ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ရန္ကုန္ၿမိဳ႕ ကမ္းနားလမ္းတြင္ ယမန္ေန႔က ကြန္တိန္နာယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လိုက္မ်ားက ကားမ်ားရပ္၍ ဆႏၵထုတ္ေဖာ္သျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မႈျဖစ္ပြားေနစဥ္ (ဓာတ္ပံု − MPA)

ကုန္ေသတၱာတင္ယာဥ္မ်ား(ကြန္ တိန္နာယာဥ္မ်ား)ကုိ ကမ္းနားလမ္းတြင္ ယာဥ္ေမာင္းခ်ိန္ တစ္နာရီေလွ်ာ့ခ်သျဖင့္ အခ်ိန္တိုးေပးရန္ ညလုံးေပါက္ဆႏၵထုတ္ ေဖာ္ခဲ့ၿပီးေနာက္ ရန္ကုန္တိုင္းအစုိးရႏွင့္ျမန္မာႏုိင္ငံကုန္ေသတၱာသယ္ယူပုိ႔ေဆာင္ ေရးလုပ္ငန္းရွင္မ်ားအသင္း တာ၀န္ရွိသူ မ်ား ေဆြးေႏြးညိႇႏႈိင္းကာ ညပုိင္းအခ်ိန္ ေမာင္းႏွင္မႈကုိ မူလအတိုင္းထားရွိၿပီး ေန႔လယ္ပိုင္းေမာင္းႏွင္ခြင့္အခ်ိန္ ေျပာင္းလဲ ေျဖေလွ်ာ့ေပးရန္ ေတာင္းဆုိခ်က္ကုိမူ လက္မခံရန္ သေဘာတူခဲ့ေၾကာင္း အထက္ပါအသင္းတာ၀န္ရွိသူအခ်ိဳ႕က ေျပာၾကားသည္။

ကုန္ေသတၱာတင္ယာဥ္မ်ား ေမာင္းႏွင္ခ်ိန္ကုိ ယခင္ကည ၈ နာရီမွ နံနက္ ၆ နာရီအထိ သတ္ မွတ္ထားရာမွ ေအာက္တိုဘာ ၉ ရက္ကစ၍ အခ်ိန္တစ္နာရီေလွ်ာ့ ခ်ကာ ည ၉ နာရီမွ နံနက္ ၆ နာရီ အထိေျပာင္းလဲျခင္း၊ အခ်ိန္ ေျပာင္းလဲသတ္မွတ္ျခင္းကုိ အသိ မေပး၊ မေၾကညာဘဲ ေမာင္းႏွင္ သည့္ယာဥ္မ်ားကုိ ဖမ္းဆီးျခင္း အေပၚ ကန္႔ကြက္သည့္အေနျဖင့္ ယာဥ္ေမာင္းမ်ားက ရာႏွင့္ခ်ီ ေသာကုန္ေသတၱာတင္ယာဥ္မ်ား ကုိ ေအာက္တုိဘာ ၁၀ ရက္ည ၈ နာရီခန္႔ကစ၍ ကမ္းနားလမ္း တစ္ေလွ်ာက္ရပ္တန္႔ကာ ညလုံး ေပါက္ဆႏၵျပခဲ့သည္။ ထုိသုိ႔ဆႏၵ ထုတ္ေဖာ္သျဖင့္ ယာဥ္ေၾကာက်ပ္ တည္းမႈမ်ားဆုိးရြားစြာျဖစ္ေပၚခဲ့ သည္။ ဆႏၵထုတ္ေဖာ္မႈသည္ ၁၅ နာရီ၀န္းက်င္ၾကာျမင့္ခဲ့ၿပီး ေအာက္တိုဘာ ၁၁ ရက္နံနက္က အႀကိဳ ညိႇႏႈိင္းသေဘာတူညီခ်က္ရရွိၿပီး ေနာက္ ကုန္ေသတၱာတင္ယာဥ္ ေမာင္းမ်ားက ယာဥ္မ်ားကုိျပန္ လည္ေမာင္းႏွင္ခဲ့ေၾကာင္း ယင္းဆႏၵထုတ္ေဖာ္မႈတြင္ပါ၀င္ခဲ့သည့္ ယာဥ္ေမာင္းကုိ၀င္းေဇာ္ထြန္းက ဆုိသည္။

