မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


ေဖာင္ေတာ္ဦးဘုရား ေဒသစာရီ ႂကြခ်ီအပူေဇာ္ခံပြဲကို ယမန္ႏွစ္က ျပဳလုပ္ခဲ့စဥ္ (ဓာတ္ပံု −ဂြၽန္ခ်စ္ၿငိမ္း)

ရွမ္းျပည္နယ္ေတာင္ ပိုင္း ေညာင္ေရႊၿမိဳ႕နယ္ရွိ အင္း ေလးေဖာင္ေတာ္ဦးဘုရား ေဒသ စာရီႂကြခ်ီအပူေဇာ္ခံပြဲကို ေအာက္တိုဘာ ၁၀ ရက္တြင္ စတင္က်င္းပ မည္ျဖစ္ေၾကာင္း ေဖာင္ေတာ္ဦး ဘုရား ေဂါပကအဖြဲ႕ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အင္းေလးေဖာင္ေတာ္ဦး စံေက်ာင္းေတာ္က စတင္ကာ ေဒသစာရီႂကြခ်ီ အပူေဇာ္ခံျခင္းျဖစ္ၿပီး အင္းေလးေဒသရွိ ဘုရားစံျမန္းမည့္ ေက်ာင္းေဆာင္ ၂၁ ဌာနသို႔ လွည့္လည္အပူေဇာ္ခံထြက္မည္ဟု ၎က ေျပာသည္။

ေအာက္တိုဘာ ၁၀ ရက္မွ ၂၇ ရက္အထိ ၁၈ ရက္တိုင္တိုင္ လွည့္လည္အပူေဇာ္ခံမည္ျဖစ္ၿပီး ေျချဖင့္ေလွာ္ခတ္ရသည့္ အင္း႐ိုး ရာ ဘုရားဆြဲေလွမ်ားျဖင့္ စည္ ကားသိုက္ၿမိဳက္စြာ လွည့္လည္ မည္ဟု ေဂါပကအဖြဲ႕ တာဝန္ရွိ သူတစ္ဦးက ေျပာသည္။

 ‘‘အရင္ႏွစ္ေတြကေတာ့ ဘုရားေဒသစာရီႂကြခ်ီပြဲဆို ဧည့္ သည္ေတြနဲ႔ စည္တယ္။ ဒီတစ္ႏွစ္ ေတာ့ ဘယ္လိုေနမယ္ဆိုတာ တုိင္းျပည္စီးပြားေရးအေျခအေန အရ ေျပာရ၊ မွန္းရခက္တယ္’’ဟု အင္းေတာင္သူမ်ားအဖြဲ႕ အတြင္းေရးမွဴး ဦးခင္ေမာင္လတ္က ေျပာၾကားသည္။

မူလ ေဖာင္ေတာ္ဦးဘုရား စံေက်ာင္းမွတစ္ဆင့္ ေက်းေပါခံု၊ အင္းတိန္၊ ဟဲယာရြာမ၊ ငါးဖယ္ ေခ်ာင္း၊ ေက်းစားကုန္း၊ ပြဲစား ကုန္း၊ လင္းကင္း၊ ေညာင္ေရႊၿမိဳ႕၊ နန္းသဲ၊ မိုင္းေသာက္ စသည့္ေဒသတုိ႔တြင္ အမ်ားျပည္သူ ဖူးေျမာ္ႏုိင္ ေစရန္ ညက်ိန္း၍ လွည့္လည္အပူ ေဇာ္ခံမည္ျဖစ္သည္။

ယင္းအျပင္ ေဖာင္ေတာ္ဦး ဘုရား လွည့္လည္အပူေဇာ္ခံႂကြ ခ်ီၿပီး ေက်ာင္းေတာ္ဝင္ပြဲက်င္းပ သည့္ေန႔တြင္ အင္း႐ိုးရာ ေလွ ေလွာ္ၿပိဳင္ပြဲမ်ား ထည့္သြင္းက်င္းပမည္ဟု ေဂါပကအဖြဲ႕ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

