iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၂၀ ေရြးေကာက္ပြဲကာလတြင္ NLDျပန္လည္အႏုိင္ရရွိပါက တုိင္းျပည္အႏၱရာယ္မွာ အလြန္ေၾကာက္စရာေကာင္းေၾကာင္း ေဒါက္တာသက္သက္ခုိင္ေျပာဆိုဟု သတင္းေဖာ္ျပခဲ့သည့္ သူရိယေနဝန္းဂ်ာနယ္ကို ၇ ရက္အတြင္း မေတာင္းပန္ပါက တရားစြဲမည္ဟု ဒဂုံၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာသက္သက္ခုိင္က ၄င္း၏ေရွ႕ေနဦးစြမ္းထက္ပုိင္မွတဆင့္ စက္တင္ဘာ ၂၂ ရက္ထုတ္ ေၾကးမုံသတင္းစာတြင္ ထည့္သြင္းေၾကာ္ျငာလုိက္သည္။

“အေရးေတာ္ပုံတပ္သားမင္းဒင္(တာဝန္ခံအယ္ဒီတာ) သူရိယေနဝန္းဂ်ာနယ္ႏွင့္ အမ်ားသိေစရန္ေၾကာ္ျငာျခင္း”ဟု ေခါင္းစဥ္တပ္ထားသည့္ ယင္းေၾကာ္ျငာတြင္ ၈.၉.၂၀၁၈ရက္စြဲပါ Vol-1, No-214ျဖင့္ ထုတ္ေဝခဲ့ေသာ ဂ်ာနယ္၌ ေဒါက္တာသက္သက္ခုိင္၏ ဓာတ္ပုံကို ပူးတြဲေဖာ္ျပလ်က္ “၂၀၂၀ ေရြးေကာက္ပြဲကာလတြင္ NLDျပန္လည္အႏုိင္ရရွိပါက တုိင္းျပည္အႏၱရာယ္မွာ အလြန္ေၾကာက္စရာ ေကာင္းေၾကာင္း ေဒါက္တာသက္သက္ခုိင္ေျပာဆုိ”ဟု ထင္ရွားစြာေရးသားထုတ္ေဝခဲ့ရာတြင္ ေဒါက္တာသက္သက္ခုိင္မွ လူႀကီးမင္းတို႔၏ ဂ်ာနယ္တုိက္ကိုေသာ္လည္းေကာင္း၊ အျခားဂ်ာနယ္တုိက္ႏွင့္ မီဒီယာမ်ားကိုေသာ္လည္းေကာင္း၊ လူႀကီးမင္းတို႔ေရးသားထားခဲ့သည့္ အေၾကာင္းအရာႏွင့္ ပတ္သက္၍ တစ္ႀကိမ္တစ္ခါမွ် ေျပာဆုိခဲ့ဖူးျခင္းမရွိေၾကာင္း ပါရွိသည္။

“ဂ်ာနယ္ရဲ႕ အေပၚမွာကို ထင္ရွားေစေလာက္မယ့္ highlight လုပ္ၿပီးေတာ့ ေသေသခ်ာခ်ာတိတိပပကို ေရးထားတာပါ ခင္ဗ်ာ။ လက္ရွိအေျခအေနထိေတာ့ ကြ်န္ေတာ့္အေပၚမွာေတာ့ ဖုန္းဆက္ၿပီးေတာ့ ဆယ္သြယ္တဲ့အရာေတာ့ မရွိပါဘူး။ ကြ်န္ေတာ္တို႔ကလည္း သူတို႔ကို ျပန္ဆက္သြယ္ဖုိ႔အတြက္ကို ေတာင္းဆုိထားတာမ်ဳိးမရွိဘူးေလ။ ကြ်န္ေတာ္တို႔က ဒီဟာကို ေျပလည္ေအာင္ေျဖရွင္းေပးဖို႔အတြက္ ေတာင္းဆုိထားတာပါခင္ဗ်ာ”ဟု အထက္တန္းေရွ႕ေန ဦးစြမ္းထက္ပုိင္က News Watch သို႔ ေျပာၾကားသည္။

