တာဝန်သိတတ်ရင် စိတ်စေတနာကောင်းရှိရင် ဒါမျိုးကို ရှယ် ပေးရမှာပါဗျ။
ဝလန်းဆန်းနေတယ် ။
မူးယစ်သားကောင်တွေ ပါ ။
မေတ္တာဖြင့်
#Unicode Version#
တနေ့ကဘဲ သူငယ်ချင်းတယောက် ဖုန်းဆက်တယ် အခုမူးယစ်ဆေးတွေက.”အထက”ကျောင်းတွေကို ပစ်မှတ်ထားနေပြီတဲ့ ကလေးတွေ ဒုက္ခရောက်တော့မယ်တဲ့ အနောက်ပိုင်းခရိုင်တခုလုံးအမှု့ပေါင်းတထောင်ကျော်တိုင်စာတတ်တယ်တဲ့. .ဒီသတင်းလေးနဲ့တိုက်တိုက်ဆိုင်ဆိုင်တင်စရာလေးတွေ့လို့တင်ပေးလိုက်ပါတယ်…ကိုယ့်သားသမီးတွေကိုပိုဂရုစိုက်ကြပါ…
တာဝန်သိတတ်ရင် စိတ်စေတနာကောင်းရှိရင် ဒါမျု ိးကို ရှယ် ပေးရမှာပါဗျ။
*”တိုင်းပြည်ရဲ့ အနာဂတ်မတွေးရဲစရာပါ”*
WY ကို လူငယ်တွေက ကြယ်သီး လို့ အလွယ်ခေါ်ကြပါတယ် ။
အရောင် အလိုက် ပုံစံအလိုက်အမျိုးအစား ခွဲ ကြတယ်WYစာတမ်းနေရာမှာ TG တံဆိပ် ၊ R ၊ 88 ၊ 81တံဆိပ်
ဘာတံဆိပ်မှမပါပဲ အချိုင့်ပေါက်လေး ဒါကို ပဲ စာလုံး လာအပူးလား အချိုင့် လား ခေါ်ကြတယ် ။
နောက် အရောင် အများ အားဖြင့်အရောင် က ပန်းဆီရောင် လိမ္မော်ရောင် ချောကလက်ရောင် ဒီလို ခွဲခြားသတ်မှတ် ကြတယ် ။
အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့ အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကို အထူးထုပ် ကာလာတွေကို တစ်ရာ နှစ်ရာ ယူမှ (ရာစီး) လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။
နောက် WY ထက် အဆင်ြ့မင့်ထားတဲ့ ICE က လည်း အဖြူ ရောင် ကျောက်ချဉ်ခဲ အကြေနဲ့တူပါတယ်။
လူငယ်တွေဘာလို့စွဲလည်း ဘာအရသာလည်းကလည်း စိတ်ပျော့သူဆို ဆွဲတယ်မျောဘို့များပါတယ်
၃လုံး လောက် ရှူ ရှိုက်မိရင် ကချင် ခုန်ချင် လှချင်ပ ချင် သွားချင်လာချင် သုံးစွဲသူ သန္ဓေလိုက်ပြီး
အမျိုးမျိုးဖြစ်ပေါ်လာတတ်ပါတယ်
၃လုံးလောက် ရှူမိသူဟာ ထမင်း ၂ရက်လောက်မဆာပါဘူး ။ ၃ညလောက် မအိပ်ပဲ အိပ်ရေး
ဝလန်းဆန်းနေတယ် ။
လွန်သွားရင် အာရုံသေသွားပြီး တစ်ခုခုထဲ မြုတ်သွား သလို ပေါ့ အလုပ်တစ်မျိုးမျိုး ဝါသနာပါရာgame လိုမျိုးကိုနစ် မအိပ်မနေ ဆော့နေတတ်တယ် ဆေးကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူ စွဲသွားတာပါပဲ ။
ဆေးကျချိန်မှာ ဆေးအာနိသင်ပြယ်ချိန်ဟာ ချက်ခြင်းလူမမာ တစ်ယောက်လို
ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ အရိုးထဲကိုက် တဲ့ ဝေဒနာအားအင်ကုန်ခမ်းနွမ်းနယ်နေ သူတစ်ယောက်လို ဒေါသအလိုလို ဖြစ်လာတာ
တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန် တစ်ချက်နှစ်ချက် တစ်လုံးရဲ့ ၅ပုံ ၁ ပုံ လောက်အနံ့ရတာနဲ့ ငေါက်ခနဲထထိုင် ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို ခုဏမောပမ်း ကိုက်ခဲနေတာ ချက်ခြင်းပျောက် သွားတဲ့
