iMyanmarHouse.com - Best Property Website for Myanmar
×

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သီလ၀ါအထူးစီးပြားေရးဇုန္ေၾကာင့္ ေဒသခံျပည္သူမ်ား၏ အသက္ေမြး ၀မ္းေၾကာင္းအပါအ၀င္ အျခားေသာ ထိခိုက္မႈမ်ားရွိေနေၾကာင္း   ျမန္မာ႔အထူးစီးပြားေရးဇုန္မ်ား   ေစာင့္ၾကည့္ေရး အဖြဲ႕မွ သိရသည္။

သီလ၀ါအထူးစီးပြားေရးဇုန္တြင္ ရွိေသာ အိမ္ေထာင္စုမ်ားအနက္ ေျပာင္းေရႊ႕မခံရေသာအိမ္ေထာင္စု ၉၂၄ စုႏွင့္ ေျပာင္းေရြ႕ခံရေသာအိမ္ေထာင္စု ၉၇ စုတို႔ကို ၂၀၁၇ ခုႏွစ္ဒီဇင္ဘာလတြင္ သုေတသနျပဳလုပ္ထားျခင္း ျဖစ္သည္။

အဆုိပါေတြ႕ရွိခ်က္မ်ားကို ျမန္မာ႔အထူးစီးပြားေရးဇုန္မ်ား၏ အလားအလာႏွင့္စိန္ေခၚမႈမ်ားေခါင္းစဥ္ျဖင့္ ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕ ႏုိဗိုတယ္ဟုိတယ္၌ ျမန္မာ႔အထူးစီးပြားေရးဇုန္မ်ား   ေစာင့္ၾကည့္ ေရးအဖြဲ႕ႏွင့္ ေပါင္းကူးအဖြဲ႕တို႔မွ ေဆြးေႏြးပြဲျပဳလုပ္ခဲ႔သည္။

 "အဓိကထိခိုက္တာကေတာ႔ လူေတြရဲ႕အသက္ေမြး၀မ္းေၾကာင္းဗ်ာ။ အသက္ေမြး၀မ္းေၾကာင္းဆိုတာက ကၽြန္ေတာ္တို႔ ေဒသေတြဆိုတာေျမေပၚမွာ ပဲမွီခိုၿပီးလုပ္ကိုင္စားေသာက္ေနရတာဆိုေတာ႔ ဒီေျမေတြကိုဆံုး႐ႈံးရင္ ကၽြန္ေတာ္တုိ႔အတြက္ အသက္ေမြး၀မ္းေၾကာင္းကထိခိုက္တာပဲ။ ေနာက္တစ္ခုက ဘာလဲဆိုေတာ႔ သဘာ၀ ပတ္၀န္းက်င္ေလဗ်ာ။ အခုၾကားမွာပဲ ေက်ာက္ျဖဴေဒသမွာဆိုရင္ ေရညစ္ညမ္းမႈျဖစ္တာေတြ ေရေနသတၱ၀ါ ေတြ ေသဆံုးတာေတြ အဲဒီလိုမ်ိဳးျဖစ္ေနေတာ႔ ဒီဟာေတြကလည္းေဒသခံေတြကိုထိခိုက္တာပဲေလ။ တနည္းနည္းနဲ႔ တိုက္႐ုိက္ျဖစ္ေစ၊ သြယ္၀ုိက္ျဖစ္ေစ ၊ ထိခိုက္ေနတာပဲဆိုေတာ႔ ထိခိုက္မႈေတြကို လုပ္ငန္း အေကာင္အထည္ ေဖာ္တဲ႔သူေတြဘက္က ဒီဟာေတြကိုစဥ္းစားၿပီးေတာ႔ ျပင္ဆင္ေပးဖို႔လိုပါတယ္" ဟု ျမန္မာ႔အထူးစီးပြားေရးဇုန္ မ်ား ေစာင့္ၾကည့္ေရးအဖြဲ႕၏ ေကာ္မတီ၀င္ ကိုစုိးေရႊ က ေျပာသည္။

