ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 စားသုံးသူေရးရာ ဦးစီးဌာနက ထုတ္ျပန္လုိက္ပါတယ္။

Multi Level Marketing (MLM) လုပ္ငန္းေတြကုိ ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်မွတ္ႏိုင္တဲ့ အေရးႀကီးကုန္စည္နဲ႔ ၀န္ေဆာင္မႈ ဥပေဒပုဒ္မ ၅ အရ အေရးယူေတာ့မယ္လုိ႔ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာနက ထုတ္ျပန္ေၾကညာလုိက္ပါတယ္။
Photo - MEHED1

ဒီေန႔ စက္တင္ဘာ ၁၈ ရက္ေန႔မွာ စီးပြားေရးနဲ႔ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနအေနနဲ႔ ဆင့္ပြားေစ်းကြက္ ျဖန္႔ခ်ီေရးလုပ္ငန္း Multi Level Marketing လုပ္ငန္းေတြကုိ တားျမစ္ျခင္း အမိန္႔ေၾကာ္ျငာစာကုိ ထုတ္ျပန္ထားခဲ့တာျဖစ္ပါတယ္။

အမိန္႔ေၾကာ္ညာစာထုတ္တဲ့ေန႔က စတင္ အာဏာ သက္ေရာက္မွာျဖစ္ၿပီး တားျမစ္ထားတဲ့ MLM လုပ္ငန္း လုပ္ကုိင္ေဆာင္ရြက္ေနတာကုိ စံုစမ္းေတြ႕ရွိပါက အေရးယူမွာ ျဖစ္တယ္လုိ႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။


Photo - စားသုံးသူေရးရာဦးစီးဌာန

“အမ်ားျပည္သူ သိေအာင္နဲ႔ မလုပ္သင့္မလုပ္ထုိက္တာ မလုပ္ေအာင္ လုိ႔ ထုတ္ျပန္ခ်က္ကုိ Information အေနနဲ႔ ထုတ္ေပးတာပါ။ ေလာေလာဆယ္က ေနာက္တဆင့္က်န္ေသးတယ္။ဘယ္အဖြဲ႔အစည္း ဘယ္ဌာနကုိ စီးပြားကူးသန္း၀န္ႀကီးဌာနက လုပ္ပုိင္ခြင့္ေပးမလဲဆုိတာေတာ့ မသိေသးပါဘူး။ အဲဒီ ညႊန္ၾကားစာ ထုတ္ဖုိ႔ေတာ့ က်န္ပါေသးတယ္။ “ လုိ႔ စားသံုးသူေရးရာဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက Duwun မီဒီယာကုိ စက္တင္ဘာ ၁၈ ရက္ေန႔က ေျပာပါတယ္။

MLM ဆိုသည္မွာ ေစ်းကြက္ဆိုင္ရာနည္း ဗ်ဴဟာတစ္ခုျဖစ္သည္။ အေရာင္းအင္အားစုသက္သက္ရယ္သာ မဟုတ္ဘဲ ေရာင္းခ်သူလူတန္းစားမ်ား ကြန္ရက္သဖြယ္၊ ပိရမစ္ သဖြယ္စုဖြဲ႕၍ လူ ထုၾကားပ်ံ႕ႏွံ႔ေသာ မီဒီယာမ်ားကို မသံုးဘဲ၊မေၾကာ္ျငာဘဲ Door-to-door (Or)One-to-one စနစ္ျဖင့္ ေရာင္းခ်ေသာစနစ္ျဖစ္သည္။ အမွန္ တကယ္ တြင္ ပိရမစ္ ပံုစံလူစုသည့္MLMစနစ္သည္ ေရရွည္ ရပ္တည္၍မရေသာ စီၤးပြားေရးစနစ္ပုံစံျဖစ္ ၿပီး သာမန္စီးပြားေရးစနစ္ႏွင့္ မ်ားစြာကြဲ ျပား သည္ဟုစီးပြားေရး ပညာရွင္မ်ား က ဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 စားသုံးသူရေးရာ ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

Multi Level Marketing (MLM) လုပ်ငန်းတွေကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်တဲ့ အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူတော့မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Photo - MEHED1

ဒီနေ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆင့်ပွားဈေးကွက် ဖြန့်ချီရေးလုပ်ငန်း Multi Level Marketing လုပ်ငန်းတွေကို တားမြစ်ခြင်း အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

အမိန့်ကြော်ညာစာထုတ်တဲ့နေ့က စတင် အာဏာ သက်ရောက်မှာဖြစ်ပြီး တားမြစ်ထားတဲ့ MLM လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတာကို စုံစမ်းတွေ့ရှိပါက အရေးယူမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo - စားသုံးသူရေးရာဦးစီးဌာန

“အများပြည်သူ သိအောင်နဲ့ မလုပ်သင့်မလုပ်ထိုက်တာ မလုပ်အောင် လို့ ထုတ်ပြန်ချက်ကို Information အနေနဲ့ ထုတ်ပေးတာပါ။ လောလောဆယ်က နောက်တဆင့်ကျန်သေးတယ်။ဘယ်အဖွဲ့အစည်း ဘယ်ဌာနကို စီးပွားကူးသန်းဝန်ကြီးဌာနက လုပ်ပိုင်ခွင့်ပေးမလဲဆိုတာတော့ မသိသေးပါဘူး။ အဲဒီ ညွှန်ကြားစာ ထုတ်ဖို့တော့ ကျန်ပါသေးတယ်။ “ လို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက Duwun မီဒီယာကို စက်တင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။

MLM ဆိုသည်မှာ ဈေးကွက်ဆိုင်ရာနည်း ဗျူဟာတစ်ခုဖြစ်သည်။ အရောင်းအင်အားစုသက်သက်ရယ်သာ မဟုတ်ဘဲ ရောင်းချသူလူတန်းစားများ ကွန်ရက်သဖွယ်၊ ပိရမစ် သဖွယ်စုဖွဲ့၍ လူ ထုကြားပျံ့နှံ့သော မီဒီယာများကို မသုံးဘဲ၊မကြော်ငြာဘဲ Door-to-door (Or)One-to-one စနစ်ဖြင့် ရောင်းချသောစနစ်ဖြစ်သည်။ အမှန် တကယ် တွင် ပိရမစ် ပုံစံလူစုသည့်MLMစနစ်သည် ရေရှည် ရပ်တည်၍မရသော စီၤးပွားရေးစနစ်ပုံစံဖြစ် ပြီး သာမန်စီးပွားရေးစနစ်နှင့် များစွာကွဲ ပြား သည်ဟုစီးပွားရေး ပညာရှင်များ က ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top