×







Source – The idol fan ‘s fb

Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိုင်ဒေါ မှာ သီချင်းဆိုပြိုင်ရင်းက ဒိုင်ဖြစ်သူမြန်မာပြည်သိန်းတန် ရဲ့ငှက်ပျောသီးကျွေးမိတဲ့ အကြောင်းအရာကစပြီး ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ပြိုင်ပွဲဝင် ခြိမ့်ကေကိုဟာ အားနည်း ချက်တွေရှိနေတာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် လက်ရှိမှာတော့ သရဲကားမှာ

သရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ သူဟာ ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးခဲ့ရပြီး နောက်ပိုင်းကိုလဲ အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

အဆိုပါ သရဲကားမှာ သူပါဝင်ရိုက်ကူးဖြစ်တဲ့ အကြောင်းကို ” ဇာတ်ကား အမြည်းလေးတင်ပေးလိုက်ပါတယ်ကျနော်ကို ဆဲ တဲ့သူ မုန်းတဲ့သူ ချစ်ခင်အားပေးတဲ့ သူတေအားလုံး ကျေးဇူးပါ အရင်ဘဝ က ကျနော် အဲလိုသူများသားသမီးတွေကို ဆဲဆိုခဲ့လို့ ဒီဘဝ မှာ အကိုတို့ အမတို့နဲ့ ဘာရန်ငြိုးရန်စမရှိပဲ ကျနော်ကို မိခေါင်း

ဖခင်သားသမီးများပီပီ ဆဲ တဲ့ အတွက် ဝဋ်ကြွေးတခုအဖြစ်သာ ကျနော်ခံယူနေပါတယ် ။ ဒီဘဝ ဝဋ်ကြွေးဒီမျှနဲ့ပဲကျေပါစေ။ ကျနော်ရှေ့ဆက်အများကြီးကြိုးစားပါမယ်။ ဒီ movie လေးမှ ကျနော်ကိုခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးပေးတဲ့ အကိုကြီး ဒါရိုက်တာကိုလေပြေ ကိုကျေးဇူးအထူးပါ ”

“ကျနော်ကို ညီအရင်းတစ်ယောက်လို နောက်ထပ် အနုပညာ လမ်းကြောင်းကိုတက်ဖို့ကူညီပံပိုးပီး အစစရာရာ ဆုံးမသွန်သင်ပေးတဲ့ မြိတ်မှ ကို AungThanHtike (မြိတ်ဟစ်တလာ)၊ ကျနော် ဆရာ တေးရေ ကိုကျော်မင်းဟန် ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား” ဆိုပြီး ရုပ်ရှင်ရိုက်ကူးဖို့ ပါဝင်ကူညီသူတွေကို ကျေးဇူးတင်ကြောင်းပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်နော်။ ခြိမ့်ကေကိုရဲ့ သရဲကားအမြည်းလေးကို ကြည့်ရှု့ပေးသွားကြပါဦးနော်။

Source – The idol fan ‘s fb

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top