×

ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔ က က်ပ္၇၀ဘီလီယံ ထည့္ဝင္ေငြျဖင့္ေဆာင္ရြက္ေနေသာ ရန္ကုန္ ဘတ္စ္ကားအမ်ားႏွင့္သက္ဆုိင္ေသာ ကုမၸဏီ လီမိတက္ (YPBC) ႏွင့္ ရန္ကုန္ၿမိဳ႕ျပအမ်ားျပည္သူ သယ္ယူပုိ႔ေဆာင္ေရး အမ်ားပုိင္ကုမၸဏီလီမိတက္ (YUPT) ကုမၸဏီ ႏွစ္ခုမွာ ၂၀၁၇ – ၂၀၁၈ ခုႏွစ္ ဘ႑ာေရးႏွစ္တြင္ က်ပ္သန္း ၃၅၀၀ ေက်ာ္ အ႐ႈံးေပၚေနေၾကာင္း ၂၀၁၆-၂၀၁၇ ခု ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႔ရွိခ်က္ အစီရင္ခံစာအရသိရသည္။ ထိုအစီရင္ခံစာကုိ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔ စာရင္းစစ္ခ်ဳပ္ ေဒၚခင္သန္းလွက စက္တင္ဘာ ၁၄ ရက္ေန႔ ကျပဳလုပ္ေသာ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးတြင္ ရွင္းလင္းတင္ျပခဲ့ျခင္းျဖစ္သည္။

ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔ ကုိယ္စား YPBC ကုမၸဏီ အမည္ျဖင့္ တ႐ုတ္ႏုိင္ငံထုတ္ ဘတ္စ္ကား အသစ္အစီး ၁၀၀၀ ကုိ အစုိးရအခ်င္းခ်င္း ညိွႏႈိင္းကာ တစီးလ်ွင္ က်ပ္ ၇၇.၀၀၀ သန္းျဖစ္ဝယ္ယူခဲ့ရာ တုိင္းအစုိးရက ထည့္ဝင္ေငြ က်ပ္၇၀ ဘီလီယံျဖင့္ မလုံေလာက္၍ ဧရာဝတီဘဏ္ မွ က်ပ္ ၈ဘီလီယံ ေခ်းကာ ဝယ္ယူခဲ့ရေၾကာင္း၊ ထိုကားအစီး ၁၀၀၀ကုိ YPBC ႏွင့္ YUPTကုမၸဏီတုိ႔ အစီး ၅၀၀ စီခြဲေဝရယူ၍ ကားအသစ္ဝယ္ယူခဲ့သည့္ က်ပ္ ၇၀ ဘီလီယံႏွင့္ ေခ်းယူခဲ့သည့္ က်ပ္ ၈ဘီလီယံ စုစုေပါင္း ၇၈ဘီလီယံကုိ ခြဲေဝ တာဝန္ယူ ထားေၾကာင္း ယင္းအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
YBS

YPBC ႏွင့္ YUPTကုမၸဏီတုိ႔အား ဘ႑ာေရးႏွစ္ အလုိက္ စစ္ေဆးအတည္ျပဳထားသည့္ ဘ႑ာေရး႐ွင္းတမ္းမ်ားႏွင့္ သက္ဆုိင္ရာ ကုမၸဏီမ်ားမွတင္ျပသည့္ ၂၀၁၇-၁၈ဘ႑ာ ေရးႏွစ္အတြက္ ႏွစ္ခ်ဳပ္စာရင္းမ်ားအရ YPBC သည္ ၂၀၁၅-၁၆ ဘ႑ာေရးႏွစ္တြင္ က်ပ္ ၄၉ဒသမ၃၄၄သန္း၊ ၂၀၁၆-၁၇ဘ႑ာေရးႏွစ္တြင္ က်ပ္ ၁၀၉၂ဒသမ၅၂၀သန္း ၊ ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္တြင္ က်ပ္ ၂၉၃၈ ဒသမ၉၃၉သန္း အ႐ႈံးေပၚခဲ့ၿပီး YUPT သည္ ၂၀၁၆-၁၇ဘ႑ာေရးႏွစ္တြင္ က်ပ္ ၂၅ဒသမ ၅၄၁ သန္း အျမတ္ရရိွခဲ့ေသာ္လည္း ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္တြင္ က်ပ္ ၆၀၃ဒသမ ၀၇၉ သန္း အ႐ႈံးေပၚေပါက္ခဲ့ေၾကာင္း အစီရင္ခံစာ တြင္ေဖာ္ျပထားသည္။

ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔ ထည့္ဝင္ေငြ ျဖင့္ေဆာင္ရြက္ေနေသာ YBPC ႏွင့္ YUPT ကုမၸဏီ ၂ခု တုိ႔၏ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားသည္ အမ်ားျပည္သူ သြားလာမႈ အဆင္ေျပေစေရးအတြက္ ပုိမုိေကာင္းမြန္ ေသာဝန္ေဆာင္မႈ မ်ားေပးႏုိင္ေရး ႀကိဳးပမ္းေဆာင္ရြက္လ်က္ရိွေသာေၾကာင့္ social profit ရရိွေသာ္လည္း ယာဥ္အသစ္ မ်ားအရင္းမေက်မီကာလတြင္ ေငြေၾကးအက်ဳိးအျမတ္မ်ား မရရိွေသးသျဖင့္ ရန္ကုန္တုိင္းေဒသႀကီး အစုိးရအဖြဲ႔ ရင္းႏွီးျမွဳပ္ႏွံ မႈအေပၚ ေငြေၾကးအက်ဳိးအျမတ္ ရရိွမႈ မရိွေသးေၾကာင္း ယင္းအစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

၂၀၁၆-၂၀၁၇ ခု ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႔ရွိခ်က္ အစီရင္ခံစာတြင္ ေျမႏွင့္အေဆာက္အဦငွားရမ္းျခင္း၊ ေအေထြ ထြပိုလွ်ံေငြသို႔ ျပန္အပ္ႏွံမႈ၊ စနစ္တက် လယ္ယာေျမေဖာ္ထုတ္ျခင္းလုပ္ငန္းမ်ား၊ အဖြဲ႔အစည္းမ်ားတြင္ ရင္းႏွီးေငြ၊ စီမံကိန္းဆိုင္ရာမ်ား၊ ေမာ္ေတာ္ယာဥ္အစီး(၁၀၀၀)အား ဝယ္ယူမႈအေျခအေန၊ ျပင္ပစာရင္းစစ္အဖြဲ႔ျဖင့္ စာရင္းစစ္ေဆးမႈႏွင့္ ႏွစ္ခ်ဳပ္စာရင္းမ်ား၊ သမဝါယမ ဦးစီးဌာန၏ ျပည္သူပိုင္အခန္းမ်ား ငွားရမ္းမႈအေျခအေနႏွင့္ ပန္းဥယ်ဥ္ႏွင့္ အားကစားကြင္း ဌာနဆိုင္ရာကိစၥရပ္မ်ားပါဝင္သည္။

အဆိုပါ ၂၀၁၆-၂၀၁၇ ခု ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႔ရွိခ်က္ အစီရင္ခံစာႏွင့္ ပတ္သက္ၿပီး ျပည္သူ႔ေငြစာ ရင္းေကာ္မတီ၏ အစီရင္ခံစာဖတ္ၾကားျခင္းႏွင့္ ယင္းအစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လာမည့္ လႊတ္ေတာ္က်င္းပသည့္ရက္မ်ားတြင္ ေဆြးေႏြးျခင္းမ်ားကို ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌ ဦးတင္ေမာင္ထြန္းက ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  News Watch

