ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာျပည္ကတင္ မဟုတ္ပါဘူး။ တစ္ကမၻာလံုးမွာ ရွိတဲ့ Facebook user ေတာ္ေတာ္မ်ားမ်ား သိခ်င္တဲ့ ေမးခြန္း ျဖစ္ပါတယ္။

အခ်ိဳ ႔ က ကိုယ့္ Profile ကို ဘယ္သူေတြ ဝင္ၾကည့္သလဲ၊ ဘယ္ႏွစ္ေယာက္ က ဝင္ၾကည့္သလဲဆုိတာကို သိေအာင္ Facebook မွာ ျပဳလုပ္ႏိုင္တယ္လို႔ ယံုၾကည္ေနၾကပါတယ္။ အမွန္ေတာ့ လံုးဝမရပါဘူး။ Facebook ရဲ ႔ Privacy Policy အရ ဘယ္သူကမွ ကိုယ့္ Profile ကိုယ္ဘယ္သူဝင္ၾကည့္တယ္ဆုိတာ

သိခြင့္မေပးပါဘူး။ ဘာေၾကာင့္လဲဆုိတာကေတာ့ Facebook မွာ အေၾကာင္းျပခ်က္ သီးသန္႔ရွိေနပါတယ္။ Facebook တင္မကပဲ အျခား Social Network ေတာ္ေတာ္မ်ားမ်ားလည္း ဒီ Option ကုိ ေပးမထားပါဘူး။ User interface သာ အဲေလာက္ထိ ေပးလိုက္ရင္ Facebook မွာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏိုင္တယ္လို ႔ဆိုပါတယ္။


ဒါေၾကာင့္ Facebook ေပၚမွာ ကိုယ့္ Profile, Wall ကို ဘယ္သူေတြ ဝင္ၾကည့္သလဲဆုိတဲ့ Application မ်ားဟာ အလိမ္အညာနဲ႔ အေပ်ာ္ အပ်က္ ႏွစ္မ်ိဳးသာ ျဖစ္ပါတယ္။ အေပ်ာ္အပ်က္ကေတာ့ Application အသံုးျပဳသူကို ေဖ်ာ္ေျဖတဲ့သေဘာဆန္ျပီး အျခား App ေတြလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆုိျပီး ပံုေလးနဲ႔တြဲ ထားတာမ်ိဳးျဖစ္ပါတယ္။ ေအာက္မွာ Just for fun ဆိုျပီးေတာ့ ပါတတ္ပါတယ္။

အလိမ္အညာဆုိတာကေတာ့ ဟက္ကာမ်ား ျဖစ္ပါတယ္။ ယင္း App ကို Install လုပ္မိရင္ ေနာက္ဆက္တြဲက အဆိုးဘက္ကုိသာ ဦးတည္ပါတယ္။ အဆိုးဆံုးကေတာ့ မိမိ Password ကို သိသြားျခင္းျဖစ္ပါတယ္။ ဒါေၾကာင့္ အေကာင့္ ဆံုးရွုံးရမွာ ျဖစ္ပါတယ္။ အခ်ိဳ ႔က်ေတာ့ Pasword မယူေပမယ့္ အေကာင့္ထဲကို Spam ေတြအျပည့္ ထည့္သြားပါတယ္။

ကိုယ္လည္းဘာမွမလုပ္ရပဲနဲ႔ News Feed ေတြတစ္ခုျပီးတစ္ခု ဆက္တိုက္ တက္ပါမယ္။ တက္မယ့္ Status ေတြကလည္း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ႔ လခ့္ေတြေတာင္ ေပးလိုက္ပါေသးတယ္။ ဒါကို မသိတဲ့ အစ္ကိုအမမ်ားက

အဲလိုလားဆုိျပီး Click ေတြ ဇြတ္ႏွိပ္ပါေတာ့တယ္။ ဒီလိုနဲ႔ တစ္ေယာက္ေမြးတဲ့မီးက Facebook အသိုက္အဝန္းတစ္ခုလံုး ကို ေန႔ခ်င္း ညခ်င္း ပ်ံလြင့္သြားေစပါတယ္။ ဒီမွာ ဗ်ာမ်ားျပီး ဘာလုပ္ရမွန္းမသိေတာ့ Feed ေတြတစ္ခုျပီးတစ္ခု လိုက္ျဖတ္ရပါတယ္။ အဲလို ျဖတ္ေလေလ ထပ္တပ္လာေလေလမ်ိဳးလည္း ျဖစ္တတ္ၾကပါတယ္။



