iMyanmarHouse.com - Best Property Website for Myanmar
×

ဧရာ၀တီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕နယ္၊ ပ်ဥ္းမကုန္းေက်းရြာ အုပ္စု၊ ကဇန္းေဒါင့္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၇ ရက္ေန႔ (ယေန႔) နံနက္ပိုင္းက လင္မယား ၂ ဦး မိုးႀကိဳးပစ္ခံရ၍ ေသဆံုး ခဲ့ေၾကာင္း သတင္းရရိွသည္။

ကို၀င္းကိုႏွင့္ ဇနီးျဖစ္သူ မစိုးသႏၲာလင္းတို႔ ၂ ဦးမွာ နံနက္ ၁၀ နာရီ ေလာက္တြင္ ကဇန္းေဒါင့္ျမစ္အတြင္း ပိုက္ေမ်ာေနစဥ္ မိုးျကိုး ပစ္ခံရ၍ ေသဆံုးခဲ့ေၾကာင္း ေက်းရြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားထံမွ သိရသည္။

“ နားေဖာက္ၿပီးအတူေနကာစပဲရွိေသးတယ္ ညားကစဆိုေတာ့ ကေလးမရေသးဘူး၊ ကၽြန္ေနာ္တို႔အေတာ္အံၾသတယ္ ႏွစ္ေယာက္ပူး မိုးႀကိဳးပစ္ခံေသတာဒီတခါပဲေတြ႕ဖူးပါတယ္”ဟု ဧရာဝတီတိုင္းမ္ သတင္းဌာနသို႔ ပ်ဥ္းမကုန္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးတင္သန္းမွ ေျဖၾကားခဲ့သည္။

ေသဆံုးသူ ကို၀င္းကို (၂၄)ႏွစ္ႏွင့္ မစိုးသႏၲာလင္း (၂၂)တို႔ ၂ ဦး ပိုက္ေမွ်ာေနစဥ္ မိုးႀကိဳးပစ္ခံရၿပီးေနာက္ ကို၀င္းကိုအား ေလွပိုက္နွင့္ အတူ ျပန္လည္ေတြ႕ရိွခဲ့ၿပီး မစိုးသတႏၲာလင္း၏ ႐ုပ္ အေလာင္းကို ေန႔လည္ ၂ နာရီမွ တာ၀န္ရိွသူမ်ားမွျပန္လည္ ရွာေဖြ ေတြ႕ရိွခဲ့ေၾကာင္း ၎ထံမွဆက္လက္သိရသည္။

မိုးႀကိဳးပစ္ခံရၿပီးေသဆံုးခဲ့သည့္ လင္မယား ၂ ဦး၏ ႐ုပ္အေလာင္း အား သက္ဆိုင္ရာတာ၀န္ရိွသူမ်ားမွ ေဆး႐ံုသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ေသဆံုးမႈႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္သိရိွႏိုင္ရန္ ျမင္းကကုန္းနယ္ေျမရဲစခန္းမွ ေသမႈေသခင္း အမွတ္စဥ္ (၅/၂၀၁၈) ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရိွေၾကာင္း သိရိွရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ayeyarwaddy_Times

#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာ အုပ်စု၊ ကဇန်းဒေါင့်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ (ယနေ့) နံနက်ပိုင်းက လင်မယား ၂ ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

ကိုဝင်းကိုနှင့် ဇနီးဖြစ်သူ မစိုးသန္တာလင်းတို့ ၂ ဦးမှာ နံနက် ၁၀ နာရီ လောက်တွင် ကဇန်းဒေါင့်မြစ်အတွင်း ပိုက်မျောနေစဉ် မိုးကြိုး ပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

“ နားဖောက်ပြီးအတူနေကာစပဲရှိသေးတယ် ညားကစဆိုတော့ ကလေးမရသေးဘူး၊ ကျွန်နော်တို့အတော်အံသြတယ် နှစ်ယောက်ပူး မိုးကြိုးပစ်ခံသေတာဒီတခါပဲတွေ့ဖူးပါတယ်”ဟု ဧရာဝတီတိုင်းမ် သတင်းဌာနသို့ ပျဉ်းမကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်သန်းမှ ဖြေကြားခဲ့သည်။

သေဆုံးသူ ကိုဝင်းကို (၂၄)နှစ်နှင့် မစိုးသန္တာလင်း (၂၂)တို့ ၂ ဦး ပိုက်မျှောနေစဉ် မိုးကြိုးပစ်ခံရပြီးနောက် ကိုဝင်းကိုအား လှေပိုက်နှင့် အတူ ပြန်လည်တွေ့ရှိခဲ့ပြီး မစိုးသတန္တာလင်း၏ ရုပ် အလောင်းကို နေ့လည် ၂ နာရီမှ တာဝန်ရှိသူများမှပြန်လည် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ၎င်းထံမှဆက်လက်သိရသည်။

မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့သည့် လင်မယား ၂ ဦး၏ ရုပ်အလောင်း အား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် မြင်းကကုန်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၅/၂၀၁၈) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Ayeyarwaddy_Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top