iMyanmarHouse.com - Best Property Website for Myanmar
×

 ျပင္ဦးလြင္မွာ ရွိတဲ့ ပရဟိတေဖာင္ေဒးရွင္းမွာ သြားလွဴခဲ့တာပါ။

ေအာင္ထက္ဟာ Special 9 ရုပ္ရွင္အဖြဲ႕သားေတြနဲ႕အတူ ဒီေန႕(စက္တင္ဘာ ၁၀ ရက္)မွာ ျပင္ဦးလြင္မွာရွိတဲ့ ေမတၱာစံအိမ္ ပရဟိတေဖာင္ ေဒးရွင္းမွာ အလွဴေတြ သြားလုပ္ခဲ့တာေတြ႕ရပါတယ္။


Photo :ထူးအယ္လင္း FB
ေအာင္ထက္ဟာ Special 9 ရုပ္ရွင္အဖြဲ႕သားေတြနဲ႕အတူ ဒီေန႕(စက္တင္ဘာ ၁၀ ရက္)မွာ ျပင္ဦးလြင္မွာရွိတဲ့ ေမတၱာစံအိမ္ ပရဟိတေဖာင္ ေဒးရွင္းမွာ အလွဴေတြ သြားလုပ္ခဲ့တာေတြ႕ရပါတယ္။ ေမတၱာစံအိမ္ ပရဟိတေဖာင္ေဒရွင္း မိန္းမသားတို႔နားခိုရာ ေမတၱာေဂဟာ အိမ္တြင္းမႈ အသက္ေမြးဝမ္း ေက်ာင္း သင္တန္းမွာ Special 9 အဖြဲ႕သားေတြအျပင္ အဆိုေတာ္ ေအာင္ထက္တို႕က အပ္ခ်ဴပ္စက္ငါးလံုးစာ ေငြက်ပ္ (၇) သိန္းကို သြားေရာက္လွဴ ဒါန္းခဲ့တယ္လို႕ အလွဴမွာ ပါဝင္ထားတဲ့ အဆုိေတာ္ ထူးအယ္လင္းက ေျပာထားတာေတြ႕ရပါတယ္။


"ေမတၱာစံအိမ္ ပရဟိတေဖာင္ေဒရွင္း မိန္းမသားတို႔နားခိုရာ ေမတၱာေဂဟာ အိမ္တြင္းမႈအသက္ေမြးဝမ္းေက်ာင္းသင္တန္း သို႔ Special 9 ႐ုပ္ရွင္အႏုပညာညီအကိုေမာင္ႏွမမ်ား ၊ မန္းေျမမွ Bikerမ်ား ၊ စတူဒီယိုေတးသံရွင္ ေအာင္ထက္ တို႔မွ အပ္ခ်ဳပ္စက္ငါးလုံးစာ ခုႏွစ္သိန္း(၇၀၀,၀၀၀)သြားေရာက္လႉဒါန္းခဲ့ၾကပါတယ္" ဆိုၿပီး စက္တင္ဘာ(၁၀)ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာျဖစ္ပါတယ္။

Photo :ထူးအယ္လင္း FB
ေမတၱာစံအိမ္ပရဟိတေဖာင္ေဒးရွင္းကလည္း ပန္းတေနာ္ၿမိဳ႕နယ္မွာရွိတဲ့ ထူးအယ္လင္းတို႕ သြားလွဴမယ့္ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္း ေလး အတြက္ စာေရးကိရယာမ်ားကို ျပန္လည္လွဴဒါန္းေပးခဲ့တာေၾကာင့္ အဖြဲ႕သားေတြအေနနဲ႕ ပီတီေဝျဖာ သာဓုေတြ ေခၚဆိုခဲ့တာ ေတြ႕ ရပါတယ္။

"ေမတၱာစံအိမ္မွလည္း ပန္းတေနာ္ၿမိဳ႕နယ္ ေအးရြာရွိ ကိုယ္ထူကိုယ္ထမူလတန္းစာသင္းေက်ာင္းသား/သူ ကေလးငယ္မ်ားအတြက္ ေက်ာင္းသုံး စာအုပ္ႏွင့္စာေရးကရိယာမ်ားကို ျပန္လည္လႉဒါန္းျခင္းကိုလက္ခံယူေပးခဲ့ပါတယ္ဗ် .... မဂၤလာရွိေသာေန႔ထူးေန႔ျမတ္ေလးပါဗ်ာ ။ ယခုအလွဴ အတြက္ နတ္ လူ ဘီလူး မုဒိတာပြားမ်ား၍သာဓုေခၚဆိုႏိုင္ၾကပါေစ   သာဓု သာဓု သာဓု" ဆိုၿပီး ထူးအယ္လင္းက ဆက္လက္ေရးသား ထားပါတယ္။


