ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×




































စာနယ္ဇင္းမ်ားတြင္ ဗုဒၶစာေပမ်ားကုိ မျပတ္ ေရးသားေနသူ မင္းနန္(ေမာ္ကြၽန္း)၏ စာအုပ္အသစ္ ျဖစ္သည္။ ေနလဂမၻီရဂ်ာနယ္တြင္ ဘာသာေရးေဆြး ေႏြးခ်က္မ်ား ေခါင္းစဥ္ျဖင့္ ေရးသားခဲ့ေသာ ေဆာင္း ပါးမ်ားကုိ စုစည္းထုတ္ေ၀ျခင္းျဖစ္သည္။


စာအုပ္တြင္ ရဟန္းသံဃာမ်ားသာမက ပုထု ဇဥ္လူပုဂၢိဳလ္မ်ားပါ ဖတ္႐ႈသင့္ေသာ ေဆာင္းပါးအ မ်ားအျပားပါ၀င္ၿပီး သိမ္ထပ္ျခင္း၊ သိကၡာထပ္ျခင္း၊ ဒုလႅဘရဟန္းခံျခင္း၊ ရဟန္းသံဃာႏွင့္ကား၊ ဆိုင္ ကယ္ေမာင္းႏွင္မႈ၊ သံဃာကုိးကြယ္နည္းမွန္ပါေစ၊ ဗုဒၶဂယာဘုရားဖူးလွ်င္ အပါယ္တံခါးပိတ္သလား၊ ပုဂၢိဳလ္ကုိ ေရြးခ်ယ္လွဴဒါန္းသင့္သလား၊ ဘုရားဂုဏ္ ေတာ္မ်ားကုိ ပြားမ်ားျခင္း၊ စာခံေနလွ်င္ တရားမရႏုိင္ဘူးလား၊ ေရစက္ခ်ျခင္းႏွင့္ အလွဴရွင္တို႔ ႏွလုံးသြင္းဆင္ျခင္ရမည့္အခ်က္မ်ား၊ အလွဴပြဲအတြက္ သား၊ ငါးမ်ား ႀကိဳတင္မွာယူျခင္း၊ ဓမၼိယလဒၶအလွဴသာျဖစ္ပါေစ၊ ေစတီ၊ ႐ုပ္ပြားဆင္းတုကုိးကြယ္မႈ၊ လူတို႔ ရဟန္း၀ိနည္းကုိ သိသင့္သလား၊ အရိေမေတၱယ်ဘုရားကုိ ေစာင့္ေမွ်ာ္ေနသူမ်ား၊ ေထရ၀ါဒႏွင့္ မဟာယာန ျခားနားခ်က္မ်ားဟူ၍ အခန္းမ်ားခြဲကာ ေရးထားသည္။ ထုိ႔အျပင္ ဆရာေတာ္ႀကီးမ်ားႏွင့္ ဘာသာေရးေဆြးေႏြးခ်က္မ်ား ေဖာ္ျပထားရာ.....

ၫႊန္ၾကားလႊာ (၇၂)

ႏုိင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ၫႊန္ၾကား လႊာ(၇၂)မွာ ရဟန္းသံဃာေတြ စက္ဘီး၊ ဆုိင္ကယ္ မစီးရလုိ႔ ပါရွိပါတယ္။

ရဟန္းနဲ႔ လူ တူ

ကားနဲ႔ဆိုင္ကယ္ကုိ ကုိယ္တုိင္ေမာင္းတာဟာ ‘သမ ဏသာ႐ုပၸ’ မျဖစ္တာကတစ္ေၾကာင္း၊ ရဟန္းနဲ႔လူ တူသြားတာကတစ္ေၾကာင္းေၾကာင့္ပါ။

အမွတ္တမဲ့ ေျပာတဲ့စကား

သာသနာသန္႔ရွင္းေရးဆုိတဲ့ စကားဟာ အမွတ္ တမဲ့ေျပာခဲ့ၾကတာ ျဖစ္ပါလိမ့္မယ္။ တကယ္ေတာ့ သာသနာက အႂကြင္းမဲ့သန္႔ရွင္းၿပီးသား ျဖစ္ေနၿပီး သာသနာ့တာ၀န္ကုိ ထမ္းေဆာင္ေနသူ အခ်ိဳ႕အခ်ိဳ႕ ကသာ မသန္႔ရွင္းတာပါ။

