မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တစ္ကိုယ္ေတာ္အေခြ သစ္စီစဥ္ေနသည္မွာ သံုးႏွစ္ခန္႔ ၾကာၿပီျဖစ္ေသာေၾကာင့္ ပရိသတ္ မ်ားကို ေခ်ာ့သည့္အေနျဖင့္သီ ခ်င္းသံုးပုဒ္ပါသည့္ Mini Album  ျဖန္႔ခ်ိခဲ့ျခင္းျဖစ္ေၾကာင္း အဆို ေတာ္၀နကေျပာသည္။

‘‘ကြၽန္ေတာ့္ရဲ႕ၾကာေနတဲ့‘တ ရားသျဖင့္’ အေခြကိုေစာင့္ရင္း ပရိသတ္ကို Mini ေခြေလးနဲ႔သီ ခ်င္းေလးနည္းနည္းေလာက္ေပး လိုက္ပါလားဆိုၿပီး Horizon Band ကကိုေအာင္ေလးနဲ႔ Horus  Entertainment က ကြၽန္ေတာ့္ သူငယ္ခ်င္းက အႀကံေပးလို႔ဒီအ ေခြေလးျဖစ္လာတာပါ’’ ဟု ၀န ကေျပာသည္။

ယင္းအေခြကို ‘သီခ်င္းသံုး ပုဒ္’ ဟု အမည္ေပးထားၿပီး စက္ တင္ဘာ ၁၀ ရက္တြင္ စတင္ျဖန္႔ ခ်ိကာ ‘စစ္ေျပး’၊ ‘သာတယ္နာ တယ္မလိုဘူး’ႏွင့္ ‘ဒဏ္ရာဆို ၀င္ မလာနဲ႔’ ဆိုသည့္သီခ်င္းမ်ားကို ၎၏သူငယ္ခ်င္းျဖစ္သည့္ ေတး ေရးႏုိင္ေလးက ေရးစပ္ေပးသည္ ဟု ဆိုသည္။

‘‘ကြၽန္ေတာ္ကိုယ္၌ကလည္း စစ္ျဖစ္ေနတဲ့ ေဒသကလူတစ္ ေယာက္ျဖစ္တယ္။ ေတးေရး ဆရာကလည္း စစ္ျဖစ္ေနတဲ့ ေဒသကဆိုေတာ့ ကိုယ္ေတြ႕ေတြ  ေရးထားတယ္။ ဆိုရတဲ့ခံစားမႈက ေတာ့ ေၾကကြဲတာေပါ့’’ ဟု စစ္ ေျပးသီခ်င္းႏွင့္ပတ္သက္၍  ၀န ကေျပာသည္။

ထို႔အျပင္ ယင္းအေခြကို Band အသစ္၊ ထုတ္လုပ္ေရးအ သစ္၊ ေတးေရးအသစ္မ်ားႏွင့္ စီစဥ္ခဲ့ျခင္းမွာလည္း ထူးျခား ခ်က္တစ္ခုျဖစ္ေၾကာင္း ၎ကဆို သည္။

‘‘တရားသျဖင့္ အေခြက ေတာ့လုပ္ေနတာသံုးႏွစ္ရွိၿပီ။  ကြၽန္ေတာ္ေလာဘႀကီးတာလည္း  ပါတယ္။ ေပတာလည္းပါတယ္။  ၾကားထဲမွာ က်န္းမာေရးေလး နည္းနည္းထိခိုက္သြားတာလည္း   ပါတယ္။ အဲဒီအေခြကအခု Vocal ပဲက်န္ပါေတာ့တယ္။ အ တီးပိုင္းေတြအားလံုးၿပီးပါၿပီ’’ ဟု ၀နက ၎၏ ဒုတိယတစ္ကိုယ္ ေတာ္ေခြႏွင့္ပတ္သက္၍ ေျပာ သည္။

