×

ေလဆိပ္လုံၿခဳံေရးစစ္ေဆးမႈဆိုတာ သင့္ကို ကာကြယ္ဖို႔အတြက္ ရွိေနတာပါ။ ဒါေပမယ့္ တစ္ခါတရံမွာ သင့္ကို က်န္းမာေရးအရေတာ့

ဒုကၡေပးတတ္ပါတယ္။ ကၽြန္ေတာ္တို႔သိထားတာက ကိုယ့္ရဲ႕ အိမ္ေမြးတိရစၧာန္ေလးေတြ၊ ဘတ္စ္ကားေပၚက ထိုင္ခုံေတြ၊ ATM စက္ေတြ၊ ကိုယ့္ တီဗြီရီမုတ္ေတြမွာ ေရာဂါပိုးေတြရွိတယ္လို႔ပါ။ အခုေတာ့ ေလဆိပ္က လုံၿခဳံေရးအတြက္ အိက္စ္ေရးနဲ႔စစ္ရာမွာ သုံးတဲ့ဗန္းေတြကိုပါ သတိထားရေတာ့မွာ ျဖစ္ပါတယ္။
အဂၤလန္ႏိုင္ငံ ေနာ႔တင္ဟမ္တကၠသိုလ္နဲ႔ ဖင္လန္ႏိုင္ငံ က်န္းမာေရးနဲ႔ လူမႈဖူလုံေရးအဖြဲ႕အစည္းကသိပၸံပညာရွင္မ်ားဟာ ၂၀၁၆ ေဆာင္းရာသီမွာ ဟယ္လ္ဆင္ကီေလဆိပ္ (Helsinki Airport) က လူေတြအထိအေတြ႕အမ်ားဆုံးေနရာေတြကို ေရာဂါပိုးမႊားပါရွိမႈ စစ္ေဆးဖို႔ နမူနာယူ စမ္းသပ္ဓာတ္ခြဲခဲ့ပါတယ္။ အဲဒီဓာတ္ခြဲစစ္ေဆးခ်က္အရ ေလဆိပ္ရဲ႕တျခားေနရာေတြမွာထက္ X-ray စစ္ရာမွာ သုံးတဲ့ဗန္းေတြမွာ အေအးမိႏွာေစးလည္ေခ်ာင္းနာမႈကိုအဓိကျဖစ္ပြားေစတဲ့ပိုး (rhino virus) နဲ႔ တုပ္ေကြးျဖစ္ေစတဲ့ပိုး ( influenza A virus) ကို အမ်ားဆုံး ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ အံ့ဩဖို႔ေကာင္းတာကေတာ့ ဒီပိုးမႊားေတါကို ေလဆိပ္အိမ္သာမ်ားမွာ လုံးဝမေတြ႕ရွိရပဲ ဒီ ဗန္းေတြေပၚမွာသာ ေတြ႕ရွိခဲ့ရျခင္းျဖစ္ပါတယ္။


ကၽြန္ေတာ္တို႔ ေနစဥ္ထိေတြ႕ေနရတဲ့အရာတိုင္းမွာ ေရာဂါပိုးမႊားေတြရွိေနတာျဖစ္ေပမဲ့ ေလေၾကာင္းပို႔ေဆာင္ေရးကေတာ့ တစ္ကမၻာလုံးကို ေရာဂါကူးစက္ျပန္႔ႏွံမႈ ျမန္ေစတဲ့ အေၾကာင္းရင္းထဲမွာပါဝင္ပါတယ္။ ေနာ႔တင္ဟမ္ တကၠသိုလ္က က်န္းမာေရးကာကြယ္ေစာင့္ေရွာက္မႈ ပါေမာကၡ ေဂ်ာ္နသန္ဗန္တန္( Johnathan Van-Tam) ကေတာ့ “’ဒီေလ့လာေတြ႕ရွိမႈဟာ တစ္ကမၻာလုံးကို ေရာဂါကူးစက္ျပန္႔ပြားတာကို ထိန္းခ်ဳပ္မႈနဲ႔ ေဆာင္းရာသီမွာ အသက္႐ႈလမ္းေၾကာင္းေရာဂါေတြ ဘယ္လိုကူးစက္တတ္လဲ ဆိုတဲ့ အေၾကာင္းကို လူထုဆီပညာေပးတဲ့ေနရာမွာ အေထာက္အကူျပဳႏိုင္လိမ့္မယ္” ဆိုတဲ့ အေၾကာင္းေျပာၾကားခဲ့ပါတယ္။

