ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
အကျိုးပေးဂဏန်း 5/9/4
အထူးဟော စီးပွားရေးနဲ့ပက်သက်တဲ့အကြံဥာဏ်ကောင်းတွေ လက်ခံရရှိပါလိမ့်မယ်။
တနင်္လာ
ပညာရေးကောင်းမည်။
အကျိုးပေးဂဏန်း 7/0/2
အင်္ဂါ
အကျိုးပေးဂဏန်း 3/1/8
ဗုဒ္ဓဟူး
အကျိုးပေးဂဏန်း 8/4/2
ကြာသပတေး
အကျိုးပေးဂဏန်း 3/6/9
သောကြာ
အကျိုးပေးဂဏန်း 7/4/1
စနေ
အကျိုးပေးဂဏန်း 7/2/0
အထူးဟော ကံသင့်ပါတယ်
၇ရက်သားသမီးအပေါင်း
#Unicode Version#
အလုပ်နဲ့ပက်သက်တဲ့အတွေးကောင်းစိတ်ကူးကောင်းတွေရလာတတ်ပါတယ်။
မိမိတိုးချဲ့ချင်နေတဲ့အလုပ် များလဲတိုးချဲ့နိုင်မဲ့ကာလပါပဲ။
လူငယ်များဖခင်ဆီမှ အထောက်အပံ့တွေအများကြီးရလာတတ်ပါတယ်။
မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီပေးမှုကလဲ မိမိအတွက်တိုးတတ်မှုတွေကိုဖြစ်စေမှာပါ။
အလုပ်အင်တာ ဗျူးဖြေထားသူများ အလုပ်ရလွယ်တဲ့ကာလထဲပါပဲ။
လမ်းဟောင်းမလိုက်ဘဲ လမ်းသစ်ထွင်ပြီးကြိုးစားတာက အကောင်းဆုံးဖြစ်မှာပါ။
ကျန်းမာရေးကတော့ ကိုယ်ခံအားကောင်းနေတာကြောင့် တော်ရုံနဲ့ ကျန်းမာရေးမညံ့နိုင်တဲ့ ကာလပါပဲ။
အိမ်တွင်းရေးကတော့ အပူသောကများရတတ်ပါတယ်။
သားသမီး တူ တူမတွေကြောင့် ပူပန်မှုတွေများရတတ်ပါတယ်။
အချစ်ရေးကတော့ နှစ်ဖက်မိဘတွေကို မိမိတို့ရဲအနာဂတ်အတွက်အကြောင်း တိုင် ပင်ဆွေးနွေးသင့်ပါတယ်။
ပညာရေးကတော့ ပြောစရာမလိုအောင်ကောင်းနေပါတယ်။
မိမိကသာပညာရေးအပေါ် အာရုံစိုက်ထားပါ။
အကျိုးပေးဂဏန်း 5/9/4
အထူးဟော စီးပွားရေးနဲ့ပက်သက်တဲ့အကြံဉာဏ်ကောင်းတွေ လက်ခံရရှိပါလိမ့်မယ်။
ယတြာ ဘုရားရှင်အားပူရီတစ်ပွဲ ကပ်လှူဆုတောင်းပါ။
တနင်္လာ
မိမိရဲ့အတွေးတွေ ချော်နေတတ်ပါတယ်။
အမှန်အမှားဆုံးဖြတ်ဖို့ အများရဲ့အကြံကိုယူသင့်ပါတယ်။
မိမိလုပ်သလောက်အကျိုးခံစားခွင့်တွေရနိုင်တယ်ဆိုပေမဲ့ အများအတွက် လုပ်သလိုဖြစ်နေတတ်ပါတယ်။
ငွေကြေးနဲ့ပက်သက်ပြီး စုမဲစုခြင်း စပ်တူလုပ်ခြင်း ၊ ငွေကြေးအတွက်အာမခံပေးခြင်းတွေ လုံးဝမလုပ်ပါနဲ့။
ကိုယ်ပိုင် စီးပွားရေးသမားများ ငွေတွေမြုပ်ပြီး ပြန်ဖော်ရခက်ခဲနေတတ်ပါတယ်။
