×

လွခ်င္လို႔ Spa သြားကာမွ ေျခေခ်ာင္း (၅) ေခ်ာင္းလံုးျဖတ္ပစ္ခဲ့ရတဲ့ မိန္းကေလးရဲ႕အျဖစ္

ဩစေတးလ်ားႏိုင္ငံ Perth က Victoria Curthoys ဆိုသူအမ်ိဳးသမီးဟာ ေျခေထာက္ပိုးဝင္ၿပီး ေျခမျဖတ္ပစ္လိုက္ရတာ ဆယ္ႏွစ္နီးပါးရွိေနပါၿပီ။ အခုေတာ့ ခြဲစိတ္ဆရာဝန္ေတြက ဘယ္လိုမွမတတ္ႏိုင္ေတာ့ဘဲ သူမရဲ႕က်န္ေနတဲ့ ေျခေခ်ာင္း (၄) ေခ်ာင္းလံုးကိုပါ ျဖတ္ပစ္ခဲ့ရပါတယ္။

သူမဟာ (၂၀၁၀) ေလာက္တုန္းက ေျခေထာက္မွာရွိတဲ့ ဆဲလ္ေသေတြကိုစားေပးတဲ့ ငါး spa ကို သြားခဲ့ရာကေန ပိုးဝင္ခဲ့တာပဲျဖစ္ပါတယ္။ ဩသေတးလ်မွဆရာဝန္ေတြက (၂) ႏွစ္ၾကာေအာင္ အေကာင္းဆံုးကုသေပးေပမယ့္လည္း ေဝဒနာဟာ ပိုၿပီးဆိုးလာခဲ့ပါတယ္။


(၂၀၁၂) ခုႏွစ္တုန္းက ကုသေနတဲ့ၾကားထဲကိုက သူမရဲ႕ ေျခမဟာ တျဖည္းျဖည္းပုတ္လာခဲ့လို႔ ျဖတ္ပစ္လိုက္ရၿပီး ေနာက္ပိုင္းမွာ က်န္တဲ့ေျခေခ်ာင္းေလးေတြပါ လိုက္ၿပီး ပုတ္လာခဲ့ပါတယ္။ ဆရာဝန္တြသိလိုက္ရတာက ဒီပိုးဟာ အသားစားငါးေတြမွာေတြ႔ရတတ္တဲ့ ဘတ္တီးရီးယားတစ္မ်ိဳးျဖစ္တာကိုပါ။

သူမဟာ ယိုးဒယားေရာက္တုန္း fish spa ကို သြားျဖစ္ခဲ့ပါတယ္။ ဆိုင္အေနအထားကလညး္ အရမ္းကို သန္႔ျပန္႔ၿပီး ေကာင္းေနတာေၾကာင့္ပဲ ေျခေထာက္က ဆဲလ္ေသေတြကို စားေပးမယ့္ ငါးကန္ထဲကို ရဲရဲတင္းတင္းပဲ ေျခေထာက္ထည့္စိမ္ခဲ့ပါတယ္။

ဩစေတးလ်ကို ျပန္ေရာက္တဲ့အခ်ိန္က်ေတာ့ သူမဟာ ေတာက္ေလွ်ာက္ဖ်ားနာခဲ့ၿပီး သူမရဲ႕အေျခမဟာလည္း မူမွန္တာကိုသတိထားမိခဲ့ပါတယ္။ ဆရာဝန္သြားျပၾကည့္တဲ့အခါမွာေတာ့ သူမရဲ႕ေျခမအရိုးေတြကို ပိုးတစ္မ်ိဳးက ဖ်က္ဆီးထားတာကို သိခဲ့ရပါတယ္။ ဘာပိုးလဲဆိုတာကိုေတာ့ ဆရာဝန္ေတြ ေသခ်ာအေျဖရွာမရခဲ့ပါဘူး။ ဒါနဲ႔ပဲ ဆရာဝန္ေတြရဲ႕အၾကံေပးခ်က္အရ ေျခမကို (၂၀၁၂) မွာ ပထမဦးဆံုးျဖတ္ပစ္ခဲ့ရပါတယ္။


