ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မ်က္မျမင္ အမ်ဳိးသမီးတစ္ဦးကို သားမယား ျပဳက်င့္ခဲ့သည္ဟု ဆိုေသာ ျမန္မာႏိုင္ငံ မ်က္မျမင္မ်ားအသင္းဥကၠ႒အား တစ္လင္တစ္မယားဥပေဒျဖင့္ အလုံရဲစခန္းတြင္ အမႈဖြင့္ခဲ့သည္။

မ်က္မျမင္ အမ်ဳိးသမီးတစ္ဦးကို သားမယား ျပဳက်င့္ခဲ့သည္ဟုဆိုေသာ ျမန္မာႏိုင္ငံ မ်က္မျမင္အသင္းဥကၠ႒ ျဖစ္သူအား တစ္လင္တစ္မယားဥပေဒ ပုဒ္မ ၁၃ ျဖင့္ ေအာက္တိုဘာ ၁၀ ရက္ ညေနပိုင္းတြင္ အလုံၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ မ်က္မျမင္မ်ားအသင္းဥကၠ႒ ဦးေအာင္ကိုျမင့္သည္ မ်က္မျမင္ျဖစ္သူ မ ——- (၂၈)ႏွစ္ကို ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီ၊ ဧၿပီ၊ ေမလတို႔တြင္ မတူညီေသာ ေနရာမ်ား၌ သားမယား သုံးႀကိမ္ထက္မနည္း ျပဳက်င့္ခဲ့ေၾကာင္း၊ သားမယား ျပဳက်င့္ခံရမႈမ်ားေၾကာင့္ ဓမၼတာ မလာေတာ့ေၾကာင္း ဦးေအာင္ကိုျမင့္ကို ေျပာျပရာတြင္ ေကသီပန္ ေသြးပုပ္ခ်ေဆး ၁၀ ထုပ္ေသာက္ခိုင္းေၾကာင္း အဓမၼျပဳက်င့္ခံရသူ၏ ဦးေလးျဖစ္သူ ဦးမာကုက ယင္းအမႈအား တရားလိုအျဖစ္ အလုံရဲစခန္းသို႔ လာေရာက္ အမႈဖြင့္တိုင္ၾကားၿပီးေနာက္ သတင္းမီဒီယာမ်ားကို ေျပာၾကားသည္။

“မသန္စြမ္းသူျဖစ္တဲ့ မ——- ရဲ႕ကိစၥနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္က အလုံရဲစခန္းလာၿပီး တစ္လင္တစ္မယားဥပေဒပုဒ္မနဲ႔ တိုင္ၾကားတာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ မ်က္မျမင္မ်ားအသင္းဥကၠ႒က ဇနီးမယား ရွိရဲ႕သားနဲ႔ ဒီေကာင္မေလးကို အႏိုင္က်င့္ မႈေၾကာင့္ လာေရာက္တိုင္ၾကားျခင္း ျဖစ္ပါတယ္။ မသန္စြမ္းသူမ်ားကို အဲဒီလိုျဖစ္ေနတာ (သားမယား ျပဳက်င့္တာ)။ ေရွ႕ဆက္ၿပီး ဒီလို အႏိုင္က်င့္ မခံရေလေအာင္ ကြၽန္ေတာ္က ရဲစခန္းမွာ အမႈဖြင့္ရတာ”ဟု ဦးမာကုက ဆုိသည္။
ဦးေအာင္ကိုျမင့္

ယင္းအမႈကိစၥကို မည္ကဲ့သို႔ ဆက္လက္ လုပ္ေဆာင္ေနေၾကာင္း အလုံၿမိဳ႕မရဲစခန္းရွိ ရဲအရာရွိတစ္ဦးအား ေမးျမန္းရာ “၁၃ (တစ္လင္တစ္မယား ဥပေဒပုဒ္မ) နဲ႔ ဖြင့္ထားတယ္။ စစ္ေဆးတုန္းပဲ ရွိေသးတယ္။ ဘာမွ မလုပ္ေသးဘူး။ သြားဖမ္းလို႔ မရေသးဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ ဇာတ္လမ္းက ႐ႈပ္တယ္ေလ။ လေတြ ၾကာေနတဲ့ကိစၥႀကီးက ဟုတ္လား မဟုတ္လား စိစစ္ရမယ္ေလ။ တိုင္တိုင္း ဖမ္းလို႔မွ မရတာ”ဟု ေျပာၾကားသည္။

