iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တို႔ေရ ဒီတစ္ခါမွာေတာ့ ေယာက္်ားေလးအမ်ားစု မိန္းကေလးေတြကို ေျပာေနၾကစကားကို အေကာင္အထည္ေဖာ္ျပလိုက္တဲ့ မိန္းကေလးတစ္ေယာက္အေၾကာင္းေျပာျပခ်င္ပါတယ္ ၊ ၾကားရတာ ပုရိသ ကိုကိုတို႔  မ်က္လံုးျပဴးသြားေစမွာအမွန္ပါ ၊ "မင္းတို႔မိန္းမေတြ ေငြမက္တယ္" ဆိုတဲ့စကားကို လက္ေတြ႔အေကာင္အထည္ေဖာ္ေပးမယ့္သူကေတာ့ Madam Raya ပဲ ျဖစ္ပါတယ္ေနာ္ (ကဲ ကိုကို တို႔ေတာ့ မ်က္ခံုးလႈပ္ရျပီေပါ့ေနာ္)

သူမက ေငြေၾကးခ်မ္းသာၾကြယ္ဝတဲ့ သူေဌးေပါင္း ငါးေထာင္ဝန္းက်င္ေလာက္နဲ႔ ဇာတ္လမ္းရွိျပီး ပတ္သက္ခဲ့ဖူးတယ္လို နာမည္ေက်ာ္တဲ့သူတစ္ဦးျဖစ္တဲ့ Madam Raya ဆိုသူ အမ်ိဳးသမီးဟာ အြန္လိုင္းေပၚကေန မိန္းကေလးေတြအတြက္ "ေငြေၾကးခ်မ္းသာတဲ့ ေဘာစိကိုကိုေတြကို ဘယ္လိုအပိုင္ခ်ဳပ္ရမယ္" ဆိုတာကို အထူးသင္တန္းတစ္ရပ္အျဖစ္ ပို႔ခ်ေပးလ်က္ရွိပါတယ္ေနာ္ (မျဖစ္ဘူး အနားကပ္လာတဲ့ ေခးေတြကို သတိထားမွပါ ကိုယ့္မွာက ဥစၥာေပါ ခ်ဳပ္ေခ်ာဆိုေတာ့ကား)

ဒီသင္တန္းမွာဆိုရင္ Madam Raya က သူ႕ရဲ႕ ကိုယ္ေတြ႕မ်ားနဲ႔အတူ စနစ္တက် ေဘာစိကိုကိုေတြကို ဘယ္လိုအပိုင္ခ်ဳပ္ရမယ္ဆိုတာကို သင္ၾကားေပးေနတာပဲ ျဖစ္ပါတယ္ေနာ္

Madam Raya ထိုင္းႏိုင္ငံအစိုးရကေပးတဲ့ ပညာေတာ္သင္ဆုရရွိၿပီး ဥေရာပမွာ ေက်ာင္းတတ္ခြင့္ ရရွိခဲ့ရာကေန ႏိုင္ငံတကာက လူေတြနဲ႔ ဆက္ဆံခြင့္ရခဲ့ျပီး သူမရဲ႕ ေသြးေဆာင္ဖ်ားေယာင္းမႈ႕ အတတ္ပညာေတြကို တျဖည္းျဖည္း ကၽြမ္းက်င္လာခဲ့တာပဲ ျဖစ္ပါတယ္ ။

အခုဆို Madam Raya ဟာ ဒီပညာရပ္ေတြကို ျပန္လည္မွ်ေဝေပးဖို႔အတြက္ အြန္လိုင္းေပၚကေနပါ သင္တန္းတစ္ခုကို ဖြင့္လွစ္ေပးထားပါေသးတယ္။ တစ္ရာရာခိုင္ႏႈန္း အျပည့္အဝအာမခံေပးထားတဲ့ Madam Raya ရဲ႕ သင္တန္းကို သူမရဲ႕ Facebook Page မွာ ဖြင့္လွစ္ေပးထားတာျဖစ္ၿပီး အခေပးသင္တန္းတစ္ခုျဖစ္ပါတယ္။ (ကဲ ေကာင္းမြန္တဲ့အတတ္ပညာေတြ ဟဲ ဟဲ)

သင္တန္းေၾကးအတြက္ ဘတ္ ၁၄၀၀၀ ( အေမရိကန္ေဒၚလာ ၄၁၂ ) ေလာက္ က်သင့္မယ့္ VIP သင္တန္းကေတာ့ အရမ္းခ်မ္းသာတဲ့ ေယာက်ာၤးတစ္ေယာက္ လွည့္စားဖ်ားေယာင္းတတ္ဖို႔ ပညာကုန္သင္ ေပးမွာျဖစ္ၿပီး Madam ကိုယ္တိုင္ အဆိုပါသင္တန္းသူအတြက္ ေဘာစိႀကီးတစ္ေယာက္ ေယာက္ ကိုပါ ရွာေဖြေပးသြားမွာျဖစ္ပါတယ္။ (အြန္း အစဥ္သင့္ ရွာေပးဦးမွာဆိုေတာ့ကား)

