မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

တာေမြေဈးေရွ႕ကားမွတ္တိုင္အနီး အုပ္စုဖြဲ႕ဓားခုတ္မႈမွ ဖမ္းဆီးထားသူမ်ားကို ယမန္ေန႔က ႐ံုးထုတ္လာစဥ္ (ဓာတ္ပံု − Mar Naw / MPA)
၎တို႔ကို ေန႔တြင္းခ်င္း ႐ံုးထုတ္ရမန္ယူ၊ အုပ္စုဖြဲ႕ဓားခုတ္ လူသတ္မႈျဖစ္ရပ္ေၾကာင့္ ၿမိဳ႕သိကၡာက်ေၾကာင္း လႊတ္ေတာ္အမတ္ေျပာ

တာေမြၿမိဳ႕နယ္တြင္ ျဖစ္ ပြားခဲ့ေသာ အုပ္စုဖြဲ႕ဓားျဖင့္ ခုတ္ လူသတ္မႈတြင္ ပါဝင္သည့္ နာမည္ႀကီးလူမိုက္ႏွင့္ အဖြဲ႕ကို အခင္းျဖစ္ ပြားၿပီး နာရီပုိင္းအတြင္း ဖမ္းဆီး ရမိေၾကာင္း ရန္ကုန္တုိင္းေဒသ ႀကီးရဲတပ္ဖြဲ႕က စက္တင္ဘာ ၁၂ ရက္တြင္ ထုတ္ျပန္သည္။

၎တို႔ရွစ္ဦးကို စက္တင္ဘာ၁၂ ရက္ညေနတြင္ တာေမြၿမိဳ႕နယ္တရား႐ံုး၌ ႐ံုးထုတ္ရမန္ယူခဲ့ၿပီး ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ထားသည္။

ကေလးခ်င္းျဖစ္ပြားသည့္ ျပႆနာက အစျပဳကာ နာမည္ ႀကီး လူမုိက္ပါဝင္ေသာ အုပ္စုဖြဲ႕ ဓားခုတ္မႈ စက္တင္ဘာ ၁၁ ရက္ ည ၁၀ နာရီ ၁၅ မိနစ္ခန္႔က တာေမြၿမိဳ႕နယ္(က)ရပ္ကြက္ရွိ တာေမြ ေစ်းေရွ႕လမ္းတြင္ ျဖစ္ပြားၿပီး အသက္(၃၀)အရြယ္ အမ်ိဳးသား တစ္ဦးကိုယ္ခႏၶာအႏွံ႔ဒဏ္ရာမ်ား ျဖင့္ ေသဆံုးခဲ့ေၾကာင္း၊၎ႏွင့္ တစ္အိမ္တည္းေန အမ်ိဳးသားႏွစ္ဦး ဒဏ္ရာရကာ ေဆး႐ံုတြင္ ကုသေနေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။


အုပ္စုဖြဲ႕ ဓားခုတ္လူသတ္မႈတြင္ ပါ၀င္ခဲ့သူတစ္ဦးကို ယမန္ေန႔က ႐ုံးထုတ္ေနစဥ္ (ဓာတ္ပံု − Mar Naw / MPA)

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕၏တရားဝင္ ထုတ္ျပန္ခ်က္တြင္ တာေမြၿမိဳ႕နယ္ (က)ရပ္ကြက္ေန လင္မယားႏွစ္ဦး က က်ိဳကၠဆံလမ္းမေပၚရွိ ကေလးကစားသည့္ဆိုင္တြင္ ညေနဘက္ဂိမ္းေဆာ့ရင္း ၎တို႔၏ကေလးကို အျခား ကေလးတစ္ဦးက ကစားစရာ ေသနတ္ျဖင့္ ထု႐ိုက္ရာမွ လူႀကီးခ်င္း ျပႆနာျဖစ္ပြားခဲ့ေၾကာင္း၊ ည ၁၀ နာရီ ၁၅ မိနစ္ခန္႔တြင္ အထက္ပါ လင္မယားႏွစ္ဦး ရွိေနေသာ အိမ္သို႔ ဝင္းထြဋ္ဝင္းဆိုသူက ဖုန္းဆက္လာၿပီး ‘‘မင္းတို႔ေစာက္ခ်ိဳးမေျပဘူး။ မင္းတို႔ကို လာခုတ္မယ္’’ ဟု ေျပာရာ ဖုန္းထဲတြင္ အျပန္အလွန္စကားမ်ားၿပီးေနာက္ လူတစ္စုက ကားသံုးစီးျဖင့္ ေရာက္လာကာ ဓား၊ လွံမ်ားျဖင့္ ထိုး၊ ခုတ္ျခင္းျဖစ္ေၾကာင္းေဖာ္ျပထားသည္။