မ်က္မျမင္ အမ်ဳိးသမီး၏ ဦးေလးျဖစ္သူ ဦးမာကုသည္ ျမန္မာႏိုင္ငံ မ်က္မျမင္အသင္းခ်ဳပ္ဥကၠ႒ ဦးေအာင္ကိုျမင့္ကို အေရးယူေပးရန္ ျမန္မာႏိုင္ငံ အမ်ဳိးသားလူ႔အခြင့္အေရးေကာ္မရွင္ဥကၠ႒၊ ဒုတိယဒုကၠ႒(၁)( ျပည္ေထာင္စု၀န္ႀကီး၊ လူမႈ ၀န္ထမ္းကယ္ဆယ္ေရး ႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာန) ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ အမ်ဳိးသားေကာ္မတီ၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ ျပန္လည္ထူေထာင္ေရးဦးစီးဌာန၊ လူမႈ၀န္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး၀န္ႀကီးဌာနသို႔ အေၾကာင္းၾကားစာ ေပးပို႔ထားေၾကာင္း သိရသည္။

ဦးေအာင္ကိုျမင့္သည္ ျမန္မာႏိုင္ငံ မ်က္မျမင္မ်ားအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ား ေရွ႕ေဆာင္၊ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ စသည္တို႔တြင္ ဥကၠ႒တာ၀န္ ထမ္းေဆာင္ေနသူျဖစ္ၿပီး ယင္းအမႈကိစၥမ်ားေၾကာင့္ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားအသင္းခ်ဳပ္ဥကၠ႒ ရာထူးတာ၀န္မွ ေအာက္တိုဘာ ၉ ရက္တြင္ ယာယီရပ္စဲခံထားရေၾကာင္း သိရသည္။

တစ္လင္တစ္မယား ဥပေဒပုဒ္မ ၁၃ သည္ ခုနစ္ႏွစ္မထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ခံရႏိုင္ၿပီး ယင္းကဲ့သို႔ အမႈဖြင့္ခံ ထားရမႈႏွင့္ ပတ္သက္၍ တစ္စုံတစ္ရာမွတ္ခ်က္ စကားေျပာရန္ ဦးေအာင္ကိုျမင့္၏ လက္ကိုင္ဖုန္းကို အႀကိမ္ႀကိမ္ ဆက္သြယ္ ခဲ့ေသာ္လည္း စက္ပိတ္ထားသျဖင့္ ဆက္သြယ္မႈ မရခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Eleven Media Group

#Unicode Version#

မျက်မမြင် အမျိုးသမီးတစ်ဦးကို သားမယား ပြုကျင့်ခဲ့သည်ဟု ဆိုသော မြန်မာနိုင်ငံ မျက်မမြင်များအသင်းဥက္ကဋ္ဌအား တစ်လင်တစ်မယားဥပဒေဖြင့် အလုံရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

မျက်မမြင် အမျိုးသမီးတစ်ဦးကို သားမယား ပြုကျင့်ခဲ့သည်ဟုဆိုသော မြန်မာနိုင်ငံ မျက်မမြင်အသင်းဥက္ကဋ္ဌ ဖြစ်သူအား တစ်လင်တစ်မယားဥပဒေ ပုဒ်မ ၁၃ ဖြင့် အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် အလုံမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ မျက်မမြင်များအသင်းဥက္ကဋ္ဌ ဦးအောင်ကိုမြင့်သည် မျက်မမြင်ဖြစ်သူ မ ——- (၂၈)နှစ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ၊ ဧပြီ၊ မေလတို့တွင် မတူညီသော နေရာများ၌ သားမယား သုံးကြိမ်ထက်မနည်း ပြုကျင့်ခဲ့ကြောင်း၊ သားမယား ပြုကျင့်ခံရမှုများကြောင့် ဓမ္မတာ မလာတော့ကြောင်း ဦးအောင်ကိုမြင့်ကို ပြောပြရာတွင် ကေသီပန် သွေးပုပ်ချဆေး ၁၀ ထုပ်သောက်ခိုင်းကြောင်း အဓမ္မပြုကျင့်ခံရသူ၏ ဦးလေးဖြစ်သူ ဦးမာကုက ယင်းအမှုအား တရားလိုအဖြစ် အလုံရဲစခန်းသို့ လာရောက် အမှုဖွင့်တိုင်ကြားပြီးနောက် သတင်းမီဒီယာများကို ပြောကြားသည်။