 Madam က VIP သင္တန္း တတ္ သူေတြကို အိႏၵိယဥေရာပႏြယ္ဝင္ သို႔မဟုတ္ အေရွ႕အလယ္ပိုင္း သူေဌးတစ္ဦးနဲ႔ ခ်ိတ္ ဆက္ေပးသြားမွာျဖစ္တာေၾကာင့္ အရမ္းခ်မ္းသာလြန္းသူနဲ႔ တြဲခုတ္ခြင့္ရမွာျဖစ္ပါတယ္ ။ Madam Raya ရဲ႕ VIP သင္တန္းက မက္ေလာက္စရာ အထူးအခြင့္အေရးေတြ ပါဝင္ေနေပမယ့္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား Madam သတ္မွတ္ထားတဲ့ သင္တန္းေၾကးေၾကာင့္ မတတ္ေရာက္ႏိုင္ၾကပဲ ဘတ္ ၆၃၀၀( အေမရိကန္ေဒၚလာ ၁၈၅ ) ရွိတဲ့ သာမာန္သင္တန္း ကိုသာ တတ္ေရာက္ႏိုင္ၾကတာပဲျဖစ္ပါတယ္။ (အရင္ဆံုး ကိုယ္ကေတာ့ စျပီး ရင္းႏွီးျမွဳပ္ႏွံရမွာေပါ့ေနာ္)

ဒီသင္တန္းမွာေတာ့ Madam က သူရဲ႕နည္း စနစ္ မ်ားကိုပဲ သင္ၾကားျပသေပးတာျဖစ္ၿပီး ေဘာစိမ်ားနဲ႔ေတာ့ ခ်ိတ္ဆက္ေပးျခင္း မရွိပါဘူး။ Madam ဟာ သူရဲ႕သင္တန္းကို လာေရာက္အပ္ႏွံသူတိုင္း လက္ခံတာမ်ိဳးမဟုတ္ပဲ ကိုယ္ကို ကိုယ္ အရမ္းခ်မ္းသာခ်င္သူ ၊ ေဘာစိေတြနဲ႔ကေန ခ်ဴစားဖို႔ စိတ္အားထက္သန္သူမ်ားကိုသာ သင္တန္းလက္ခံတာပဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ Madam ရဲ႕ သင္တန္းဟာ အေတာ္ေလးကို ေအာင္ျမင္ေနတဲ့ အေျခအေနကို ေရာက္ရွိေနတယ္လို႔ သိရပါတယ္ ။ (မသိဘူး သူကေတာ့ ေတာ္ေတာ္ေလး စီးပြားျဖစ္သြားျပီ)

Ref: facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေရႊမိုးရိပ္
# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်တို့ရေ ဒီတစ်ခါမှာတော့ ယောက်ျားလေးအများစု မိန်းကလေးတွေကို ပြောနေကြစကားကို အကောင်အထည်ဖော်ပြလိုက်တဲ့ မိန်းကလေးတစ်ယောက်အကြောင်းပြောပြချင်ပါတယ် ၊ ကြားရတာ ပုရိသ ကိုကိုတို့  မျက်လုံးပြူးသွားစေမှာအမှန်ပါ ၊ "မင်းတို့မိန်းမတွေ ငွေမက်တယ်" ဆိုတဲ့စကားကို လက်တွေ့အကောင်အထည်ဖော်ပေးမယ့်သူကတော့ Madam Raya ပဲ ဖြစ်ပါတယ်နော် (ကဲ ကိုကို တို့တော့ မျက်ခုံးလှုပ်ရပြီပေါ့နော်)

သူမက ငွေကြေးချမ်းသာကြွယ်ဝတဲ့ သူဌေးပေါင်း ငါးထောင်ဝန်းကျင်လောက်နဲ့ ဇာတ်လမ်းရှိပြီး ပတ်သက်ခဲ့ဖူးတယ်လို နာမည်ကျော်တဲ့သူတစ်ဦးဖြစ်တဲ့ Madam Raya ဆိုသူ အမျိုးသမီးဟာ အွန်လိုင်းပေါ်ကနေ မိန်းကလေးတွေအတွက် "ငွေကြေးချမ်းသာတဲ့ ဘောစိကိုကိုတွေကို ဘယ်လိုအပိုင်ချုပ်ရမယ်" ဆိုတာကို အထူးသင်တန်းတစ်ရပ်အဖြစ် ပို့ချပေးလျက်ရှိပါတယ်နော် (မဖြစ်ဘူး အနားကပ်လာတဲ့ ခေးတွေကို သတိထားမှပါ ကိုယ့်မှာက ဥစ္စာပေါ ချုပ်ချောဆိုတော့ကား)

