မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 အရင္ႏွစ္ေတြကနဲ႔ ယွဥ္ရင္ ၁၀ ရာခုိင္ႏႈန္း ေလာက္ေလ်ာ့နည္းသြားပါတယ္။


ေခ်ာင္းသာကမ္းေျခကုိ ခရီးသြားလာေရာက္မႈက အရင္ႏွစ္ေတြကနဲ႔ ယွဥ္ရင္ ၁၀ ရာခုိင္ႏႈန္း ေလာက္ေလ်ာ့နည္းသြားတယ္လုိ႔ ေခ်ာင္းသာဟိုတယ္ဇုန္ရဲ႕ ဥကၠဌျဖစ္သူ ဦး ေက်ာ္ခုိင္က ေအာက္တုိဘာ ၁၂ ရက္ေန႔မွာျပဳလုပ္တဲ့ေခ်ာင္းသာဇုန္ေဖ်ာ္ေျဖပြဲသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

 ေခ်ာင္းသာက ျမန္မာႏုိင္ငံမွာရွိတဲ့ဟိုတယ္ဇုန္ ၁၉ ဇုန္ထဲမွာပါ၀င္တာျဖစ္ၿပီးေတာ့ အရင္နွစ္က ျပည္ပ၊ျပည္တြင္းခရီးသြား ၃ သိန္းေလာက္ေခ်ာင္းသာကုိလည္ပတ္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ၁၀ ရာခုိင္ႏႈန္းေလာက္ေလ်ာ့နည္းသြားတယ္လုိ႔ ဟိုတယ္ဇုန္ေတြက ေျပာပါတယ္။

ျပည္တြင္းမွာလည္ပတ္စရာေနရာမ်ားလာတာနည္းတူ အျခားေသာ ျပည္တြင္းလည္ပတ္စရာေတြကုိပါ မ်ားလာတဲ့အျပင္ စီးပြားေရးက်ပ္တည္းမႈေတြေၾကာင့္လုိ႔ ဆုိပါတယ္။

“ အခုကလည္စရာေတြလည္းမ်ားတယ္။ေနာက္ၿပီးေတာ့ ရပ္ရြာအေျချပဳခရီးသြားေတြကလည္းတုိးလာေတာ့ ဧည့္သည္က်သြားတာပါ။ အရမ္းႀကီးလည္းမဟုတ္ပါဘူး။အရင္ကထက္ ၁၀ ရာခိုင္ႏႈန္းေလာက္ပါပဲ “ လုိ႔သူကေျပာပါတယ္။ ေခ်ာင္းသာကမ္းေျခမွာ အစုိးရတရား၀င္ခြင့္ျပဳထားတဲ့ ဟိုတယ္အလုံးေပါင္း ၂၆ လုံးရွိၿပီးေတာ့ တုိင္းအစုိးရအဖြဲ႕ရဲ႕ ခြင့္ျပဳမိန္႔အရ ဟိုတယ္၊တည္းခုိခန္း ၄၀ လုံးနဲ႔ လုိင္စင္မရေသးတဲ့ ဟိုတယ္၊တည္းခုိတန္းေပါင္းကလည္း အလုံး ၄၀ ေလာက္ဖြင့္ထားတယ္လုိ႔ ဟိုတယ္ဇုန္က တာ၀န္ရွိသူေတြကေျပာပါတယ္။



 ေခ်ာင္းသာကမ္းေျခမွာ မီးရရွိဖုိ႔အတြက္လည္း ဟိုတယ္ဇုန္က ေမွ်ာ္လင့္ေနၾကၿပီးေတာ့ မီးရရွိတယ္ဆုိရင္ ဟိုတယ္ေတြအဓိကကုန္က်ေနတဲ့ ဆီေစ်းကုိေလ်ာ့ခ်ႏုိင္မွာေၾကာင့္ ေစ်းေလ်ာ့ေပးလု႔ိရတယ္လို႔လည္း သူတုိ႔ကေျပာပါတယ္။

