၁။ ခ်ိဳင္းေခ်းခြၽတ္ျခင္း

သံပုရာတြင္ပါေသာ အက္ဆစ္ဓါတ္ေငြ႕ေတြဟာ သင့္ကို အသားျဖဴေစၿပီး ဆဲလ္ေသမ်ားကို ဖယ္ရွားေပးႏိုင္ေသာ အက်ိဳးအာနိသင္ရွိပါတယ္။ ေန႔စဥ္ ေရမခ်ိဳးမီ သင့္ခ်ိဳင္းကို သံပုရာျခမ္းေလးႏွင့္ ပြတ္ၿပီး ေရခ်ိဳးၿပီးေနာက္ အစိုဓါတ္ထိန္းေပးေသာ ခရင္ကို ျပန္လိမ္းေပးပါ။ (၇) ရက္အတြင္း သိသိသာသာ အက်ိဳးရလာဒ္ရရွိလာပါလိမ့္မယ္။

၂။ အင္းဆက္ႏွိမ္နင္းျခင္း

သင့္အိမ္ရွိ ပု႐ြက္ဆိတ္မ်ားကို ရွင္းလင္းရန္အတြက္ သံပုရာရည္ကို ျပတင္းေပါက္ေဘာင္ႏွင့္ တံခါးေပါက္နားမွာ ျဖန႔္ထားလိုက္ပါ။ သံပုရာသီးကို တစ္ျခမ္းျခမ္းၿပီး ေလးညႇင္းပြင့္ေလးမ်ားကို စိုက္ထားေပးျခင္းျဖင့္ ျခင္မလာေအာင္ ကာကြယ္ႏိုင္ပါတယ္။

၃။ ဘယ္ရီသီးမွ အေရာင္စြန္းျခင္းကို အေရာင္ခြၽတ္ျခင္း

သင့္အက်ၤ ီတြင္ စြန္းေပခဲ့ေသာ ဘယ္ရီသီးအေရာင္မ်ားကို ခြၽတ္ရန္ သံပုရာသီးကို အသုံးျပဳႏိုင္ပါတယ္။ စြန္းထင္းေနေသာ အက်ၤ ီစကို ေရေအးေအးေလးျဖင့္ ေလွ်ာ္ၿပီး သံပုရာရည္ကို မိနစ္အနည္းငယ္ စိမ္ထားၿပီး အေရာင္ခြၽတ္ႏိုင္ပါတယ္။

၄။ စတီးပစၥည္းမ်ားကို တိုက္ခြၽတ္ျခင္း

သံပုရာခြံႏွင့္ မုန႔္ဖုတ္ဆိုဒါမ်ားက သင္၏ စတီးပစၥည္းမ်ားကို စြန္းထင္းျခင္းမရွိဘဲ ေတာက္ေျပာင္လာေစပါလိမ့္မယ္။

၅။ သင့္ က်န္းမာေရးကို အေထာက္အကူျပဳျခင္း

သံပုရာရည္ႏွင့္ မုန႔္ဖုတ္ဆိုဒါ အေရာက ကိုလတ္စေထာ ကိုညႇိေပးျခင္း၊ အသည္းကို သန႔္စင္ေပးျခင္း၊ ဗီတာမင္စီ ျပည့္ဝေစျခင္း စသည့္ ေကာင္းက်ိဳးမ်ား ေပးပါတယ္။ မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း (၁) ဇြန္းႏွင့္ သံပုရာ (တစ္ျခမ္း) ရည္ကို ေရ ေရာ၍ နံနက္တိုင္း ေသာက္ေပးႏိုင္ပါတယ္။

၆။ ဖေယာင္းတိုင္ စိုက္ခြက္အျဖစ္ အသုံးျပဳျခင္း

သံပုရာသီး၊ သံပု႐ိုႏွင့္ လိေမၼာ္သီးတို႔ဟာ ကိုယ္ပိုင္ထူးျခားေသာ ဖေယာင္းစိုက္တိုင္ေလးလုပ္ရန္ အသုံးဝင္လွပါတယ္။ သံပုရာသီးကို တစ္ျခမ္းျခမ္းၿပီး အထဲမွာ အစာမ်ားကို ဖယ္ထုတ္ပါ။ ၿပီးေနာက္ ဖေယာင္းသုတ္ပါ။ တမူထူးျခားေသာ ဖေယာင္းစိုက္ခြက္ေလးမ်ားကို ပိုင္ဆိုင္ႏိုင္ပါၿပီ။