သာသနာဖ်က္ ဟန္းဖုန္း

တပ္ခ်္စကရင္ဟန္းဆက္ေတြ ေပၚလာေတာ့ Online ေပၚက ၾကည့္ခ်င္ဖြယ္ရာေတြနဲ႔ အခ်ိန္ျဖဳန္းၿပီး စာသင္သားေတြ စာအေပၚ အာ႐ုံအေရာက္နည္းလာ တယ္။ ဟန္းဖုန္းမကိုင္ရဆိုၿပီး စည္းကမ္းသတ္မွတ္တဲ့ စာသင္တိုက္တစ္တိုက္ဆုိလွ်င္ အဲဒီစည္းကမ္းသတ္မွတ္လုိက္တာေၾကာင့္ စာသင္သားအေတာ္ မ်ားမ်ား အဲဒီစာသင္တိုက္က ထြက္သြားတယ္လုိ႔ ၾကားရဖူးတယ္။ ဒါေၾကာင့္လည္း သံေတာ္ဆင့္ဓမၼ ဂ်ာနယ္မွာ ‘ဟန္းဖုန္းေတြဟာ သာသနာဖ်က္’ လုိ႔ေတာင္ ေရးသားထားတာကုိ ဖတ္ခဲ့ရဖူးတယ္။

အနာဂတ္သာသနာေရး ရင္ေလးဖြယ္

ေခတ္မီေဖ်ာ္ေျဖေရးပစၥည္းေတြနဲ႔ ဟန္းဖုန္းေတြ က ေပးစြမ္းတဲ့အျမင္အာ႐ုံ၊ အၾကားအာ႐ုံေတြက သာမေဏေလးေတြနဲ႔ ဦးပၪၥင္းေတြရဲ႕စိတ္ကုိ ဓမၼနဲ႔ ေ၀းရာသုိ႔ တြန္းပုိ႔ေနတာေပါ့။ သာမေဏေလးေတြ၊ ဦးပၪၥင္းေလးေတြဟာ သာသနာရဲ႕မ်ိဳးဆက္သစ္ေတြ ျဖစ္တဲ့အတြက္ ဒီလုိသာ ေလာကီကာမဂုဏ္ အာ႐ုံ ေတြနဲ႔ ထိေတြ႕ေနရင္ အနာဂတ္သာသနာေရးဟာ ရင္ေလးဖြယ္ေကာင္းေနတာေပါ့...ဟု ဖတ္ရပါမည္။

ဗုဒၶ႐ုပ္ပြားေတာ္ကုိးကြယ္မႈႏွင့္ပတ္သက္၍ တစ္ေနရာ တြင္ ‘အိမ္က ဘုရားေက်ာင္းေဆာင္မွာ ဆင္းတုေတာ္ ႏွစ္ဆူ ကုိးကြယ္ေကာင္းပါသလားဆုိတဲ့ ဒကာတစ္ဦး ရဲ႕အေမးကုိ ဘဒၵႏၲတိေလာကသာရဆရာေတာ္ႀကီး ျပန္လည္ေျဖၾကားေတာ္မူခ်က္က အင္မတန္ မွတ္ သားဖုိ႔ေကာင္းပါတယ္။

