ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တစ္ေန႔မွာ ေျမေခြးတစ္ေကာင္ဟာ ေတာအုပ္ထဲ အစာရွာေဖြရင္း ႐ုတ္တရက္ ေတာဝက္တစ္ေကာင္ကို ေတြ႕လိုက္ရပါတယ္။ ေတာဝက္ဟာ သူရဲ႕ အစြယ္ႀကီးႏွစ္ခုကို သစ္ပင္ႀကီးတစ္ပင္ရဲ႕ပင္စည္နဲ႔ ပြတ္တိုက္ၿပီး ေသြးေနတာပါ။

ေျမေခြးဟာ မလွမ္းမကမ္းကေန စိတ္ဝင္တစားၾကည့္ေနရင္း ပတ္ဝန္းက်င္ေဘးဘယ္ညာကိုလည္း တစ္ခ်က္ဝိုက္ၾကည့္လိုက္ပါတယ္။ ပတ္ဝန္းက်င္ကလည္း တိတ္ဆိတ္လ်က္ေနၿပီး ဘာအႏၲရာယ္မွမေတြ႕ျမင္ရတာေၾကာင့္ ေျမေခြးဟာ အထူးအဆန္းျဖစ္လို႔ေနပါတယ္။


ေျမေခြးဟာ တိတ္တဆိတ္ၾကည့္ေနရာမွ ဘာေၾကာင့္အခုလို အစြယ္ေသြးေနေၾကာင္းကို သိလိုစိတ္ေၾကာင့္ ေတာဝက္ႀကီးကို အခုလိုေမးလိုက္ပါတယ္။ "အေဆြ…ေတာဝက္ႀကီး ပတ္ဝန္းက်င္မွာ ဘာအႏၲရာယ္ ဘာမုဆိုးမွမရွိပါဘူး။ သင္ဘာလို႔ အပင္ပန္းခံၿပီး အစြယ္ေသြးေနရတာတုန္း"လို႔ ေမးတဲ့အခါ ေတာဝက္ႀကီးက " အေဆြ…ေျမေခြးေရ ငါတို႔ကအႏၲရာယ္ေတြမ်ားစြာရွိေနတဲ့ ေတာအုပ္ထဲမွာေနၾကရတာေလ။ ဘယ္အခ်ိန္မုဆိုးနဲ႔ေတြ႕မယ္ ဘယ္အခ်ိန္ေတာေကာင္ႀကီးနဲ႔တိုးမယ္ဆိုတာ မင္းေရာငါေရာ မသိၾကဘူးေလ။ တကယ့္တကယ္ အႏၲရာယ္နဲ႔ထိပ္တိုက္တိုးတဲ့အခါက်မွ အစြယ္ေသြးေနလို႔မရဘူးေလ။ အခုလိုမ်ိဳးလုပ္ေနတာကိုလည္း ပင္ပန္းတယ္လို႔သေဘာမထားပါဘူး။ ကိုယ္ႀကဳံလာမယ့္ ေဘးအႏၲရာယ္အတြက္ အေကာင္းဆုံးျပင္ဆင္ထားတာပါ "လို႔ ျပန္ေျပာလိုက္ပါတယ္။


ဟုတ္ပါတယ္။ ႀကိဴတင္ျပင္ဆင္မႈဆိုတာ လူတိုင္းျပဳလုပ္သင့္တဲ့အရာတစ္ခုပါ။ ေက်ာင္းသားတစ္ေယာက္ဟာ စာသင္ႏွစ္အစကတည္းက စာေမးပြဲအတြက္ႀကိဳတင္ျပင္ဆင္ထားၿပီး သင္ခန္းစာေတြကို ေန႔စဥ္ပုံမွန္ေလ့လာထားမယ္ဆိုရင္ စာေမးပြဲကို အခက္အခဲမရွိ လြယ္လြယ္ကူကူ ေျဖဆိုနိင္မွာပါ။ အဲဒီလိုမွမဟုတ္ဘဲ စာေမးပြဲနီးမွ စာစက်က္မယ္ဆိုရင္ေတာ့ စိုးရိမ္ေသာကမ်ားနဲ႔ စာေမးပြဲေျဖဆိုတဲ့အခါ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ႏိုင္ပါတယ္။ အဲ့ဒါေၾကာင့္ ဘာပဲလုပ္လုပ္ အဆိုးဆုံးကို ေမၽွာ္လင့္ထားၿပီး အေကာင္းဆုံးျပင္ဆင္ထားမယ္ဆိုရင္ ရလဒ္ေကာင္းေတြကို မလြဲမေသပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:www.yoyarlay.com
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်နေ့မှာ မြေခွေးတစ်ကောင်ဟာ တောအုပ်ထဲ အစာရှာဖွေရင်း ရုတ်တရက် တောဝက်တစ်ကောင်ကို တွေ့လိုက်ရပါတယ်။ တောဝက်ဟာ သူရဲ့ အစွယ်ကြီးနှစ်ခုကို သစ်ပင်ကြီးတစ်ပင်ရဲ့ပင်စည်နဲ့ ပွတ်တိုက်ပြီး သွေးနေတာပါ။

