ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မြန္ျပည္နယ္တြင္ ၂၀၁၈ အတြင္း သိမ္းဆည္းထား ေသာ သံုးစြဲရန္မသင့္သည့္ သက္ တမ္းလြန္ေဆးဝါးမ်ားႏွင့္ မွတ္ပံု တင္မရွိသည့္ေဆးဝါး က်ပ္သိန္း ၂၀၀ ဖိုးခန္႔ကို ေအာက္တိုဘာ ၁၁ ရက္က ေမာ္လၿမိဳင္ၿမိဳ႕၌ မီး ႐ႈိ႕ဖ်က္ဆီးခဲ့သည္။

ျမန္မာႏိုင္ငံတြင္ မွတ္ပံုတင္ ထားျခင္းမရွိသည့္ တရားမဝင္ ႏိုင္ငံျခားေဆးဝါး ၃၇ မ်ိဳး၊ သက္ တမ္းလြန္ ႏိုင္ငံျခားေဆးဝါး ၂၆၄ မ်ိဳး၊ တိုင္းရင္းေဆးထုပ္ပံုစံျဖင့္ ႏိုင္ငံျခားေဆးေရာစပ္ထားသည့္ ေဆး (၆) မ်ိဳး၊ သက္တမ္းလြန္ စားေသာက္ကုန္မ်ားအပါအဝင္ က်ပ္ ၁၉၉ သိန္းေက်ာ္ဖိုး မီး႐ႈိ႕ ဖ်က္ဆီးခဲ့ေၾကာင္း မြန္ျပည္နယ္ အစားေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ျပည္နယ္ ဦးစီးမွဴးေဒါက္တာစိုးႏိုင္က ဆိုသည္။

 ‘‘ဒီေန႔မီး႐ိႈ႕ဖ်က္ဆီးခဲ့တဲ့ တခ်ိဳ႕ႏိုင္ငံျခားေဆးေတြက သက္ တမ္းမလြန္ေသးဘူး။ ဒါေပမဲ့ကြၽန္ ေတာ္တို႔ ျမန္မာႏိုင္ငံမွာ မွတ္ပံု မတင္ထားတဲ့အတြက္ တရားမ ဝင္ေဆးေတြ ျဖစ္တယ္။ တခ်ိဳ႕က စပ္ေဆးေတြနဲ႔ တားျမစ္ဓာတု ပစၥည္းေတြပါဝင္တဲ့ အလွကုန္ ပစၥည္းေတြ၊ ဒါကိုသံုးစြဲရင္ အႏၲ ရာယ္ျဖစ္ေစႏိုင္တဲ့အတြက္ အခု လို မီး႐ိႈ႕ဖ်က္ဆီးလိုက္တာျဖစ္ တယ္’’ ဟု ေဒါက္တာစိုးႏိုင္က ေျပာသည္။

ထို႔အျပင္ စည္းကမ္းေဖာက္ ဖ်က္သည့္ ေဆးဆိုင္မ်ားေတြ႕လွ်င္ ပထမအႀကိမ္ ေဆးဝါးေရာင္းခ် ခြင့္လိုင္စင္ သံုးလပိတ္သိမ္းျခင္း၊ မွတ္ပံုတင္မရွိသည့္ ေဆးဝါးႏွင့္ စံမညီေဆးဝါးမ်ားကို သိမ္းဆည္း မည္ျဖစ္ၿပီး ဒုတိယအႀကိမ္ေတြ႕ လွ်င္ ေျခာက္လပိတ္သိမ္းျခင္း၊ တတိယအႀကိမ္ေတြ႕လွ်င္ ေဆး ဝါးႀကီးၾကပ္ကြပ္ကဲေရးေကာ္မတီ က တရားစြဲမည္ျဖစ္ေၾကာင္း ေဒါက္တာစိုးႏိုင္က ဆိုသည္။

