ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီတစ္ပတ္ပိတ္ရက္မွာ ေခါက္ဆြဲေၾကာ္ႀကိဳက္တဲ့ ပရိသတ္ေတြအတြက္ စကၤာပူေခါက္ဆြဲေၾကာ္နည္းေလးေျပာျပေပးပါမယ္။

ျပဳလုပ္နည္းက အရမ္းလြယ္တဲ့ အတြက္အိမ္မွာလုပ္စားၾကည့္ဖို႔ တိုက္တြန္းပါတယ္ေနာ္။

ပါဝင္ပစၥည္းေတြကေတာ့ -ၾကက္ဥေခါက္ဆြဲ အေခြ ၃ ေခြ၊ ၾကက္သြန္နီ(အလုံးႀကီး ) ၁ လုံး၊ ၾကက္အူေခ်ာင္း/ဝက္အူေခ်ာင္း၊ မုန္လာဥနီ၊ ေဂၚဖီ၊ ဟင္းေမႊးမဆလာ၊ င႐ုတ္ေကာင္း၊ ဟင္းခတ္မႈန္႔၊ ပဲငံျပာရည္၊ ၾကက္သြန္ၿမိတ္တို႔ပဲျဖစ္ပါတယ္။

ျပဳလုပ္နည္းအဆင့္ဆင့္ကိုေျပာျပပါမယ္။

၁။ ၾကက္သြန္နီကိုပါးပါးလွီးထားပါ။ မုန္လာဥနီကိုအေခ်ာင္းေလးေတြလွီးၿပီး ေဂၚဖီကို အေနေတာ္လွီးထားပါ။

၂။ ေရေႏြးဆူေအာင္တည္ၿပီး ၾကက္ဥေခါက္ဆြဲထည့္ျပဳတ္ပါ။ ၂ မိနစ္ေလာက္ၾကာရင္ေခါက္ဆြဲကို ဆယ္ၿပီး ဇကာနဲ႔စစ္ထားပါ။

၃။ ဒယ္အိုးထဲမွာ ဆီကို ပူေအာင္ထားၿပီး ၾကက္သြန္နီထည့္ေမႊပါ။ ပုစြန္ထည့္ေၾကာ္ၿပီး ၃ မိနစ္ေလာက္ၾကာတဲ့အခါ ၾကက္အူေခ်ာင္း/ ဝက္အူေခ်ာင္း၊ မုန္လာဥနီ၊ ေဂၚဖီတို႔ကိုေရာေၾကာ္ပါ။ ဟင္းေမႊးမဆလာထည့္ပါ။

၄။ ၾကက္ဥ ေခါက္ဆြဲထည့္ၿပီး င႐ုတ္ေကာင္း ၊ ဟင္းခတ္မႈန္႔ နဲ႔ ပဲငံျပာရည္တို႔ေရာၿပီး သမေအာင္ ေမႊေၾကာ္ပါ။

၅။ အေပၚကၾကက္သြန္ၿမိတ္ ထည့္အုပ္ၿပီးရင္ေတာ့ အရသာထူးျခားတဲ့ စကၤာပူေခါက္ဆြဲေၾကာ္ရပါၿပီ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Alice May (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီတစ်ပတ်ပိတ်ရက်မှာ ခေါက်ဆွဲကြော်ကြိုက်တဲ့ ပရိသတ်တွေအတွက် စင်္ကာပူခေါက်ဆွဲကြော်နည်းလေးပြောပြပေးပါမယ်။

ပြုလုပ်နည်းက အရမ်းလွယ်တဲ့ အတွက်အိမ်မှာလုပ်စားကြည့်ဖို့ တိုက်တွန်းပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ -ကြက်ဥခေါက်ဆွဲ အခွေ ၃ ခွေ၊ ကြက်သွန်နီ(အလုံးကြီး ) ၁ လုံး၊ ကြက်အူချောင်း/ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ ဟင်းမွှေးမဆလာ၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ်တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။

၁။ ကြက်သွန်နီကိုပါးပါးလှီးထားပါ။ မုန်လာဥနီကိုအချောင်းလေးတွေလှီးပြီး ဂေါ်ဖီကို အနေတော်လှီးထားပါ။

၂။ ရေနွေးဆူအောင်တည်ပြီး ကြက်ဥခေါက်ဆွဲထည့်ပြုတ်ပါ။ ၂ မိနစ်လောက်ကြာရင်ခေါက်ဆွဲကို ဆယ်ပြီး ဇကာနဲ့စစ်ထားပါ။

၃။ ဒယ်အိုးထဲမှာ ဆီကို ပူအောင်ထားပြီး ကြက်သွန်နီထည့်မွှေပါ။ ပုစွန်ထည့်ကြော်ပြီး ၃ မိနစ်လောက်ကြာတဲ့အခါ ကြက်အူချောင်း/ ဝက်အူချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီတို့ကိုရောကြော်ပါ။ ဟင်းမွှေးမဆလာထည့်ပါ။

၄။ ကြက်ဥ ခေါက်ဆွဲထည့်ပြီး ငရုတ်ကောင်း ၊ ဟင်းခတ်မှုန့် နဲ့ ပဲငံပြာရည်တို့ရောပြီး သမအောင် မွှေကြော်ပါ။

၅။ အပေါ်ကကြက်သွန်မြိတ် ထည့်အုပ်ပြီးရင်တော့ အရသာထူးခြားတဲ့ စင်္ကာပူခေါက်ဆွဲကြော်ရပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Alice May (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top