ဆႏၵျပယာဥ္ေမာင္းမ်ားက မူလအတိုင္း ည ၈ နာရီမွ နံနက္ ၆ နာရီအထိ ေမာင္းႏွင္ခြင့္ျပဳေပးရန္ႏွင့္ ေန႔လယ္ပိုင္းတြင္ လက္ရွိ သတ္မွတ္ထားသည့္ ၁၁ နာရီမွ ၁၂ နာရီအထိႏွင့္ ၁ နာရီမွ ၂ နာရီ အထိေမာင္းႏွင္ခြင့္အစား ၁၁နာရီမွ ညေန ၃ နာရီအထိထားေပးရန္ ေတာင္းဆုိခဲ့ၾကသည္။

‘‘ေန႔လယ္ပုိင္းအခ်ိန္ကုိ ေတာ့ အမ်ားျပည္သူကလည္း လက္မခံတဲ့အတြက္ ခြင့္မျပဳဘူး လုိ႔ဆုံးျဖတ္လုိက္တယ္’’ ဟု ျမန္ မာႏုိင္ငံကုန္ေသတၱာတင္သယ္ယူ ပုိ႔ေဆာင္ေရးလုပ္ငန္းရွင္မ်ားအ သင္းဗဟုိအလုပ္အမႈေဆာင္ဦးရဲ ေခါင္က ေျပာသည္။

ထုိသုိ႔ ကုန္ေသတၱာတင္ ယာဥ္မ်ား ေမာင္းႏွင္ခြင့္အခ်ိန္ႏွင့္ ပတ္သက္၍ ရန္ကုန္တိုင္းေဒသ ႀကီးအစုိးရက တရား၀င္စာထုတ္ ျပန္ရန္ရွိေၾကာင္း အသင္းတာ၀န္ရွိသူတစ္ဦးက ဆုိသည္။

အဆုိပါအစည္းအေ၀းဆုံး ျဖတ္ခ်က္ႏွင့္ပတ္သက္၍ ရန္ကုန္ တိုင္းေဒသႀကီးလွ်ပ္စစ္၊ စက္မႈ လက္မႈႏွင့္လမ္းပန္းဆက္သြယ္ ေရး၀န္ႀကီးေဒၚနီလာေက်ာ္ထံ 7Day Daily သတင္းစာကဆက္ သြယ္ေမးျမန္းေသာ္လည္း လက္ ခံေျဖၾကားျခင္းမရွိေပ။

‘‘ကြၽန္ေတာ္တုိ႔ဆီကုိေတာ့ အခ်ိန္အတည္ျပဳခ်က္အေၾကာင္း ၾကားစာမရေသးလို႔ ဘာေတြ လုိက္ေလ်ာေပးလုိက္တယ္ဆုိ တာ မသိရေသးဘူးဗ်။ ကြၽန္ေတာ္ တို႔ေတာင္းဆုိခ်က္ရဖုိ႔ေတာ့ ေမွ်ာ္ လင့္ထားတယ္’’ ဟုကုိ၀င္းေဇာ္ ထြန္းက ေအာက္တိုဘာ ၁၁ ရက္ ညေနတြင္ ေျပာသည္။

ထုိသုိ႔ေတာင္းဆုိခ်က္မ်ား ကုိ လုိက္ေလ်ာေပးျခင္းမရွိပါက ေတာင္းဆုိမႈမ်ား ဆက္လက္ျပဳ လုပ္မည္ဟု ကုန္ေသတၱာယာဥ္ ေမာင္းအခ်ိဳ႕က ဆုိသည္။