၇။ ရွဴးဖိနပ္တြင္းရွိ အနံ႔ဆိုးမ်ား

သံပုရာခြံေလးမ်ားကို သင့္ရွဴးဖိနပ္ထဲတြင္ ညလုံးေပါက္ထားၿပီး အနံ႔ဆိုးမ်ားကို ဖယ္ရွားလိုက္ပါ။

၈။ အပင္ေပါက္ေလးမ်ားကို ႀကီးထြားမႈႏႈန္း ျမန္ဆန္လာေစျခင္း

သံပုရာသီးေတြက အပင္ ႀကီးထြားမႈႏႈန္းကို ျမန္ဆန္ေစပါတယ္။ အရည္ထုတ္ၿပီးသား သံပုရာျခမ္းထဲကို မ်ိဳးေစ့ထည့္ၿပီး စိုက္ပ်ိဳးျခင္းျဖင့္ အပင္ေပါက္မ်ားကို လွ်င္ျမန္စြာ ႀကီးထြားလာလိမ့္မယ္။

၉။ ေရခဲေသတၱာကန႔္မ်ားကို သန႔္ရွင္းျခင္း

ေရခဲေသတၱာကန႔္မ်ားကို သန႔္ရွင္းေရးလုပ္သည့္အခ်ိန္တြင္ သံပုရာရည္သုံးၿပီး သန႔္ရွင္းေပးပါက အနံ႔ဆိုးမ်ားကို ေလ်ာ့ပါးေစလိမ့္မယ္။ အဝတ္စေပၚတြင္ သံပုရာရည္ အနည္းငယ္ထည့္ၿပီး အသုံးျပဳႏိုင္ပါတယ္။

၁၀။ ထမင္းစားပြဲ ျပင္ဆင္ျခင္း

လက္ကိုသာ အသုံးျပဳ၍ စားရမည့္ ထမင္းပြဲမ်ားတြင္ သံပုရာရည္ကို လက္ေဆးရည္အျဖစ္ အသုံးျပဳႏိုင္ပါတယ္။

၁၁။ အစာေခ်စနစ္ကို ေကာင္းမြန္ေစျခင္း

သံပုရာရည္ေႏြးေႏြးေလးကို ပ်ားရည္ေရာ၍ မနက္စာ မစားခင္ ေသာက္သုံးေပးျခင္းက အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။

၁၂။ မွဲ႔ေျခာက္ရန္မွ ကင္းေဝးရန္

သံပုရာသီးကေတာ့ မွဲ႔ေျခာက္ႏွင့္ အသက္အ႐ြယ္အရ ျဖစ္ေပၚလာေသာ အေရးအေၾကာင္း အမဲစက္မ်ားကို ေလ်ာ့ပါးေစပါတယ္။ နည္းလမ္းေလးကေတာ့ သံပုရာျခမ္း ပါးပါးေလးကို မ်က္ႏွာအႏွံ႔ ျဖည္းညႇင္းစြာ ပြတ္တိုက္ေပး႐ုံပါပဲ။

၁၃။ လက္သည္းလွလွေလးေတြ ပိုင္ဆိုင္ရန္

က်န္းမာသန္စြမ္းၿပီး ပန္းႏုေရာင္ လက္သည္းေလးေတြကို ပိုင္ဆိုင္ရဖို႔ရန္ နည္းလမ္းကေတာ့ ေရေႏြးေႏြးထဲကို သံပုရာရည္ အစက္ေလးေတြ ထည့္ၿပီး သင့္လက္သည္းေတြကို စိမ္ေပး႐ုံပါပဲ။

၁၄။ အဝတ္စျဖဴေတြကို ျဖဴလႊလႊေလးျဖစ္လာေစရန္

အဝတ္စျဖဴေတြကို အၿမဲျဖဴလႊေနေစရန္ အဝတ္စေတြကို မေလွ်ာ္မီ နာရီဝက္ခန႔္ သံပုရာရည္ႏွင့္ မုန႔္ဖုတ္ဆိုဒါေရာၿပီး စိမ္ထားေပး႐ုံပါပဲ။

၁၅။ သင့္ စဥ့္တီတုံးကို သန႔္စင္ေစရန္

စဥ့္တီတုံးေတြကို သန႔္သန႔္ရွင္းရွင္းႏွင့္ ၾကာရွည္အသုံးခံဖို႔အတြက္ဆိုလွ်င္ သံပုရာျခမ္းႏွင့္ ဆားကို သုံးၿပီး တိုက္ခြၽတ္ေပးသင့္ပါတယ္။ ၁၀-၁၅ မိနစ္အထိထားၿပီး တစ္ႀကိမ္ထက္ ပိုလုပ္ေပးရန္ လိုပါတယ္။