ေဒါက္တာသက္သက္ခုိင္ ေျပာဆုိျခင္းမရွိသည့္ မမွန္ကန္ေသာ သတင္းမ်ားကို ဓာတ္ပုံ၊ အမည္ႏွင့္ တိတိပပ ပူးတြဲေရးသားေဖာ္ျပခဲ့ျခင္းသည္ ပုဂၢိဳလ္ေရးဂုဏ္သိကၡာမ်ားႏွင့္ ႏုိင္ငံအေပၚထားရွိသည့္ ႏုိင္ငံေရးဂုဏ္သိကၡာမ်ား မ်ားစြာက်ဆင္းခဲ့ရေၾကာင္းလည္း ယင္းေၾကာ္ျငာခ်က္တြင္ ေဖာ္ျပထားသည္။

မမွန္မကန္သတင္းေရးသားေဖာ္ျပမႈမ်ားကို ဤသတင္းစာေၾကာ္ျငာသည့္ေန႔မွစ၍ ၇ ရက္အတြင္း ေၾကးမုံႏွင့္ ျမန္မာ့အလင္းသတင္းစာမ်ားႏွင့္ လူႀကီးမင္းတုိ႔ ထုတ္ေဝလ်က္ရွိေသာ ဂ်ာနယ္၌ အဆုိပါကိစၥရပ္မ်ားအား ေဒါက္တာသက္သက္ခုိင္မွ ေျပာဆုိခဲ့ျခင္းမရွိသည့္ အေၾကာင္းအရာမ်ားျဖစ္ေၾကာင္း ရွင္းလင္းခ်က္ကို ထင္ရွားေသာစာမ်က္ႏွာ၌ အနီးစပ္ဆုံးအခ်ိန္၌လည္းေကာင္း ျပန္လည္ရွင္းလင္းေပးရန္ႏွင့္ လူသိရွင္ၾကားဝန္ခ်ေတာင္းပန္ေၾကာင္း ေၾကာ္ျငာစာ ထည့္သြင္းေဖာ္ျပေတာင္းပန္ေပးရန္ ေတာင္းဆုိေၾကာင္းလည္း ယင္းေၾကာ္ျငာတြင္ ပါရွိသည္။

ယင္းေၾကာ္ျငာခ်က္ပါ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ ေမးျမန္းႏုိင္ရန္ ေဒါက္တာသက္သက္ခုိင္ထံ ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းကိုင္ေျဖဆုိခဲ့ျခင္း မရွိခဲ့ေပ။

ယင္းသတင္းေဖာ္ျပခ်က္ႏွင့္ ပတ္သက္၍ သူရိယ္ေနဝန္းဂ်ာနယ္မွ ကိုရန္ပိုင္စုိးက“ေလာေလာဆယ္က ကြ်န္ေတာ္တို႔က ဒါနဲ႔ပတ္သက္ၿပီးေတာ့ လုိက္ေနေသးေတာ့ နည္းနည္းေလးခဏေလာက္ ဆုိင္းေပးပါဦး။ သတင္းစာမွာပါတဲ့ အခ်က္အလက္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကြ်န္ေတာ္တုိ႔ နည္းနည္းေလး ဟိုဟာလုပ္ေနလို႔ပါ”ဟု ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  News Watch

#Unicode Version#
၂၀၂၀ ရွေးကောက်ပွဲကာလတွင် NLDပြန်လည်အနိုင်ရရှိပါက တိုင်းပြည်အန္တရာယ်မှာ အလွန်ကြောက်စရာကောင်းကြောင်း ဒေါက်တာသက်သက်ခိုင်ပြောဆိုဟု သတင်းဖော်ပြခဲ့သည့် သူရိယနေဝန်းဂျာနယ်ကို ၇ ရက်အတွင်း မတောင်းပန်ပါက တရားစွဲမည်ဟု ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ၎င်း၏ရှေ့နေဦးစွမ်းထက်ပိုင်မှတဆင့် စက်တင်ဘာ ၂၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် ထည့်သွင်းကြော်ငြာလိုက်သည်။