 ေျပာင္းေရြ႕မခံေသာအိမ္ေထာင္စုမ်ားတြင္ စိုက္ပ်ိဳးေရးလုပ္ကိုင္သူ ၂၂.၃ ရာခိုင္ႏႈန္း၊ ေမြးျမဴေရးလုပ္ကိုင္သူ ၂.၃ ရာခိုင္ႏႈန္းရွိခဲ႔ၿပီး ေျပာင္းေရြ႕ၿပီးအိမ္ေထာင္စုမ်ားတြင္ စုိက္ပ်ိဳးေရးလုပ္ကိုင္သူ ၂.၁ ရာခိုင္ႏႈန္း၊  ေမြးျမဴေရး လုပ္ကိုင္သူ ၂.၁ ရာခိုင္ႏႈန္း သို႔ေလ်ာ႔က်သြားေၾကာင္းေတြ႕ရသည္။ သို႔ေသာ္လည္း အေရာင္းအ၀ယ္၊ ေန႔စား၊ လခစား၊ ျပင္ပမွလႊဲေျပာင္းေငြႏွင့္ နည္းပညာဆိုင္ရာ အလုပ္အကိုင္မ်ားမွာ တိုးတက္လာခဲ႔သည္ကို စာရင္းမ်ား အရ ေတြ႕ရသည္။

ထို႔အျပင္ ေရြ႕ေျပာင္းၿပီးအိမ္ေထာင္စုမ်ားတြင္ စားနပ္ရိကၡာဖူလုံမႈမရွိသည့္အိမ္ေထာင္စုမ်ား မ်ားျပား လာသည္ ကို ေတြ႕ရကာ အိမ္ေထာင္စုသံုးစုတြင္ တစ္စုမွာ စားနပ္ရိကၡာအခက္အခဲေျဖရွင္းရန္ အေၾကြးယူခဲ႔ရသည္ဟု ဆိုထားသည္။

ေဒသခံမ်ား၏ ထိခိုက္နစ္နာမႈမ်ားကုိလ်စ္လ်ဳ႐ႈ႕၍ ဆက္လက္လုပ္ေဆာင္ေနပါက ေကာင္းမြန္သည့္ အေျခအေန မ်ိဳး ျဖစ္မလာႏုိင္ဘဲ ထိလိုက္မႈပမာဏအပၚမူတည္၍ တံု႔ျပန္မႈမ်ားျဖစ္လာႏိုင္သည္ဟု ကိုစုိးေရႊကဆိုသည္။

 "သီလ၀ါလည္း ဇုန္သံုးခုထဲမွာဆိုေအာင္ျမင္ေနတဲ႔ဇုန္လို႔ေျပာလုိ႔ရတယ္။ သူတို႔ကက်ေတာ႔ ကၽြန္မတို႔႐ုံးခ်ဳပ္ရဲ႕ အုပ္ခ်ဳပ္မႈေအာက္ကေနသြားတာမဟုတ္ဘူး ။ သီးသန္႔သူတို႔ရဲ႕ ဇုန္ေကာ္မတီရဲ႕ အုပ္ခ်ဳပ္မႈေအာက္ကေန သြား တယ္။ သူတို႔က ကၽြန္မတို႔ဆီကိုလစဥ္ report ေတြတက္တယ္။ Report ေတြဖတ္ၾကည့္တာေတာ႔ စီးပြားေရး အရ ေအာင္ျမင္ေနသလို Enviromental ပုိင္းမွာလည္း ဆိုးက်ိဳးသက္ေရာက္မႈသိပ္ၿပီးေတာ႔မရွိဘူးလို႔ ျမင္မိ ပါတယ္" ဟု ပတ္၀န္းက်င္ထိန္းသိမ္းေရးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး မလွလွေထြးက ေျပာသည္။

လက္ရွိအခ်ိန္တြင္ သီလ၀ါအထူးစီးပြားေရးဇုန္၊ ထား၀ယ္အထူးစီးပြားေရးဇုန္ တို႔ကို စိစစ္အတည္ျပဳထားၿပီး ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္မွ Report မ်ားေတာင္းခံထားေၾကာင္း မလွလွေထြးက ေျပာျပသည္။

ယခုေဆြးေႏြးပြဲတြင္ ေဒသခံမ်ားအလုပ္အကိုင္ရရွိရန္အတြက္ ေတာင္းဆိုခ်က္မ်ားေတြ႕ေနရၿပီး ၄င္းတို႔အေနျဖင့္ ပညာအရည္အခ်င္းအလိုက္ သင္တန္းမ်ားေပးကာ အလုပ္အကိုင္ေကာင္းမ်ားရရွိေစရန္ အဓိကထား ေဆြးေႏြး ရမည္ျဖစ္ေၾကာင္း ျမန္မာေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ဟုိးဒင္းအမ်ားပိုင္ကုမၸဏီ၏ အမႈေဆာင္ ဒါ႐ုိက္တာ အျဖစ္တာ၀န္ယူထားကာ ေက်ာက္ျဖဴၿမိဳ႕ေဒသခံအေနျဖင့္တက္ေရာက္လာသူ ကိုထြန္းႏုိင္ က ဆိုသည္။