မၾကာခင္မွာပဲ ေျခညိဳးဟာလည္း ထပ္ၿပီး ပိုးဝင္ေနတာသိလိုက္ရတဲ့အတြက္ ျဖတ္ပစ္ခဲ့ရၿပီး က်န္တဲ့ ေလးေခ်ာင္းေျမာက္နဲ႔ သံုးေခ်ာင္းေျမာက္ကိုေတာ့ (၂၀၁၆) ႏိုဝင္ဘာလမွာပဲ ျဖတ္ပစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ လမ္းေလွ်ာက္လို႔ ေျခလွမ္းလွမ္းလိုက္တဲ့အခါ ေနာက္ဆံုးက်န္ခဲ့တဲ့ ေျခသန္းေလးမွာပဲ ဖိအားသြားျဖစ္ေနတဲဲ့ အတြက္ အရုိးပိုးဝင္တာနဲ႔ ဖိအားေတြရဲ႕ဒဏ္ေၾကာင့္ တစ္ေန႔မွာ သူမ ေျခအိတ္ဝတ္ထားရာက ခၽြတ္လိုက္တဲ့အခါ ျပည္လိုလို အရည္ေတြကို ဒဏ္ရာမေတြ႕ဘဲ ေတြ႔ခဲ့ရပါတယ္။ ဓာတ္မွန္ရိုက္ညပီး စစ္ေဆးမႈေတြျပဳလုပ္အၿပီးမွာေတာ့ ေနာက္ဆံုးက်န္တဲ့ ေျခသန္းေလးလည္း ထိုနည္းတူစြာ အရိုးကို ပိုးစားေနတဲ့အတြက္ (၂၀၁၇) ႏိုဝင္ဘာလမွာပဲ ညာဘက္ေျခေထာက္ရဲ႕ ေျခေခ်ာင္းေတြအားလံုး သူမဆီမွာ မရွိေတာ့ပါဘူး။


ေခတ္စားေနတဲ့ fish spa ေတြဟာ အခန္႔မသင့္ရင္ မသင့္သလို လူေတြကို ဒုကၡေပးႏုိင္ပါတယ္။ ဘက္တီးရီးယားတစ္မိ်ိဳးေသြးထဲဝင္သြားၿပီး တစ္သက္လံုးနာတာရွည္ျဖစ္ခဲ့ရတဲ့ အျဖစ္အပ်က္ေတြလညး္ အမ်ားႀကီးရွိေနပါတယ္။ ဒါေၾကာင့္ဘယ္အရာမဆို သတိေလးထားၿပီးမွ လုပ္တာ ကိုယ့္အတြက္ အႏၱရာယ္ကင္းႏုိ္င္မွာပါေနာ္။

Source : Unilad/UK
ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwemom.com Penny
# Unicode Version ျဖင့္ ဖတ္ပါ #
လှချင်လို့ Spa သွားကာမှ ခြေချောင်း (၅) ချောင်းလုံးဖြတ်ပစ်ခဲ့ရတဲ့ မိန်းကလေးရဲ့အဖြစ်

ဩစတေးလျားနိုင်ငံ Perth က Victoria Curthoys ဆိုသူအမျိုးသမီးဟာ ခြေထောက်ပိုးဝင်ပြီး ခြေမဖြတ်ပစ်လိုက်ရတာ ဆယ်နှစ်နီးပါးရှိနေပါပြီ။ အခုတော့ ခွဲစိတ်ဆရာဝန်တွေက ဘယ်လိုမှမတတ်နိုင်တော့ဘဲ သူမရဲ့ကျန်နေတဲ့ ခြေချောင်း (၄) ချောင်းလုံးကိုပါ ဖြတ်ပစ်ခဲ့ရပါတယ်။

သူမဟာ (၂၀၁၀) လောက်တုန်းက ခြေထောက်မှာရှိတဲ့ ဆဲလ်သေတွေကိုစားပေးတဲ့ ငါး spa ကို သွားခဲ့ရာကနေ ပိုးဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဩသတေးလျမှဆရာဝန်တွေက (၂) နှစ်ကြာအောင် အကောင်းဆုံးကုသပေးပေမယ့်လည်း ဝေဒနာဟာ ပိုပြီးဆိုးလာခဲ့ပါတယ်။

(၂၀၁၂) ခုနှစ်တုန်းက ကုသနေတဲ့ကြားထဲကိုက သူမရဲ့ ခြေမဟာ တဖြည်းဖြည်းပုတ်လာခဲ့လို့ ဖြတ်ပစ်လိုက်ရပြီး နောက်ပိုင်းမှာ ကျန်တဲ့ခြေချောင်းလေးတွေပါ လိုက်ပြီး ပုတ်လာခဲ့ပါတယ်။ ဆရာဝန်တွသိလိုက်ရတာက ဒီပိုးဟာ အသားစားငါးတွေမှာတွေ့ရတတ်တဲ့ ဘတ်တီးရီးယားတစ်မျိုးဖြစ်တာကိုပါ။