ဒီသင်တန်းမှာဆိုရင် Madam Raya က သူ့ရဲ့ ကိုယ်တွေ့များနဲ့အတူ စနစ်တကျ ဘောစိကိုကိုတွေကို ဘယ်လိုအပိုင်ချုပ်ရမယ်ဆိုတာကို သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်နော်

Madam Raya ထိုင်းနိုင်ငံအစိုးရကပေးတဲ့ ပညာတော်သင်ဆုရရှိပြီး ဥရောပမှာ ကျောင်းတတ်ခွင့် ရရှိခဲ့ရာကနေ နိုင်ငံတကာက လူတွေနဲ့ ဆက်ဆံခွင့်ရခဲ့ပြီး သူမရဲ့ သွေးဆောင်ဖျားယောင်းမှု့ အတတ်ပညာတွေကို တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အခုဆို Madam Raya ဟာ ဒီပညာရပ်တွေကို ပြန်လည်မျှဝေပေးဖို့အတွက် အွန်လိုင်းပေါ်ကနေပါ သင်တန်းတစ်ခုကို ဖွင့်လှစ်ပေးထားပါသေးတယ်။ တစ်ရာရာခိုင်နှုန်း အပြည့်အဝအာမခံပေးထားတဲ့ Madam Raya ရဲ့ သင်တန်းကို သူမရဲ့ Facebook Page မှာ ဖွင့်လှစ်ပေးထားတာဖြစ်ပြီး အခပေးသင်တန်းတစ်ခုဖြစ်ပါတယ်။ (ကဲ ကောင်းမွန်တဲ့အတတ်ပညာတွေ ဟဲ ဟဲ)

သင်တန်းကြေးအတွက် ဘတ် ၁၄၀၀၀ ( အမေရိကန်ဒေါ်လာ ၄၁၂ ) လောက် ကျသင့်မယ့် VIP သင်တန်းကတော့ အရမ်းချမ်းသာတဲ့ ယောကျာၤးတစ်ယောက် လှည့်စားဖျားယောင်းတတ်ဖို့ ပညာကုန်သင် ပေးမှာဖြစ်ပြီး Madam ကိုယ်တိုင် အဆိုပါသင်တန်းသူအတွက် ဘောစိကြီးတစ်ယောက် ယောက် ကိုပါ ရှာဖွေပေးသွားမှာဖြစ်ပါတယ်။ (အွန်း အစဉ်သင့် ရှာပေးဦးမှာဆိုတော့ကား)

 Madam က VIP သင်တန်း တတ် သူတွေကို အိန္ဒိယဥရောပနွယ်ဝင် သို့မဟုတ် အရှေ့အလယ်ပိုင်း သူဌေးတစ်ဦးနဲ့ ချိတ် ဆက်ပေးသွားမှာဖြစ်တာကြောင့် အရမ်းချမ်းသာလွန်းသူနဲ့ တွဲခုတ်ခွင့်ရမှာဖြစ်ပါတယ် ။ Madam Raya ရဲ့ VIP သင်တန်းက မက်လောက်စရာ အထူးအခွင့်အရေးတွေ ပါဝင်နေပေမယ့် အမျိုးသမီးတော်တော်များများ Madam သတ်မှတ်ထားတဲ့ သင်တန်းကြေးကြောင့် မတတ်ရောက်နိုင်ကြပဲ ဘတ် ၆၃၀၀( အမေရိကန်ဒေါ်လာ ၁၈၅ ) ရှိတဲ့ သာမာန်သင်တန်း ကိုသာ တတ်ရောက်နိုင်ကြတာပဲဖြစ်ပါတယ်။ (အရင်ဆုံး ကိုယ်ကတော့ စပြီး ရင်းနှီးမြှုပ်နှံရမှာပေါ့နော်)

ဒီသင်တန်းမှာတော့ Madam က သူရဲ့နည်း စနစ် များကိုပဲ သင်ကြားပြသပေးတာဖြစ်ပြီး ဘောစိများနဲ့တော့ ချိတ်ဆက်ပေးခြင်း မရှိပါဘူး။ Madam ဟာ သူရဲ့သင်တန်းကို လာရောက်အပ်နှံသူတိုင်း လက်ခံတာမျိုးမဟုတ်ပဲ ကိုယ်ကို ကိုယ် အရမ်းချမ်းသာချင်သူ ၊ ဘောစိတွေနဲ့ကနေ ချူစားဖို့ စိတ်အားထက်သန်သူများကိုသာ သင်တန်းလက်ခံတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ Madam ရဲ့ သင်တန်းဟာ အတော်လေးကို အောင်မြင်နေတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ် ။ (မသိဘူး သူကတော့ တော်တော်လေး စီးပွားဖြစ်သွားပြီ)

Ref: facebook

ဖိုးသူတော် (www.phothutaw.com)
Credit: ရွှေမိုးရိပ်

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top