ရန္ပြဲကို အေဝးမွ ရပ္ၾကည့္ ေနခဲ့သူတစ္ဦးက ‘‘ခုတ္ေနတဲ့အ ခ်ိန္ သြားၾကည့္လို႔မရဘူး။ သြား တဲ့ကားေတြေတာင္ ေျပာင္းျပန္ ျပန္ေျပးေနရတယ္။ သူတို႔ကိုပါ ရန္ရွာေနလို႔၊ ခုတ္ၿပီးမွ လူတစ္ ေယာက္က ဓားတစ္ေခ်ာင္းကိုင္ ၿပီး အာရာဖတ္ေပၚတက္သြားတာ လား၊ ဓားကို ခ်ၿပီး တက္သြားတာ လားမသိဘူး။ အာရာဖတ္လည္း အထြက္ ကၽြန္ေတာ္တို႔သြားၾကည့္ တဲ့အခ်ိန္မွာ လူတစ္ေယာက္က လဲေနတယ္။ အိမ္သားေတြက ငိုယုိၿပီး တိုက္ေပၚကေန ေျပးဆင္းလာ တယ္။ အဲဒီအခ်ိန္မွာ ရဲေတြ ေရာက္လာတယ္’’ဟု ေျပာသည္။

အုပ္စုဖြဲ႕ဓားခုတ္မႈတြင္ ပါ ဝင္ေသာ ဝင္းထြဋ္ဝင္းအပါအဝင္ အသက္(၂၉)ႏွစ္မွ (၄၂)ႏွစ္ၾကား အမ်ိဳးသားရွစ္ဦးကို ယင္းညႏွင့္ စက္တင္ဘာ ၁၂ ရက္နံနက္အ ေစာပိုင္းတြင္ လိုက္လံဖမ္းဆီးႏုိင္ ခဲ့သည္ဟု ရဲတပ္ဖြဲ႕က ထုတ္ျပန္ သည္။

အမ်ိဳးသားတစ္ဦးသည္ ရဲ တပ္ဖြဲ႕အား ျပန္လည္ခုခံေသာ ေၾကာင့္ ပန္႔အက္ရွင္ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

အသက္(၄၂)ႏွစ္အရြယ္ ဝင္းထြဋ္ဝင္းဆိုသူသည္ သာေကတ ၿမိဳ႕နယ္ ရပ္ကြက္(၈) တြင္ ေန ထုိင္ၿပီး ၎သည္ နာမည္ႀကီးလူ မိုက္တစ္ဦးျဖစ္ေၾကာင္း သာေက တၿမိဳ႕ခံမ်ားက ေျပာသည္။

ျပည္တြင္းသတင္းဌာနတစ္ ခုက ျဖစ္ေသာ Voice သတင္းဌာနက ဝင္းထြဋ္ဝင္းသည္ ပစိဖိတ္ဓာတ္ပံုဆိုင္ရွင္ အမ်ိဳးသားကို လမ္းမေတာ္ (၁၀)လမ္းတြင္ ဓားျဖင့္ ေထာက္၍ အငွားယာဥ္ေပၚ ေခၚေဆာင္ၿပီး ျပန္ေပးဆြဲခဲ့မႈတြင္ တရားခံေျပးအျဖစ္ ေၾကညာခံ ရေသာေၾကာင့္ ၂၀၁၆ ဇြန္လက ၎ကိုယ္တုိင္ လာေရာက္အဖမ္း ခံၿပီး တရားရင္ဆိုင္ခဲ့ရာ ယင္းအမႈ မွ တရားရွင္လြတ္ေျမာက္ခဲ့သူျဖစ္ ေၾကာင္း ေဖာ္ျပထားသည္။

