×

ယခုကာလက အေျပာင္းအလဲမ်ား ႀကဳံရတတ္တဲ့ ကာလျဖစ္သလုိ အေကာင္းေတြ စုေ၀းတတ္တဲ့ အတြက္ လုပ္သမွ် ျဖစ္ေနတတ္ ပါတယ္။

ဒီရက္အတြင္း လူမႈေရး ၊စီးပြားေရး၊ပညာေရး ေအာင္ျမင္လုိေသာ ကိစၥမ်ား အ တြက္ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တုိင္ပင္ေဆာင္ရြက္ပါ။

အေ၀းက ၀မ္းသာစရာ သတင္းေကာင္းေတြ မၾကာခဏ ၾကားရတတ္ ပါတယ္။ လုပ္ငန္း အေျပာင္းအလဲ ရွိေပမယ့္ ေကာင္းတဲ့ အေျပာင္းအလဲပါ။ အတုိက္အခံ က ေတာ့ ရွိေနစၿမဲပါ။ စိတ္မေလ်ာ့ပါနဲ႔။

မိသားစုအတြင္း အလွဴမဂၤလာပြဲေတြ ျဖစ္လာတတ္ပါတယ္။ အိမ္ၿခံေျမ ကိစၥေတြ၊ စာခ်ဳပ္စာတမ္း ကိစၥေတြ စပ္တူရွယ္ယာ လုပ္ငန္းေတြ သိပ္မေကာင္းေပမယ့္ ကားနဲ႔ ေရထြက္ ကုန္ သမားေတြ လုပ္ငန္းေကာင္းတဲ့ ကာလျဖစ္ပါတယ္။

ပညာေရးကေတာ့ ကံေကာင္းေပမယ့္ အေပါင္းအေဖာ္ ေတြကုိ သတိထားမွ ျဖစ္ပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ေဆးမွားတာေတြ ျဖစ္တတ္ပါတယ္။ ဒီကာလမွာ အိမ္ေထာင္မ်ားၾကား အထစ္အေငါ့ေလးေတြ ရွိတတ္ေပမယ့္ ခ်စ္သူမ်ား အၾကား ၾကည္ႏူးစရာ ေပ်ာ္ရြင္စရာေတြ ဆုိက္ေရာက္လာ ပါလိမ့္မယ္။

ေငြေၾကး အက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ဘုရားသုိ႔ သြားကာ ပန္းကုိးမ်ဳိး၊ သစ္သီးကုိးမ်ဳိးျဖင့္ ဘုရားရွင္အား ခုႏွစ္ရက္ ပူေဇာ္ပါ။

ျပည္ပ ထြက္ခြာလုိသူမ်ား။    ။ စာသင္သံဃာေတာ္အား လြယ္အိတ္ လွဴေပးပါ။

အလုပ္ရရွိရန္ အခက္အခဲ ျဖစ္ေနသူမ်ား။   ။ဗုဒၶဟူးေထာင့္ အရပ္ရွိ ဘုရားေစတီတြင္ ပ႒ာန္းႏွင့္ ဓမၼစၾကာကုိ ရြတ္ဖတ္ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရး အဆင္မေျပသူမ်ား။  ။ တတ္ႏုိင္သေလာက္ အခ်ိန္ေပးကာ ေမတၱာပုိ႔ပါ။ ဓာတ္ဗူး အသစ္ထဲ ႏွစ္ဦးစလုံး၏ ဓာတ္ပုံထည့္ကာ တစ္ပတ္တိတိ ထားေပးပါ။

လူမႈေရး အတုိက္အခံ မ်ားသူမ်ား။  ။ ဘုရားေစတီသုိ႔ သြားကာ သက္ေစ့ ေမတၱာသုတ္ ရြတ္ဆုိေပးပါ။

က်န္းမာေရး မေကာင္းသူမ်ား ။  ။ဘုရားတြင္ သက္ေစ့ ေဗာဇၨင္သုတ္ ရြတ္ဖတ္ ပူေဇာ္ေပးပါ။

ထီ ကံေကာင္းလုိသူမ်ား။    ။ အိမ္၏ ဗုဒၶဟူးေထာင့္ အရပ္ရွိ ထီဆုိင္တြင္ ၄/ ၇ / ၉ တစ္ခုခု အပူးဂဏန္း ပါေအာင္ ထုိးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: saladmm
#Unicode Version#

