





Credit:Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
စကားအရမ်းတတ်လွန်းတာကြောင့် လတ်တလော လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ချက်ခြင်းဆိုသလို နာမည်ကြီးလာခဲ့တဲ့ ချစ်စရာကလေးလေး ထိပ်ထားသခင်ကတော့ မင်းသမီးချောလေး ဖွေးဖွေးနဲ့လည်း အရမ်းတူတယ်လို့ လူပြောများနေတာပါ။ လတ်တလောမှာလည်း ဖွေးဖွေးက ထိပ်ထားသခင်လေးနဲ့ အတူဆုံတွေ့ပြီး ဂိမ်းကစားရင်း မုန့်စားခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးထားတာပါ။ ဂိမ်းအတူကစားရင်းနဲ့ Ticket တွေလည်း အများကြီးရခဲ့ကြတာမို့ သူတို့နှစ်ဦးကတော့ အရမ်းကို ပျော်နေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖွေးဖွေးနဲ့ ထိပ်ထားသခင်လေးတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Wow! Ticketတွေက တစ်ပွေ့တစ်ပိုက်ကြီးနော်…
ဖွေးဖွေးကတော့ “Jack Pot!!! We got 1000 tickets prize together!!” ဆိုပြီး ထိပ်ထားသခင်လေးနဲ့ ဂိမ်းအတူဆော့ရင်း Ticket တွေအများကြီးရခဲ့တဲ့အကြောင်းကို သူမရဲ့အင်စတာဂရမ်ပေါ်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။
အားရပါးရဂိမ်းဆော့နေတဲ့ မိထိပ်ထားလေး…
ကစားကွင်းထဲဝင်ကစားနေတဲ့ ကလေးကြီး ဖွေးစိန် :p
အစားပုပ်လေးနှစ်ယောက် စားခါနီး ဓါတ်ပုံရိုက်ကြသေးတယ်…
ထိပ်ထားသခင်ကတော့ ဖွေးဖွေးက သူမချစ်ရတဲ့ မင်းသမီးတစ်ဦးဖြစ်တယ်လို့ အမြဲပြောလေ့ရှိပြီး ဖွေးဖွေးကလည်း သူမနဲ့တူတဲ့ ထိပ်ထားလေးကို အချစ်ပိုနေတာပါ။ အနုပညာပိုးပါတဲ့ ထိပ်ထားသခင်လေးက သရုပ်ဆောင်တစ်ဦးဖြစ်ချင်တဲ့ အိမ်မက်ရှိသူလေးမို့ ဖွေးစိန်လေးလို ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦး ဖြစ်လာဦးမလားဆိုတာကတော့ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းကြတဲ့ ဖွေးစိန်လေးနဲ့ ထိပ်ထားသခင်လေးကိုချစ်တယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
ဖိုးသူတော် (www.phothutaw.com)
Credit:Myint Myat