႐ိုးရာေလးရဲ႕ပရိသတ္ေတြလည္း ေနာင္ကို ေလဆိပ္သြားတဲ့အခါမ်ားမွာ အဲဒီဗန္းေတြထဲကို ကိုယ့္ပစၥည္းေတြထည့္ၿပီး အိက္စ္ေရးအစစ္ခံၿပီးရင္ လက္ကို ဆပ္ျပာနဲ႔စင္ၾကယ္ေအာင္ ေဆးေၾကာသင့္ေၾကာင္း သတိေပး မၽွေဝလိုက္ရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
လေဆိပ်လုံခြုံရေးစစ်ဆေးမှုဆိုတာ သင့်ကို ကာကွယ်ဖို့အတွက် ရှိနေတာပါ။ ဒါပေမယ့် တစ်ခါတရံမှာ သင့်ကို ကျန်းမာရေးအရတော့

ဒုက္ခပေးတတ်ပါတယ်။ ကျွန်တော်တို့သိထားတာက ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ဘတ်စ်ကားပေါ်က ထိုင်ခုံတွေ၊ ATM စက်တွေ၊ ကိုယ့် တီဗွီရီမုတ်တွေမှာ ရောဂါပိုးတွေရှိတယ်လို့ပါ။ အခုတော့ လေဆိပ်က လုံခြုံရေးအတွက် အိက်စ်ရေးနဲ့စစ်ရာမှာ သုံးတဲ့ဗန်းတွေကိုပါ သတိထားရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ နော့တင်ဟမ်တက္ကသိုလ်နဲ့ ဖင်လန်နိုင်ငံ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးအဖွဲ့အစည်းကသိပ္ပံပညာရှင်များဟာ ၂၀၁၆ ဆောင်းရာသီမှာ ဟယ်လ်ဆင်ကီလေဆိပ် (Helsinki Airport) က လူတွေအထိအတွေ့အများဆုံးနေရာတွေကို ရောဂါပိုးမွှားပါရှိမှု စစ်ဆေးဖို့ နမူနာယူ စမ်းသပ်ဓာတ်ခွဲခဲ့ပါတယ်။ အဲဒီဓာတ်ခွဲစစ်ဆေးချက်အရ လေဆိပ်ရဲ့တခြားနေရာတွေမှာထက် X-ray စစ်ရာမှာ သုံးတဲ့ဗန်းတွေမှာ အအေးမိနှာစေးလည်ချောင်းနာမှုကိုအဓိကဖြစ်ပွားစေတဲ့ပိုး (rhino virus) နဲ့ တုပ်ကွေးဖြစ်စေတဲ့ပိုး ( influenza A virus) ကို အများဆုံး ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အံ့ဩဖို့ကောင်းတာကတော့ ဒီပိုးမွှားတေါကို လေဆိပ်အိမ်သာများမှာ လုံးဝမတွေ့ရှိရပဲ ဒီ ဗန်းတွေပေါ်မှာသာ တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ နေစဉ်ထိတွေ့နေရတဲ့အရာတိုင်းမှာ ရောဂါပိုးမွှားတွေရှိနေတာဖြစ်ပေမဲ့ လေကြောင်းပို့ဆောင်ရေးကတော့ တစ်ကမ္ဘာလုံးကို ရောဂါကူးစက်ပြန့်နှံမှု မြန်စေတဲ့ အကြောင်းရင်းထဲမှာပါဝင်ပါတယ်။ နော့တင်ဟမ် တက္ကသိုလ်က ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ပါမောက္ခ ဂျော်နသန်ဗန်တန်( Johnathan Van-Tam) ကတော့ “’ဒီလေ့လာတွေ့ရှိမှုဟာ တစ်ကမ္ဘာလုံးကို ရောဂါကူးစက်ပြန့်ပွားတာကို ထိန်းချုပ်မှုနဲ့ ဆောင်းရာသီမှာ အသက်ရှုလမ်းကြောင်းရောဂါတွေ ဘယ်လိုကူးစက်တတ်လဲ ဆိုတဲ့ အကြောင်းကို လူထုဆီပညာပေးတဲ့နေရာမှာ အထောက်အကူပြုနိုင်လိမ့်မယ်” ဆိုတဲ့ အကြောင်းပြောကြားခဲ့ပါတယ်။

ရိုးရာလေးရဲ့ပရိသတ်တွေလည်း နောင်ကို လေဆိပ်သွားတဲ့အခါများမှာ အဲဒီဗန်းတွေထဲကို ကိုယ့်ပစ္စည်းတွေထည့်ပြီး အိက်စ်ရေးအစစ်ခံပြီးရင် လက်ကို ဆပ်ပြာနဲ့စင်ကြယ်အောင် ဆေးကြောသင့်ကြောင်း သတိပေး မျှဝေလိုက်ရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top