ေခ်ာင္းသာဟိုတယ္ဇုန္က ျမန္မာႏုိင္ငံရဲ႕ ဟိုတယ္ဇုန္ ၁၉ ဇုန္ထဲမွာပါ၀င္ေနတာျဖစ္ၿပီး ျပည္တြင္းခရီးသြားအမ်ားဆုံးလာတဲ့ ကမ္းေျခတစ္ခုလည္းျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 အရင်နှစ်တွေကနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း လောက်လျော့နည်းသွားပါတယ်။


ချောင်းသာကမ်းခြေကို ခရီးသွားလာရောက်မှုက အရင်နှစ်တွေကနဲ့ ယှဉ်ရင် ၁၀ ရာခိုင်နှုန်း လောက်လျော့နည်းသွားတယ်လို့ ချောင်းသာဟိုတယ်ဇုန်ရဲ့ ဥက္ကဌဖြစ်သူ ဦး ကျော်ခိုင်က အောက်တိုဘာ ၁၂ ရက်နေ့မှာပြုလုပ်တဲ့ချောင်းသာဇုန်ဖျော်ဖြေပွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 ချောင်းသာက မြန်မာနိုင်ငံမှာရှိတဲ့ဟိုတယ်ဇုန် ၁၉ ဇုန်ထဲမှာပါဝင်တာဖြစ်ပြီးတော့ အရင်နှစ်က ပြည်ပ၊ပြည်တွင်းခရီးသွား ၃ သိန်းလောက်ချောင်းသာကိုလည်ပတ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၀ ရာခိုင်နှုန်းလောက်လျော့နည်းသွားတယ်လို့ ဟိုတယ်ဇုန်တွေက ပြောပါတယ်။

ပြည်တွင်းမှာလည်ပတ်စရာနေရာများလာတာနည်းတူ အခြားသော ပြည်တွင်းလည်ပတ်စရာတွေကိုပါ များလာတဲ့အပြင် စီးပွားရေးကျပ်တည်းမှုတွေကြောင့်လို့ ဆိုပါတယ်။

“ အခုကလည်စရာတွေလည်းများတယ်။နောက်ပြီးတော့ ရပ်ရွာအခြေပြုခရီးသွားတွေကလည်းတိုးလာတော့ ဧည့်သည်ကျသွားတာပါ။ အရမ်းကြီးလည်းမဟုတ်ပါဘူး။အရင်ကထက် ၁၀ ရာခိုင်နှုန်းလောက်ပါပဲ “ လို့သူကပြောပါတယ်။ ချောင်းသာကမ်းခြေမှာ အစိုးရတရားဝင်ခွင့်ပြုထားတဲ့ ဟိုတယ်အလုံးပေါင်း ၂၆ လုံးရှိပြီးတော့ တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်အရ ဟိုတယ်၊တည်းခိုခန်း ၄၀ လုံးနဲ့ လိုင်စင်မရသေးတဲ့ ဟိုတယ်၊တည်းခိုတန်းပေါင်းကလည်း အလုံး ၄၀ လောက်ဖွင့်ထားတယ်လို့ ဟိုတယ်ဇုန်က တာဝန်ရှိသူတွေကပြောပါတယ်။


 ချောင်းသာကမ်းခြေမှာ မီးရရှိဖို့အတွက်လည်း ဟိုတယ်ဇုန်က မျှော်လင့်နေကြပြီးတော့ မီးရရှိတယ်ဆိုရင် ဟိုတယ်တွေအဓိကကုန်ကျနေတဲ့ ဆီဈေးကိုလျော့ချနိုင်မှာကြောင့် ဈေးလျော့ပေးလု့ိရတယ်လို့လည်း သူတို့ကပြောပါတယ်။

ချောင်းသာဟိုတယ်ဇုန်က မြန်မာနိုင်ငံရဲ့ ဟိုတယ်ဇုန် ၁၉ ဇုန်ထဲမှာပါဝင်နေတာဖြစ်ပြီး ပြည်တွင်းခရီးသွားအများဆုံးလာတဲ့ ကမ်းခြေတစ်ခုလည်းဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top