(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×
Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
Project K အကအဖွဲ့ က ၎င်းတို့အဖွဲ့၏ပထမဆုံးတေး စီးရီးကို အောက်တိုဘာအတွင်း ဖြန့်ချိမည်ဖြစ်ပြီး Limited Edition အနေဖြင့်ရောင်းချမည် ဖြစ်သည်။
‘‘အခွေက သုံးထောင်ပဲ ထုတ်မှာ။ အခွေရဲ့ဈေးကို ကျပ် တစ်သောင်းခွဲ သတ်မှတ်ထား တယ်။ တစ်သောင်းခွဲဆိုတာမြန် မာနိုင်ငံအနေနဲ့များတယ်လို့ စိတ် ထဲကရှိကောင်းရှိလိမ့်မယ်။ ဒါပေ မဲ့စိတ်ချပါ။ အဲဒါနဲ့တန်ပါတယ် လို့ပြောရဲပါတယ်’’ ဟု Project K အဖွဲ့မှ Willimကပြောသည်။
ယင်းအခွေတွင် သီချင်း ခုနစ်ပုဒ်ပါဝင်မည်ဖြစ်ပြီး စီဒီခွေ နှင့်အတူ Music Video ရိုက်ကူး  ထားသည့် ဒီဗီဒီနှင့် ပရိသတ်များ   အတွက် အမှတ်တရပစ္စည်းများ ပါဝင်မည်ဖြစ်သည်။
‘‘ကျွန်တော်တို့ကွာလတီကို အကောင်းဆုံးဖြစ်အောင် ဖန်တီး  ထားတာကြောင့်တစ်သောင်းခွဲနဲ့ တန်တယ်ဆိုတာကို ရဲရဲကြီးအာမ ခံပါတယ်’’ ဟု Project K အဖွဲ့မှ  ဘုန်းနေမင်းကပြောသည်။
အဆိုပါအခွေတွင်  ပါဝင် သည့် Music Video များကိုဘန် ကောက်အထိသွားရောက်ရိုက် ကူးထားပြီးကကွက်များအတွက် သုံးလခန့်အချိန်ယူ ပြင်ဆင်ခဲ့   ကြောင်း Willim ကဆို သည်။
အခွေနာမည်ကို The Beginning ဟု အမည်ပေးထား ပြီးအောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့ Juction City ၌ စတင် ရောင်းချမည်ဖြစ်ကာ မန္တလေးမြို့ တွင် အောက်တိုဘာ ၂၄ ရက်၌ မင်္ဂလာမန္တလေး၌ ရောင်းချမည် ဖြစ်သည်။
အခွေပရိုမိုးရှင်းအနေဖြင့်ပြု လုပ်ခြင်းဖြစ်သော်လည်း Mini  Concert ကဲ့သို့ဖျော်ဖြေရေးအစီ အစဉ်များ တင်ဆက်ပေးမည်ဟု Willim ကပြောသည်။
Project K အဖွဲ့သည် အဖွဲ့ ဝင်ယောက်ျားလေးခုနှစ်ဦးပါဝင် ပြီး လူငယ်မိန်းကလေးပရိသတ် အများစု၏ အားပေးမှုရရှိထား သည့်အကအဖွဲ့ဖြစ်သည်။
The Beginning အခွေတွင် ပါဝင်မည့်ပုံပြောကောင်းသူ အမ် တီဗီကို OPPO ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် စက်တင်ဘာ ၁၆ ရက်က တင်ပေးခဲ့ရာကြည့်ရှုသူ ငါးသိန်းကျော်ရှိခဲ့သည်။
ထို့အပြင် ယင်းအခွေကို Pre Order အနေဖြင့်အောက်တို ဘာ ၉ ရက်မှ ၁၈ ရက်အထိလက် ခံပေးမည်ဖြစ်ပြီး Pre Order  မှာထားသူများက ကံစမ်းမဲနှိုက်၍  ၎င်းတို့အဖွဲ့နှင့်အတူ ညစာစား ခွင့်နှင့် Oppo F9 ဖုန်းနှစ်ခုလုံးကို လည်းမဲနှိုက်ရွေးချယ်ပေးမည်ဖြစ် ကြောင်း ထက်ဘုန်းနိုင်ကပြော သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top