ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×



Credit:7daydaily
# Unicode Version ဖြင့် ဖတ်ပါ #

 ယခုသီတင်းပတ် အတွင်း မြောက်အမေရိက ရုံတင် ဝင်ငွေ အများဆုံးစာရင်းတွင် လက်ရှိ ပရိသတ်များအကြားရေ ပန်းစားနေသော ‘The Nun’ က နံပါတ် (၁) နေရာတွင်ရပ်တည် နေကြောင်း BoxOffice-Mojo.com  က ကြေညာခဲ့သည်။

The Conjuring Universe  အမေရိကန်သရဲဇာတ်လမ်းတွဲ၏  ငါးကားမြောက် ‘The Nun’ သည် သီတင်းပတ်တစ်ပတ်အတွင်း ရုံ

တင်ငွေကန်ဒေါ်လာ ၅၃ ဒသမ ၅ သန်းရရှိပြီးနောက် အဆိုပါ စာရင်းထိပ်ဆုံးသို့ ရောက်ရှိလာ သည်။ စက်တင်ဘာ ၇ ရက်က စတင်ရုံတင်ပြသသော ထိုရုပ်ရှင် ကို ဗြိတိန်ဒါရိုက်ကာကိုရင်ဟာဒီ က ရိုက်ကူးထားပြီးအဓိကဇာတ် ကောင် The Nun အဖြစ် အမေရိကန်မင်းသမီး ဘိုနီအာရွန်  ကသရုပ်ဆောင်ထားသည်။

မြောက်အမေရိက၏ ရုံတင် ဝင်ငွေအများဆုံး စာရင်းနံပါတ် (၂) နေရာတွင် Crazy Rich Asians က ရုံတင်ငွေကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်း၊ နံပါတ် (၃) နေရာတွင် Peppermint က ၁၃ ဒသမ ၃ သန်း၊နံပါတ် (၄) နေရာ တွင် The Meg က ခြောက်သန်းနှင့် နံပါတ် (၅) နေရာတွင် Searching   က ၄ ဒသမ ၅ သန်း ဖြင့်အသီးသီးရပ်တည်နေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top