ထုိ႔အျပင္ အခ်ိန္ျပင္ဆင္ ခ်က္စတင္က်င့္သုံးခဲ့သည့္ ေအာက္တိုဘာ ၉ ရက္ႏွင့္ ၁၀ ရက္ကသတ္မွတ္ခ်ိန္မတိုင္မီ ေမာင္းႏွင္ခဲ့၍ လုိင္စင္သိမ္းအေရး ယူခံထားရသည့္ယာဥ္ေမာင္းမ်ား ကုိ အေရးယူမႈ႐ုပ္သိမ္းေပးရန္ ေတာင္းဆိုမႈအား ေျပလည္ေအာင္ေျဖရွင္းေပးမည္ဟု သက္ဆိုင္ရာတာ၀န္ရွိသူမ်ားက ေျပာၾကားထားေသာ္လည္း ယာဥ္ေမာင္းလိုင္စင္ ျပန္လည္ရရွိျခင္းမရွိေသးဟု ကုိယ္တိုင္ဖမ္းဆီးခံရသည့္  ကုိ၀င္းေဇာ္ထြန္းက ေအာက္တိုဘာ ၁၁ ရက္ညေနတြင္ ေျပာ သည္။ ေအာက္တိုဘာ ၄ ရက္က ရန္ကုန္တိုင္းေဒသႀကီးလႊတ္ ေတာ္အစည္းအေ၀းတြင္ တိုင္းေဒသႀကီး လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေ၀ၿဖိဳးဟန္က ကုန္ေသတၱာတင္ ယာဥ္မ်ား သတ္မွတ္ခ်ိန္ ျပင္ပ ေျပးဆြဲမႈမ်ား ႏွင့္ပတ္သက္၍ေမးျမန္းခ့ဲရာ သတ္မွတ္ခ်ိန္မဟုတ္ဘဲ ျဖတ္သန္းသြားလာသည့္ကုန္ ေသတၱာယာဥ္မ်ားကုိ ေမာ္ေတာ္ ယာဥ္ဥပေဒျဖင့္ အေရးယူမည္ဟု ရန္ကုန္တိုင္းေဒသႀကီးလွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္လမ္းပန္းဆက္ သြယ္ေရး၀န္ႀကီးေဒၚနီလာေက်ာ္ က ေျဖၾကားသည္။

ကုန္ေသတၱာတင္ယာဥ္ႏွင့္ ကုန္တင္ယာဥ္မ်ားကုိ ၂၀၁၆ ဒီ ဇင္ဘာ ၇ ရက္ကစတင္၍ ည ၉ နာရီမွ နံနက္ ၆ နာရီအထိသာခြင့္ ျပဳခဲ့သည္။ အဆုိပါယာဥ္မ်ားသြားလာေရးအဆင္ေျပေစရန္ ယာဥ္ ေၾကာ ပိတ္ဆုိ႔မႈနည္းပါးသည့္လမ္းမ်ားကုိ ေရြးခ်ယ္ခဲ့ၿပီး မြန္းလြဲ ၁ နာရီ မွ ၃ နာရီအတြင္းျဖတ္သန္းသြားလာရန္ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႕က ၂၀၁၇ မတ္လ ၁၅ ရက္တြင္ အခ်ိန္ေျဖေလွ်ာ့ခြင့္ျပဳခဲ့ေၾကာင္း ၀န္ႀကီးက ရွင္းျပသည္။

လႊတ္ေတာ္တြင္ ေျဖၾကား အၿပီး ငါးရက္အၾကာတြင္ ကြန္ တိန္နာယာဥ္ေမာင္းခ်ိန္ တစ္နာရီ ေလွ်ာ့ခ်ၿပီး သတ္မွတ္ခ်ိန္မဟုတ္ ဘဲ ျဖတ္သန္းေသာယာဥ္မ်ားကုိ ဖမ္းဆီးအေရးယူခဲ့သည္။

‘‘ျပႆနာကို ေျဖရွင္းမယ္ဆို တျခားနည္းလမ္းေတြလည္း ရွိမွာ ပါ။ အခုလိုလမ္းေတြပိတ္သြားရ တဲ့ျဖစ္ရပ္မ်ိဳးကိုေတာ့ အားမေပး ဘူး။ ဒီလိုလုပ္လို႔ တျခားသူေတြ ဒုကၡေရာက္ၾကရတယ္။ ျဖစ္ႏိုင္ ရင္ မေက်နပ္ခ်က္ေတြကို တျခား သူေတြကို မထိခိုက္မယ့္ပံုစံမ်ိဳးနဲ႔ ညႇိႏႈိင္းေျဖရွင္းသင့္တယ္’’ ဟု ဦး ေဝၿဖိဳးဟန္က ေျပာသည္။

‘‘ကြၽန္ေတာ္က အစိုးရေျပာ ထားတာနဲ႔ လက္ရွိမွာ ျဖစ္ေပၚေန တဲ့ အေျခအေနကြဲလြဲမႈေတြရွိေန တယ္ဆိုတာ သိေစလိုတဲ့အတြက္ ေမးတာေပါ့။ အစိုးရကေျပာၿပီး ေနာက္ပိုင္း အလုပ္မျဖစ္တာေတြ ကို သိေအာင္ ျပန္ထိန္းေက်ာင္း သတိေပးတဲ့သေဘာပါ’’ ဟု ဦးေဝၿဖိဳးဟန္က ဆက္လက္ေျပာ ၾကားသည္။

