ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ယာဥ္ေမာင္းလိုင္စင္အသစ္ ျပဳလုပ္ျခင္းႏွင့္ ယာဥ္ေမာင္းလိုင္စင္သက္တမ္းတိုးျခင္းမ်ား ျပဳလုပ္ပါက နိုဝင္ဘာ ၁ ရက္မွစ၍ ထပ္မံ တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း ကုန္လမ္းပို႔ေဆာင္ေရး ညႊန္ၾကားမွုဦးစီးဌာနမွ တိုင္းဦးစီးမွူး ဦးလ်န္က်င့္မန္က အတည္ျပဳေျပာၾကားသည္။“ယာဥ္ေမာင္းလိုင္စင္အသစ္ လုပ္တာနဲ႔ သက္တမ္းတိုးတာေတြ နိုဝင္ဘာလကစၿပီး ေစ်းႏွုန္း နည္းနည္းစီ တက္မယ္။ ေစ်းႏွုန္းတက္မယ့္ႏွုန္းထားကို မၾကာခင္ ေၾကညာေပးသြားပါမယ္။ အျပင္မွာ ပ်ံ႕ေနသလို ငါးေသာင္းေလာက္တက္မယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ နည္းနည္းစီေလာက္ပဲ တက္မွာပါ”ဟု ဦးလ်န္က်င့္မာန္က ဆိုသည္။

လက္ရွိတြင္ ယာဥ္ေမာင္းလိုင္စင္အသစ္ျပဳလုပ္ပါက က်ပ္ရွစ္ေထာင္ေက်ာ္ခန႔္သာ က်သင့္ၿပီး ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးပါက က်ပ္တစ္ေသာင္းခန႔္မွ တစ္ေသာင္းႏွစ္ေထာင္အထိ ေကာက္ခံလ်က္ရွိေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမွုဦးစီးဌာနထံမွ သိရသည္။နိုဝင္ဘာလတြင္ ယာဥ္ေမာင္းလိုင္စင္အသစ္ ျပဳလုပ္ပါက ငါးေသာင္းတစ္ေထာင္အထိ က်သင့္မည္ျဖစ္ၿပီး ယာဥ္ေမာင္းလိုင္စင္ သက္တမ္းတိုးပါက ေျခာက္ေသာင္းႏွစ္ေထာင္အထိ က်သင့္မည္ဟု သတင္းမ်ားထြက္ေပၚေနေၾကာင္း ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

“ယာဥ္ေမာင္းလိုက္စင္အသစ္ လုပ္ရင္ လိုင္စင္ေျဖလို႔ ေအာင္ရင္ ရွစ္ေထာင္ေက်ာ္ပဲက်တယ္။ နိုဝင္ဘာလက်ရင္ ငါးေသာင္းတစ္ေထာင္ေပးရမယ္ၾကားတယ္။ ဟုတ္ မဟုတ္ေတာ့ ေသခ်ာမသိေသးဘူး။ ယာဥ္ေမာင္းလိုုင္စင္သက္တမ္းတိုးတာေတြလည္း တက္မယ္ၾကားတယ္”ဟု ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ ယာဥ္ေမာင္းသင္တန္းေက်ာင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ယာဥ္ေမာင္းလိုင္စင္ေျဖဆိုသူမ်ားအေနႏွင့္ ျမင္သာ (က.ည.န)႐ုံးတြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းကို စာေတြ႕ေျဖဆိုမွုေအာင္ျမင္ပါက ရြာသာႀကီး(က.ည.န)႐ုံးတြင္ လက္ေတြ႕ေမာင္းႏွင္မွုကို ေျဖဆိုရမွာျဖစ္ၿပီး ယာဥ္ေမာင္းလိုင္စင္လက္ေတြ႕ေျဖဆိုရာတြင္ ဌာနရွိ ယာဥ္မ်ားကို ငွားရမ္း၍ ေမာင္းႏွင္ေျဖဆိုနိုင္ၿပီး ကိုယ္ပိုင္ယာဥ္မ်ားျဖင့္လည္း ေျဖဆိုခြင့္ျပဳထားေၾကာင္း က.ည.န ထံမွ သိရသည္။
ျမန္မာနိုင္ငံတြင္ တရားဝင္မွတ္ပုံတင္ျပဳလုပ္သည့္ ေမာ္ေတာ္ယာဥ္အစီးေရ ရွစ္သိန္းေက်ာ္ရွိၿပီး ယာဥ္ေမာင္းလိုင္စင္ ရွစ္သိန္းခန႔္ ထုတ္ေပးထားၿပီျဖစ္ေၾကာင္း ကုန္လမ္းပို႔ေဆာင္ေရးညြန္ၾကားမွု ဦးစီးဌာန စာရင္းအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: saladmm

