ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဒုကၡသည္စခန္းမွာေမြးဖြားျပီး ဆြီဒင္ႏိုင္ငံကိုေရာက္ခဲ့သူပါ။

Swedish Idols ရဲ႕ season 14 မွာ ကရင္လူငယ္တဦးျဖစ္တဲ့ Ki Soe က ၀င္ေရာက္ယွဥ္ၿပိဳင္ေနၿပီး ျမန္မာလူမႈကြန္ရက္မွာလည္း သူက ေရပန္းစားေနပါတယ္။

Ki Soe ဟာ အသက္ ၄ နွစ္အရြယ္ကတည္းကေန ဆြီဒင္ႏုိင္ငံကုိ မိဘေတြနဲ႔အတူ ေရာက္ရွိအေျခခ်ေနထုိင္တာျဖစ္ၿပီး ထုိင္း-ျမန္မာနယ္စပ္ မယ္လဒုကၡသည္စခန္းကေန သြားေရာက္ခဲ့တာျဖစ္ပါတယ္။Ki soe ဟာ မယ္လဒုကၡသည္စခန္းမွာပဲ ေမြးဖြားခဲ့သူျဖစ္ၿပီး ဆြီဒင္ႏုိင္ငံကုိေရာက္ေနတာ ၁၃ ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူဟာ သီခ်င္းဆုိတာ ၀ါသနာပါလုိ႔ အခုလုိ ဆြီဒင္အုိင္ေဒါ့လ္မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ၿပီး အခု ၁၃ ေယာက္ စာရင္းမွာ ရွိေနတယ္လုိ႔ Ki Soe က ေျပာပါတယ္။

“က်ေနာ္က ေသာၾကာေန႔တရက္ဆုိရင္ သီခ်င္းဆုိရတယ္။ သူမ်ားေတြက က်ေနာ့္ကုိ vote ေပးရင္ေတာ့ က်ေနာ့္ ၁၂ ရက္စာရင္းမွာ ပါလာမွာေပါ့ေနာ္။ က်ေနာ္ေနာက္အဆင့္ေတြ ပါမယ္ဆုိရင္ေတာ့ ဒီဇင္ဘာလအထိ သီခ်င္းဆုိရတယ္။”သူ႔အေနနဲ႔ ဆြီဒင္အုိင္ေဒါ့လ္ကုိ အခုႏွစ္ ဧၿပီလကတည္းက ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ ရတာျဖစ္ၿပီး အဆင့္ဆင့္ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ အခု Top 13 အထိ ေရာက္ရွိလာရတာ လုိ႔လည္း ေျပာပါတယ္။

သူဟာ မယ္လဒုကၡသည္စခန္းကေန ေမြးဖြားလာခဲ့တာျဖစ္ၿပီး အခု အသက္ ၁၇ ႏွစ္ရွိပါတယ္၊ သူ႔ကုိ ဆက္လက္အားေပးဖုိ႔လည္း ေျပာဆုိခဲ့ပါတယ္။ဆီြဒင္အုိင္ေဒါလ့္ဟာအပတ္စဥ္ ေသာၾကာေန႔ေတြမွာ သီခ်င္းဆုိယွဥ္ၿပိဳင္ရတာျဖစ္ၿပီး ဆြီဒင္ႏုိင္ငံရဲ့ TV4 မွာ ထုတ္လြင့္ေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဒီဗီဘီစာမ်က္ႏွာမွတဆင့္ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

#Unicode Version#
ဒုက္ခသည်စခန်းမှာမွေးဖွားပြီး ဆွီဒင်နိုင်ငံကိုရောက်ခဲ့သူပါ။

Swedish Idols ရဲ့ season 14 မှာ ကရင်လူငယ်တဦးဖြစ်တဲ့ Ki Soe က ဝင်ရောက်ယှဉ်ပြိုင်နေပြီး မြန်မာလူမှုကွန်ရက်မှာလည်း သူက ရေပန်းစားနေပါတယ်။

Ki Soe ဟာ အသက် ၄ နှစ်အရွယ်ကတည်းကနေ ဆွီဒင်နိုင်ငံကို မိဘတွေနဲ့အတူ ရောက်ရှိအခြေချနေထိုင်တာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကနေ သွားရောက်ခဲ့တာဖြစ်ပါတယ်။Ki soe ဟာ မယ်လဒုက္ခသည်စခန်းမှာပဲ မွေးဖွားခဲ့သူဖြစ်ပြီး ဆွီဒင်နိုင်ငံကိုရောက်နေတာ ၁၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ သီချင်းဆိုတာ ဝါသနာပါလို့ အခုလို ဆွီဒင်အိုင်ဒေါ့လ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အခု ၁၃ ယောက် စာရင်းမှာ ရှိနေတယ်လို့ Ki Soe က ပြောပါတယ်။

“ကျနော်က သောကြာနေ့တရက်ဆိုရင် သီချင်းဆိုရတယ်။ သူများတွေက ကျနော့်ကို vote ပေးရင်တော့ ကျနော့် ၁၂ ရက်စာရင်းမှာ ပါလာမှာပေါ့နော်။ ကျနော်နောက်အဆင့်တွေ ပါမယ်ဆိုရင်တော့ ဒီဇင်ဘာလအထိ သီချင်းဆိုရတယ်။”သူ့အနေနဲ့ ဆွီဒင်အိုင်ဒေါ့လ်ကို အခုနှစ် ဧပြီလကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရတာဖြစ်ပြီး အဆင့်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အခု Top 13 အထိ ရောက်ရှိလာရတာ လို့လည်း ပြောပါတယ်။

သူဟာ မယ်လဒုက္ခသည်စခန်းကနေ မွေးဖွားလာခဲ့တာဖြစ်ပြီး အခု အသက် ၁၇ နှစ်ရှိပါတယ်၊ သူ့ကို ဆက်လက်အားပေးဖို့လည်း ပြောဆိုခဲ့ပါတယ်။ဆွီဒင်အိုင်ဒေါလ့်ဟာအပတ်စဉ် သောကြာနေ့တွေမှာ သီချင်းဆိုယှဉ်ပြိုင်ရတာဖြစ်ပြီး ဆွီဒင်နိုင်ငံရဲ့ TV4 မှာ ထုတ်လွင့်နေတာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: ဒီဗီဘီစာမျက်နှာမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top