"ေယဘုယ်အခ်က္ေတြလို႔ပဲျမင္တယ္။ ဘာလို႔ဆိုရင္ ဒီမွာလုပ္ေနတဲ႔စီးပြားေရးသေဘာတရားအရေပါ့ေနာ္။ သီလ၀ါရယ္၊ ထား၀ယ္ရယ္၊ ေက်ာက္ျဖဴရယ္ မတူဘူးကြဲျပားျခားနားတဲ႔ အေၾကာင္းအရာရွိတယ္။ ထား၀ယ္ဆိုရင္ အၾကာႀကီးလုပ္ၿပီးအခုထိကို ေကာင္းေကာင္းေအာင္ျမင္ေအာင္မလုပ္ႏုိင္ေသးဘူး။ စီးပြားေရးအရ ဥပမာ ထုိင္းမွာက ေငြေၾကးလိုအပ္ခ်က္ေတြရွိတယ္။ အဲဒါမ်ိဳးလိုအပ္ခ်က္ေတြထက္ကို ဒီမွာက အခြင့္အေရးေတြပဲ ေတာင္းေနၾကတာရွိတယ္။ ဒါေပမယ္႔ စီးပြားေရးနဲ႔ပတ္သက္ရင္ ခုနေျပာတဲ႔ထဲမွာလည္းပါတယ္။ Human Rights ေတာ့ဟုတ္တယ္။ Business Rights ဆိုတာမ်ိဳး ေဆြးေႏြးတာနည္းတယ္" ဟု ေဒသခံ ကိုထြန္းႏုိင္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ပထမဦးဆံုးအေကာင္အထည္ေဖာ္ႏိုင္ခဲ႔သည့္ သီလ၀ါအထူးစီးပြားေရးဇုန္သည္ ဟက္တာ ၂၄၀၀ က်ယ္၀န္းၿပီး သီလ၀ါအထူးစီးပြားေရးဇုန္စီမံခန္႔ခြဲေရးေကာ္မတီႏွင့္ JICA တို႔ၾကား အက်ိဳးတူ ဖက္စပ္ လုပ္ငန္းတစ္ခုျဖစ္သည္။ အဆိုပါအထူးစီးပြားေရးဇုန္၌ ၂၀၁၇ ခုႏွစ္ႏွစ္လယ္ပိုင္းတြင္ ႏုိင္ငံေပါင္း ၁၇ ႏုိင္ငံမွ ကုမၸဏီ ၈၇ ခုလာေရာက္ရင္းႏွီးျမွဳပ္ႏွံထားသည္။

 သီလ၀ါအထူးစီးပြားေရးဇုန္ နယ္နမိတ္အတြင္းရွိေသာ ေက်ာက္တန္းႏွင့္ သန္လ်င္ၿမိဳ႕နယ္အတြင္းမွ ေတာင္သူ လယ္သမားအိမ္ေထာင္စုေပါင္း ၁၀၀၀ ေက်ာ္သည္ ေျမေနရာမွ အတင္းအက်ပ္ႏွင္ထုတ္ျခင္းကို ခံခဲ႔ရေၾကာင္း ၄င္းတို႔၏အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။ ထိုသို႔လုပ္ေဆာင္ရာတြင္ ေက်းရြာေဒသခံမ်ားႏွင့္တိုင္ပင္မႈမရွိျခင္း၊ ေလ်ာ္ေၾကးေငြမ်ားေပးအပ္ျခင္း၊ လူဦးေရ တစ္ေသာင္းအတြက္အလုပ္အကိုင္အခြင့္အလမ္းမ်ားဖန္တီးေပးျခင္း စသည့္အေျခအေနမ်ားျဖစ္ေပၚခဲ႔သည္ဟု ဆိုသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ဒေသခံပြည်သူများ၏ အသက်မွေး ဝမ်းကြောင်းအပါအဝင် အခြားသော ထိခိုက်မှုများရှိနေကြောင်း   မြန်မာ့အထူးစီးပွားရေးဇုန်များ   စောင့်ကြည့်ရေး အဖွဲ့မှ သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ရှိသော အိမ်ထောင်စုများအနက် ပြောင်းရွှေ့မခံရသောအိမ်ထောင်စု ၉၂၄ စုနှင့် ပြောင်းရွေ့ခံရသောအိမ်ထောင်စု ၉၇ စုတို့ကို ၂၀၁၇ ခုနှစ်ဒီဇင်ဘာလတွင် သုတေသနပြုလုပ်ထားခြင်း ဖြစ်သည်။