Photo :ထူးအယ္လင္း FB
အဆိုေတာ္ ထူးအယ္လင္းက ဧရာဝတီတိုင္း ပန္းတေနာ္ၿမိဳ႕နယ္၊ ေအးရြာမွာရွိတဲ့ ကိုယ္ထူကိုယ္ထ အေျခခံပညာမူလတန္းစာ သင္ေက်ာင္းေလး အတြက္ အလွဴရွင္ေတြ ဖိတ္ေခၚလို႕ ေနပါတယ္။ ကိုယ္ထူကိုယ္ထ စာသင္ေက်ာင္းေဆာင္ေတြကို ျပဳျပင္မြမ္းမံျခင္း၊ အိမ္သာမ်ား ျပဳျပင္ျခင္း၊ ကေလးေတြအတြက္ ေသာက္သံုးေရးအဆင္ေျပေစဖို႕ ေရေလွာင္စတီးေရကန္နဲ႕ ေက်ာင္းဝတ္စံုမ်ား၊ အျခားလိုအပ္ေသာ ပစၥည္းမ်ားကို သြားေရာက္လွဴဒါန္းမွာ ျဖစ္တယ္လို႕ သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေၾကညာခဲ့ဖူးပါတယ္။

ယင္းအလွဴကိုလည္း စက္တင္ဘာ(၁၆) ရက္ေန႕မွာ ျပဳလုပ္မွာ ျဖစ္တယ္ဆိုၿပီး ေျပာထားပါေသးတယ္။အလွဴအတြက္ ကုန္က်တဲ့ ေငြမွာ (၆၅)သိန္းခန္႕ ကုန္က်မွာ ျဖစ္သလို ယခုလက္ရွိမွာ (၇) ရက္သားသမီးမ်ားက တစ္ဆယ့္ငါးသိန္းမတည္လွဴဒါန္းထားတာေၾကာင့္ က်န္ေငြမ်ားအတြက္ ဆက္လက္လွဴဒါန္းေပးၾကဖို႕ အလွဴရွင္မ်ားကို ဖိတ္ေခၚထားတာေတြ႕ရပါတယ္။


Photo :ထူးအယ္လင္း FB
ေအာင္ထက္က လတ္တေလာ ေဖ်ာ္ေျဖပြဲေတြ သြားျဖစ္ေနတယ္လို႕သိရပါတယ္။သူ႕ရဲ႕ ဒုတိယေျမာက္ တစ္ကိုယ္ေတာ္အေခြကိုလည္း လုပ္ေနတဲ့သူက ႏွစ္ Album ေလးအတြက္ MTV စရုိက္ေနၿပီလို႔ ဆုိပါတယ္။

သူ႔အေနနဲ႔ အိမ္မက္ဆုံရာ ရာသက္ပန္ သီခ်င္းဆုိၿပိဳင္ပြဲႀကီးၿပီးတဲ့ေနာက္ ေဟ့...မိတ္ေဆြဆုိတဲ့ တစ္ကုိယ္ေတာ္ေတးစီးရီးကုိ ပထမဆုံးအႀကိမ္ ထြက္ရွိခဲ့တာျဖစ္ၿပီး ဒုတိယေျမာက္တစ္ကုိယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ႏွစ္ Album Audio CD ကုိလည္း ၂၀၁၇ ခုႏွစ္ထဲမွာ ထြက္ရွိထားတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ပြင်ဦးလွင်မှာ ရှိတဲ့ ပရဟိတဖောင်ဒေးရှင်းမှာ သွားလှူခဲ့တာပါ။

အောင်ထက်ဟာ Special 9 ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဒီနေ့(စက်တင်ဘာ ၁၀ ရက်)မှာ ပြင်ဦးလွင်မှာရှိတဲ့ မေတ္တာစံအိမ် ပရဟိတဖောင် ဒေးရှင်းမှာ အလှူတွေ သွားလုပ်ခဲ့တာတွေ့ရပါတယ်။