သိတဲ့သူမ်ားကေတာ့ ဒါမ်ိဳးေတြ ေရွာင္ၾကဥ္ၾကပါတယ္။ တစ္ခါခါ အဲဒီလို Page ကို အခ်ိဳ ႔ စီးပြားေရး လုပ္ငန္းရွင္နဲ႔ Product Page မ်ားက အသံုးျပဳ တတ္ပါတယ္။ သူတို႔က အဲလိုလုပ္ေပးတဲ့ Developer ေတြကို ဆပြန္ဆာေပးျပီးေတာ့ လုပ္ရတာ ျဖစ္ပါတယ္။ ဘယ္သူ သင့္ Profile ၾကည့္ သလဲဆုိတာေတြကို click

ႏွိပ္မိလိုက္ရံုနဲ႔ သူတို႔ Fan Page ကို အလိုလို Like လုပ္ျပီးသား ျဖစ္ေအာင္ထားတဲ့ Option မ်ဳိးျဖစ္ပါတယ္။ အခ်ိဳ႔က်ေတာ့ အေကာင့္ခိုးခ်င္တဲ့၊ ပ်က္ဆီးေစခ်င္တဲ့ သေဘာနဲ႔လုပ္ၾကပါတယ္။ ဒီ App တင္မကပဲ အျခားေသာ ဆိုးဆိုးရြားရြား Application မ်ားလည္း Facebook မွာ သိန္း၊သန္းမက ရွိေနတယ္လို႔ သိရပါတယ္။

သုိ႔ေပမယ့္ ဘယ္လိုပဲလုပ္လုပ္ သိထားတဲ့သူမ်ားအတြက္ ကေတာ့ ေရွာင္ရွားႏုိင္မွာ ျဖစ္ပါတယ္။ မေရွာင္ရွားႏိုင္ပဲ သတိေခ်ာ္လို႔ Click မိျပီဆုိရင္ေတာ့ ထံုးစံအတိုင္း – Account Setting > App> ကိုဝင္ျပီး ကိုယ္မသံုးတဲ့ App ေတြ၊ အတုအေယာင္ App ေတြအားလံုး Remove လုပ္ေပးရံုျဖင့္ မူလအေျခအေနကို ျပန္ေရာက္ႏိုင္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit – _ေအာင္ခမ္း
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာပြည်ကတင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Facebook user တော်တော်များများ သိချင်တဲ့ မေးခွန်း ဖြစ်ပါတယ်။

အချို့ က ကိုယ့် Profile ကို ဘယ်သူတွေ ဝင်ကြည့်သလဲ၊ ဘယ်နှစ်ယောက် က ဝင်ကြည့်သလဲဆိုတာကို သိအောင် Facebook မှာ ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ အမှန်တော့ လုံးဝမရပါဘူး။ Facebook ရဲ့ Privacy Policy အရ ဘယ်သူကမှ ကိုယ့် Profile ကိုယ်ဘယ်သူဝင်ကြည့်တယ်ဆိုတာ

သိခွင့်မပေးပါဘူး။ ဘာကြောင့်လဲဆိုတာကတော့ Facebook မှာ အကြောင်းပြချက် သီးသန့်ရှိနေပါတယ်။ Facebook တင်မကပဲ အခြား Social Network တော်တော်များများလည်း ဒီ Option ကို ပေးမထားပါဘူး။ User interface သာ အဲလောက်ထိ ပေးလိုက်ရင် Facebook မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