မြေခွေးဟာ မလှမ်းမကမ်းကနေ စိတ်ဝင်တစားကြည့်နေရင်း ပတ်ဝန်းကျင်ဘေးဘယ်ညာကိုလည်း တစ်ချက်ဝိုက်ကြည့်လိုက်ပါတယ်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်လျက်နေပြီး ဘာအန္တရာယ်မှမတွေ့မြင်ရတာကြောင့် မြေခွေးဟာ အထူးအဆန်းဖြစ်လို့နေပါတယ်။

မြေခွေးဟာ တိတ်တဆိတ်ကြည့်နေရာမှ ဘာကြောင့်အခုလို အစွယ်သွေးနေကြောင်းကို သိလိုစိတ်ကြောင့် တောဝက်ကြီးကို အခုလိုမေးလိုက်ပါတယ်။ "အဆွေ…တောဝက်ကြီး ပတ်ဝန်းကျင်မှာ ဘာအန္တရာယ် ဘာမုဆိုးမှမရှိပါဘူး။ သင်ဘာလို့ အပင်ပန်းခံပြီး အစွယ်သွေးနေရတာတုန်း"လို့ မေးတဲ့အခါ တောဝက်ကြီးက " အဆွေ…မြေခွေးရေ ငါတို့ကအန္တရာယ်တွေများစွာရှိနေတဲ့ တောအုပ်ထဲမှာနေကြရတာလေ။ ဘယ်အချိန်မုဆိုးနဲ့တွေ့မယ် ဘယ်အချိန်တောကောင်ကြီးနဲ့တိုးမယ်ဆိုတာ မင်းရောငါရော မသိကြဘူးလေ။ တကယ့်တကယ် အန္တရာယ်နဲ့ထိပ်တိုက်တိုးတဲ့အခါကျမှ အစွယ်သွေးနေလို့မရဘူးလေ။ အခုလိုမျိုးလုပ်နေတာကိုလည်း ပင်ပန်းတယ်လို့သဘောမထားပါဘူး။ ကိုယ်ကြုံလာမယ့် ဘေးအန္တရာယ်အတွက် အကောင်းဆုံးပြင်ဆင်ထားတာပါ "လို့ ပြန်ပြောလိုက်ပါတယ်။

ဟုတ်ပါတယ်။ ကြိူတင်ပြင်ဆင်မှုဆိုတာ လူတိုင်းပြုလုပ်သင့်တဲ့အရာတစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ စာသင်နှစ်အစကတည်းက စာမေးပွဲအတွက်ကြိုတင်ပြင်ဆင်ထားပြီး သင်ခန်းစာတွေကို နေ့စဉ်ပုံမှန်လေ့လာထားမယ်ဆိုရင် စာမေးပွဲကို အခက်အခဲမရှိ လွယ်လွယ်ကူကူ ဖြေဆိုနိင်မှာပါ။ အဲဒီလိုမှမဟုတ်ဘဲ စာမေးပွဲနီးမှ စာစကျက်မယ်ဆိုရင်တော့ စိုးရိမ်သောကများနဲ့ စာမေးပွဲဖြေဆိုတဲ့အခါ အခက်အခဲများစွာ ကြုံတွေ့နိုင်ပါတယ်။ အဲ့ဒါကြောင့် ဘာပဲလုပ်လုပ် အဆိုးဆုံးကို မျှော်လင့်ထားပြီး အကောင်းဆုံးပြင်ဆင်ထားမယ်ဆိုရင် ရလဒ်ကောင်းတွေကို မလွဲမသေပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:www.yoyarlay.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top