လူငယ္။ ။ဆရာေတာ္ႀကီးက ဘယ္လုိေျဖၾကားေတာ္မူခဲ့သလဲ ဦး။ သိရပါေစ။

ကြၽန္ေတာ္။ ။ ဆရာေတာ္ႀကီး ေျဖၾကားေတာ္မူတာ က ဒီလုိပါ။

‘‘မိမိအိမ္ ဘုရားစင္၌ ဘုရားပုံေတာ္မည္မွ်ပင္ ထားသည္ျဖစ္ေစ၊ မိမိတို႔ ရည္မွန္းကုိးကြယ္ရာျဖစ္ ေသာ ေဂါတမျမတ္စြာဘုရားတစ္ဆူတည္းပင္ ျဖစ္ပါ သည္။ မိမိစိတ္က ဘုရားတစ္ဆူ၊ ႏွစ္ဆူပါ သေဘာ မထားဘဲ ပုံေတာ္အမ်ိဳးအစား ကြဲျပားျခားနားသည့္ တစ္ဆူတည္းေသာ ဘုရားသာျဖစ္ေၾကာင္း စိတ္ကထားရွိၾကည္ညိဳရန္သာ လုိပါသည္’ဟု ေရးထားသည္။ စာအုပ္ကုိ အလင္းသစ္စာေပက တန္ဖုိး ၃,၀၀၀ က်ပ္ျဖင့္ ထုတ္ေ၀သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
စာနယ်ဇင်းများတွင် ဗုဒ္ဓစာပေများကို မပြတ် ရေးသားနေသူ မင်းနန်(မော်ကျွန်း)၏ စာအုပ်အသစ် ဖြစ်သည်။ နေလဂမ္ဘီရဂျာနယ်တွင် ဘာသာရေးဆွေး နွေးချက်များ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သော ဆောင်း ပါးများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။


စာအုပ်တွင် ရဟန်းသံဃာများသာမက ပုထု ဇဉ်လူပုဂ္ဂိုလ်များပါ ဖတ်ရှုသင့်သော ဆောင်းပါးအ များအပြားပါဝင်ပြီး သိမ်ထပ်ခြင်း၊ သိက္ခာထပ်ခြင်း၊ ဒုလ္လဘရဟန်းခံခြင်း၊ ရဟန်းသံဃာနှင့်ကား၊ ဆိုင် ကယ်မောင်းနှင်မှု၊ သံဃာကိုးကွယ်နည်းမှန်ပါစေ၊ ဗုဒ္ဓဂယာဘုရားဖူးလျှင် အပါယ်တံခါးပိတ်သလား၊ ပုဂ္ဂိုလ်ကို ရွေးချယ်လှူဒါန်းသင့်သလား၊ ဘုရားဂုဏ် တော်များကို ပွားများခြင်း၊ စာခံနေလျှင် တရားမရနိုင်ဘူးလား၊ ရေစက်ချခြင်းနှင့် အလှူရှင်တို့ နှလုံးသွင်းဆင်ခြင်ရမည့်အချက်များ၊ အလှူပွဲအတွက် သား၊ ငါးများ ကြိုတင်မှာယူခြင်း၊ ဓမ္မိယလဒ္ဓအလှူသာဖြစ်ပါစေ၊ စေတီ၊ ရုပ်ပွားဆင်းတုကိုးကွယ်မှု၊ လူတို့ ရဟန်းဝိနည်းကို သိသင့်သလား၊ အရိမေတ္တေယျဘုရားကို စောင့်မျှော်နေသူများ၊ ထေရဝါဒနှင့် မဟာယာန ခြားနားချက်များဟူ၍ အခန်းများခွဲကာ ရေးထားသည်။ ထို့အပြင် ဆရာတော်ကြီးများနှင့် ဘာသာရေးဆွေးနွေးချက်များ ဖော်ပြထားရာ.....

ညွှန်ကြားလွှာ (၇၂)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြား လွှာ(၇၂)မှာ ရဟန်းသံဃာတွေ စက်ဘီး၊ ဆိုင်ကယ် မစီးရလို့ ပါရှိပါတယ်။

ရဟန်းနဲ့ လူ တူ

ကားနဲ့ဆိုင်ကယ်ကို ကိုယ်တိုင်မောင်းတာဟာ ‘သမ ဏသာရုပ္ပ’ မဖြစ်တာကတစ်ကြောင်း၊ ရဟန်းနဲ့လူ တူသွားတာကတစ်ကြောင်းကြောင့်ပါ။

အမှတ်တမဲ့ ပြောတဲ့စကား

သာသနာသန့်ရှင်းရေးဆိုတဲ့ စကားဟာ အမှတ် တမဲ့ပြောခဲ့ကြတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ သာသနာက အကြွင်းမဲ့သန့်ရှင်းပြီးသား ဖြစ်နေပြီး သာသနာ့တာဝန်ကို ထမ်းဆောင်နေသူ အချို့အချို့ ကသာ မသန့်ရှင်းတာပါ။