သူမဟာ ယိုးဒယားရောက်တုန်း fish spa ကို သွားဖြစ်ခဲ့ပါတယ်။ ဆိုင်အနေအထားကလည်း အရမ်းကို သန့်ပြန့်ပြီး ကောင်းနေတာကြောင့်ပဲ ခြေထောက်က ဆဲလ်သေတွေကို စားပေးမယ့် ငါးကန်ထဲကို ရဲရဲတင်းတင်းပဲ ခြေထောက်ထည့်စိမ်ခဲ့ပါတယ်။

ဩစတေးလျကို ပြန်ရောက်တဲ့အချိန်ကျတော့ သူမဟာ တောက်လျှောက်ဖျားနာခဲ့ပြီး သူမရဲ့အခြေမဟာလည်း မူမှန်တာကိုသတိထားမိခဲ့ပါတယ်။ ဆရာဝန်သွားပြကြည့်တဲ့အခါမှာတော့ သူမရဲ့ခြေမအရိုးတွေကို ပိုးတစ်မျိုးက ဖျက်ဆီးထားတာကို သိခဲ့ရပါတယ်။ ဘာပိုးလဲဆိုတာကိုတော့ ဆရာဝန်တွေ သေချာအဖြေရှာမရခဲ့ပါဘူး။ ဒါနဲ့ပဲ ဆရာဝန်တွေရဲ့အကြံပေးချက်အရ ခြေမကို (၂၀၁၂) မှာ ပထမဦးဆုံးဖြတ်ပစ်ခဲ့ရပါတယ်။

မကြာခင်မှာပဲ ခြေညိုးဟာလည်း ထပ်ပြီး ပိုးဝင်နေတာသိလိုက်ရတဲ့အတွက် ဖြတ်ပစ်ခဲ့ရပြီး ကျန်တဲ့ လေးချောင်းမြောက်နဲ့ သုံးချောင်းမြောက်ကိုတော့ (၂၀၁၆) နိုဝင်ဘာလမှာပဲ ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါကြောင့် လမ်းလျှောက်လို့ ခြေလှမ်းလှမ်းလိုက်တဲ့အခါ နောက်ဆုံးကျန်ခဲ့တဲ့ ခြေသန်းလေးမှာပဲ ဖိအားသွားဖြစ်နေတဲ့ အတွက် အရိုးပိုးဝင်တာနဲ့ ဖိအားတွေရဲ့ဒဏ်ကြောင့် တစ်နေ့မှာ သူမ ခြေအိတ်ဝတ်ထားရာက ချွတ်လိုက်တဲ့အခါ ပြည်လိုလို အရည်တွေကို ဒဏ်ရာမတွေ့ဘဲ တွေ့ခဲ့ရပါတယ်။ ဓာတ်မှန်ရိုက်ညပီး စစ်ဆေးမှုတွေပြုလုပ်အပြီးမှာတော့ နောက်ဆုံးကျန်တဲ့ ခြေသန်းလေးလည်း ထိုနည်းတူစွာ အရိုးကို ပိုးစားနေတဲ့အတွက် (၂၀၁၇) နိုဝင်ဘာလမှာပဲ ညာဘက်ခြေထောက်ရဲ့ ခြေချောင်းတွေအားလုံး သူမဆီမှာ မရှိတော့ပါဘူး။

ခေတ်စားနေတဲ့ fish spa တွေဟာ အခန့်မသင့်ရင် မသင့်သလို လူတွေကို ဒုက္ခပေးနိုင်ပါတယ်။ ဘက်တီးရီးယားတစ်မျိုးသွေးထဲဝင်သွားပြီး တစ်သက်လုံးနာတာရှည်ဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း အများကြီးရှိနေပါတယ်။ ဒါကြောင့်ဘယ်အရာမဆို သတိလေးထားပြီးမှ လုပ်တာ ကိုယ့်အတွက် အန္တရာယ်ကင်းနိုင်မှာပါနော်။

Source : Unilad/UK
ဖိုးသူတော် (www.phothutaw.com)
Credit: shwemom.com Penny
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top