ထုိသို႔ ကားမ်ားရပ္ၿပီးဆႏၵ ထုတ္ေဖာ္ေတာင္းဆုိသျဖင့္ ယာဥ္ေၾကာပိတ္ဆုိ႔မႈျဖစ္ပြားၿပီး YBS (20)ႏွင့္ YBS (98)ယာဥ္ လုိင္းမ်ားကုိ ပုံမွန္စီးနင္းေနသည့္ ခရီးသည္ ၁၀,၀၀၀ ခန္႔ ႐ံုးတက္ခ်ိန္တြင္ ခရီးသြားလာေရး ဆုိးဆုိးရြားရြားအဆင္မေျပျဖစ္ခဲ့ ေၾကာင္း OMNI Focus က ယမန္ ေန႔က ေၾကညာသည္။ ထုိ႔ေၾကာင့္  YBS (20)ႏွင့္ YBS (98)ယာဥ္ လုိင္းမ်ားကုိ ေစာင့္ဆိုင္းစီးနင္းရာ တြင္ အခက္အခဲမ်ားစြာႀကံဳေတြ႕ခဲ့ ရေသာ ခရီးသြားျပည္သူမ်ားကုိ OMNI FOCUS ကေတာင္း ပန္ထားသည္။

ရန္ကုန္တုိင္းေဒသႀကီးတြင္ ကုန္ေသတၱာတင္ယာဥ္အစီးေရ ေလးေထာင္ေက်ာ္ရွိေၾကာင္း အ ဆုိပါလုပ္ငန္းလုပ္ကုိင္ေနသူမ်ား ကဆုိသည္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ယမန်နေ့က ကွန်တိန်နာယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များက ကားများရပ်၍ ဆန္ဒထုတ်ဖော်သဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားနေစဉ် (ဓာတ်ပုံ − MPA)

ကုန်သေတ္တာတင်ယာဉ်များ(ကွန် တိန်နာယာဉ်များ)ကို ကမ်းနားလမ်းတွင် ယာဉ်မောင်းချိန် တစ်နာရီလျှော့ချသဖြင့် အချိန်တိုးပေးရန် ညလုံးပေါက်ဆန္ဒထုတ် ဖော်ခဲ့ပြီးနောက် ရန်ကုန်တိုင်းအစိုးရနှင့်မြန်မာနိုင်ငံကုန်သေတ္တာသယ်ယူပို့ဆောင် ရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ များ ဆွေးနွေးညှိနှိုင်းကာ ညပိုင်းအချိန် မောင်းနှင်မှုကို မူလအတိုင်းထားရှိပြီး နေ့လယ်ပိုင်းမောင်းနှင်ခွင့်အချိန် ပြောင်းလဲ ဖြေလျှော့ပေးရန် တောင်းဆိုချက်ကိုမူ လက်မခံရန် သဘောတူခဲ့ကြောင်း အထက်ပါအသင်းတာဝန်ရှိသူအချို့က ပြောကြားသည်။

ကုန်သေတ္တာတင်ယာဉ်များ မောင်းနှင်ချိန်ကို ယခင်ကည ၈ နာရီမှ နံနက် ၆ နာရီအထိ သတ် မှတ်ထားရာမှ အောက်တိုဘာ ၉ ရက်ကစ၍ အချိန်တစ်နာရီလျှော့ ချကာ ည ၉ နာရီမှ နံနက် ၆ နာရီ အထိပြောင်းလဲခြင်း၊ အချိန် ပြောင်းလဲသတ်မှတ်ခြင်းကို အသိ မပေး၊ မကြေညာဘဲ မောင်းနှင် သည့်ယာဉ်များကို ဖမ်းဆီးခြင်း အပေါ် ကန့်ကွက်သည့်အနေဖြင့် ယာဉ်မောင်းများက ရာနှင့်ချီ သောကုန်သေတ္တာတင်ယာဉ်များ ကို အောက်တိုဘာ ၁၀ ရက်ည ၈ နာရီခန့်ကစ၍ ကမ်းနားလမ်း တစ်လျှောက်ရပ်တန့်ကာ ညလုံး ပေါက်ဆန္ဒပြခဲ့သည်။ ထိုသို့ဆန္ဒ ထုတ်ဖော်သဖြင့် ယာဉ်ကြောကျပ် တည်းမှုများဆိုးရွားစွာဖြစ်ပေါ်ခဲ့ သည်။ ဆန္ဒထုတ်ဖော်မှုသည် ၁၅ နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီး အောက်တိုဘာ ၁၁ ရက်နံနက်က အကြို ညှိနှိုင်းသဘောတူညီချက်ရရှိပြီး နောက် ကုန်သေတ္တာတင်ယာဉ် မောင်းများက ယာဉ်များကိုပြန် လည်မောင်းနှင်ခဲ့ကြောင်း ယင်းဆန္ဒထုတ်ဖော်မှုတွင်ပါဝင်ခဲ့သည့် ယာဉ်မောင်းကိုဝင်းဇော်ထွန်းက ဆိုသည်။

