ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တစ္ခါက ပုဏၰားက ဘုရားကို ေစတ၀န္ေက်ာင္းေရွ႔မွာ ေန႔တိုင္းလာဆဲတယ္။ ၾကာေတာ့လည္း သူ႔ဘာသာသူ ရပ္သြားတယ္။ ဒီေလာက္ဆဲေနတာ ဘာေၾကာင့္ ဘာမွၿပန္မေၿပာတာလဲလို႔ ဗုဒၶကုိေမးတယ္။

ဗုဒၶက – အသင္ ပုဏၰား ငါဘုရားဥပမာေပးမယ္။ သင္က လက္ေဆာင္တစ္ခုေပးခ်င္လို႔ ယူလာတယ္။ ယူလာတဲ့ပစၥည္းကို ေပးတာ ၿငင္းလို႔ရွိရင္ လက္ေဆာင္ကဘယ္သူ႔ဆီမွာရွိေနမလဲ။ ပုဏၰားၾကီးက ကုိယ္လက္ထဲမွာပဲ ရွိေနမွာပါတဲ့။ အဲ့ဒီလိုပဲ သင္ဆဲတာကို ငါဘုရားမယူဘူးတဲ့။

ဒါ့ေၾကာင့္ ကိုယ္က ယူလိုက္လို႔ ခံေနရတာပါေနာ္။
ကိုယ္စိတ္ဆင္းရဲမႈၿဖစ္ရတာဟာ ကိုယ့္ဘက္ကပူးေပါင္းေဆာင္ရြက္မႈ ပါေနတယ္ဆိုတာကို သေဘာေပါက္ဖို႔ လိုတယ္။
ဒုကၡၿဖစ္လာဖို႔ မိမိကုိယ္တိုင္က ပူးေပါင္းေဆာင္ရြက္ေနတယ္။
ဒါကို သေဘာေပါက္ရင္ အင္မတန္ေကာင္းတယ္။
ဒါ့ေၾကာင့္ တရားအားထုတ္ၿပီးေတာ့ ကိုယ့္စိတ္ကို ကိုယ္ၾကည့္ၿပီးေတာ့ မိမိကုိယ္ကို အဲ့ဒီလိုဒုကၡမေရာက္ေအာင္ မတိုးတက္ေအာင္ မၾကီးပြားေအာင္ လုပ္ေနတာေတြကို ၿမင္ၿပီးေတာ့ ရပ္တန္႔လိုက္မယ္ ဖယ္ရွားလိုက္မယ္ဆိုရင္ ကိုယ့္ဘ၀မွာ ပိုေခ်ာလာပါလိမ့္မယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ( ဆရာေတာ္ ဦးေဇာတိက )
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါက ပုဏ္ဏားက ဘုရားကို စေတဝန်ကျောင်းရှေ့မှာ နေ့တိုင်းလာဆဲတယ်။ ကြာတော့လည်း သူ့ဘာသာသူ ရပ်သွားတယ်။ ဒီလောက်ဆဲနေတာ ဘာကြောင့် ဘာမှပြန်မပြောတာလဲလို့ ဗုဒ္ဓကိုမေးတယ်။

ဗုဒ္ဓက – အသင် ပုဏ္ဏား ငါဘုရားဥပမာပေးမယ်။ သင်က လက်ဆောင်တစ်ခုပေးချင်လို့ ယူလာတယ်။ ယူလာတဲ့ပစ္စည်းကို ပေးတာ ငြင်းလို့ရှိရင် လက်ဆောင်ကဘယ်သူ့ဆီမှာရှိနေမလဲ။ ပုဏ္ဏားကြီးက ကိုယ်လက်ထဲမှာပဲ ရှိနေမှာပါတဲ့။ အဲ့ဒီလိုပဲ သင်ဆဲတာကို ငါဘုရားမယူဘူးတဲ့။

ဒါ့ကြောင့် ကိုယ်က ယူလိုက်လို့ ခံနေရတာပါနော်။
ကိုယ်စိတ်ဆင်းရဲမှုဖြစ်ရတာဟာ ကိုယ့်ဘက်ကပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
ဒုက္ခဖြစ်လာဖို့ မိမိကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်နေတယ်။
ဒါကို သဘောပေါက်ရင် အင်မတန်ကောင်းတယ်။
ဒါ့ကြောင့် တရားအားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်ကို အဲ့ဒီလိုဒုက္ခမရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ ရပ်တန့်လိုက်မယ် ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘဝမှာ ပိုချောလာပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  ( ဆရာတော် ဦးဇောတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top