ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အေအးမိ၊ တုပ္ေကြး၊ ကိုယ္ပူ၊ ေခ်ာင္းဆိုး၊ ရင္က်ပ္ ခြ်ဲသလိပ္ကပ္ စတာေတြကို ခံစားေနရသည့္ ေ၀ဒနာရွင္မ်ားအတြက္ ကိုယ္တိုင္ေဖာ္စပ္ႏိုင္ရန္ သဘာ၀ ေဆးနည္းေကာင္းတစ္လက္ကို မွ်ေ၀ေပးလိုက္ပါတယ္။

ေဆးေဖာ္နည္း
(၁) ၾကက္သြန္ျဖဴ ၅ ဇြန္းခန့္(ထမင္းစားဇြန္း) ရေအာင္ အနည္းငယ္မွ် ေထာင္းပါ။
(၂) ခ်င္း(ဂ်င္း) ကိုလည္း ၅ ဇြန္းခန့္ ေထာင္းပါ။ (မေထာင္းပဲ ဓါးျဖင့္ ခပ္ေသးေသးျဖစ္ေအာင္ ေတာက္ေတာက္စင္းလွ်င္လည္း ရပါသည္)
(၃) ၄င္း (ဂ်င္း၊ ၾကက္သြန္ျဖဴ) ႏွစ္မ်ိဳးကို ေရ ၁၅ ဇြန္းခန့္ျဖင့္ ထက္၀က္ခန္းေအာင္ က်ိဳလိုက္ပါ။
(၄) အဖတ္မ်ားကို ဖယ္၍ အရည္ကို ခဏမွ် အေအးခံထားပါ။

(၅) ၄င္းဂ်င္းျပဳတ္ရည္ထဲကို ပ်ားရည္ (သဘာ၀ပ်ားရည္စစ္စစ္) ၅ ဇြန္းခန့္ ထည့္ပါ။
(၆) Apple Cider Vinegar (ပန္းသီးအရည္) ကိုလည္း ရႏုိင္ပါက ၅ ဇြန္းထည့္ပါ။ ( City Mark တို့လိုဆုိင္ေတြမွာ ၀ယ္ယူႏိုင္ပါတယ္။ မပါရင္လည္း ကိစၥမရွိပါ)
(၇) သံပုရာရည္ (သို့မဟုတ္) ေရွာက္ရည္ ၅ ဇြန္းခန့္ ထည့္၍ အ၀က်ယ္ေသာ ပုလင္းထဲကို ထည့္ကာ အဖံုးလံုေအာင္ ပိတ္ထားပါ။

ေဆးေသာက္ရန္
၄င္းေဆးပုလင္းကို ေရခဲေသတၱာထဲေသာ္၄င္း၊ အျပင္မွာေသာ္၄င္း ထား၍ မနက္၊ ေန့၊ ည တစ္ဇြန္းစီ တစ္ေန့ ၃ ၾကိမ္ ေရေႏြးျဖင့္ ေသာက္သံုးပါ။
ေႏြမိုးေဆာင္း ဘယ္ရာသီ ဘယ္အခ်ိန္မဆို ေသာက္သံုးႏိုင္ပါသည္။ အေအးမိ၊ တုပ္ေကြး၊ ကိုယ္ပူ၊ ေခ်ာင္းဆိုး၊ ရင္က်ပ္ ခြ်ဲသလိပ္ကပ္မ်ား သက္သာေပ်ာက္္ကင္းရံုမက က်န္းမာေစ၍ ခြန္အားကိုလည္း တိုးပြါးေစပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: saladmm

#Unicode Version#
အအေးမိ၊ တုပ်ကွေး၊ ကိုယ်ပူ၊ ချောင်းဆိုး၊ ရင်ကျပ် ချွဲသလိပ်ကပ် စတာတွေကို ခံစားနေရသည့် ဝေဒနာရှင်များအတွက် ကိုယ်တိုင်ဖော်စပ်နိုင်ရန် သဘာ၀ ဆေးနည်းကောင်းတစ်လက်ကို မျှဝေပေးလိုက်ပါတယ်။

ဆေးဖော်နည်း
(၁) ကြက်သွန်ဖြူ ၅ ဇွန်းခန့်(ထမင်းစားဇွန်း) ရအောင် အနည်းငယ်မျှ ထောင်းပါ။
(၂) ချင်း(ဂျင်း) ကိုလည်း ၅ ဇွန်းခန့် ထောင်းပါ။ (မထောင်းပဲ ဓါးဖြင့် ခပ်သေးသေးဖြစ်အောင် တောက်တောက်စင်းလျှင်လည်း ရပါသည်)
(၃) ၎င်း (ဂျင်း၊ ကြက်သွန်ဖြူ) နှစ်မျိုးကို ရေ ၁၅ ဇွန်းခန့်ဖြင့် ထက်ဝက်ခန်းအောင် ကျိုလိုက်ပါ။
(၄) အဖတ်များကို ဖယ်၍ အရည်ကို ခဏမျှ အအေးခံထားပါ။

(၅) ၎င်းဂျင်းပြုတ်ရည်ထဲကို ပျားရည် (သဘာဝပျားရည်စစ်စစ်) ၅ ဇွန်းခန့် ထည့်ပါ။
(၆) Apple Cider Vinegar (ပန်းသီးအရည်) ကိုလည်း ရနိုင်ပါက ၅ ဇွန်းထည့်ပါ။ ( City Mark တို့လိုဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ မပါရင်လည်း ကိစ္စမရှိပါ)
(၇) သံပုရာရည် (သို့မဟုတ်) ရှောက်ရည် ၅ ဇွန်းခန့် ထည့်၍ အဝကျယ်သော ပုလင်းထဲကို ထည့်ကာ အဖုံးလုံအောင် ပိတ်ထားပါ။

ဆေးသောက်ရန်
၎င်းဆေးပုလင်းကို ရေခဲသေတ္တာထဲသော်၎င်း၊ အပြင်မှာသော်၎င်း ထား၍ မနက်၊ နေ့၊ ည တစ်ဇွန်းစီ တစ်နေ့ ၃ ကြိမ် ရေနွေးဖြင့် သောက်သုံးပါ။
နွေမိုးဆောင်း ဘယ်ရာသီ ဘယ်အချိန်မဆို သောက်သုံးနိုင်ပါသည်။ အအေးမိ၊ တုပ်ကွေး၊ ကိုယ်ပူ၊ ချောင်းဆိုး၊ ရင်ကျပ် ချွဲသလိပ်ကပ်များ သက်သာပျောက်ကင်းရုံမက ကျန်းမာစေ၍ ခွန်အားကိုလည်း တိုးပွါးစေပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: saladmm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top