မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၁၂ ပြဲေစ်းသည္ ဇာတ္ကားတြင္ ဟိုစပ္စပ္ ဒီစပ္စပ္ျဖင့္ ေနရာတကာပါေသာ ဇာတ္က၀ါသနာပါသည့္   ကြမ္းယာသည္ ဇာတ္႐ုပ္ကို   သ႐ုပ္ေဆာင္ေနေၾကာင္း ေဇရဲထက္ကဆုိသည္။

‘‘ကာ႐ိုက္တာသံုးမ်ဳိးေပါ့။ ကြၽန္ေတာ္ ဒီကာ႐ုိက္တာမ်ဳိးေတာ့ မ႐ိုက္ဖူးေသးဘူး။ ဇာတ္႐ူးျဖစ္တဲ့ အတြက္ အၿမဲတမ္းကေနတဲ့ ပံုစံ မ်ဳိး၊ ကြမ္းယာေရာင္းရင္ေတာင္ ကေနတဲ့ ပံုစံမ်ဳိးျဖစ္ရမွာေပါ့’’ဟု ၎က ေျပာသည္။

အဆိုပါဇာတ္ကားမ႐ိုက္ ကူးမီကတည္းက ပရိသတ္ေ၀ဖန္ မႈမခံရေလေအာင္ ျမန္မာအကကို စနစ္တက်တိုက္ထားၿပီး အခ်ဳိး အဆစ္ကအစ အေကာင္းဆံုးျဖစ္ ေအာင္ ႀကိဳးစားသ႐ုပ္ေဆာင္ေန သည္ဟု ဆိုသည္။

၁၂ ပြဲေစ်းသည္ ဇာတ္ကား တြင္ ဇာတ္ပို႔အျဖစ္ ပါ၀င္ရမည္ ျဖစ္ေသာ္လည္း လုပ္ကြက္မ်ားၿပီး တစ္ဇာတ္လံုးကို ပံ့ပိုးေပးရမည္ ျဖစ္၍ လက္ခံျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။

‘‘အဓိကကေတာ့ ကြၽန္ေတာ္ တို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ ပြဲေတာ္ ေတြ၊ ပြဲေစ်းေတြမွာ ဘယ္လိုေတြ ရွိေနလဲဆိုတာခ်ျပခ်င္တယ္။ အရမ္းေပ်ာ္စရာေကာင္းတဲ့ ျမန္ မာဓေလ့ေလးကိုျပခ်င္တဲ့ ကာ ႐ိုက္တာရယ္၊ လူေတြအကုန္လံုး ကို စိတ္ခ်မ္းသာမႈေပးခ်င္တယ္။ ေပ်ာ္ရႊင္မႈေပးခ်င္တယ္။ ရသတစ္ ခုခုက်န္ေအာင္ အားလံုးႀကိဳးစား သြားမွာပါ’’ဟု ၎က ေျပာသည္။

အဆိုပါဇာတ္ကားကို ဒါ႐ိုက္ တာ ကိုေဇာ္ (အ႐ုဏ္ဦး)က ပံုေဖာ္႐ိုက္ကူးၿပီး ၎အပါအ၀င္ လူမင္း၊ ညီထြဋ္ေခါင္၊ ခုိင္သင္းၾကည္၊ ေရႊမႈံရတီႏွင့္ ခင္လိႈင္တို႔ အဓိကပါ၀င္သ႐ုပ္ေဆာင္မည္ ျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔အေနနဲ႔ ႐ုပ္ ရွင္မွာက်ေတာ့ ေတာ္႐ုံတန္႐ုံ ဇာတ္ကို ေရြးခ်ယ္ပိုင္ခြင့္မရွိဘူး။ ဇာတ္တစ္ခုကို ေပးလာတဲ့အခါမွာ ငါလုပ္ႏိုင္လား၊ ဘယ္လိုမ်ဳိးလို အပ္ခ်က္ရွိေနလဲ၊  အဲဒီလိုမ်ဳိးေလး ေတြ အၿမဲတမ္းေထာက္ၾကည့္ တယ္။ ကိုယ္မလုပ္ဖူးတဲ့ ဇာတ္ကို ပိုလုပ္ခ်င္တယ္။ အဲဒါမွ အေတြ႕ အႀကံဳေတြ ပိုရမွာေလ။ ဒီကားမွာ ကိုေဇာ္ဒီကာ႐ိုက္တာကိုေပးတဲ့ အတြက္ အရမ္းေပ်ာ္တယ္။ တစ္ ကားလံုးကို ကြၽန္ေတာ္က ေႏွာင့္ ရမယ့္ကာ႐ိုက္တာ ျဖစ္ေနတယ္’’ ဟု ၎က ေျပာသည္။