အင္းေလး ေဖာင္ေတာ္ဦး ဘုရား ေဒသစာရီ ႂကြခ်ီပူေဇာ္ပြဲ သည္ ေဒသ၏ အထိမ္းအမွတ္ သေကၤတတစ္ခုျဖစ္ၿပီး အထြတ္အ ျမတ္ပြဲေတာ္တစ္ခုျဖစ္သည္ဟု ဦးခင္ေမာင္လတ္က ေျပာသည္။

ပြဲေတာ္ရက္ အတြင္း ေညာင္ေရႊၿမိဳ႕ႏွင့္ အင္းေလးေဒသ တစ္ဝိုက္တြင္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူးျပည္သူမ်ား၊ ႏုိင္ငံျခားသားဧည့္သည္မ်ားျဖင့္ အထူးစည္ကားေလ့ရွိသည္ဟု အင္းေလးေဒသခံအခ်ိဳ႕က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံပွဲကို ယမန်နှစ်က ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ −ဂျွန်ချစ်ငြိမ်း)

ရှမ်းပြည်နယ်တောင် ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်း လေးဖောင်တော်ဦးဘုရား ဒေသ စာရီကြွချီအပူဇော်ခံပွဲကို အောက်တိုဘာ ၁၀ ရက်တွင် စတင်ကျင်းပ မည်ဖြစ်ကြောင်း ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အင်းလေးဖောင်တော်ဦး စံကျောင်းတော်က စတင်ကာ ဒေသစာရီကြွချီ အပူဇော်ခံခြင်းဖြစ်ပြီး အင်းလေးဒေသရှိ ဘုရားစံမြန်းမည့် ကျောင်းဆောင် ၂၁ ဌာနသို့ လှည့်လည်အပူဇော်ခံထွက်မည်ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၀ ရက်မှ ၂၇ ရက်အထိ ၁၈ ရက်တိုင်တိုင် လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ခြေဖြင့်လှော်ခတ်ရသည့် အင်းရိုး ရာ ဘုရားဆွဲလှေများဖြင့် စည် ကားသိုက်မြိုက်စွာ လှည့်လည် မည်ဟု ဂေါပကအဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

 ‘‘အရင်နှစ်တွေကတော့ ဘုရားဒေသစာရီကြွချီပွဲဆို ဧည့် သည်တွေနဲ့ စည်တယ်။ ဒီတစ်နှစ် တော့ ဘယ်လိုနေမယ်ဆိုတာ တိုင်းပြည်စီးပွားရေးအခြေအနေ အရ ပြောရ၊ မှန်းရခက်တယ်’’ဟု အင်းတောင်သူများအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လတ်က ပြောကြားသည်။

မူလ ဖောင်တော်ဦးဘုရား စံကျောင်းမှတစ်ဆင့် ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ် ချောင်း၊ ကျေးစားကုန်း၊ ပွဲစား ကုန်း၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်းသဲ၊ မိုင်းသောက် စသည့်ဒေသတို့တွင် အများပြည်သူ ဖူးမြော်နိုင် စေရန် ညကျိန်း၍ လှည့်လည်အပူ ဇော်ခံမည်ဖြစ်သည်။

ယင်းအပြင် ဖောင်တော်ဦး ဘုရား လှည့်လည်အပူဇော်ခံကြွ ချီပြီး ကျောင်းတော်ဝင်ပွဲကျင်းပ သည့်နေ့တွင် အင်းရိုးရာ လှေ လှော်ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အင်းလေး ဖောင်တော်ဦး ဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲ သည် ဒေသ၏ အထိမ်းအမှတ် သင်္ကေတတစ်ခုဖြစ်ပြီး အထွတ်အ မြတ်ပွဲတော်တစ်ခုဖြစ်သည်ဟု ဦးခင်မောင်လတ်က ပြောသည်။

ပွဲတော်ရက် အတွင်း ညောင်ရွှေမြို့နှင့် အင်းလေးဒေသ တစ်ဝိုက်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ နိုင်ငံခြားသားဧည့်သည်များဖြင့် အထူးစည်ကားလေ့ရှိသည်ဟု အင်းလေးဒေသခံအချို့က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top