ဆန္ဒပြယာဉ်မောင်းများက မူလအတိုင်း ည ၈ နာရီမှ နံနက် ၆ နာရီအထိ မောင်းနှင်ခွင့်ပြုပေးရန်နှင့် နေ့လယ်ပိုင်းတွင် လက်ရှိ သတ်မှတ်ထားသည့် ၁၁ နာရီမှ ၁၂ နာရီအထိနှင့် ၁ နာရီမှ ၂ နာရီ အထိမောင်းနှင်ခွင့်အစား ၁၁နာရီမှ ညနေ ၃ နာရီအထိထားပေးရန် တောင်းဆိုခဲ့ကြသည်။

‘‘နေ့လယ်ပိုင်းအချိန်ကို တော့ အများပြည်သူကလည်း လက်မခံတဲ့အတွက် ခွင့်မပြုဘူး လို့ဆုံးဖြတ်လိုက်တယ်’’ ဟု မြန် မာနိုင်ငံကုန်သေတ္တာတင်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းရှင်များအ သင်းဗဟိုအလုပ်အမှုဆောင်ဦးရဲ ခေါင်က ပြောသည်။

ထိုသို့ ကုန်သေတ္တာတင် ယာဉ်များ မောင်းနှင်ခွင့်အချိန်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက တရားဝင်စာထုတ် ပြန်ရန်ရှိကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါအစည်းအဝေးဆုံး ဖြတ်ချက်နှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဒေါ်နီလာကျော်ထံ 7Day Daily သတင်းစာကဆက် သွယ်မေးမြန်းသော်လည်း လက် ခံဖြေကြားခြင်းမရှိပေ။

‘‘ကျွန်တော်တို့ဆီကိုတော့ အချိန်အတည်ပြုချက်အကြောင်း ကြားစာမရသေးလို့ ဘာတွေ လိုက်လျောပေးလိုက်တယ်ဆို တာ မသိရသေးဘူးဗျ။ ကျွန်တော် တို့တောင်းဆိုချက်ရဖို့တော့ မျှော် လင့်ထားတယ်’’ ဟုကိုဝင်းဇော် ထွန်းက အောက်တိုဘာ ၁၁ ရက် ညနေတွင် ပြောသည်။

ထိုသို့တောင်းဆိုချက်များ ကို လိုက်လျောပေးခြင်းမရှိပါက တောင်းဆိုမှုများ ဆက်လက်ပြု လုပ်မည်ဟု ကုန်သေတ္တာယာဉ် မောင်းအချို့က ဆိုသည်။

ထို့အပြင် အချိန်ပြင်ဆင် ချက်စတင်ကျင့်သုံးခဲ့သည့် အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက်ကသတ်မှတ်ချိန်မတိုင်မီ မောင်းနှင်ခဲ့၍ လိုင်စင်သိမ်းအရေး ယူခံထားရသည့်ယာဉ်မောင်းများ ကို အရေးယူမှုရုပ်သိမ်းပေးရန် တောင်းဆိုမှုအား ပြေလည်အောင်ဖြေရှင်းပေးမည်ဟု သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားထားသော်လည်း ယာဉ်မောင်းလိုင်စင် ပြန်လည်ရရှိခြင်းမရှိသေးဟု ကိုယ်တိုင်ဖမ်းဆီးခံရသည့်  ကိုဝင်းဇော်ထွန်းက အောက်တိုဘာ ၁၁ ရက်ညနေတွင် ပြော သည်။ အောက်တိုဘာ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီးလွှတ် တော်အစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ကုန်သေတ္တာတင် ယာဉ်များ သတ်မှတ်ချိန် ပြင်ပ ပြေးဆွဲမှုများ နှင့်ပတ်သက်၍မေးမြန်းခဲ့ရာ သတ်မှတ်ချိန်မဟုတ်ဘဲ ဖြတ်သန်းသွားလာသည့်ကုန် သေတ္တာယာဉ်များကို မော်တော် ယာဉ်ဥပဒေဖြင့် အရေးယူမည်ဟု ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဒေါ်နီလာကျော် က ဖြေကြားသည်။

ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ၂၀၁၆ ဒီ ဇင်ဘာ ၇ ရက်ကစတင်၍ ည ၉ နာရီမှ နံနက် ၆ နာရီအထိသာခွင့် ပြုခဲ့သည်။ အဆိုပါယာဉ်များသွားလာရေးအဆင်ပြေစေရန် ယာဉ် ကြော ပိတ်ဆို့မှုနည်းပါးသည့်လမ်းများကို ရွေးချယ်ခဲ့ပြီး မွန်းလွဲ ၁ နာရီ မှ ၃ နာရီအတွင်းဖြတ်သန်းသွားလာရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၇ မတ်လ ၁၅ ရက်တွင် အချိန်ဖြေလျှော့ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးက ရှင်းပြသည်။

လွှတ်တော်တွင် ဖြေကြား အပြီး ငါးရက်အကြာတွင် ကွန် တိန်နာယာဉ်မောင်းချိန် တစ်နာရီ လျှော့ချပြီး သတ်မှတ်ချိန်မဟုတ် ဘဲ ဖြတ်သန်းသောယာဉ်များကို ဖမ်းဆီးအရေးယူခဲ့သည်။

‘‘ပြဿနာကို ဖြေရှင်းမယ်ဆို တခြားနည်းလမ်းတွေလည်း ရှိမှာ ပါ။ အခုလိုလမ်းတွေပိတ်သွားရ တဲ့ဖြစ်ရပ်မျိုးကိုတော့ အားမပေး ဘူး။ ဒီလိုလုပ်လို့ တခြားသူတွေ ဒုက္ခရောက်ကြရတယ်။ ဖြစ်နိုင် ရင် မကျေနပ်ချက်တွေကို တခြား သူတွေကို မထိခိုက်မယ့်ပုံစံမျိုးနဲ့ ညှိနှိုင်းဖြေရှင်းသင့်တယ်’’ ဟု ဦး ဝေဖြိုးဟန်က ပြောသည်။

‘‘ကျွန်တော်က အစိုးရပြော ထားတာနဲ့ လက်ရှိမှာ ဖြစ်ပေါ်နေ တဲ့ အခြေအနေကွဲလွဲမှုတွေရှိနေ တယ်ဆိုတာ သိစေလိုတဲ့အတွက် မေးတာပေါ့။ အစိုးရကပြောပြီး နောက်ပိုင်း အလုပ်မဖြစ်တာတွေ ကို သိအောင် ပြန်ထိန်းကျောင်း သတိပေးတဲ့သဘောပါ’’ ဟု ဦးဝေဖြိုးဟန်က ဆက်လက်ပြော ကြားသည်။

ထိုသို့ ကားများရပ်ပြီးဆန္ဒ ထုတ်ဖော်တောင်းဆိုသဖြင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားပြီး YBS (20)နှင့် YBS (98)ယာဉ် လိုင်းများကို ပုံမှန်စီးနင်းနေသည့် ခရီးသည် ၁၀,၀၀၀ ခန့် ရုံးတက်ချိန်တွင် ခရီးသွားလာရေး ဆိုးဆိုးရွားရွားအဆင်မပြေဖြစ်ခဲ့ ကြောင်း OMNI Focus က ယမန် နေ့က ကြေညာသည်။ ထို့ကြောင့်  YBS (20)နှင့် YBS (98)ယာဉ် လိုင်းများကို စောင့်ဆိုင်းစီးနင်းရာ တွင် အခက်အခဲများစွာကြုံတွေ့ခဲ့ ရသော ခရီးသွားပြည်သူများကို OMNI FOCUS ကတောင်း ပန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကုန်သေတ္တာတင်ယာဉ်အစီးရေ လေးထောင်ကျော်ရှိကြောင်း အ ဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများ ကဆိုသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top