဝင္တို႕အား ပုတီးစိပ္ရန္ ညႊန္ၾကားခဲ့ပါ၏ေလာ။ ဘုရားရွင္ ေရႊလက္ထက္ေတာ္က ရဟႏၲာအရွင္ျမတ္မ်ား ဗုဒၶဘာသာဝင္ သူေတာ္စင္မ်ား၊ ပုတီးစိပ္ခဲ့ၾကပါသေလာ။ စိပ္ပုတီး၏ အရင္းမႈလသည္ အဘယ္ဘာသာနည္း။ အဘယ္အယူရွိေသာ လူမ်ိဳးမ်ားက စတင္ သုံးစြဲခဲ့သနည္း။ ဤသည္ႏွင့္စပ္လ်ဥ္း၍ ေက်းဇူးေတာ္ရွင္ ထီးခ်ိဳင့္ျမိဳ႕ တည္ေတာဆရာေတာ္ဘုရားၾကီး ၏ ဩဝါဒေတာ္ကို အေလးအနက္ ဆင္ျခင္မွတ္သားအပ္ပါ၏။

- စိပ္ပုတီး၏ မႈလ -

 "ပုတီးဟာ မႈလက ေထရဝါဒရဲ့ အသုံးမဟုတ္ဘူးကြဲ႕။ ဟိႏၵဴတို႕ရဲ့ အသုံးျဖစ္တယ္။ ဟိႏၵဴဝါဒထဲမွာလည္း တႏၲရ၊ မႏၲရ ဂိုဏ္းသားမ်ားရဲ့ အသုံးျဖစ္တယ္။ တႏၲရ၊ မႏၲရ ဂိုဏ္းသားမ်ားဟာ ဂါထာမႏၲန္မ်ားကို ပုတီးစိပ္ရတယ္။ ဒီေနရာမွာ 

"စိပ္ဆိုတာ" ဇမၺနပုဒ္ရင္း။ ဇပ္က ဇိပ္၊ ဇိပ္က စိပ္ ျဖစ္လာတယ္။ ဇမၺနဆိုတာ ပြါးမ်ားျခင္း အနက္ကို ေဟာတယ္။ ပြါးမ်ားတယ္ဆိုတာ အဖန္တလဲလဲ ရြတ္ဆိုျခင္းျဖစ္တယ္။

တႏၲရ၊ မႏၲရ ပုဂၢိဳလ္မ်ားဟာ အင္း၊ အိုင္၊ ခါးလွည့္၊ လက္ဖြဲ ့၊ မႏၲန္မ်ားကို အသုံးျပဳၾကတဲ့ အထက္ဂိုဏ္း၊ ေအာက္ဂိုဏ္း၊ ဂိုဏ္းပုဂၢိဳလ္မ်ားျဖစ္ၾကတယ္။ သူတို႕ဟာ ေဆးကို ေဖ်ာ္ျပီးေတာ့လည္း ဂါထာ၊ မႏၲန္ မန္းမႈတ္တတ္ၾကတယ္။ ယုတ္စြအဆုံး လက္ခုပ္၌ေသာ္လည္း ဂါထာမႏၲန္၊ မန္းမႈတ္တတ္ၾကတယ္။ သူတို႕မန္းမႈတ္တဲ့ ဂါထာ၊ မႏၲန္ကလည္း ခုနစ္ေခါက္ မန္းရမယ္၊ အၾကိမ္တစ္ေထာင္ မန္းရမယ္ စေသာအားျဖင့္ ဂါထာအေရအတြက္ကို ပိုင္းျခားထားတယ္။ ပိုင္းျခားထားတဲ့ မႏၲန္ေအာက္ ယုတ္ေလ်ာ့ေသာ္လည္းေကာင္း၊ ပိုင္းျခားထားသည္ထက္ ပိုလြန္ေသာ္လည္းေကာင္း ရြတ္ဆိုခဲ့လွ်င္ အက်ိဳးမရဘူး။ ဒါေၾကာင့္ ေရွးက ရြတ္ျပီးသားမႏၲန္မ်ားကို ေခ်ဖ်က္ျပီး အသစ္ထပ္မံ ရြတ္ဖတ္ရတယ္။ မန္းမႈတ္ရတယ္။ အဲဒါေၾကာင့္ ဂါထာအေရအတြက္ မတိုးမေလ်ာ့ရေအာင္ စိပ္ပုတီးႏွင့္ မွတ္ၾကရတယ္။ အဲဒီလို မန္းမႈတ္ရာက စိပ္ပုတီးဟာ ဘာသာေရးအတြင္းဝင္ေရာက္လာျပီး ေရွးဦးစြာ ဟိႏၵဴမ်ားက စိပ္က်တယ္။ အဲဒီေနာက္ ဗုဒၶဘာသာ၊ ခရစ္ယာန္၊ မဟာေမဒင္စတဲ့ ဘာသာေပါင္းစုံအတြင္းဝင္ေရာက္လာတယ္။ ဒါေၾကာင့္ ပုတီးဟာ မႈလက ဗုဒၶဘာသာတို႕ရဲ့ အေဆာင္အေယာင္မဟုတ္ဘူး"
.................