သုခအဲဒီသုခ ကို စွဲလမ်းသွားတာပါ ။
စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ ဆေးသာရမယ်ဆို ဒုစရိုက်လုပ်ဘို့ ၇၀ရာနူန်းတွန်းအားပေးပါတယ် ။
ဈေးကွက် ပေါက်ဈေးအရ တစ်လုံး ၃ထောင်ကို စွဲလန်း သုံးစွဲသူ လူငယ်တစ်ယောက်အနေ နဲ့ ၃လုံး လောက် သုံးစွဲဘို့တစ်နေ့တစ်သောင်းလို အပ်ပါတယ် ။
ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေ နဲ့ ရေရှည်မဖြစ်နိုင်ပါဘူး ။
ထို အချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ ဆေး ရဘို့ မိမိကဲ့သို စမ်းသပ်မယ့်
သားကောင် အသစ်ရှာရပါတယ် ။
သားကောင်အသစ် ရရင်ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့ဈေး နူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့
အပို အဆစ်ဆယ်လုံးမှ တစ်လုံး အပိုလေးကို မျှော်လင့်ပြီး
အလိုလို ရောင်းဝယ်သူ ဆေး ကယ်ရီသမားဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ် ။
နီးစပ်ရာ မိန်းကလေး ယောကျာၤးလေး သူငယ်ချင်းများ ကိုဆွယ်ရပါတော့တယ် ။ နောက်ဆုံး မိမိပတ်ဝန်းကျင် လူစုမိပြီး အားလုံး သားကောင်ဖြစ်သွားကြပြီး သားကောင်အသစ် ထပ်မံမရတော့တဲ့
အချိန်မသုံးစွဲရ မနေနိုင်အခြေအနေမှာ ဒုစရိုက်လုပ်ဘို့ ကြံစည်ပါတော့တယ် ။
ယခု တစ်လောလူငယ်တွေ အစုလိုက်အဖွဲ့လိုက် လုယက်မှုကြူး လွန်နေတာ ဟာ
မူးယစ်သားကောင်တွေ ပါ ။
ဒါကြောင့် လူငယ်များ မစမ်းသပ်သင့်ပါဘူး ။ မိမိသုံးစွဲတာ တာဝန်ရှိသူတွေမသိဘူး မထင်ပါနဲ့
၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။ ၂နှစ်အတွင်း ဆံပင်ကို CID အမျိုးသား ဓါတ်ခွဲဌာနပို့စစ်ရင် ပေါ်ပါတယ်
မိဘများကလည်း ကိုယ့်သားသမီး ရဲ့အမူအကျင့်တွေ ပြောင်းလဲလာရင် လစ်လျှူမရှုသင့်ပါဘူး ။
သုံးစွဲသူတွေ က သိသာထင်ရှာပါတယ် ။ သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ်
မလိုအပ်ပဲစကားများလာမယ် မျက်ကွင်းညိုလာမယ်အစားအသောက်ပျက်လာမယ်
အထူးခြားဆုံး က ချွေး နံ့ ! ကိုယ်နံ့ဟာ လိမ်ညာမရအောင် ချောကလက် အနံ့အမြဲမွှေးနေပါတယ်
ဆပ်ပြာနဲ့ဆေးလို့မပျောက်ပါဘူး ဒါ ထူးခြားပါတယ် ။
သွားများ ကျိုးပဲကုန်ပါတယ် ။ ဒါနောက်ဆုံးအဆင့်ပါ !
လူငယ်အညွန့်အဖူးများ အနာဂတ် လမ်းမမှားစေဘို့တိုင်းပြည် သာယာ အေးချမ်းစေဘို့
အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ်
တကယ့်ဖြန့်ဖြူး ရောင်းချ တဲ့ကုန်သည်ကြီးတွေ ကိုသာ ဖမ်းဆီးစေလိုပါတယ်
တာဝန်သိ သတင်းပေးစေလိုသလို တကယ့်ကိုပဲ ထိထိရောက်ရောက် အရေးယူစေလိုပါတယ်။
မေတ္တာဖြင့်
ဖိုးသူတော် (www.phothutaw.com)
Credit: Nang Htwe Khin & Ng Wo Kham.,U Win Maung