အဆိုပါတွေ့ရှိချက်များကို မြန်မာ့အထူးစီးပွားရေးဇုန်များ၏ အလားအလာနှင့်စိန်ခေါ်မှုများခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၆ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ မြန်မာ့အထူးစီးပွားရေးဇုန်များ   စောင့်ကြည့် ရေးအဖွဲ့နှင့် ပေါင်းကူးအဖွဲ့တို့မှ ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

 "အဓိကထိခိုက်တာကတော့ လူတွေရဲ့အသက်မွေးဝမ်းကြောင်းဗျာ။ အသက်မွေးဝမ်းကြောင်းဆိုတာက ကျွန်တော်တို့ ဒေသတွေဆိုတာမြေပေါ်မှာ ပဲမှီခိုပြီးလုပ်ကိုင်စားသောက်နေရတာဆိုတော့ ဒီမြေတွေကိုဆုံးရှုံးရင် ကျွန်တော်တို့အတွက် အသက်မွေးဝမ်းကြောင်းကထိခိုက်တာပဲ။ နောက်တစ်ခုက ဘာလဲဆိုတော့ သဘာ၀ ပတ်ဝန်းကျင်လေဗျာ။ အခုကြားမှာပဲ ကျောက်ဖြူဒေသမှာဆိုရင် ရေညစ်ညမ်းမှုဖြစ်တာတွေ ရေနေသတ္တဝါ တွေ သေဆုံးတာတွေ အဲဒီလိုမျိုးဖြစ်နေတော့ ဒီဟာတွေကလည်းဒေသခံတွေကိုထိခိုက်တာပဲလေ။ တနည်းနည်းနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ၊ ထိခိုက်နေတာပဲဆိုတော့ ထိခိုက်မှုတွေကို လုပ်ငန်း အကောင်အထည် ဖော်တဲ့သူတွေဘက်က ဒီဟာတွေကိုစဉ်းစားပြီးတော့ ပြင်ဆင်ပေးဖို့လိုပါတယ်" ဟု မြန်မာ့အထူးစီးပွားရေးဇုန် များ စောင့်ကြည့်ရေးအဖွဲ့၏ ကော်မတီဝင် ကိုစိုးရွှေ က ပြောသည်။

 ပြောင်းရွေ့မခံသောအိမ်ထောင်စုများတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၂၂.၃ ရာခိုင်နှုန်း၊ မွေးမြူရေးလုပ်ကိုင်သူ ၂.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ပြောင်းရွေ့ပြီးအိမ်ထောင်စုများတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ ၂.၁ ရာခိုင်နှုန်း၊  မွေးမြူရေး လုပ်ကိုင်သူ ၂.၁ ရာခိုင်နှုန်း သို့လျော့ကျသွားကြောင်းတွေ့ရသည်။ သို့သော်လည်း အရောင်းအဝယ်၊ နေ့စား၊ လခစား၊ ပြင်ပမှလွှဲပြောင်းငွေနှင့် နည်းပညာဆိုင်ရာ အလုပ်အကိုင်များမှာ တိုးတက်လာခဲ့သည်ကို စာရင်းများ အရ တွေ့ရသည်။

ထို့အပြင် ရွေ့ပြောင်းပြီးအိမ်ထောင်စုများတွင် စားနပ်ရိက္ခာဖူလုံမှုမရှိသည့်အိမ်ထောင်စုများ များပြား လာသည် ကို တွေ့ရကာ အိမ်ထောင်စုသုံးစုတွင် တစ်စုမှာ စားနပ်ရိက္ခာအခက်အခဲဖြေရှင်းရန် အကြွေးယူခဲ့ရသည်ဟု ဆိုထားသည်။

ဒေသခံများ၏ ထိခိုက်နစ်နာမှုများကိုလျစ်လျုရှု့၍ ဆက်လက်လုပ်ဆောင်နေပါက ကောင်းမွန်သည့် အခြေအနေ မျိုး ဖြစ်မလာနိုင်ဘဲ ထိလိုက်မှုပမာဏအပါ်မူတည်၍ တုံ့ပြန်မှုများဖြစ်လာနိုင်သည်ဟု ကိုစိုးရွှေကဆိုသည်။