ယခုကာလက အပြောင်းအလဲများ ကြုံရတတ်တဲ့ ကာလဖြစ်သလို အကောင်းတွေ စုဝေးတတ်တဲ့ အတွက် လုပ်သမျှ ဖြစ်နေတတ် ပါတယ်။

ဒီရက်အတွင်း လူမှုရေး ၊စီးပွားရေး၊ပညာရေး အောင်မြင်လိုသော ကိစ္စများ အ တွက် ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။

အဝေးက ဝမ်းသာစရာ သတင်းကောင်းတွေ မကြာခဏ ကြားရတတ် ပါတယ်။ လုပ်ငန်း အပြောင်းအလဲ ရှိပေမယ့် ကောင်းတဲ့ အပြောင်းအလဲပါ။ အတိုက်အခံ က တော့ ရှိနေစမြဲပါ။ စိတ်မလျော့ပါနဲ့။

မိသားစုအတွင်း အလှူမင်္ဂလာပွဲတွေ ဖြစ်လာတတ်ပါတယ်။ အိမ်ခြံမြေ ကိစ္စတွေ၊ စာချုပ်စာတမ်း ကိစ္စတွေ စပ်တူရှယ်ယာ လုပ်ငန်းတွေ သိပ်မကောင်းပေမယ့် ကားနဲ့ ရေထွက် ကုန် သမားတွေ လုပ်ငန်းကောင်းတဲ့ ကာလဖြစ်ပါတယ်။

ပညာရေးကတော့ ကံကောင်းပေမယ့် အပေါင်းအဖော် တွေကို သတိထားမှ ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဆေးမှားတာတွေ ဖြစ်တတ်ပါတယ်။ ဒီကာလမှာ အိမ်ထောင်များကြား အထစ်အငေါ့လေးတွေ ရှိတတ်ပေမယ့် ချစ်သူများ အကြား ကြည်နူးစရာ ပျော်ရွင်စရာတွေ ဆိုက်ရောက်လာ ပါလိမ့်မယ်။

ငွေကြေး အကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားသို့ သွားကာ ပန်းကိုးမျိုး၊ သစ်သီးကိုးမျိုးဖြင့် ဘုရားရှင်အား ခုနှစ်ရက် ပူဇော်ပါ။

ပြည်ပ ထွက်ခွာလိုသူများ။    ။ စာသင်သံဃာတော်အား လွယ်အိတ် လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲ ဖြစ်နေသူများ။   ။ဗုဒ္ဓဟူးထောင့် အရပ်ရှိ ဘုရားစေတီတွင် ပဋ္ဌာန်းနှင့် ဓမ္မစကြာကို ရွတ်ဖတ် ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊နှလုံးသားရေး အဆင်မပြေသူများ။  ။ တတ်နိုင်သလောက် အချိန်ပေးကာ မေတ္တာပို့ပါ။ ဓာတ်ဗူး အသစ်ထဲ နှစ်ဦးစလုံး၏ ဓာတ်ပုံထည့်ကာ တစ်ပတ်တိတိ ထားပေးပါ။

လူမှုရေး အတိုက်အခံ များသူများ။  ။ ဘုရားစေတီသို့ သွားကာ သက်စေ့ မေတ္တာသုတ် ရွတ်ဆိုပေးပါ။

ကျန်းမာရေး မကောင်းသူများ ။  ။ဘုရားတွင် သက်စေ့ ဗောဇ္ဇင်သုတ် ရွတ်ဖတ် ပူဇော်ပေးပါ။

ထီ ကံကောင်းလိုသူများ။    ။ အိမ်၏ ဗုဒ္ဓဟူးထောင့် အရပ်ရှိ ထီဆိုင်တွင် ၄/ ၇ / ၉ တစ်ခုခု အပူးဂဏန်း ပါအောင် ထိုးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: saladmm
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top