၀နသည္ ‘အနီးဆံုးလူ’သီ ခ်င္းျဖင့္ ပရိသတ္အားေပးမႈရရွိ ခဲ့ၿပီး ဒုတိယတစ္ကိုယ္ေတာ္ေခြ ‘တရားသျဖင့္’ ကို ယခုႏွစ္အတြင္း ျဖန္႔ခ်ိႏုိင္ရန္ ႀကိဳးစားမည္ဟု ၎ကဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily.
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ကိုယ်တော်အခွေ သစ်စီစဉ်နေသည်မှာ သုံးနှစ်ခန့် ကြာပြီဖြစ်သောကြောင့် ပရိသတ် များကို ချော့သည့်အနေဖြင့်သီ ချင်းသုံးပုဒ်ပါသည့် Mini Album  ဖြန့်ချိခဲ့ခြင်းဖြစ်ကြောင်း အဆို တော်ဝနကပြောသည်။

‘‘ကျွန်တော့်ရဲ့ကြာနေတဲ့‘တ ရားသဖြင့်’ အခွေကိုစောင့်ရင်း ပရိသတ်ကို Mini ခွေလေးနဲ့သီ ချင်းလေးနည်းနည်းလောက်ပေး လိုက်ပါလားဆိုပြီး Horizon Band ကကိုအောင်လေးနဲ့ Horus  Entertainment က ကျွန်တော့် သူငယ်ချင်းက အကြံပေးလို့ဒီအ ခွေလေးဖြစ်လာတာပါ’’ ဟု ဝန ကပြောသည်။

ယင်းအခွေကို ‘သီချင်းသုံး ပုဒ်’ ဟု အမည်ပေးထားပြီး စက် တင်ဘာ ၁၀ ရက်တွင် စတင်ဖြန့် ချိကာ ‘စစ်ပြေး’၊ ‘သာတယ်နာ တယ်မလိုဘူး’နှင့် ‘ဒဏ်ရာဆို ဝင် မလာနဲ့’ ဆိုသည့်သီချင်းများကို ၎င်း၏သူငယ်ချင်းဖြစ်သည့် တေး ရေးနိုင်လေးက ရေးစပ်ပေးသည် ဟု ဆိုသည်။

‘‘ကျွန်တော်ကိုယ်၌ကလည်း စစ်ဖြစ်နေတဲ့ ဒေသကလူတစ် ယောက်ဖြစ်တယ်။ တေးရေး ဆရာကလည်း စစ်ဖြစ်နေတဲ့ ဒေသကဆိုတော့ ကိုယ်တွေ့တွေ  ရေးထားတယ်။ ဆိုရတဲ့ခံစားမှုက တော့ ကြေကွဲတာပေါ့’’ ဟု စစ် ပြေးသီချင်းနှင့်ပတ်သက်၍  ဝန ကပြောသည်။

ထို့အပြင် ယင်းအခွေကို Band အသစ်၊ ထုတ်လုပ်ရေးအ သစ်၊ တေးရေးအသစ်များနှင့် စီစဉ်ခဲ့ခြင်းမှာလည်း ထူးခြား ချက်တစ်ခုဖြစ်ကြောင်း ၎င်းကဆို သည်။

‘‘တရားသဖြင့် အခွေက တော့လုပ်နေတာသုံးနှစ်ရှိပြီ။  ကျွန်တော်လောဘကြီးတာလည်း  ပါတယ်။ ပေတာလည်းပါတယ်။  ကြားထဲမှာ ကျန်းမာရေးလေး နည်းနည်းထိခိုက်သွားတာလည်း   ပါတယ်။ အဲဒီအခွေကအခု Vocal ပဲကျန်ပါတော့တယ်။ အ တီးပိုင်းတွေအားလုံးပြီးပါပြီ’’ ဟု ဝနက ၎င်း၏ ဒုတိယတစ်ကိုယ် တော်ခွေနှင့်ပတ်သက်၍ ပြော သည်။

ဝနသည် ‘အနီးဆုံးလူ’သီ ချင်းဖြင့် ပရိသတ်အားပေးမှုရရှိ ခဲ့ပြီး ဒုတိယတစ်ကိုယ်တော်ခွေ ‘တရားသဖြင့်’ ကို ယခုနှစ်အတွင်း ဖြန့်ချိနိုင်ရန် ကြိုးစားမည်ဟု ၎င်းကဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top