မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
Credit:bahuthuta
# Unicode Version ဖြင့် ဖတ်ပါ #
ရွှေထူးကိုမြင်ရင် စိတ်ပဲကောက်ချင်နေတယ်ဆိုတဲ့ ရွှေမှုန်ရတီ
ပြည်သူချစ် အနုပညာရှင်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုန်ရတီက ချစ်သူတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် မျက်စိအောက်ကနေ အပျောက်မခံနိုင်လောက်အောင် ချစ်ကြသူနှစ်ဦးပါ။
သူတို့နှစ်ဦးရဲ့ အချစ်ရေးက ဝေဖန်မှုပေါင်းများစွာရှိနေပေမယ့် သူတို့နှစ်ဦးကတော့ သူတို့လျှောက်မယ့်လမ်းကိုသာ ဖြောင့်ဖြောင့်ဖြူးဖြူးလျှောက်လှမ်းနေပါတယ်။ သူတို့နှစ်ဦးက နေခြည်ဦးနဲ့ရိုက်ကူးတဲ့ “ဧည့်သည်” ရုပ်ရှင်ကားကြီး ရိုက်ကူးနေတဲ့အချိန်မှာ ပိုပြီးရင်းနှီးလာပြီး ချစ်သူတွေဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီက လွန်ခဲ့တဲ့ရက်ပိုင်းအနည်းငယ်ကမှ Anniversary နေ့အမှတ်တရအဖြစ် တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာနဲ့ ဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို သူတို့ရဲ့ဖေ့ဘုတ်စာမျက်နှာပေါ်မှာ တင်ခဲ့ပါသေးတယ်။ ဒါပေမယ့် Anniversary ကဘယ်လောက်ပြည့်တယ်ဆိုတာကိုတော့ ပြောပြထားခြင်းမရှိပါဘူး။
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် နာမည်ပြောင်လေးတွေပေးပြီးလဲ စနောက်တတ်ကြပါသေးတယ်။ ရွှေမှုန်ရတီက ရွှေထူးကို “Coco” လို့ခေါ်ပြီး ရွှေထူးကတော့ ရွှေမှုန်ရတီကို “စာကလေး” လို့ခေါ်တာပဲဖြစ်ပါတယ်။
ရွှေမှုန်ရတီက ရွှေထူးကိုမြင်ရင်စိတ်ပဲကောက်ချင်နေတာပဲ လို့ဆိုထားပါတယ်။ ရွှေထူးကလဲပြောပါတယ်။ ရွှေမှုန်ရတီက စိတ်ကောက်ရရင်ပျော်နေတဲ့သူပါတဲ့။ ရွှေထူးကတော့အကြီးပီပီ ရွှေမှုန်ရတီကို အရမ်းချစ်ပြီး အလိုလိုက် ဂရုစိုက်မှာပဲနော်။
ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top