- ျမန္မာႏိုင္ငံသို႕ စိပ္ပုတီးစတင္ေပၚေပါက္လာပံု -

"ျမန္မာႏိုင္ငံမွာ စိပ္ပုတီးစတင္ေပၚေပါက္လာတဲ့ အခ်ိန္ကေတာ့ ဂါထာမႏၲန္စတဲ့၊ ေလာကီကိစၥေတြ အလြန္ထြန္းကားလာခဲ့တဲ့ ဒုတိယ အင္းဝေခတ္ေခၚတဲ့ ေညာင္ရမ္းေခတ္မွာ ျဖစ္လိမ့္မယ္လို႕ ယူဆရပါတယ္။ ေညာင္ရမ္းမင္းတရားၾကီးဟာ ေလာကီပညာအရာ ထင္ရွားေက်ာ္ၾကားေတာ္မႈတဲ့ ဗားမဲ့ဆရာေတာ္ဘုရားၾကီးကို ကိုးကြယ္သလို ရမည္းသင္းမင္းကလဲ ေရနဲနတ္စက္ေရာင္ဆရာေတာ္ကို ကိုးကြယ္ခဲ့ပါတယ္။ အဲဒီေခတ္မွာဂါထာမႏၲန္ေတြစတဲ့ ေလာကီပညာေတြ အလြန္ေခတ္စားလာတဲ့အတြက္ ဂါထာမႏၲန္ေတြကို ၃၇ အုပ္ရြတ္ဆိုမႈ၊ အၾကိမ္တစ္ေထာင္ရြတ္ဆိုမႈေတြမွာ ျဗဟၼဏႏွင့္ မဟာယာနတို႕ရဲ့ လုပ္ထုံးလုပ္နည္းကို အတုယူျပီး စိပ္ပုတီးကို စတင္သုံးစြဲ လာတယ္လို႕ ယူဆရပါတယ္။ "
(ဆရာၾကီး ဓမၼာစရိယဦးေအးႏိုင္ <ဘီေအ> )

