iMyanmarHouse.com - Best Property Website for Myanmar
×

ေရႊလုပ္ငန္းမ်ားကို တစ္ေနရာတည္းေဆာင္ရြက္ႏိုင္မည့္ One Stop Service စင္တာကို ေတြ႕ရစဥ္ (ဓာတ္ပံု − ထြန္းထြန္းမင္း)

 ေရႊတင္သြင္း၊ တင္ပို႔ ျခင္းကို တစ္ေနရာတည္းအၿပီး  ေဆာင္ရြက္ေပးမည့္ (One Stop Service) စင္တာကို စက္တင္ဘာ ၂၄ ရက္တြင္စတင္ဖြင့္ခဲ့ၿပီး ၀န္ ေဆာင္မႈအတြက္ တင္ဒါမေခၚဘဲ ကုမၸဏီတစ္ခုတည္းအား သက္ တမ္းအကန္႔အသတ္မရွိ လုပ္ကိုင္ ခြင့္ေပးအပ္ျခင္းကို ျမန္မာႏုိင္ငံ ေရႊလုပ္ငန္းရွင္မ်ား အသင္း ဒုဥကၠ႒က ကန္႔ကြက္ခဲ့သည္။

ထုိ One Stop Service စင္ တာသည္ ႏုိင္ငံအတြင္း ေရႊတင္ပို႔၊  တင္သြင္းျခင္းကို စစ္ေဆးႀကီး ၾကပ္ေဆာင္ရြက္ၿပီး တစ္ေနရာ တည္း၌ ခြင့္ျပဳေပးမည့္ေနရာျဖစ္ ကာလုပ္ငန္းရွင္မ်ားထံမွ ၀န္ ေဆာင္ခေကာက္ယူမည္ဟု ေရႊ လုပ္ငန္းရွင္အသင္းက ေၾကညာ သည္။

အဆိုပါလုပ္ငန္းကို ျမန္မာ ေရႊလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအ မ်ားပိုင္ကုမၸဏီအားလုပ္ကိုင္ခြင့္ ေပးခဲ့ျခင္းျဖစ္သည္။

‘‘ကုမၸဏီက ဘယ္လိုလုပ္ ပိုင္ခြင့္ရသြားလဲ သိဖို႔လိုတယ္။   အိတ္စပို႔လုပ္ရင္၀န္ေဆာင္ခကို သူတို႔ကို အၿမဲတမ္းေပးေနရမယ္။   တစ္သက္လံုးလား။ လုပ္ကိုင္ခြင့္  ဘယ္ႏွႏွစ္ရထားတာလဲ။ ျမန္မာ ႏုိင္ငံႀကီး တည္ရွိသေရြ႕ရထားတာ လား။ ဘယ္လိုရထားတာလဲ။ ကြၽန္မတို႔ကလုပ္ငန္းရွင္ျဖစ္တဲ့အ တြက္ေၾကာင့္ ဒီစင္တာႀကီးကိုအ သံုးျပဳရမယ္’’ ဟု ျမန္မာႏုိင္ငံေရႊ လုပ္ငန္းရွင္မ်ားအသင္း ဒုတိယ ဥကၠ႒ ေဒၚကလ်ာျပည့္ေ၀လွ်ံက ေျပာသည္။

အဆိုပါကုမၸဏီသည္ အ သင္းတြင္ပါ၀င္သည့္ လုပ္ငန္းရွင္  အခ်ိဳ႕က ကိုယ္က်ိဳးအတြက္ တည္ေထာင္ထားျခင္းျဖစ္ၿပီး ျပည္တြင္းရွိ ေရႊအသင္းမ်ားႏွင့္ တစ္စံုတစ္ရာ ပတ္သက္မႈမရွိေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

အဆုိပါကိစၥႏွင့္ ပတ္သက္ ၿပီး ထိုကုမၸဏီ ဒါ႐ိုက္တာဦးအုန္း ၿမိဳင္က ကုမၸဏီသည္ ၀န္ေဆာင္ခ အနည္းငယ္ႏွင့္ အစိုးရ၏လုပ္ငန္း  ကိုေထာက္ပံ့ရန္သာျဖစ္ၿပီး ၀န္ ေဆာင္ခႏွင့္ လုပ္ကိုင္ခြင့္သက္ တမ္း  သတ္မွတ္ထားျခင္းမရွိေသး ဟုဆိုသည္။ ထိုလုပ္ငန္းလုပ္ရန္ ကုမၸဏီကို ၂၀၁၃ တြင္ဖြဲ႕စည္းခဲ့ ေၾကာင္း ဦးအုန္းၿမိဳင္ကဆိုသည္။

ေရႊေလာကအတြက္ One Stop Service စင္တာဖြင့္လွစ္ ရျခင္းမွာ ေရႊလုပ္ငန္း ဖြံ႕ၿဖိဳးတိုး တက္ေရးျဖစ္ၿပီး   အစိုးရ၏ ႀကိဳးနီစနစ္မ်ားေျဖေလွ်ာ့ကာ ေရႊတင္ပို႔၊တင္သြင္းျခင္းကို တစ္ေနရာတည္း အၿပီးေဆာင္ရြက္ေပးမည္ဟု ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကေျပာသည္။

