×
Credit: Em Em
# Unicode Version ဖြင့် ဖတ်ပါ #
Natalia Kuznetsova လို့ခေါ်တဲ့ အသက် (၂၇) နှစ်အရွယ် အမျိုးသမီးဟာဆိုရင် a professional powerlifter, record breaker in bench-pressing, world-class deadlifter, a professional bodybuilder စတာတွေနဲ့ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။
သူမဟာ ယခုဆိုရင် ပြိုင်စံရှားတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်သွားပါပြီ။ အရပ်အမြင့် ၅ပေ ၆လက်မရှိပြီး ပေါင် ၂၀၀ အလေးချိန်ရှိတဲ့သူမရဲ့ လက်မောင်းဟာ ၁၉ လက်မရှိပြီး ခါးအရွယ်အစားကတော့ လက်မ ၃၀ ဖြစ်ပါတယ်။
ငယ်စဉ်မှာတော့သူမဟာ သာမန်ကလေးတစ်ယောက်ပါပဲ။ အသက် (၁၄) နှစ်မှာ သူမဟာ (၈၅) ပေါင်ပဲ ရှိခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစလို့သူမဟာ အားကစားကို စလုပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့အကောင်းဆုံးကြိုးစားမှုကြောင့် သိပ်မကြာခင်မှာပဲ ကြွက်သားတွေဖွံ့ဖြိုးလာပြီး ကိုယ်အလေးချိန်တွေလည်း တက်လာခဲ့ပါတယ်။
Natalia ဟာ အွန်လိုင်းပေါ်မှာ အရမ်းကျော်ကြားလာခဲ့ပြီး သူမရဲ့ Instagram မှာ subscribers ပေါင်း  335,000 subscribers ကျော်ရှိနေပြီဖြစ်ပါတယ်။
သူမဟာ အစားအသောက်၊ လေ့ကျင့်မှုတွေကိုလည်း နေ့စဉ်ပုံမှန် နည်းစနစ်ကျစွာ ပြုလုပ်နေသူတစ်ယောက်ဖြစ်သလို၊ ခင်ပွန်းဖြစ်သူ နပမ်းသမား Vladislav Kuznetsov ကလည်း သူမကို အများကြီး ကူညီပေးပါတယ်။ သူမရဲ့ ခန္ဓာကိုယ်နဲ့ပတ်သက်လို့ မကြိုက်တဲ့သူတွေလည်းရှိသလို၊ သူမရဲ့ ဇွဲ၊ စိတ်အားထက်သန်မှုတို့ိကို ချီးကျူးမဆုံးတဲ့သူတွေလည်း ရှိနေပါတယ်။ သင်ရောဘယ်လိုထင်ပါသလဲ…။
ဖိုးသူတော် (www.phothutaw.com)
Credit: Em Em
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top