#Unicode Version#

ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းများ ပြုလုပ်ပါက နိုဝင်ဘာ ၁ ရက်မှစ၍ ထပ်မံ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မန်က အတည်ပြုပြောကြားသည်။“ယာဉ်မောင်းလိုင်စင်အသစ် လုပ်တာနဲ့ သက်တမ်းတိုးတာတွေ နိုဝင်ဘာလကစပြီး ဈေးနှုန်း နည်းနည်းစီ တက်မယ်။ ဈေးနှုန်းတက်မယ့်နှုန်းထားကို မကြာခင် ကြေညာပေးသွားပါမယ်။ အပြင်မှာ ပျံ့နေသလို ငါးသောင်းလောက်တက်မယ်ဆိုတာတော့ မဟုတ်ပါဘူး။ နည်းနည်းစီလောက်ပဲ တက်မှာပါ”ဟု ဦးလျန်ကျင့်မာန်က ဆိုသည်။

လက်ရှိတွင် ယာဉ်မောင်းလိုင်စင်အသစ်ပြုလုပ်ပါက ကျပ်ရှစ်ထောင်ကျော်ခန့်သာ ကျသင့်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပါက ကျပ်တစ်သောင်းခန့်မှ တစ်သောင်းနှစ်ထောင်အထိ ကောက်ခံလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။နိုဝင်ဘာလတွင် ယာဉ်မောင်းလိုင်စင်အသစ် ပြုလုပ်ပါက ငါးသောင်းတစ်ထောင်အထိ ကျသင့်မည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးပါက ခြောက်သောင်းနှစ်ထောင်အထိ ကျသင့်မည်ဟု သတင်းများထွက်ပေါ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“ယာဉ်မောင်းလိုက်စင်အသစ် လုပ်ရင် လိုင်စင်ဖြေလို့ အောင်ရင် ရှစ်ထောင်ကျော်ပဲကျတယ်။ နိုဝင်ဘာလကျရင် ငါးသောင်းတစ်ထောင်ပေးရမယ်ကြားတယ်။ ဟုတ် မဟုတ်တော့ သေချာမသိသေးဘူး။ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးတာတွေလည်း တက်မယ်ကြားတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ယာဉ်မောင်းသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယာဉ်မောင်းလိုင်စင်ဖြေဆိုသူများအနေနှင့် မြင်သာ (က.ည.န)ရုံးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို စာတွေ့ဖြေဆိုမှုအောင်မြင်ပါက ရွာသာကြီး(က.ည.န)ရုံးတွင် လက်တွေ့မောင်းနှင်မှုကို ဖြေဆိုရမှာဖြစ်ပြီး ယာဉ်မောင်းလိုင်စင်လက်တွေ့ဖြေဆိုရာတွင် ဌာနရှိ ယာဉ်များကို ငှားရမ်း၍ မောင်းနှင်ဖြေဆိုနိုင်ပြီး ကိုယ်ပိုင်ယာဉ်များဖြင့်လည်း ဖြေဆိုခွင့်ပြုထားကြောင်း က.ည.န ထံမှ သိရသည်။
မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ပြုလုပ်သည့် မော်တော်ယာဉ်အစီးရေ ရှစ်သိန်းကျော်ရှိပြီး ယာဉ်မောင်းလိုင်စင် ရှစ်သိန်းခန့် ထုတ်ပေးထားပြီဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာန စာရင်းအရ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: saladmm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top