ခြေနှစ်ချောင်းထွက်ကိန်းရှိပါတယ်။
အရွယ်ရောက်ပြီးတဲ့သားသမီးတွေ အဝေးထွက်သွားတာမျိုး ၊ ခိုးရာလိုက်တာမျိုးကြုံရတတ်ပါတယ်။
ကျန်းမာရေး ကတော့ မိမိအနေနဲ့ ဒီကာလမှာ အရက် ပင်လယ်စာများ လက်သုပ်စုံများစားခြင်းတတ်နိုင်သလောက် ရှောင်ရှားစေ ချင်ပါတယ်။
အစားမှားခြင်းကြောင့် ရောဂါရလွယ်တဲ့ကာလမို့ပါပဲ။
အိမ်ထောင်ရေးမှာ အိမ်ထောင် ဘက်နဲ့ဆန့်ကျင်ဘက်တွေများနေတတ်ပါတယ်။
အချစ်ရေးမှာတော့ ချစ်သူကအလုပ်များနေတာကြောင့် မိမိကို လျစ်လျူရှုထားသလို ခံစားနေရတတ်ပါတယ်
ပညာရေးကောင်းမည်။
အကျိုးပေးဂဏန်း 7/0/2
အထူးဟော ကိစ္စများနေရတတ်ပါတယ်။
ယတြာ ငွေနှစ်ရာခန့်ပံ့သကူပစ်ပါ။
အင်္ဂါ
အလုပ်ထဲမှာစိတ်ရောကိုပါနှစ်ပြီးလုပ်နေမိတတ်ပါတယ်။
အလုပ်တစ်မျိုးမကလုပ်တဲ့သူဆို စိတ်ပင်ပန်း လူပင်ပန်းအလွန်ဖြစ်ရတတ်တဲ့ကာလပါပဲ။
ဒါကြောင့် entertainment တစ်ခုခုနဲ့စိတ်ကိုဖြေလျော့သင့်ပါတယ်။
အလုပ်ခွင်ထဲ ခွင့်ယူနေတဲ့သူအစား သူများအလုပ်တွေဝိုင်းကူပေးနေရတတ်ပါတယ်။
ကိုယ်ပိုင်အလုပ်များ လူကျတာကြောင့် ပင်ပန်းရတတ်ပါတယ်။
စက်ပစ္စည်းနဲ့ ရင်းနှီးလုပ်ကိုင်စားသောက်သူများ စက်ပစ္စည်းခဏခဏ ပျက်တာကြောင့်စိတ်ညစ်နေရတတ်ပါတယ်။
အောက်လက်ငယ်သားတွေကို မျက်နှာလွှဲထားလို့မရသေးပါဘူး။
ကျန်းမာရေးကတော့ ရောဂါကြီးကြီးမားမားမရှိပေမဲ့လူနုန်းနေတတ်ပါတယ်။
အားဆေးများ အာရုံကြောဆေးများ ဆရာဝန်နဲ့တိုင်ပင်ပြီးမှီဝဲသင့်တဲ့ကာလပါပဲ။
အိမ်ထောင်ရေးကံအလွန်ကောင်းနေပါတယ်။
အိမ်ထောင်ဘက်က ဝတ္တရားကျေပွန်ပါလိမ့်မယ်။
အချစ်ရေးအတွက်လဲ စိတ်ချမ်းမြေ့ရမဲ့ကာလပါပဲ။
ပညာရေးကံအားနည်းတာကြောင့် မိမိရဲ့ကြိုးစားမှုအပေါ်မှာအများကြီးမူတည်ပါတယ်။
အကျိုးပေးဂဏန်း 3/1/8
အထူးဟော အနည်းငယ်ပင်ပန်းရပါလိမ့်မယ်။
ယတြာ နီးစပ်ရာစေတီမှာ ညလုံးပေါက်လျှပ်စစ်မီးပူဇော်ပါ။
ဗုဒ္ဓဟူး
ဒီကာလဟာ ကံကောင်းခြင်းတွေသင့်ဆီကို အလည်တစ်ခေါက်လာမဲ့ကာလပါပဲ။
မိမိကြိုးစားထားမှုတွေရဲ့ အသီးအပွင့်တွေ ဒီကာလမှာပြန်ခံစားရတတ်ပါတယ်။
