iMyanmarHouse.com - Best Property Website for Myanmar
×

 in-display fingerprint ေမာ္ဒယ္တစ္မ်ိဳးလည္း ပါရိွပါတယ္
Xiaomi ကေတာ့ Mi 8 မ်ိဳးဆက္ edition သစ္ ႏွစ္မ်ိဳးကို တရားဝင္ မိတ္ဆက္လိုက္ျပီ ျဖစ္ပါတယ္။

Fingerprint Edition (Photo: Android Authority)
ဒီတစ္ခါ Xiaomi Mi 8 ရဲ့ edition သစ္ေတြအေနနဲ ့ျမင္ရမွာက Fingerprint Edition နဲ ့Youth Edition ပါ။ ဒီေမာ္ဒယ္ႏွစ္မ်ိဳးမွာ အျမင့္ဗားရွင္းျဖစ္တဲ့ Fingerprint Edition ကေတာ့ နာမည္အတိုင္း လက္ေဗြစနစ္ကို အထူးျပဳထားတဲ့ ဖုန္းျဖစ္ျပီး ထြက္ျပီးသား Mi 8 ထက္ သာတဲ့ အခ်က္က Explorer Edition စတိုင္ in-display fingerprint နည္းပညာမ်ား သံုးထားတာ ျဖစ္ပါတယ္။

၆.၂၁ လက္မ OLED notch display နဲ ့လာျပီး Xiaomi ကေန ပထမဆံုး မိတ္ဆက္ထားတဲ့ Dual Frequency GPS စနစ္ နဲ ့အတူ Snapdragon 845 processor မ်ား ပါဝင္လာပါတယ္။ memory တဲြစပ္မႈပိုင္းမွာ RAM 6GB နဲ ့8GB ႏွစ္မ်ိဳး ပါရိွျပီး storage ကိုေတာ့ onboard 128GB သံုးထားတာပါ။ ဒီဇိုင္းနဲ ့သံုးထားတဲ့ specs အားလံုးကေတာ့ Xiaomi Mi 8 အတိုင္းပါပဲ။

Xiaomi Mi 8 Youth Edition

ေက်ာဘက္မွာ 12MP+ 12MP ကင္မရာႏွစ္လံုးတဲြဟာ 4-axis OIS ရုပ္ျငိမ္စနစ္ ပါရိွသလို ေရွ ့ဘက္ 20MP ကင္မရာဟာလည္း IR Face Unlock စနစ္ သံုးႏိုင္မွာပါ။ လက္ေဗြစနစ္ပိုင္းမွာ Explorer Edition အတိုင္း မွန္ျပင္ေအာက္ လက္ေဗြသံုးထားျပီး Explorer ထက္ ၂၉% ပိုျမန္တယ္လို ့ဆိုပါတယ္။ ဒီေမာ္ဒယ္ထက္ ေစ်းနည္းတာက Mi 8 Youth Edition ပါ။

Xiaomi Mi 8 ဘက္ဂ်က္ေမာ္ဒယ္ျဖစ္ျပီး ကင္မရာပိုင္းမွာ အလ်ားလိုက္ 12MP+5MP ႏွစ္လံုးတဲြ စနစ္ကို ေျပာင္းသံုးထားျပီး အေရွ ့မွာ 24MP ဆယ္ဖီကင္မရာထားတာက စိတ္ဝင္စားဖို ့ေကာင္းပါတယ္။

မ်က္ႏွာျပင္ ၆.၂၆ လက္မေမာ္ဒယ္ LCD screen နဲ ့လာျပီး ေက်ာဘက္မွာ ရိုးရိုး fingerprint ပါရိွပါတယ္။ သူကေတာ့ Mi 8 ကိုမွ spces ေလွ်ာ့ထားတဲ့ ဖုန္းျဖစ္လို ့processor မွာ mid-range ဗားရွင္း Snapdragon 660 chipset သံုးထားပါတယ္။

ေစ်းႏႈန္းေတြကေတာ့ Xiaomi ရဲ့ စိတ္ဝင္စားစရာအေကာင္းဆံုး အပိုင္းပါ။ Fingerprint Edition ေမာ္ဒယ္ 6GBB/128GB ဗားရွင္းကို ၃၁၉၉ ယြမ္ (ျမန္မာေငြ ၇ သိန္း ၃ ေသာင္းခန္ ့) နဲ ့အျမင့္ 8GB ေမာ္ဒယ္ကို ၃၅၉၉ ယြမ္ (ျမန္မာေငြ ၈ သိန္းေက်ာ္) ေစ်းနဲ ့ေရာင္းခ်သြားမယ္လို ့ဆိုပါတယ္။


