မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အလြန္ေကာင္းမြန္တဲ့ ပီဇာလက္ရာေတြနဲ႔ ကမာၻကုိထုိးေဖာက္ေနတဲ့ Domino ဆုိင္ရဲဲ႕ အေရာင္းဆုိင္ခြဲတစ္ခုဟာ သူတုိ႔ရဲ႕လုိဂုိကုိ Tattoo ထုိး႐ုံနဲ႔ ႏွစ္(၁၀၀)တုိင္သည္အထိ ပီဇာအခမဲ့စားရမယ္လုိ႔ ပ႐ုိမုိးရွင္း လုပ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီပ႐ုိမုိးရွင္းကုိ ခ်က္ခ်င္းျပန္လည္ ႐ုပ္သိမ္းခဲ့ရပါတယ္။ အဆုိပါ အေရာင္းဆုိင္ခြဲဟာ ႐ုရွားႏုိင္ငံမွာ တည္ရွိပါတယ္။

ကနဦးတုန္းကေတာ့ Domino ဆုိင္တာဝန္ရွိသူေတြဟာ သူတုိ႔ရဲ႕ ကမ္းလွမ္းမႈဟာ လူမႈကြန္ယက္မွာ အသစ္အဆန္းလည္း ျဖစ္သလုိ၊ ဘယ္သူမွ ကိုယ့္ခႏၶာကိုယ္ေပၚကို သူမ်ားလုိဂုိ Tattoo ထုိးခံခ်င္မွာမဟုတ္ဘူးလုိ႔ ယူဆခဲ့ပါတယ္။ ဒါေပမယ့္ ထင္မွတ္မထားဘဲ ရာသက္ပန္ပီဇာအဝစားလုိတဲ့ ပုဂၢိဳလ္ေတြဟာ ရာနဲ႔ခ်ီ ေပၚထြက္လာခဲ့ပါတယ္။

ဒါေၾကာင့္ Domino ဆုိင္ဟာ သူတုိ႔ေၾကာ္ျငာကုိ ခ်က္ခ်င္းျပင္ဆင္ခဲ့ရၿပီး ” ပထမဆုံး Tattoo ထုိးၿပီးေၾကာင္း လုိဂုိကုိ လာျပတဲ့ လူ (၃၅၀)ကုိသာ “ဆုိၿပီး စာတန္းတစ္ခု ျခြင္းခ်က္အျဖစ္ ထည့္သြင္းခဲ့ရပါတယ္။ ဒါေတာင္ လူ(၃၅၀)ကုိ ရာသက္ပန္မေျပာနဲ႔ တစ္ႏွစ္ေလာက္ေတာင္ အခမဲ့ေကၽြးႏုိင္ပါ့မလား စဥ္းစားစရာပါ။

ဒါေၾကာင့္မုိ႔လည္း ေၾကာ္ျငာစာကုိ ျပင္ၿပီး ေနာက္ထပ္ မိနစ္အနည္းငယ္အတြင္းမွာပင္ ” သူငယ္ခ်င္းတုိ႔ေရ … အခု လူ(၃၅၀) ျပည့္သြားၿပီေနာ္ … အခု ဘယ္သူ႕Tattoo ကုိမွ လက္မခံေတာ့ပါဘူးေနာ္ “လုိ႔ ခ်က္ခ်င္းေၾကညာခ်က္ ထုတ္ျပန္ခဲ့ရပါတယ္။ ရယ္စရာလည္းေကာင္းသလုိ၊ ပရိသတ္အတြက္လည္း ေဒါသထြက္စရာ ျဖစ္ေစခဲ့ပါတယ္။

Domino တာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ(၁၀)ရက္က သူတုိ႔ပ႐ုိမုိးရွင္းကို စခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ခ်က္ခ်င္းပဲ ႐ုပ္သိမ္းခဲ့ရပါတယ္။ သူတုိ႕ရဲ႕ လြဲမွားတဲ့ပ႐ုိမုိးရွင္းအမွားေၾကာင့္ လူကဲ့ရယ္စရာျဖစ္ခဲ့ရပါတယ္။ တကယ္ဆုိ ” ပထမဆုံး Tattoo ထုိးထားေၾကာင္း ပုံျပႏုိင္သူကုိ တစ္ပတ္ ပီဇာအခမဲ့ “ဆုိတာေလာက္က ဆုိင္အတြက္လည္း နစ္နာမႈရွိမွာ မဟုတ္ပါဘူး။