Photo :ထူးအယ်လင်း FB
အောင်ထက်ဟာ Special 9 ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဒီနေ့(စက်တင်ဘာ ၁၀ ရက်)မှာ ပြင်ဦးလွင်မှာရှိတဲ့ မေတ္တာစံအိမ် ပရဟိတဖောင် ဒေးရှင်းမှာ အလှူတွေ သွားလုပ်ခဲ့တာတွေ့ရပါတယ်။ မေတ္တာစံအိမ် ပရဟိတဖောင်ဒေရှင်း မိန်းမသားတို့နားခိုရာ မေတ္တာဂေဟာ အိမ်တွင်းမှု အသက်မွေးဝမ်း ကျောင်း သင်တန်းမှာ Special 9 အဖွဲ့သားတွေအပြင် အဆိုတော် အောင်ထက်တို့က အပ်ချူပ်စက်ငါးလုံးစာ ငွေကျပ် (၇) သိန်းကို သွားရောက်လှူ ဒါန်းခဲ့တယ်လို့ အလှူမှာ ပါဝင်ထားတဲ့ အဆိုတော် ထူးအယ်လင်းက ပြောထားတာတွေ့ရပါတယ်။

"မေတ္တာစံအိမ် ပရဟိတဖောင်ဒေရှင်း မိန်းမသားတို့နားခိုရာ မေတ္တာဂေဟာ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းသင်တန်း သို့ Special 9 ရုပ်ရှင်အနုပညာညီအကိုမောင်နှမများ ၊ မန်းမြေမှ Bikerများ ၊ စတူဒီယိုတေးသံရှင် အောင်ထက် တို့မှ အပ်ချုပ်စက်ငါးလုံးစာ ခုနှစ်သိန်း(၇၀၀,၀၀၀)သွားရောက်လှူဒါန်းခဲ့ကြပါတယ်" ဆိုပြီး စက်တင်ဘာ(၁၀)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo :ထူးအယ်လင်း FB
မေတ္တာစံအိမ်ပရဟိတဖောင်ဒေးရှင်းကလည်း ပန်းတနော်မြို့နယ်မှာရှိတဲ့ ထူးအယ်လင်းတို့ သွားလှူမယ့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း လေး အတွက် စာရေးကိရယာများကို ပြန်လည်လှူဒါန်းပေးခဲ့တာကြောင့် အဖွဲ့သားတွေအနေနဲ့ ပီတီဝေဖြာ သာဓုတွေ ခေါ်ဆိုခဲ့တာ တွေ့ ရပါတယ်။

"မေတ္တာစံအိမ်မှလည်း ပန်းတနော်မြို့နယ် အေးရွာရှိ ကိုယ်ထူကိုယ်ထမူလတန်းစာသင်းကျောင်းသား/သူ ကလေးငယ်များအတွက် ကျောင်းသုံး စာအုပ်နှင့်စာရေးကရိယာများကို ပြန်လည်လှူဒါန်းခြင်းကိုလက်ခံယူပေးခဲ့ပါတယ်ဗျ .... မင်္ဂလာရှိသောနေ့ထူးနေ့မြတ်လေးပါဗျာ ။ ယခုအလှူ အတွက် နတ် လူ ဘီလူး မုဒိတာပွားများ၍သာဓုခေါ်ဆိုနိုင်ကြပါစေ   သာဓု သာဓု သာဓု" ဆိုပြီး ထူးအယ်လင်းက ဆက်လက်ရေးသား ထားပါတယ်။

Photo :ထူးအယ်လင်း FB
အဆိုတော် ထူးအယ်လင်းက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ အေးရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းစာ သင်ကျောင်းလေး အတွက် အလှူရှင်တွေ ဖိတ်ခေါ်လို့ နေပါတယ်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်တွေကို ပြုပြင်မွမ်းမံခြင်း၊ အိမ်သာများ ပြုပြင်ခြင်း၊ ကလေးတွေအတွက် သောက်သုံးရေးအဆင်ပြေစေဖို့ ရေလှောင်စတီးရေကန်နဲ့ ကျောင်းဝတ်စုံများ၊ အခြားလိုအပ်သော ပစ္စည်းများကို သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ကြေညာခဲ့ဖူးပါတယ်။

ယင်းအလှူကိုလည်း စက်တင်ဘာ(၁၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်ဆိုပြီး ပြောထားပါသေးတယ်။အလှူအတွက် ကုန်ကျတဲ့ ငွေမှာ (၆၅)သိန်းခန့် ကုန်ကျမှာ ဖြစ်သလို ယခုလက်ရှိမှာ (၇) ရက်သားသမီးများက တစ်ဆယ့်ငါးသိန်းမတည်လှူဒါန်းထားတာကြောင့် ကျန်ငွေများအတွက် ဆက်လက်လှူဒါန်းပေးကြဖို့ အလှူရှင်များကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

Photo :ထူးအယ်လင်း FB
အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။

သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့...မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top