ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





Credit: CHAN

#Unicode Version#
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အိပ်စက်ပုံအနေအထားက ကလေးအတွက် အလွန်အရေးကြီးပါတယ်။ မိခင်ရဲ့ လက်လွတ်စပါယ် အိပ်စက်ပုံကြောင့် မိမိရဲ့ ရင်သွေးလေးမှာ ထိခိုက်မှုများ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အတွေ့အကြုံမရှိသေးတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အကောင်းဆုံး အိပ်စက်ပုံ အနေအထားကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါကတော့ ဘယ်ဘက်စောင်းအိပ်တဲ့ အိပ်စက်မှုပုံစံပါပဲ။ ဒီလို အိပ်စက်ခြင်းက ကိုယ်ဝန်ဆောင်မိခင်တွေ နှင့်အထဲမှ ရင်သွေးအတွက် အကောင်းဆုံး အနေအထားပါပဲ။

ဒါ့အပြင် ခြေထောက်နှစ်ခုကြား ခေါင်းအုံးထားပြီး ဘေးစောင်းအိပ်ခြင်းက မိခင်နှင့် ကလေးကို တိုးမိတိုက်မိ ဆောင့်မိခြင်းမဖြစ်ဖို့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး အနေအထား ဖြစ်ပါတယ်။

ဘယ်ဘက်စောင်းအိပ်ခြင်းဟာ သန္ဓေသားနှင့် အချင်းအတွက် အရေးပါတဲ့ အာဟာရဓာတ်တွေ ပိုမို ရစေနိုင်ပြီး အသည်းအပေါ် မလိုလားအပ်တဲ့ တွန်းဖိခံရနိုင်ခြေ ပိုနည်းစေတယ်လို့ လေ့လာမှုများမှ ဆိုထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top