ဒါ့အျပင္ အျခားတစ္ဘက္က တြက္ရင္လည္း တစ္ပတ္ေလာက္အတြက္ လူေတြကလည္း သူတုိ႔အသားအနာခံၿပီး တက္တူးထုိးဖုိ႔ မရွိဘူးလုိ႔ ယူဆရပါတယ္။ သုိ႔ေသာ္လည္း ဒီလုိနည္းနဲ႔ ပ႐ုိမုိးရွင္လုပ္တာဟာ မွန္ကန္ေသာ ေစ်းကြက္ယွဥ္ၿပိဳင္မႈမဟုတ္ဘူးဆုိတာေတာ့ ေသခ်ာပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: လင္းေဇာ္ကို (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အလွန်ကောင်းမွန်တဲ့ ပီဇာလက်ရာတွေနဲ့ ကမ္ဘာကိုထိုးဖောက်နေတဲ့ Domino ဆိုင်ရဲ့ အရောင်းဆိုင်ခွဲတစ်ခုဟာ သူတို့ရဲ့လိုဂိုကို Tattoo ထိုးရုံနဲ့ နှစ်(၁၀၀)တိုင်သည်အထိ ပီဇာအခမဲ့စားရမယ်လို့ ပရိုမိုးရှင်း လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပရိုမိုးရှင်းကို ချက်ချင်းပြန်လည် ရုပ်သိမ်းခဲ့ရပါတယ်။ အဆိုပါ အရောင်းဆိုင်ခွဲဟာ ရုရှားနိုင်ငံမှာ တည်ရှိပါတယ်။

ကနဦးတုန်းကတော့ Domino ဆိုင်တာဝန်ရှိသူတွေဟာ သူတို့ရဲ့ ကမ်းလှမ်းမှုဟာ လူမှုကွန်ယက်မှာ အသစ်အဆန်းလည်း ဖြစ်သလို၊ ဘယ်သူမှ ကိုယ့်ခန္ဓာကိုယ်ပေါ်ကို သူများလိုဂို Tattoo ထိုးခံချင်မှာမဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားဘဲ ရာသက်ပန်ပီဇာအဝစားလိုတဲ့ ပုဂ္ဂိုလ်တွေဟာ ရာနဲ့ချီ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါကြောင့် Domino ဆိုင်ဟာ သူတို့ကြော်ငြာကို ချက်ချင်းပြင်ဆင်ခဲ့ရပြီး ” ပထမဆုံး Tattoo ထိုးပြီးကြောင်း လိုဂိုကို လာပြတဲ့ လူ (၃၅၀)ကိုသာ “ဆိုပြီး စာတန်းတစ်ခု ခြွင်းချက်အဖြစ် ထည့်သွင်းခဲ့ရပါတယ်။ ဒါတောင် လူ(၃၅၀)ကို ရာသက်ပန်မပြောနဲ့ တစ်နှစ်လောက်တောင် အခမဲ့ကျွေးနိုင်ပါ့မလား စဉ်းစားစရာပါ။

ဒါကြောင့်မို့လည်း ကြော်ငြာစာကို ပြင်ပြီး နောက်ထပ် မိနစ်အနည်းငယ်အတွင်းမှာပင် ” သူငယ်ချင်းတို့ရေ … အခု လူ(၃၅၀) ပြည့်သွားပြီနော် … အခု ဘယ်သူ့Tattoo ကိုမှ လက်မခံတော့ပါဘူးနော် “လို့ ချက်ချင်းကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။ ရယ်စရာလည်းကောင်းသလို၊ ပရိသတ်အတွက်လည်း ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။

Domino တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ(၁၀)ရက်က သူတို့ပရိုမိုးရှင်းကို စခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချက်ချင်းပဲ ရုပ်သိမ်းခဲ့ရပါတယ်။ သူတို့ရဲ့ လွဲမှားတဲ့ပရိုမိုးရှင်းအမှားကြောင့် လူကဲ့ရယ်စရာဖြစ်ခဲ့ရပါတယ်။ တကယ်ဆို ” ပထမဆုံး Tattoo ထိုးထားကြောင်း ပုံပြနိုင်သူကို တစ်ပတ် ပီဇာအခမဲ့ “ဆိုတာလောက်က ဆိုင်အတွက်လည်း နစ်နာမှုရှိမှာ မဟုတ်ပါဘူး။

ဒါ့အပြင် အခြားတစ်ဘက်က တွက်ရင်လည်း တစ်ပတ်လောက်အတွက် လူတွေကလည်း သူတို့အသားအနာခံပြီး တက်တူးထိုးဖို့ မရှိဘူးလို့ ယူဆရပါတယ်။ သို့သော်လည်း ဒီလိုနည်းနဲ့ ပရိုမိုးရှင်လုပ်တာဟာ မှန်ကန်သော ဈေးကွက်ယှဉ်ပြိုင်မှုမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: လင်းဇော်ကို (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top