ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ေတာင္ကိုရီးယားသမၼတေဟာင္း လီေျမာင္ဘတ္ကို အက်င့္ပ်က္ျခစားမႈနဲ႔ ဆိုးလ္တရားရံုးက ေထာင္ဒဏ္ ၁၅ ႏွစ္နဲ႔ ေငြဒဏ္အျဖစ္ ကိုရီးယားဝမ္ေငြ (၁၃) ဘီလ်ံ ခ်မွတ္လိုက္ပါတယ္။

သမၼတေဟာင္း လီေျမာင္ဘတ္ဟာ ေမာ္ေတာ္ကားပစၥည္းထုတ္လုပ္ေရး ကုမၸဏီတစ္ခုကေန အေမရိကန္ ေဒၚလာ ၂၂ သန္းနီးပါး အလြဲသံုးစားလုပ္ခဲ့မႈ၊ Samsung ကုမၸဏီနဲ႔ တျခားကုမၸဏီေတြဆီက လာဘ္ေငြရယူခဲ့မႈ တုိ႔အတြက္ အျပစ္ရွိေၾကာင္း ဆိုးလ္ၿမိဳ႕ဗဟိုတရားရံုးက ဆံုးျဖတ္ခဲ့တာပါ။

ႏိုင္ငံ့ေခါင္းေဆာင္ျဖစ္တဲ့ သမၼတတေယာက္အေနနဲ႔ အခုလိုျပဳမူတာဟာ သမၼတရံုးရဲ႕ဂုဏ္သိကၡာကို က်ဆင္းေစရံုမက၊ အစိုးရရံုးတခုလံုးအေပၚ လူထုရဲ႕ယံုၾကည္မႈ ပ်က္ျပားေစတယ္လို႔ တရားသူႀကီးက ေျပာပါတယ္။
အသက္ (၇၆) ႏွစ္ ရွိၿပီျဖစ္တဲ့ လီေျမာင္ဘတ္ကေတာ့ တရားရံုးဆံုးျဖတ္ခ်က္ဟာ လက္ရွိသမၼတ မြန္းေဂ်အင္းရဲ့ ႏိုင္ငံေရးအရ ဖိအားေပးမႈေတြေၾကာင့္လို႔ ေျပာဆိုၿပီး သူ႔မွာ အျပစ္မရွိေၾကာင္း ျငင္းဆိုခဲ့ပါတယ္။

၂ဝဝ၈ ခုႏွစ္ကေန ၂ဝ၁၃ ခုႏွစ္အထိ ေတာင္ကိုရီးယားသမၼတတာဝန္ ထမ္း ေဆာင္ခဲ့တဲ့ လီေျမာင္ဘတ္ဟာ လာဘ္စားမႈနဲ႔ ေထာင္ဒဏ္ခ်မွတ္ခံရတဲ့ ေလးေယာက္ေျမာက္သမၼတ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese

#Unicode Version#
 တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို အကျင့်ပျက်ခြစားမှုနဲ့ ဆိုးလ်တရားရုံးက ထောင်ဒဏ် ၁၅ နှစ်နဲ့ ငွေဒဏ်အဖြစ် ကိုရီးယားဝမ်ငွေ (၁၃) ဘီလျံ ချမှတ်လိုက်ပါတယ်။

သမ္မတဟောင်း လီမြောင်ဘတ်ဟာ မော်တော်ကားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကနေ အမေရိကန် ဒေါ်လာ ၂၂ သန်းနီးပါး အလွဲသုံးစားလုပ်ခဲ့မှု၊ Samsung ကုမ္ပဏီနဲ့ တခြားကုမ္ပဏီတွေဆီက လာဘ်ငွေရယူခဲ့မှု တို့အတွက် အပြစ်ရှိကြောင်း ဆိုးလ်မြို့ဗဟိုတရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

နိုင်ငံ့ခေါင်းဆောင်ဖြစ်တဲ့ သမ္မတတယောက်အနေနဲ့ အခုလိုပြုမူတာဟာ သမ္မတရုံးရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေရုံမက၊ အစိုးရရုံးတခုလုံးအပေါ် လူထုရဲ့ယုံကြည်မှု ပျက်ပြားစေတယ်လို့ တရားသူကြီးက ပြောပါတယ်။
အသက် (၇၆) နှစ် ရှိပြီဖြစ်တဲ့ လီမြောင်ဘတ်ကတော့ တရားရုံးဆုံးဖြတ်ချက်ဟာ လက်ရှိသမ္မတ မွန်းဂျေအင်းရဲ့ နိုင်ငံရေးအရ ဖိအားပေးမှုတွေကြောင့်လို့ ပြောဆိုပြီး သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ်အထိ တောင်ကိုရီးယားသမ္မတတာဝန် ထမ်း ဆောင်ခဲ့တဲ့ လီမြောင်ဘတ်ဟာ လာဘ်စားမှုနဲ့ ထောင်ဒဏ်ချမှတ်ခံရတဲ့ လေးယောက်မြောက်သမ္မတ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top