၁၆။ ဘက္စုံ သန႔္ရွင္းေစရန္ အသုံးျပဳျခင္း

ဗူးတစ္ဗူးထဲတြင္ သံပုရာသီးခြံေပၚကို ၁၅၀ မီလီလီတာရွိေသာ ဗနီကာေလာင္းၿပီး တစ္ညသိပ္ထားလိုက္ပါ။ မနက္ေရာက္လွ်င္ ေရ ၁၅၀ မီလီလီတာ ထပ္ထည့္လိုက္ပါ။ ဤစပေရးဗူးကို မည္သည့္အရာမဆို သန႔္ရွင္းေဆးရည္အျဖစ္ အသုံးျပဳႏိုင္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Hot News
# Unicode Version ျဖင့္ ဖတ္ပါ #
၁။ ချိုင်းချေးချွတ်ခြင်း

သံပုရာတွင်ပါသော အက်ဆစ်ဓါတ်ငွေ့တွေဟာ သင့်ကို အသားဖြူစေပြီး ဆဲလ်သေများကို ဖယ်ရှားပေးနိုင်သော အကျိုးအာနိသင်ရှိပါတယ်။ နေ့စဉ် ရေမချိုးမီ သင့်ချိုင်းကို သံပုရာခြမ်းလေးနှင့် ပွတ်ပြီး ရေချိုးပြီးနောက် အစိုဓါတ်ထိန်းပေးသော ခရင်ကို ပြန်လိမ်းပေးပါ။ (၇) ရက်အတွင်း သိသိသာသာ အကျိုးရလာဒ်ရရှိလာပါလိမ့်မယ်။

၂။ အင်းဆက်နှိမ်နင်းခြင်း

သင့်အိမ်ရှိ ပုရွက်ဆိတ်များကို ရှင်းလင်းရန်အတွက် သံပုရာရည်ကို ပြတင်းပေါက်ဘောင်နှင့် တံခါးပေါက်နားမှာ ဖြန့်ထားလိုက်ပါ။ သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး လေးညှင်းပွင့်လေးများကို စိုက်ထားပေးခြင်းဖြင့် ခြင်မလာအောင် ကာကွယ်နိုင်ပါတယ်။

၃။ ဘယ်ရီသီးမှ အရောင်စွန်းခြင်းကို အရောင်ချွတ်ခြင်း

သင့်အင်္ကျ ီတွင် စွန်းပေခဲ့သော ဘယ်ရီသီးအရောင်များကို ချွတ်ရန် သံပုရာသီးကို အသုံးပြုနိုင်ပါတယ်။ စွန်းထင်းနေသော အင်္ကျ ီစကို ရေအေးအေးလေးဖြင့် လျှော်ပြီး သံပုရာရည်ကို မိနစ်အနည်းငယ် စိမ်ထားပြီး အရောင်ချွတ်နိုင်ပါတယ်။

၄။ စတီးပစ္စည်းများကို တိုက်ချွတ်ခြင်း

သံပုရာခွံနှင့် မုန့်ဖုတ်ဆိုဒါများက သင်၏ စတီးပစ္စည်းများကို စွန်းထင်းခြင်းမရှိဘဲ တောက်ပြောင်လာစေပါလိမ့်မယ်။

၅။ သင့် ကျန်းမာရေးကို အထောက်အကူပြုခြင်း

သံပုရာရည်နှင့် မုန့်ဖုတ်ဆိုဒါ အရောက ကိုလတ်စထော ကိုညှိပေးခြင်း၊ အသည်းကို သန့်စင်ပေးခြင်း၊ ဗီတာမင်စီ ပြည့်ဝစေခြင်း စသည့် ကောင်းကျိုးများ ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၁) ဇွန်းနှင့် သံပုရာ (တစ်ခြမ်း) ရည်ကို ရေ ရော၍ နံနက်တိုင်း သောက်ပေးနိုင်ပါတယ်။

၆။ ဖယောင်းတိုင် စိုက်ခွက်အဖြစ် အသုံးပြုခြင်း

သံပုရာသီး၊ သံပုရိုနှင့် လိမ္မော်သီးတို့ဟာ ကိုယ်ပိုင်ထူးခြားသော ဖယောင်းစိုက်တိုင်လေးလုပ်ရန် အသုံးဝင်လှပါတယ်။ သံပုရာသီးကို တစ်ခြမ်းခြမ်းပြီး အထဲမှာ အစာများကို ဖယ်ထုတ်ပါ။ ပြီးနောက် ဖယောင်းသုတ်ပါ။ တမူထူးခြားသော ဖယောင်းစိုက်ခွက်လေးများကို ပိုင်ဆိုင်နိုင်ပါပြီ။