လက်ဆောင်များလဲရတတ်ပါတယ်။
ရွှေငွေလက်ဝတ်ရတနာ များလဲဝင်လာတတ်ပါတယ်။
သားသမီးလက်အောက်ငယ်သားတွေကြောင့် မိမိတို့ဂုဏ်တတ်ပါလိမ့်မယ်။
ကိုယ်ပိုင် အလုပ်များ ဖောက်သည်သစ်တွေတိုးပွားပါလိမ့်မယ်။
ကိုယ်ပိုင်စီးပွားများ အလုပ်အော်ဒါတွေများနေတတ်ပါတယ်။
ကျန်းမာရေးကတော့ အကောင်းဆုံးကာလပါပဲ။
ကျန်းမာရေးဒေါင်ဒေါင်မည်နေပါလိမ့်မယ်။
ဒီကာလမှာ medical checkup လုပ်ခြင်းဖြင့် တိကျသေချာတဲ့ results ကိုရရှိပါလိမ့်မယ်။
အိမ်ထောင်ရေးအဆင်ပြေမည်။
ချစ်သူသစ်ရည်းစားသစ်ရပါလိမ့်မယ်။
ပညာရေးမှာ လူအများနဲ့ စာစုကျက်ခြင်းဖြင့် စာရလွယ်မဲ့ အချိန်ပါပဲ။
အကျိုးပေးဂဏန်း 8/4/2
အထူးဟော ကံမြင့်မားနေမည်
ယတြာ ရွက်လှ ၄ညွှန့် ဘုရားကပ်လှူ ပါ
ကြာသပတေး
မိမိဆီမှာ စိတ်ညစ်စရာသောကရောက်စရာတွေရှိနေတဲ့အတွက် စိတ်ပျော်အောင်ကြံဖန်နေမိတတ်ပါ တယ်။
ဒါလဲကောင်းပါတယ်။ ဒါပေမဲ့အပျော်မကြူးမိဖို့လိုပါတယ်။
အနားယူပြီး တရားရှုမှတ် တရားဘာဝနာပွားများ နေတာမျိုးက မိမိစိတ်လေး ကြည်နေပါလိမ့်မယ်။
စက်ပစ္စည်းအသစ်တွေဝင်လာတတ်ပါတယ်။
စက်ပစ္စည်းဝယ်ဖို့ ဆုံးဖြတ်ထားရင် ဒီကာလကအကောင်းဆုံးအချိန်ပါပဲ။
ငွေကြေးလဲ အဘက်ဘက်ကဝင်လာဖို့ရှိနေပါတယ်။
ကျန်းမာ ရေးကတော့ အားနည်းမှုတွေအပြည့်ပါပဲ။
ကျန်းမာရေးအထူးဂရုစိုက်ရပါလိမ့်မယ်။
မထင်မှတ်ဘဲကျန်းမာရေး ရုတ် တရက်ညံ့သွားတတ်လို့ပါ။
အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်အပေါ်စိတ်ခုနေတတ်တဲ့ကာလပါပဲ။
အချစ်ရေးမှာတော့ ချစ်သူသစ် ရည်းစားသစ်ဆိုတာမျိုးလဲ ရလွယ်တဲ့ကာလပါပဲ။
အချစ်ရေးလဲ အထူးပဲစန်းပွင့်နေ ပါလိမ့်မယ်။
ပညာရေးကတော့အကောင်းဆုံးကာလပါပဲ။
မိမိရဲ့စူးစမ်းမှု ကြိုးစာမှုတွေ အရာထင်ပါလိမ့်မယ်။
အကျိုးပေးဂဏန်း 3/6/9
အထူးဟော စန်းပွင့်နေပါလိမ့်မယ်။
ယတြာ မွေးနံထောင့်မှာဆီမီးထွန်းညှိပူဇော်ပါ။
သောကြာ
လှုပ်လှုပ်ရှားရှားများမဲ့ကာလပါပဲ။
သူတစ်ပါးကိစ္စတွေကို လုပ်ပါကူညီလုပ်ကိုင်ပေးနေရတတ်ပါတယ်။
အဝေးရောက်နေတဲ့သူငယ်ချင်းတွေရဲ့အကူအညီတောင်းခံခြင်းမျိုးကြုံရတတ်ပါတယ်။