Youth Edition (Photo: Android Authority)
Youth Edition ကေတာ့ အနိမ့္ဆံုး 4GB/64GB ေမာ္ဒယ္ကို ၁၃၉၉ ယြမ္ (ျမန္မာေငြ ၃ သိန္းေက်ာ္) ကေန 6GB/64GB နဲ ့6GB/128 GB မ်ားအတြက္ ၁၆၉၉ ယြမ္ (ျမန္မာေငြ ၃သိန္း ၈ ေသာင္းခဲြေက်ာ္) နဲ ့၁၉၉၉ ယြမ္ (ျမန္မာေငြ ၄ သိန္းခဲြ) ေစ်းေတြနဲ ့ေရာင္းခ်သြားမွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 in-display fingerprint မော်ဒယ်တစ်မျိုးလည်း ပါရှိပါတယ်
Xiaomi ကတော့ Mi 8 မျိုးဆက် edition သစ် နှစ်မျိုးကို တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Fingerprint Edition (Photo: Android Authority)
ဒီတစ်ခါ Xiaomi Mi 8 ရဲ့ edition သစ်တွေအနေနဲ့မြင်ရမှာက Fingerprint Edition နဲ့Youth Edition ပါ။ ဒီမော်ဒယ်နှစ်မျိုးမှာ အမြင့်ဗားရှင်းဖြစ်တဲ့ Fingerprint Edition ကတော့ နာမည်အတိုင်း လက်ဗွေစနစ်ကို အထူးပြုထားတဲ့ ဖုန်းဖြစ်ပြီး ထွက်ပြီးသား Mi 8 ထက် သာတဲ့ အချက်က Explorer Edition စတိုင် in-display fingerprint နည်းပညာများ သုံးထားတာ ဖြစ်ပါတယ်။

၆.၂၁ လက်မ OLED notch display နဲ့လာပြီး Xiaomi ကနေ ပထမဆုံး မိတ်ဆက်ထားတဲ့ Dual Frequency GPS စနစ် နဲ့အတူ Snapdragon 845 processor များ ပါဝင်လာပါတယ်။ memory တွဲစပ်မှုပိုင်းမှာ RAM 6GB နဲ့8GB နှစ်မျိုး ပါရှိပြီး storage ကိုတော့ onboard 128GB သုံးထားတာပါ။ ဒီဇိုင်းနဲ့သုံးထားတဲ့ specs အားလုံးကတော့ Xiaomi Mi 8 အတိုင်းပါပဲ။

Xiaomi Mi 8 Youth Edition

ကျောဘက်မှာ 12MP+ 12MP ကင်မရာနှစ်လုံးတွဲဟာ 4-axis OIS ရုပ်ငြိမ်စနစ် ပါရှိသလို ရှေ့ဘက် 20MP ကင်မရာဟာလည်း IR Face Unlock စနစ် သုံးနိုင်မှာပါ။ လက်ဗွေစနစ်ပိုင်းမှာ Explorer Edition အတိုင်း မှန်ပြင်အောက် လက်ဗွေသုံးထားပြီး Explorer ထက် ၂၉% ပိုမြန်တယ်လို့ဆိုပါတယ်။ ဒီမော်ဒယ်ထက် ဈေးနည်းတာက Mi 8 Youth Edition ပါ။

Xiaomi Mi 8 ဘက်ဂျက်မော်ဒယ်ဖြစ်ပြီး ကင်မရာပိုင်းမှာ အလျားလိုက် 12MP+5MP နှစ်လုံးတွဲ စနစ်ကို ပြောင်းသုံးထားပြီး အရှေ့မှာ 24MP ဆယ်ဖီကင်မရာထားတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။

မျက်နှာပြင် ၆.၂၆ လက်မမော်ဒယ် LCD screen နဲ့လာပြီး ကျောဘက်မှာ ရိုးရိုး fingerprint ပါရှိပါတယ်။ သူကတော့ Mi 8 ကိုမှ spces လျှော့ထားတဲ့ ဖုန်းဖြစ်လို့processor မှာ mid-range ဗားရှင်း Snapdragon 660 chipset သုံးထားပါတယ်။

ဈေးနှုန်းတွေကတော့ Xiaomi ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး အပိုင်းပါ။ Fingerprint Edition မော်ဒယ် 6GBB/128GB ဗားရှင်းကို ၃၁၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၃ သောင်းခန့်) နဲ့အမြင့် 8GB မော်ဒယ်ကို ၃၅၉၉ ယွမ် (မြန်မာငွေ ၈ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Youth Edition (Photo: Android Authority)
Youth Edition ကတော့ အနိမ့်ဆုံး 4GB/64GB မော်ဒယ်ကို ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ကနေ 6GB/64GB နဲ့6GB/128 GB များအတွက် ၁၆၉၉ ယွမ် (မြန်မာငွေ ၃သိန်း ၈ သောင်းခွဲကျော်) နဲ့၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲ) ဈေးတွေနဲ့ရောင်းချသွားမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top