ဖိုးသူေတာ္ (www.phothutaw.com)
Credit: world of widsom

#Unicode Version#
 ယနေ့ခေတ်အခါတွင် သာသနာတော်မြတ်သည် "ပရိယတ္တိ" ရော "ပဋိပတ္တိ" ပါ ဘက်စုံ တိုးတက်ဖွံ့ဖြိုးလျက် ရှိပါ၏ ။ ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်သူမြတ်များက ပရိယတ္တိတာဝန်ကို ရွပ်ရွပ်ချွံချွံ ဆောင်နေသကဲ့သို့ ပဋိပတ္တိဝန်ဆောင် အရှင်မြတ်များကလည်း ဝိပဿနာစခန်း ဖွင့်လှစ်ပြီး ယောဂီတို့အား တရားပြ ပို့ချလျက်ရှိပါ၏ ။ ဘာသာရေးစာပေများကို မြတ်နိုးတနာ လေ့လာဖတ်ရှူသူများ ပေါများလာသကဲ့သို့ ဝိပဿနာဘာဝနာမှုကိုပြုသူများလည်း များပြားလှပါ၏။ ထေရဝါဒ ပိဋကတ်တော်များတွင် ဝိပဿနာရှုနည်း၊ ထိုင်နည်းများကို ဖော်ပြထားရာ ဝိပဿနာစခန်းဝင်သူတို့သည် ဘုရားရှင်က တိုက်ရိုက် ညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်ကြံကြခြင်း ဖြစ်ပါ၏။

အချို့သော စာစောင်မဂ္ဂဇင်းများတွင် ဝိပဿနာမှုထက် 'ပုတီးစိပ်မှု' ကို  ရှေ့တန်းတင် ရေးသားထားသည်ကို ဖတ်ရှုရ၏။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ပုတီးစိပ်ရမည်ဟူသောသဘောမျိုး ရေးသားကြ၏။ အထူးသဖြင့် နက္ခတ၊ ဝေဒ၊ ရောင်ပြန်၊ ဂမ္ဘီရ စသော မဂ္ဂဇင်းများတွင် "ပုတီးစိပ်ခြင်း" ကို အသားပေး ဖော်ပြတတ်ကြ၏ ။ ကောင်းပြီ။ စိပ်ပုတီးသည် ထေရဝါဒ ပိဋိကတ်တော်များတွင် ပါဝင်ပါ၏လော။  ဘုရားရှင်က ဗုဒ္ဓဘာသာဝင်တို့အား ပုတီးစိပ်ရန် ညွှန်ကြားခဲ့ပါ၏လော။ ဘုရားရှင် ရွှေလက်ထက်တော်က ရဟန္တာအရှင်မြတ်များ ဗုဒ္ဓဘာသာဝင် သူတော်စင်များ၊ ပုတီးစိပ်ခဲ့ကြပါသလော။ စိပ်ပုတီး၏ အရင်းမှုလသည် အဘယ်ဘာသာနည်း။ အဘယ်အယူရှိသော လူမျိုးများက စတင် သုံးစွဲခဲ့သနည်း။ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူးတော်ရှင် ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး ၏ ဩဝါဒတော်ကို အလေးအနက် ဆင်ခြင်မှတ်သားအပ်ပါ၏။

- စိပ်ပုတီး၏ မှုလ -

 "ပုတီးဟာ မှုလက ထေရဝါဒရဲ့ အသုံးမဟုတ်ဘူးကွဲ့။ ဟိန္ဒူတို့ရဲ့ အသုံးဖြစ်တယ်။ ဟိန္ဒူဝါဒထဲမှာလည်း တန္တရ၊ မန္တရ ဂိုဏ်းသားများရဲ့ အသုံးဖြစ်တယ်။ တန္တရ၊ မန္တရ ဂိုဏ်းသားများဟာ ဂါထာမန္တန်များကို ပုတီးစိပ်ရတယ်။ ဒီနေရာမှာ

"စိပ်ဆိုတာ" ဇမ္ဗနပုဒ်ရင်း။ ဇပ်က ဇိပ်၊ ဇိပ်က စိပ် ဖြစ်လာတယ်။ ဇမ္ဗနဆိုတာ ပွါးများခြင်း အနက်ကို ဟောတယ်။ ပွါးများတယ်ဆိုတာ အဖန်တလဲလဲ ရွတ်ဆိုခြင်းဖြစ်တယ်။