၇။ ရှူးဖိနပ်တွင်းရှိ အနံ့ဆိုးများ

သံပုရာခွံလေးများကို သင့်ရှူးဖိနပ်ထဲတွင် ညလုံးပေါက်ထားပြီး အနံ့ဆိုးများကို ဖယ်ရှားလိုက်ပါ။

၈။ အပင်ပေါက်လေးများကို ကြီးထွားမှုနှုန်း မြန်ဆန်လာစေခြင်း

သံပုရာသီးတွေက အပင် ကြီးထွားမှုနှုန်းကို မြန်ဆန်စေပါတယ်။ အရည်ထုတ်ပြီးသား သံပုရာခြမ်းထဲကို မျိုးစေ့ထည့်ပြီး စိုက်ပျိုးခြင်းဖြင့် အပင်ပေါက်များကို လျှင်မြန်စွာ ကြီးထွားလာလိမ့်မယ်။

၉။ ရေခဲသေတ္တာကန့်များကို သန့်ရှင်းခြင်း

ရေခဲသေတ္တာကန့်များကို သန့်ရှင်းရေးလုပ်သည့်အချိန်တွင် သံပုရာရည်သုံးပြီး သန့်ရှင်းပေးပါက အနံ့ဆိုးများကို လျော့ပါးစေလိမ့်မယ်။ အဝတ်စပေါ်တွင် သံပုရာရည် အနည်းငယ်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

၁၀။ ထမင်းစားပွဲ ပြင်ဆင်ခြင်း

လက်ကိုသာ အသုံးပြု၍ စားရမည့် ထမင်းပွဲများတွင် သံပုရာရည်ကို လက်ဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။

၁၁။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း

သံပုရာရည်နွေးနွေးလေးကို ပျားရည်ရော၍ မနက်စာ မစားခင် သောက်သုံးပေးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၁၂။ မှဲ့ခြောက်ရန်မှ ကင်းဝေးရန်

သံပုရာသီးကတော့ မှဲ့ခြောက်နှင့် အသက်အရွယ်အရ ဖြစ်ပေါ်လာသော အရေးအကြောင်း အမဲစက်များကို လျော့ပါးစေပါတယ်။ နည်းလမ်းလေးကတော့ သံပုရာခြမ်း ပါးပါးလေးကို မျက်နှာအနှံ့ ဖြည်းညှင်းစွာ ပွတ်တိုက်ပေးရုံပါပဲ။

၁၃။ လက်သည်းလှလှလေးတွေ ပိုင်ဆိုင်ရန်

ကျန်းမာသန်စွမ်းပြီး ပန်းနုရောင် လက်သည်းလေးတွေကို ပိုင်ဆိုင်ရဖို့ရန် နည်းလမ်းကတော့ ရေနွေးနွေးထဲကို သံပုရာရည် အစက်လေးတွေ ထည့်ပြီး သင့်လက်သည်းတွေကို စိမ်ပေးရုံပါပဲ။

၁၄။ အဝတ်စဖြူတွေကို ဖြူလွှလွှလေးဖြစ်လာစေရန်

အဝတ်စဖြူတွေကို အမြဲဖြူလွှနေစေရန် အဝတ်စတွေကို မလျှော်မီ နာရီဝက်ခန့် သံပုရာရည်နှင့် မုန့်ဖုတ်ဆိုဒါရောပြီး စိမ်ထားပေးရုံပါပဲ။

၁၅။ သင့် စဉ့်တီတုံးကို သန့်စင်စေရန်

စဉ့်တီတုံးတွေကို သန့်သန့်ရှင်းရှင်းနှင့် ကြာရှည်အသုံးခံဖို့အတွက်ဆိုလျှင် သံပုရာခြမ်းနှင့် ဆားကို သုံးပြီး တိုက်ချွတ်ပေးသင့်ပါတယ်။ ၁၀-၁၅ မိနစ်အထိထားပြီး တစ်ကြိမ်ထက် ပိုလုပ်ပေးရန် လိုပါတယ်။

၁၆။ ဘက်စုံ သန့်ရှင်းစေရန် အသုံးပြုခြင်း

ဗူးတစ်ဗူးထဲတွင် သံပုရာသီးခွံပေါ်ကို ၁၅၀ မီလီလီတာရှိသော ဗနီကာလောင်းပြီး တစ်ညသိပ်ထားလိုက်ပါ။ မနက်ရောက်လျှင် ရေ ၁၅၀ မီလီလီတာ ထပ်ထည့်လိုက်ပါ။ ဤစပရေးဗူးကို မည်သည့်အရာမဆို သန့်ရှင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top