 "သီလဝါလည်း ဇုန်သုံးခုထဲမှာဆိုအောင်မြင်နေတဲ့ဇုန်လို့ပြောလို့ရတယ်။ သူတို့ကကျတော့ ကျွန်မတို့ရုံးချုပ်ရဲ့ အုပ်ချုပ်မှုအောက်ကနေသွားတာမဟုတ်ဘူး ။ သီးသန့်သူတို့ရဲ့ ဇုန်ကော်မတီရဲ့ အုပ်ချုပ်မှုအောက်ကနေ သွား တယ်။ သူတို့က ကျွန်မတို့ဆီကိုလစဉ် report တွေတက်တယ်။ Report တွေဖတ်ကြည့်တာတော့ စီးပွားရေး အရ အောင်မြင်နေသလို Enviromental ပိုင်းမှာလည်း ဆိုးကျိုးသက်ရောက်မှုသိပ်ပြီးတော့မရှိဘူးလို့ မြင်မိ ပါတယ်" ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး မလှလှထွေးက ပြောသည်။

လက်ရှိအချိန်တွင် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန် တို့ကို စိစစ်အတည်ပြုထားပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ Report များတောင်းခံထားကြောင်း မလှလှထွေးက ပြောပြသည်။

ယခုဆွေးနွေးပွဲတွင် ဒေသခံများအလုပ်အကိုင်ရရှိရန်အတွက် တောင်းဆိုချက်များတွေ့နေရပြီး ၎င်းတို့အနေဖြင့် ပညာအရည်အချင်းအလိုက် သင်တန်းများပေးကာ အလုပ်အကိုင်ကောင်းများရရှိစေရန် အဓိကထား ဆွေးနွေး ရမည်ဖြစ်ကြောင်း မြန်မာကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင်ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ အဖြစ်တာဝန်ယူထားကာ ကျောက်ဖြူမြို့ဒေသခံအနေဖြင့်တက်ရောက်လာသူ ကိုထွန်းနိုင် က ဆိုသည်။

"ယေဘုယျအချက်တွေလို့ပဲမြင်တယ်။ ဘာလို့ဆိုရင် ဒီမှာလုပ်နေတဲ့စီးပွားရေးသဘောတရားအရပေါ့နော်။ သီလဝါရယ်၊ ထားဝယ်ရယ်၊ ကျောက်ဖြူရယ် မတူဘူးကွဲပြားခြားနားတဲ့ အကြောင်းအရာရှိတယ်။ ထားဝယ်ဆိုရင် အကြာကြီးလုပ်ပြီးအခုထိကို ကောင်းကောင်းအောင်မြင်အောင်မလုပ်နိုင်သေးဘူး။ စီးပွားရေးအရ ဥပမာ ထိုင်းမှာက ငွေကြေးလိုအပ်ချက်တွေရှိတယ်။ အဲဒါမျိုးလိုအပ်ချက်တွေထက်ကို ဒီမှာက အခွင့်အရေးတွေပဲ တောင်းနေကြတာရှိတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ပတ်သက်ရင် ခုနပြောတဲ့ထဲမှာလည်းပါတယ်။ Human Rights တော့ဟုတ်တယ်။ Business Rights ဆိုတာမျိုး ဆွေးနွေးတာနည်းတယ်" ဟု ဒေသခံ ကိုထွန်းနိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကောင်အထည်ဖော်နိုင်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်သည် ဟက်တာ ၂၄၀၀ ကျယ်ဝန်းပြီး သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် JICA တို့ကြား အကျိုးတူ ဖက်စပ် လုပ်ငန်းတစ်ခုဖြစ်သည်။ အဆိုပါအထူးစီးပွားရေးဇုန်၌ ၂၀၁၇ ခုနှစ်နှစ်လယ်ပိုင်းတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီ ၈၇ ခုလာရောက်ရင်းနှီးမြှုပ်နှံထားသည်။

 သီလဝါအထူးစီးပွားရေးဇုန် နယ်နမိတ်အတွင်းရှိသော ကျောက်တန်းနှင့် သန်လျင်မြို့နယ်အတွင်းမှ တောင်သူ လယ်သမားအိမ်ထောင်စုပေါင်း ၁၀၀၀ ကျော်သည် မြေနေရာမှ အတင်းအကျပ်နှင်ထုတ်ခြင်းကို ခံခဲ့ရကြောင်း ၎င်းတို့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကျေးရွာဒေသခံများနှင့်တိုင်ပင်မှုမရှိခြင်း၊ လျော်ကြေးငွေများပေးအပ်ခြင်း၊ လူဦးရေ တစ်သောင်းအတွက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးခြင်း စသည့်အခြေအနေများဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top