တန္တရ၊ မန္တရ ပုဂ္ဂိုလ်များဟာ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တန်များကို အသုံးပြုကြတဲ့ အထက်ဂိုဏ်း၊ အောက်ဂိုဏ်း၊ ဂိုဏ်းပုဂ္ဂိုလ်များဖြစ်ကြတယ်။ သူတို့ဟာ ဆေးကို ဖျော်ပြီးတော့လည်း ဂါထာ၊ မန္တန် မန်းမှုတ်တတ်ကြတယ်။ ယုတ်စွအဆုံး လက်ခုပ်၌သော်လည်း ဂါထာမန္တန်၊ မန်းမှုတ်တတ်ကြတယ်။ သူတို့မန်းမှုတ်တဲ့ ဂါထာ၊ မန္တန်ကလည်း ခုနစ်ခေါက် မန်းရမယ်၊ အကြိမ်တစ်ထောင် မန်းရမယ် စသောအားဖြင့် ဂါထာအရေအတွက်ကို ပိုင်းခြားထားတယ်။ ပိုင်းခြားထားတဲ့ မန္တန်အောက် ယုတ်လျော့သော်လည်းကောင်း၊ ပိုင်းခြားထားသည်ထက် ပိုလွန်သော်လည်းကောင်း ရွတ်ဆိုခဲ့လျှင် အကျိုးမရဘူး။ ဒါကြောင့် ရှေးက ရွတ်ပြီးသားမန္တန်များကို ချေဖျက်ပြီး အသစ်ထပ်မံ ရွတ်ဖတ်ရတယ်။ မန်းမှုတ်ရတယ်။ အဲဒါကြောင့် ဂါထာအရေအတွက် မတိုးမလျော့ရအောင် စိပ်ပုတီးနှင့် မှတ်ကြရတယ်။ အဲဒီလို မန်းမှုတ်ရာက စိပ်ပုတီးဟာ ဘာသာရေးအတွင်းဝင်ရောက်လာပြီး ရှေးဦးစွာ ဟိန္ဒူများက စိပ်ကျတယ်။ အဲဒီနောက် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မဟာမေဒင်စတဲ့ ဘာသာပေါင်းစုံအတွင်းဝင်ရောက်လာတယ်။ ဒါကြောင့် ပုတီးဟာ မှုလက ဗုဒ္ဓဘာသာတို့ရဲ့ အဆောင်အယောင်မဟုတ်ဘူး"
.................

- မြန်မာနိုင်ငံသို့ စိပ်ပုတီးစတင်ပေါ်ပေါက်လာပုံ -

"မြန်မာနိုင်ငံမှာ စိပ်ပုတီးစတင်ပေါ်ပေါက်လာတဲ့ အချိန်ကတော့ ဂါထာမန္တန်စတဲ့၊ လောကီကိစ္စတွေ အလွန်ထွန်းကားလာခဲ့တဲ့ ဒုတိယ အင်းဝခေတ်ခေါ်တဲ့ ညောင်ရမ်းခေတ်မှာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ညောင်ရမ်းမင်းတရားကြီးဟာ လောကီပညာအရာ ထင်ရှားကျော်ကြားတော်မှုတဲ့ ဗားမဲ့ဆရာတော်ဘုရားကြီးကို ကိုးကွယ်သလို ရမည်းသင်းမင်းကလဲ ရေနဲနတ်စက်ရောင်ဆရာတော်ကို ကိုးကွယ်ခဲ့ပါတယ်။ အဲဒီခေတ်မှာဂါထာမန္တန်တွေစတဲ့ လောကီပညာတွေ အလွန်ခေတ်စားလာတဲ့အတွက် ဂါထာမန္တန်တွေကို ၃၇ အုပ်ရွတ်ဆိုမှု၊ အကြိမ်တစ်ထောင်ရွတ်ဆိုမှုတွေမှာ ဗြဟ္မဏနှင့် မဟာယာနတို့ရဲ့ လုပ်ထုံးလုပ်နည်းကို အတုယူပြီး စိပ်ပုတီးကို စတင်သုံးစွဲ လာတယ်လို့ ယူဆရပါတယ်။ "
(ဆရာကြီး ဓမ္မာစရိယဦးအေးနိုင် <ဘီအေ> )

ဖိုးသူတော် (www.phothutaw.com)
Credit: world of widsom
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top