ဒါကြောင့် Facebook ပေါ်မှာ ကိုယ့် Profile, Wall ကို ဘယ်သူတွေ ဝင်ကြည့်သလဲဆိုတဲ့ Application များဟာ အလိမ်အညာနဲ့ အပျော် အပျက် နှစ်မျိုးသာ ဖြစ်ပါတယ်။ အပျော်အပျက်ကတော့ Application အသုံးပြုသူကို ဖျော်ဖြေတဲ့သဘောဆန်ပြီး အခြား App တွေလိုပါပဲ။ ဥပမာ- Wow!!! Dear …, 103456 viewed your profile ဆိုပြီး ပုံလေးနဲ့တွဲ ထားတာမျိုးဖြစ်ပါတယ်။ အောက်မှာ Just for fun ဆိုပြီးတော့ ပါတတ်ပါတယ်။

အလိမ်အညာဆိုတာကတော့ ဟက်ကာများ ဖြစ်ပါတယ်။ ယင်း App ကို Install လုပ်မိရင် နောက်ဆက်တွဲက အဆိုးဘက်ကိုသာ ဦးတည်ပါတယ်။ အဆိုးဆုံးကတော့ မိမိ Password ကို သိသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အကောင့် ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ အချို့ကျတော့ Pasword မယူပေမယ့် အကောင့်ထဲကို Spam တွေအပြည့် ထည့်သွားပါတယ်။

ကိုယ်လည်းဘာမှမလုပ်ရပဲနဲ့ News Feed တွေတစ်ခုပြီးတစ်ခု ဆက်တိုက် တက်ပါမယ်။ တက်မယ့် Status တွေကလည်း wow! This app actually work! Now I know who viewed my profile, you can also try ဘာညာနဲ့ လခ့်တွေတောင် ပေးလိုက်ပါသေးတယ်။ ဒါကို မသိတဲ့ အစ်ကိုအမများက

အဲလိုလားဆိုပြီး Click တွေ ဇွတ်နှိပ်ပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်မွေးတဲ့မီးက Facebook အသိုက်အဝန်းတစ်ခုလုံး ကို နေ့ချင်း ညချင်း ပျံလွင့်သွားစေပါတယ်။ ဒီမှာ ဗျာများပြီး ဘာလုပ်ရမှန်းမသိတော့ Feed တွေတစ်ခုပြီးတစ်ခု လိုက်ဖြတ်ရပါတယ်။ အဲလို ဖြတ်လေလေ ထပ်တပ်လာလေလေမျိုးလည်း ဖြစ်တတ်ကြပါတယ်။



သိတဲ့သူများကတော့ ဒါမျိုးတွေ ရှောင်ကြဉ်ကြပါတယ်။ တစ်ခါခါ အဲဒီလို Page ကို အချို့ စီးပွားရေး လုပ်ငန်းရှင်နဲ့ Product Page များက အသုံးပြု တတ်ပါတယ်။ သူတို့က အဲလိုလုပ်ပေးတဲ့ Developer တွေကို ဆပွန်ဆာပေးပြီးတော့ လုပ်ရတာ ဖြစ်ပါတယ်။ ဘယ်သူ သင့် Profile ကြည့် သလဲဆိုတာတွေကို click

နှိပ်မိလိုက်ရုံနဲ့ သူတို့ Fan Page ကို အလိုလို Like လုပ်ပြီးသား ဖြစ်အောင်ထားတဲ့ Option မျိုးဖြစ်ပါတယ်။ အချို့ကျတော့ အကောင့်ခိုးချင်တဲ့၊ ပျက်ဆီးစေချင်တဲ့ သဘောနဲ့လုပ်ကြပါတယ်။ ဒီ App တင်မကပဲ အခြားသော ဆိုးဆိုးရွားရွား Application များလည်း Facebook မှာ သိန်း၊သန်းမက ရှိနေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဘယ်လိုပဲလုပ်လုပ် သိထားတဲ့သူများအတွက် ကတော့ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပဲ သတိချော်လို့ Click မိပြီဆိုရင်တော့ ထုံးစံအတိုင်း – Account Setting > App> ကိုဝင်ပြီး ကိုယ်မသုံးတဲ့ App တွေ၊ အတုအယောင် App တွေအားလုံး Remove လုပ်ပေးရုံဖြင့် မူလအခြေအနေကို ပြန်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit – _အောင်ခမ်း






 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top