iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္တြင္းပစၥည္းေတြက မထင္မွတ္ထားေလာက္အာင္ အလွအပေရာ က်န္းမာေရးအတြက္ပါ အစြမ္းထက္ၾကတာကို ေတြ႕ရပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ ေခါင္းေလွ်ာ္တဲ့အခါ ဆားထည့္ေလွ်ာ္ျခင္းျဖင့္ ရလာမယ့္ ေကာင္းက်ိဳးေတြပဲျဖစ္ပါတယ္။
(၁) ဆံပင္အရွည္ျမန္ေစတယ္

ဆားဟာ ဆံပင္ကိုအရွည္ျမန္ေစျပီး ဆံပင္ေတြကိုလည္း ျပန္ေပါက္လာေစႏိုင္ပါတယ္။ ဆံပင္အရမ္းကၽြတ္တဲ့သူေတြကို ဆရာဝန္ေတြက ဆားနဲ႕ကုသဖို႔ အၾကံေပးေလ့ရွိၾကပါတယ္။ ေခါင္းေလွ်ာ္ျပီးတိုင္း ဆား သံုးဇြန္းေလာက္ယူျပီး ဦးေရျပားအႏွ႔ံလိမ္းေပးပါ။ ဆယ္မိနစ္အၾကာမွာ ေရျပန္ေဆးခ်လုိက္ပါ။ တစ္ပတ္ကို ႏွစ္ခါေလာက္လုပ္ေပးျခင္းျဖင့္ ထူးျခားတဲ့ ရလဒ္ကို ေတြ႕ျမင္ရမွာပါ။



(၂) ေဗာက္ေတြကိုကင္းစင္ေစတယ္

ေဗာက္ေတြေၾကာင့္စိတ္ညစ္ေနရင္ေတာ့ ဆားကိုယူျပီး ေခါင္းကိုျဖဴးလိုက္ပါ။ ျပီးရင္ ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ ၁၅ မိနစ္ေလာက္ အၾကာမွာေခါင္းေလွ်ာ္လိုက္ပါ။ ဒါဆိုရင္ ေဗာက္ေတြ ကင္းစင္သြားမွာပါ။ ဆားဟာ ဦးေရျပားရဲ႕ ေသြးလည္ပတ္မႈကို အားေကာင္းေစျပီး ေဗာက္ေတြကို အထိေရာက္ဆံုး ႏွိမ္နင္းေပးႏိုင္ပါတယ္။

(၃) ေခါငး္နဲ႔ဦးေရျပား အဆီျပန္ျခင္းကို သက္သာေစတယ္

ဆံပင္နဲ႔ဦးေရျပား အဆီျပန္တဲ့ ျပသနာကို ဆားနဲ႔ေျဖရွင္းႏိုင္ပါျပီ။ အသံုးျပဳနည္းကေတာ့ သင္သံုးေနတဲ့ ေခါင္းေလွ်ာ္ရည္ထဲကို ဆားႏွစ္ဇြန္းေလာက္ေရာလိုက္ပါ။ ေသခ်ာေရာေမႊျပီးရင္ အဲဒါနဲ႔ ေခါင္းေလွ်ာ္လိုက္ပါ။ အဆီျပန္ျခင္းကင္းျပီး က်န္းမာလွပတဲ့ ဆံပင္ကိုရရွိလာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Em Em(Auntymay)
# Unicode Version ျဖင့္ ဖတ္ပါ #
အိမ်တွင်းပစ္စည်းတွေက မထင်မှတ်ထားလောက်အာင် အလှအပရော ကျန်းမာရေးအတွက်ပါ အစွမ်းထက်ကြတာကို တွေ့ရပါတယ်။ အခုဖော်ပြပေးမှာကတော့ ခေါင်းလျှော်တဲ့အခါ ဆားထည့်လျှော်ခြင်းဖြင့် ရလာမယ့် ကောင်းကျိုးတွေပဲဖြစ်ပါတယ်။
(၁) ဆံပင်အရှည်မြန်စေတယ်

ဆားဟာ ဆံပင်ကိုအရှည်မြန်စေပြီး ဆံပင်တွေကိုလည်း ပြန်ပေါက်လာစေနိုင်ပါတယ်။ ဆံပင်အရမ်းကျွတ်တဲ့သူတွေကို ဆရာဝန်တွေက ဆားနဲ့ကုသဖို့ အကြံပေးလေ့ရှိကြပါတယ်။ ခေါင်းလျှော်ပြီးတိုင်း ဆား သုံးဇွန်းလောက်ယူပြီး ဦးရေပြားအနှံ့လိမ်းပေးပါ။ ဆယ်မိနစ်အကြာမှာ ရေပြန်ဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ခါလောက်လုပ်ပေးခြင်းဖြင့် ထူးခြားတဲ့ ရလဒ်ကို တွေ့မြင်ရမှာပါ။


(၂) ဗောက်တွေကိုကင်းစင်စေတယ်

ဗောက်တွေကြောင့်စိတ်ညစ်နေရင်တော့ ဆားကိုယူပြီး ခေါင်းကိုဖြူးလိုက်ပါ။ ပြီးရင် ဦးရေပြားကို နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက် အကြာမှာခေါင်းလျှော်လိုက်ပါ။ ဒါဆိုရင် ဗောက်တွေ ကင်းစင်သွားမှာပါ။ ဆားဟာ ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဗောက်တွေကို အထိရောက်ဆုံး နှိမ်နင်းပေးနိုင်ပါတယ်။

(၃) ခေါင်းနဲ့ဦးရေပြား အဆီပြန်ခြင်းကို သက်သာစေတယ်

ဆံပင်နဲ့ဦးရေပြား အဆီပြန်တဲ့ ပြသနာကို ဆားနဲ့ဖြေရှင်းနိုင်ပါပြီ။ အသုံးပြုနည်းကတော့ သင်သုံးနေတဲ့ ခေါင်းလျှော်ရည်ထဲကို ဆားနှစ်ဇွန်းလောက်ရောလိုက်ပါ။ သေချာရောမွှေပြီးရင် အဲဒါနဲ့ ခေါင်းလျှော်လိုက်ပါ။ အဆီပြန်ခြင်းကင်းပြီး ကျန်းမာလှပတဲ့ ဆံပင်ကိုရရှိလာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Em Em(Auntymay)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top