သာသနာဖျက် ဟန်းဖုန်း

တပ်ချ်စကရင်ဟန်းဆက်တွေ ပေါ်လာတော့ Online ပေါ်က ကြည့်ချင်ဖွယ်ရာတွေနဲ့ အချိန်ဖြုန်းပြီး စာသင်သားတွေ စာအပေါ် အာရုံအရောက်နည်းလာ တယ်။ ဟန်းဖုန်းမကိုင်ရဆိုပြီး စည်းကမ်းသတ်မှတ်တဲ့ စာသင်တိုက်တစ်တိုက်ဆိုလျှင် အဲဒီစည်းကမ်းသတ်မှတ်လိုက်တာကြောင့် စာသင်သားအတော် များများ အဲဒီစာသင်တိုက်က ထွက်သွားတယ်လို့ ကြားရဖူးတယ်။ ဒါကြောင့်လည်း သံတော်ဆင့်ဓမ္မ ဂျာနယ်မှာ ‘ဟန်းဖုန်းတွေဟာ သာသနာဖျက်’ လို့တောင် ရေးသားထားတာကို ဖတ်ခဲ့ရဖူးတယ်။

အနာဂတ်သာသနာရေး ရင်လေးဖွယ်

ခေတ်မီဖျော်ဖြေရေးပစ္စည်းတွေနဲ့ ဟန်းဖုန်းတွေ က ပေးစွမ်းတဲ့အမြင်အာရုံ၊ အကြားအာရုံတွေက သာမဏေလေးတွေနဲ့ ဦးပဉ္စင်းတွေရဲ့စိတ်ကို ဓမ္မနဲ့ ဝေးရာသို့ တွန်းပို့နေတာပေါ့။ သာမဏေလေးတွေ၊ ဦးပဉ္စင်းလေးတွေဟာ သာသနာရဲ့မျိုးဆက်သစ်တွေ ဖြစ်တဲ့အတွက် ဒီလိုသာ လောကီကာမဂုဏ် အာရုံ တွေနဲ့ ထိတွေ့နေရင် အနာဂတ်သာသနာရေးဟာ ရင်လေးဖွယ်ကောင်းနေတာပေါ့...ဟု ဖတ်ရပါမည်။

ဗုဒ္ဓရုပ်ပွားတော်ကိုးကွယ်မှုနှင့်ပတ်သက်၍ တစ်နေရာ တွင် ‘အိမ်က ဘုရားကျောင်းဆောင်မှာ ဆင်းတုတော် နှစ်ဆူ ကိုးကွယ်ကောင်းပါသလားဆိုတဲ့ ဒကာတစ်ဦး ရဲ့အမေးကို ဘဒ္ဒန္တတိလောကသာရဆရာတော်ကြီး ပြန်လည်ဖြေကြားတော်မူချက်က အင်မတန် မှတ် သားဖို့ကောင်းပါတယ်။

လူငယ်။ ။ဆရာတော်ကြီးက ဘယ်လိုဖြေကြားတော်မူခဲ့သလဲ ဦး။ သိရပါစေ။

ကျွန်တော်။ ။ ဆရာတော်ကြီး ဖြေကြားတော်မူတာ က ဒီလိုပါ။

‘‘မိမိအိမ် ဘုရားစင်၌ ဘုရားပုံတော်မည်မျှပင် ထားသည်ဖြစ်စေ၊ မိမိတို့ ရည်မှန်းကိုးကွယ်ရာဖြစ် သော ဂေါတမမြတ်စွာဘုရားတစ်ဆူတည်းပင် ဖြစ်ပါ သည်။ မိမိစိတ်က ဘုရားတစ်ဆူ၊ နှစ်ဆူပါ သဘော မထားဘဲ ပုံတော်အမျိုးအစား ကွဲပြားခြားနားသည့် တစ်ဆူတည်းသော ဘုရားသာဖြစ်ကြောင်း စိတ်ကထားရှိကြည်ညိုရန်သာ လိုပါသည်’ဟု ရေးထားသည်။ စာအုပ်ကို အလင်းသစ်စာပေက တန်ဖိုး ၃,၀၀၀ ကျပ်ဖြင့် ထုတ်ဝေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top