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ကျပ်ရ၀ဘီလီယံ ထည့်ဝင်ငွေဖြင့်ဆောင်ရွက်နေသော ရန်ကုန် ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက် (YPBC) နှင့် ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက် (YUPT) ကုမ္ပဏီ နှစ်ခုမှာ ၂၀၁၇ – ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၅၀၀ ကျော် အရှုံးပေါ်နေကြောင်း ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအရသိရသည်။ ထိုအစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက စက်တင်ဘာ ၁၄ ရက်နေ့ ကပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား YPBC ကုမ္ပဏီ အမည်ဖြင့် တရုတ်နိုင်ငံထုတ် ဘတ်စ်ကား အသစ်အစီး ၁၀၀၀ ကို အစိုးရအချင်းချင်း ညှိနှိုင်းကာ တစီးလျှင် ကျပ် ရ၇.၀၀၀ သန်းဖြစ်ဝယ်ယူခဲ့ရာ တိုင်းအစိုးရက ထည့်ဝင်ငွေ ကျပ်ရ၀ ဘီလီယံဖြင့် မလုံလောက်၍ ဧရာဝတီဘဏ် မှ ကျပ် ၈ဘီလီယံ ချေးကာ ဝယ်ယူခဲ့ရကြောင်း၊ ထိုကားအစီး ၁၀၀၀ကို YPBC နှင့် YUPTကုမ္ပဏီတို့ အစီး ၅၀၀ စီခွဲဝေရယူ၍ ကားအသစ်ဝယ်ယူခဲ့သည့် ကျပ် ရ၀ ဘီလီယံနှင့် ချေးယူခဲ့သည့် ကျပ် ၈ဘီလီယံ စုစုပေါင်း ရ၈ဘီလီယံကို ခွဲဝေ တာဝန်ယူ ထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

YPBC နှင့် YUPTကုမ္ပဏီတို့အား ဘဏ္ဍာရေးနှစ် အလိုက် စစ်ဆေးအတည်ပြုထားသည့် ဘဏ္ဍာရေးရှင်းတမ်းများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှတင်ပြသည့် ၂၀၁၇-၁၈ဘဏ္ဍာ ရေးနှစ်အတွက် နှစ်ချုပ်စာရင်းများအရ YPBC သည် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၉ဒသမ၃၄၄သန်း၊ ၂၀၁၆-၁၇ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၀၉၂ဒသမ၅၂၀သန်း ၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၉၃၈ ဒသမ၉၃၉သန်း အရှုံးပေါ်ခဲ့ပြီး YUPT သည် ၂၀၁၆-၁၇ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၅ဒသမ ၅၄၁ သန်း အမြတ်ရရှိခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၆၀၃ဒသမ ၀၇၉ သန်း အရှုံးပေါ်ပေါက်ခဲ့ကြောင်း အစီရင်ခံစာ တွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထည့်ဝင်ငွေ ဖြင့်ဆောင်ရွက်နေသော YBPC နှင့် YUPT ကုမ္ပဏီ ၂ခု တို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် အများပြည်သူ သွားလာမှု အဆင်ပြေစေရေးအတွက် ပိုမိုကောင်းမွန် သောဝန်ဆောင်မှု များပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသောကြောင့် social profit ရရှိသော်လည်း ယာဉ်အသစ် များအရင်းမကျေမီကာလတွင် ငွေကြေးအကျိုးအမြတ်များ မရရှိသေးသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံ မှုအပေါ် ငွေကြေးအကျိုးအမြတ် ရရှိမှု မရှိသေးကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
YBS

၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွင် မြေနှင့်အဆောက်အဦငှားရမ်းခြင်း၊ အေထွေ ထွပိုလျှံငွေသို့ ပြန်အပ်နှံမှု၊ စနစ်တကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများ၊ အဖွဲ့အစည်းများတွင် ရင်းနှီးငွေ၊ စီမံကိန်းဆိုင်ရာများ၊ မော်တော်ယာဉ်အစီး(၁၀၀၀)အား ဝယ်ယူမှုအခြေအနေ၊ ပြင်ပစာရင်းစစ်အဖွဲ့ဖြင့် စာရင်းစစ်ဆေးမှုနှင့် နှစ်ချုပ်စာရင်းများ၊ သမဝါယမ ဦးစီးဌာန၏ ပြည်သူပိုင်အခန်းများ ငှားရမ်းမှုအခြေအနေနှင့် ပန်းဥယျဉ်နှင့် အားကစားကွင်း ဌာနဆိုင်ရာကိစ္စရပ်များပါဝင်သည်။

အဆိုပါ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာ ရင်းကော်မတီ၏ အစီရင်ခံစာဖတ်ကြားခြင်းနှင့် ယင်းအစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက လာမည့် လွှတ်တော်ကျင်းပသည့်ရက်များတွင် ဆွေးနွေးခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းက ပြောကြားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  News Watch


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top