“မသန်စွမ်းသူဖြစ်တဲ့ မ——- ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်က အလုံရဲစခန်းလာပြီး တစ်လင်တစ်မယားဥပဒေပုဒ်မနဲ့ တိုင်ကြားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မျက်မမြင်များအသင်းဥက္ကဋ္ဌက ဇနီးမယား ရှိရဲ့သားနဲ့ ဒီကောင်မလေးကို အနိုင်ကျင့် မှုကြောင့် လာရောက်တိုင်ကြားခြင်း ဖြစ်ပါတယ်။ မသန်စွမ်းသူများကို အဲဒီလိုဖြစ်နေတာ (သားမယား ပြုကျင့်တာ)။ ရှေ့ဆက်ပြီး ဒီလို အနိုင်ကျင့် မခံရလေအောင် ကျွန်တော်က ရဲစခန်းမှာ အမှုဖွင့်ရတာ”ဟု ဦးမာကုက ဆိုသည်။
ဦးအောင်ကိုမြင့်

ယင်းအမှုကိစ္စကို မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်နေကြောင်း အလုံမြို့မရဲစခန်းရှိ ရဲအရာရှိတစ်ဦးအား မေးမြန်းရာ “၁၃ (တစ်လင်တစ်မယား ဥပဒေပုဒ်မ) နဲ့ ဖွင့်ထားတယ်။ စစ်ဆေးတုန်းပဲ ရှိသေးတယ်။ ဘာမှ မလုပ်သေးဘူး။ သွားဖမ်းလို့ မရသေးဘူး။ ဘာလို့လဲဆိုတော့ သူတို့ ဇာတ်လမ်းက ရှုပ်တယ်လေ။ လတွေ ကြာနေတဲ့ကိစ္စကြီးက ဟုတ်လား မဟုတ်လား စိစစ်ရမယ်လေ။ တိုင်တိုင်း ဖမ်းလို့မှ မရတာ”ဟု ပြောကြားသည်။

မျက်မမြင် အမျိုးသမီး၏ ဦးလေးဖြစ်သူ ဦးမာကုသည် မြန်မာနိုင်ငံ မျက်မမြင်အသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်ကို အရေးယူပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဒုက္ကဋ္ဌ(၁)( ပြည်ထောင်စုဝန်ကြီး၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ၊ ညွှန်ကြားရေးမှူးချုပ် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ဦးအောင်ကိုမြင့်သည် မြန်မာနိုင်ငံ မျက်မမြင်များအသင်းချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် စသည်တို့တွင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး ယင်းအမှုကိစ္စများကြောင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ရာထူးတာဝန်မှ အောက်တိုဘာ ၉ ရက်တွင် ယာယီရပ်စဲခံထားရကြောင်း သိရသည်။

တစ်လင်တစ်မယား ဥပဒေပုဒ်မ ၁၃ သည် ခုနစ်နှစ်မထက် မပိုသော ထောင်ဒဏ်ချမှတ်ခံရနိုင်ပြီး ယင်းကဲ့သို့ အမှုဖွင့်ခံ ထားရမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာမှတ်ချက် စကားပြောရန် ဦးအောင်ကိုမြင့်၏ လက်ကိုင်ဖုန်းကို အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း စက်ပိတ်ထားသဖြင့် ဆက်သွယ်မှု မရခဲ့ပေ။


ဖိုးသူတော် (www.phothutaw.com)
Credit:  Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top