အဆိုပါဇာတ္ကားအၿပီး တြင္ ဗီဒီယိုတစ္ကား႐ိုက္ကူးရန္ လက္ခံထားၿပီး ယခုလကုန္တြင္ ႐ုပ္ရွင္ႏွင့္ ဗီဒီယိုမ်ားဆက္တိုက္ ႐ိုက္ကူးရန္ရွိေၾကာင္း ေဇရဲထက္ က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ
၁၂ ပွဲဈေးသည် ဇာတ်ကားတွင် ဟိုစပ်စပ် ဒီစပ်စပ်ဖြင့် နေရာတကာပါသော ဇာတ်ကဝါသနာပါသည့်   ကွမ်းယာသည် ဇာတ်ရုပ်ကို   သရုပ်ဆောင်နေကြောင်း ဇေရဲထက်ကဆိုသည်။

‘‘ကာရိုက်တာသုံးမျိုးပေါ့။ ကျွန်တော် ဒီကာရိုက်တာမျိုးတော့ မရိုက်ဖူးသေးဘူး။ ဇာတ်ရူးဖြစ်တဲ့ အတွက် အမြဲတမ်းကနေတဲ့ ပုံစံ မျိုး၊ ကွမ်းယာရောင်းရင်တောင် ကနေတဲ့ ပုံစံမျိုးဖြစ်ရမှာပေါ့’’ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားမရိုက် ကူးမီကတည်းက ပရိသတ်ဝေဖန် မှုမခံရလေအောင် မြန်မာအကကို စနစ်တကျတိုက်ထားပြီး အချိုး အဆစ်ကအစ အကောင်းဆုံးဖြစ် အောင် ကြိုးစားသရုပ်ဆောင်နေ သည်ဟု ဆိုသည်။

၁၂ ပွဲဈေးသည် ဇာတ်ကား တွင် ဇာတ်ပို့အဖြစ် ပါဝင်ရမည် ဖြစ်သော်လည်း လုပ်ကွက်များပြီး တစ်ဇာတ်လုံးကို ပံ့ပိုးပေးရမည် ဖြစ်၍ လက်ခံခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘အဓိကကတော့ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပွဲတော် တွေ၊ ပွဲဈေးတွေမှာ ဘယ်လိုတွေ ရှိနေလဲဆိုတာချပြချင်တယ်။ အရမ်းပျော်စရာကောင်းတဲ့ မြန် မာဓလေ့လေးကိုပြချင်တဲ့ ကာ ရိုက်တာရယ်၊ လူတွေအကုန်လုံး ကို စိတ်ချမ်းသာမှုပေးချင်တယ်။ ပျော်ရွှင်မှုပေးချင်တယ်။ ရသတစ် ခုခုကျန်အောင် အားလုံးကြိုးစား သွားမှာပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားကို ဒါရိုက် တာ ကိုဇော် (အရုဏ်ဦး)က ပုံဖော်ရိုက်ကူးပြီး ၎င်းအပါအဝင် လူမင်း၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ရွှေမှုံရတီနှင့် ခင်လှိုင်တို့ အဓိကပါဝင်သရုပ်ဆောင်မည် ဖြစ်သည်။

‘‘ကျွန်တော်တို့အနေနဲ့ ရုပ် ရှင်မှာကျတော့ တော်ရုံတန်ရုံ ဇာတ်ကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ဇာတ်တစ်ခုကို ပေးလာတဲ့အခါမှာ ငါလုပ်နိုင်လား၊ ဘယ်လိုမျိုးလို အပ်ချက်ရှိနေလဲ၊  အဲဒီလိုမျိုးလေး တွေ အမြဲတမ်းထောက်ကြည့် တယ်။ ကိုယ်မလုပ်ဖူးတဲ့ ဇာတ်ကို ပိုလုပ်ချင်တယ်။ အဲဒါမှ အတွေ့ အကြုံတွေ ပိုရမှာလေ။ ဒီကားမှာ ကိုဇော်ဒီကာရိုက်တာကိုပေးတဲ့ အတွက် အရမ်းပျော်တယ်။ တစ် ကားလုံးကို ကျွန်တော်က နှောင့် ရမယ့်ကာရိုက်တာ ဖြစ်နေတယ်’’ ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်ကားအပြီး တွင် ဗီဒီယိုတစ်ကားရိုက်ကူးရန် လက်ခံထားပြီး ယခုလကုန်တွင် ရုပ်ရှင်နှင့် ဗီဒီယိုများဆက်တိုက် ရိုက်ကူးရန်ရှိကြောင်း ဇေရဲထက် က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top