“အရေးတော်ပုံတပ်သားမင်းဒင်(တာဝန်ခံအယ်ဒီတာ) သူရိယနေဝန်းဂျာနယ်နှင့် အများသိစေရန်ကြော်ငြာခြင်း”ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းကြော်ငြာတွင် ၈.၉.၂၀၁၈ရက်စွဲပါ Vol-1, No-214ဖြင့် ထုတ်ဝေခဲ့သော ဂျာနယ်၌ ဒေါက်တာသက်သက်ခိုင်၏ ဓာတ်ပုံကို ပူးတွဲဖော်ပြလျက် “၂၀၂၀ ရွေးကောက်ပွဲကာလတွင် NLDပြန်လည်အနိုင်ရရှိပါက တိုင်းပြည်အန္တရာယ်မှာ အလွန်ကြောက်စရာ ကောင်းကြောင်း ဒေါက်တာသက်သက်ခိုင်ပြောဆို”ဟု ထင်ရှားစွာရေးသားထုတ်ဝေခဲ့ရာတွင် ဒေါက်တာသက်သက်ခိုင်မှ လူကြီးမင်းတို့၏ ဂျာနယ်တိုက်ကိုသော်လည်းကောင်း၊ အခြားဂျာနယ်တိုက်နှင့် မီဒီယာများကိုသော်လည်းကောင်း၊ လူကြီးမင်းတို့ရေးသားထားခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ တစ်ကြိမ်တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်းမရှိကြောင်း ပါရှိသည်။

“ဂျာနယ်ရဲ့ အပေါ်မှာကို ထင်ရှားစေလောက်မယ့် highlight လုပ်ပြီးတော့ သေသေချာချာတိတိပပကို ရေးထားတာပါ ခင်ဗျာ။ လက်ရှိအခြေအနေထိတော့ ကျွန်တော့်အပေါ်မှာတော့ ဖုန်းဆက်ပြီးတော့ ဆယ်သွယ်တဲ့အရာတော့ မရှိပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို ပြန်ဆက်သွယ်ဖို့အတွက်ကို တောင်းဆိုထားတာမျိုးမရှိဘူးလေ။ ကျွန်တော်တို့က ဒီဟာကို ပြေလည်အောင်ဖြေရှင်းပေးဖို့အတွက် တောင်းဆိုထားတာပါခင်ဗျာ”ဟု အထက်တန်းရှေ့နေ ဦးစွမ်းထက်ပိုင်က News Watch သို့ ပြောကြားသည်။

ဒေါက်တာသက်သက်ခိုင် ပြောဆိုခြင်းမရှိသည့် မမှန်ကန်သော သတင်းများကို ဓာတ်ပုံ၊ အမည်နှင့် တိတိပပ ပူးတွဲရေးသားဖော်ပြခဲ့ခြင်းသည် ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာများနှင့် နိုင်ငံအပေါ်ထားရှိသည့် နိုင်ငံရေးဂုဏ်သိက္ခာများ များစွာကျဆင်းခဲ့ရကြောင်းလည်း ယင်းကြော်ငြာချက်တွင် ဖော်ပြထားသည်။

မမှန်မကန်သတင်းရေးသားဖော်ပြမှုများကို ဤသတင်းစာကြော်ငြာသည့်နေ့မှစ၍ ၇ ရက်အတွင်း ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများနှင့် လူကြီးမင်းတို့ ထုတ်ဝေလျက်ရှိသော ဂျာနယ်၌ အဆိုပါကိစ္စရပ်များအား ဒေါက်တာသက်သက်ခိုင်မှ ပြောဆိုခဲ့ခြင်းမရှိသည့် အကြောင်းအရာများဖြစ်ကြောင်း ရှင်းလင်းချက်ကို ထင်ရှားသောစာမျက်နှာ၌ အနီးစပ်ဆုံးအချိန်၌လည်းကောင်း ပြန်လည်ရှင်းလင်းပေးရန်နှင့် လူသိရှင်ကြားဝန်ချတောင်းပန်ကြောင်း ကြော်ငြာစာ ထည့်သွင်းဖော်ပြတောင်းပန်ပေးရန် တောင်းဆိုကြောင်းလည်း ယင်းကြော်ငြာတွင် ပါရှိသည်။

ယင်းကြော်ငြာချက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် ဒေါက်တာသက်သက်ခိုင်ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခဲ့ခြင်း မရှိခဲ့ပေ။

ယင်းသတင်းဖော်ပြချက်နှင့် ပတ်သက်၍ သူရိယ်နေဝန်းဂျာနယ်မှ ကိုရန်ပိုင်စိုးက“လောလောဆယ်က ကျွန်တော်တို့က ဒါနဲ့ပတ်သက်ပြီးတော့ လိုက်နေသေးတော့ နည်းနည်းလေးခဏလောက် ဆိုင်းပေးပါဦး။ သတင်းစာမှာပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နည်းနည်းလေး ဟိုဟာလုပ်နေလို့ပါ”ဟု ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top