၂၀၁၇ က တရားမဝင္ေဆး ဝါးမ်ားႏွင့္ ကုန္ပစၥည္းက်ပ္သိန္း ၂၀၀ ေက်ာ္ဖိုး မီး႐ိႈ႕ဖ်က္ဆီးခဲ့ၿပီး ေဆးဝါးေရာင္းသူမ်ား အႏၲရာယ္ ကင္းေသာ ေဆးပစၥည္းမ်ားသာ ေရာင္းခ်ရန္ ခံဝန္ကတိထိုးခိုင္းခဲ့ ေၾကာင္း ေဒါက္တာစိုးႏိုင္က ဆို သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily
#Unicode Version#
မွန်ပြည်နယ်တွင် ၂၀၁၈ အတွင်း သိမ်းဆည်းထား သော သုံးစွဲရန်မသင့်သည့် သက် တမ်းလွန်ဆေးဝါးများနှင့် မှတ်ပုံ တင်မရှိသည့်ဆေးဝါး ကျပ်သိန်း ၂၀၀ ဖိုးခန့်ကို အောက်တိုဘာ ၁၁ ရက်က မော်လမြိုင်မြို့၌ မီး ရှို့ဖျက်ဆီးခဲ့သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင် ထားခြင်းမရှိသည့် တရားမဝင် နိုင်ငံခြားဆေးဝါး ၃၇ မျိုး၊ သက် တမ်းလွန် နိုင်ငံခြားဆေးဝါး ၂၆၄ မျိုး၊ တိုင်းရင်းဆေးထုပ်ပုံစံဖြင့် နိုင်ငံခြားဆေးရောစပ်ထားသည့် ဆေး (၆) မျိုး၊ သက်တမ်းလွန် စားသောက်ကုန်များအပါအဝင် ကျပ် ၁၉၉ သိန်းကျော်ဖိုး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မွန်ပြည်နယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူးဒေါက်တာစိုးနိုင်က ဆိုသည်။

 ‘‘ဒီနေ့မီးရှို့ဖျက်ဆီးခဲ့တဲ့ တချို့နိုင်ငံခြားဆေးတွေက သက် တမ်းမလွန်သေးဘူး။ ဒါပေမဲ့ကျွန် တော်တို့ မြန်မာနိုင်ငံမှာ မှတ်ပုံ မတင်ထားတဲ့အတွက် တရားမ ဝင်ဆေးတွေ ဖြစ်တယ်။ တချို့က စပ်ဆေးတွေနဲ့ တားမြစ်ဓာတု ပစ္စည်းတွေပါဝင်တဲ့ အလှကုန် ပစ္စည်းတွေ၊ ဒါကိုသုံးစွဲရင် အန္တ ရာယ်ဖြစ်စေနိုင်တဲ့အတွက် အခု လို မီးရှို့ဖျက်ဆီးလိုက်တာဖြစ် တယ်’’ ဟု ဒေါက်တာစိုးနိုင်က ပြောသည်။

ထို့အပြင် စည်းကမ်းဖောက် ဖျက်သည့် ဆေးဆိုင်များတွေ့လျှင် ပထမအကြိမ် ဆေးဝါးရောင်းချ ခွင့်လိုင်စင် သုံးလပိတ်သိမ်းခြင်း၊ မှတ်ပုံတင်မရှိသည့် ဆေးဝါးနှင့် စံမညီဆေးဝါးများကို သိမ်းဆည်း မည်ဖြစ်ပြီး ဒုတိယအကြိမ်တွေ့ လျှင် ခြောက်လပိတ်သိမ်းခြင်း၊ တတိယအကြိမ်တွေ့လျှင် ဆေး ဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ က တရားစွဲမည်ဖြစ်ကြောင်း ဒေါက်တာစိုးနိုင်က ဆိုသည်။

၂၀၁၇ က တရားမဝင်ဆေး ဝါးများနှင့် ကုန်ပစ္စည်းကျပ်သိန်း ၂၀၀ ကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ပြီး ဆေးဝါးရောင်းသူများ အန္တရာယ် ကင်းသော ဆေးပစ္စည်းများသာ ရောင်းချရန် ခံဝန်ကတိထိုးခိုင်းခဲ့ ကြောင်း ဒေါက်တာစိုးနိုင်က ဆို သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top