လက်လွန်ထားတဲ့ငွေကြေး တွေနဲ့ပက်သက်ပြီးတော့ အမှုအခင်းတွေဖြစ်တတ်ပါတယ်။
ရစရာရှိတဲ့ အရာများပြန်ရနိုင်ဖို့ မလွယ်ကူသေးတာ မျိုးတွေ့ရပါတယ်။
ဝန်ထမ်းများတာဝန်တွေနဲ့ပိနေတတ်ပါတယ်။
အလုပ်များပြီးပင်ပန်းနေရတတ်ပါတယ်။
ကိုယ်ပိုင် အလုပ်များ အနည်းငယ်ပါးနေတတ်ပါတယ်။
ကျန်းမာရေးကတော့မိမိတို့ဖြစ်နေကြရောဂါဟောင်း ဝေဒနာဟောင်း တွေလဲပြန်ပေါ်လာတတ်ပါတယ်။
သောက်နေကျဆေးလေးတွေတော့ ဆောင်ထားဖို့လိုအပ်ပါလိမ့်မယ်။
အိမ်တွင်းရေးအပူတွေ့တတ်ပါတယ်။
အိမ်ထောင်ဘက်နဲ့ ကတောက်ကဆများရတတ်တယ်။
အချစ်ရေးကတော့ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ပါလိမ့်မယ်။
ပညာရေးမှာမိမိကိုယ်တိုင်က ဆရာရှင်းပြတာနားမလည်တာမျိုး ရှိနေပါလိမ့်မယ်။
အကျိုးပေးဂဏန်း 7/4/1
အထူးဟော ကံအနည်းငယ်ညံ့နေပါလိမ့်မယ်။
ယတြာ နွားနို့ ဘုရားကပ်လှူ ပါ
စနေ
မိမိတွေးထင်ထားသလိုမျိုးဖြစ်တတ်ပါတယ်။
မကောင်းတဲ့အယူအဆတွေ အတွေးတွေအဝင်မခံပါနဲ့။
ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးသင့်ပါတယ်။
အရွယ်ရောက်ပြီးတဲ့သားသမီးတွေရှိရင် ထိုသားသမီးတွေကြောင့်စိတ်ပူပန်ရတတ်ပါတယ်။
ရွှေထွက်တတ်ပါလိမ့်မယ်။
လူမှုရေးကိစ္စများကြောင့်ခရီးထွက် ရတာမျိုးလဲ တွေ့ရကြုံရတတ်ပါတယ်။
အလုပ်ပြောင်းအိမ်ပြောင်းနေရာပြောင်းဆိုတာမျိုးလဲ ကြုံရတွေ့ရပါလိမ့်မယ်။
အထက်လူကြီးကမိမိကိုအမြင်မကြည်တာမျိုးလဲဖြစ်ရတတ်ပါတယ်။
ကျန်းမာရေးကို အနည်းငယ်ဂရုစိုက်ရပါ လိမ့်မယ်။
လေထိုးလေအောင့် ဖြစ်နိုင်တဲ့အချိန်ပါ။
ကြွေးယူခြင်း ကြွေးပေးခြင်း လုံးဝမလုပ်ပါနဲ့။
အိမ်ထောင်ရေး ကတော့ ညံ့နေဆဲပါ။
အိမ်ထောင်ဖက်က မိမိကိုစိတ်ကုန်နေပါလိမ့်မယ်။
အချစ်ရေးကတော့ အဆိုးထဲကအကောင်းပါပဲ။
အချစ်ရေးကံအကောင်းဆုံးအချိန်ပါ။
ပညာရေးကိုလိုတာထက်ပိုပြီး ကြိုးစာဖို့လိုအပ်တဲ့အချိန်ပါပဲ။
အကျိုးပေးဂဏန်း 7/2/0
အထူးဟော ကံသင့်ပါတယ်
ယတြာ ဘုရားရှင်အား ရေသပ္ပာယ်ပါ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top