အစုိးရက ေရႊျပည္ပတင္ပို႔၊ တင္သြင္းျခင္းကို ယခုႏွစ္ ဇန္န၀ါ ရီတြင္ ပထမဆံုး တရား၀င္ခြင့္ ျပဳေၾကာင္း ေၾကညာၿပီး One Stop Service ကိုရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္ရွိ Culture Valley  ၌ စက္တင္ဘာ ၂၄ ရက္က စတင္ဖြင့္လွစ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ရွှေလုပ်ငန်းများကို တစ်နေရာတည်းဆောင်ရွက်နိုင်မည့် One Stop Service စင်တာကို တွေ့ရစဉ် (ဓာတ်ပုံ − ထွန်းထွန်းမင်း)

 ရွှေတင်သွင်း၊ တင်ပို့ ခြင်းကို တစ်နေရာတည်းအပြီး  ဆောင်ရွက်ပေးမည့် (One Stop Service) စင်တာကို စက်တင်ဘာ ၂၄ ရက်တွင်စတင်ဖွင့်ခဲ့ပြီး ဝန် ဆောင်မှုအတွက် တင်ဒါမခေါ်ဘဲ ကုမ္ပဏီတစ်ခုတည်းအား သက် တမ်းအကန့်အသတ်မရှိ လုပ်ကိုင် ခွင့်ပေးအပ်ခြင်းကို မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌက ကန့်ကွက်ခဲ့သည်။

ထို One Stop Service စင် တာသည် နိုင်ငံအတွင်း ရွှေတင်ပို့၊  တင်သွင်းခြင်းကို စစ်ဆေးကြီး ကြပ်ဆောင်ရွက်ပြီး တစ်နေရာ တည်း၌ ခွင့်ပြုပေးမည့်နေရာဖြစ် ကာလုပ်ငန်းရှင်များထံမှ ဝန် ဆောင်ခကောက်ယူမည်ဟု ရွှေ လုပ်ငန်းရှင်အသင်းက ကြေညာ သည်။

အဆိုပါလုပ်ငန်းကို မြန်မာ ရွှေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအ များပိုင်ကုမ္ပဏီအားလုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

‘‘ကုမ္ပဏီက ဘယ်လိုလုပ် ပိုင်ခွင့်ရသွားလဲ သိဖို့လိုတယ်။   အိတ်စပို့လုပ်ရင်ဝန်ဆောင်ခကို သူတို့ကို အမြဲတမ်းပေးနေရမယ်။   တစ်သက်လုံးလား။ လုပ်ကိုင်ခွင့်  ဘယ်နှနှစ်ရထားတာလဲ။ မြန်မာ နိုင်ငံကြီး တည်ရှိသရွေ့ရထားတာ လား။ ဘယ်လိုရထားတာလဲ။ ကျွန်မတို့ကလုပ်ငန်းရှင်ဖြစ်တဲ့အ တွက်ကြောင့် ဒီစင်တာကြီးကိုအ သုံးပြုရမယ်’’ ဟု မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဒေါ်ကလျာပြည့်ဝေလျှံက ပြောသည်။

အဆိုပါကုမ္ပဏီသည် အ သင်းတွင်ပါဝင်သည့် လုပ်ငန်းရှင်  အချို့က ကိုယ်ကျိုးအတွက် တည်ထောင်ထားခြင်းဖြစ်ပြီး ပြည်တွင်းရှိ ရွှေအသင်းများနှင့် တစ်စုံတစ်ရာ ပတ်သက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ပြီး ထိုကုမ္ပဏီ ဒါရိုက်တာဦးအုန်း မြိုင်က ကုမ္ပဏီသည် ဝန်ဆောင်ခ အနည်းငယ်နှင့် အစိုးရ၏လုပ်ငန်း  ကိုထောက်ပံ့ရန်သာဖြစ်ပြီး ဝန် ဆောင်ခနှင့် လုပ်ကိုင်ခွင့်သက် တမ်း  သတ်မှတ်ထားခြင်းမရှိသေး ဟုဆိုသည်။ ထိုလုပ်ငန်းလုပ်ရန် ကုမ္ပဏီကို ၂၀၁၃ တွင်ဖွဲ့စည်းခဲ့ ကြောင်း ဦးအုန်းမြိုင်ကဆိုသည်။

ရွှေလောကအတွက် One Stop Service စင်တာဖွင့်လှစ် ရခြင်းမှာ ရွှေလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးဖြစ်ပြီး   အစိုးရ၏ ကြိုးနီစနစ်များဖြေလျှော့ကာ ရွှေတင်ပို့၊တင်သွင်းခြင်းကို တစ်နေရာတည်း အပြီးဆောင်ရွက်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

အစိုးရက ရွှေပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ယခုနှစ် ဇန်နဝါ ရီတွင် ပထမဆုံး တရားဝင်ခွင့် ပြုကြောင်း ကြေညာပြီး One Stop Service ကိုရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Culture Valley  ၌ စက်တင်ဘာ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top