ယခုဖမ္းဆီးေသာ ဝင္းထြဋ္ ဝင္းသည္ ၂၀၁၆ က ဖမ္းဆီးခဲ့ေသာ ဝင္းထြဋ္ဝင္းဟုတ္၊ မဟုတ္ 7Day Daily သတင္းစာက ေမးျမန္းရာ ရဲတပ္ဖြဲ႕က ေျဖၾကားျခင္း မရွိ ေပ။

၎တို႔ထံမွ ဓားရွည္ ၁၃ ေခ်ာင္း၊ ဓားတိုႏွစ္ေခ်ာင္း၊ လွံႏွစ္ ေခ်ာင္း၊ ပုဆိန္တစ္လက္ႏွင့္ သံ လက္သီးကြင္းတစ္ခုကိုပါ ရဲတပ္ ဖြဲ႕က သိမ္းဆည္းခဲ့သည္။ အဆိုပါ အမႈကို ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆/၁၁၄ (လူသတ္မႈ၊ ေဘးျဖစ္ေစတတ္ေသာလက္နက္ျဖင့္ အျပင္းအထန္နာက်င္ေစမႈ၊ ျပစ္မႈ က်ဴးလြန္ရာတြင္ ကိုယ္တိုင္အား ေပးကူညီမႈ) ျဖင့္ အမႈဖြင့္ခဲ့သည္။

တာေမြၿမိဳ႕နယ္အတြင္း အုပ္ စုဖြဲ႕ လူသတ္ရမ္းကားမႈျဖစ္ရပ္ သည္ ၿမိဳ႕အတြက္ သိကၡာက် ေၾကာင္း တာေမြၿမိဳ႕နယ္ မဲဆႏၵ နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသိန္းျမင့္က ေျပာသည္။

တာေမြၿမိဳ႕နယ္တြင္ ေနထုိင္ သူတစ္ဦးက ‘‘႐ုပ္ရွင္ေတြမွာသာ လူမိုက္ေတြ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ခ်ၾက၊ သတ္ၾကတာ ၾကည့္ဖူးတာ။ ခုက ေတာ့ အျပင္မွာ တကယ္ျမင္ရၿပီ။ ႐ုပ္ရွင္ေတာ့မဟုတ္ဘူး။ ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းေနတဲ့ တိုက္နားပတ္ဝန္း က်င္လူေတြ ညက ဒီအျဖစ္ပ်က္ ကို မ်က္ဝါးထင္ထင္ျမင္ၿပီး တစ္ ညလံုး အိပ္ေပ်ာ္ၾကမယ္မထင္ပါ ဘူး။ ခုလိုသာ ျဖစ္ေနမယ္ဆို ျပည္သူေတြရဲ႕ ရင္ထဲ ဘယ္လိုေတြ ခံစားေနရမလဲ။ ဒါေတြက ဘာ ေၾကာင့္လဲ’’ဟု လူမႈကြန္ရက္တြင္ ေရးသားကာ ရန္ကုန္ၿမိဳ႕၏တရား ဥပေဒစိုးမိုးမႈအေပၚ ေမးခြန္းထုတ္ ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
တာမွေဈေးရှေ့ကားမှတ်တိုင်အနီး အုပ်စုဖွဲ့ဓားခုတ်မှုမှ ဖမ်းဆီးထားသူများကို ယမန်နေ့က ရုံးထုတ်လာစဉ် (ဓာတ်ပုံ − Mar Naw / MPA)
၎င်းတို့ကို နေ့တွင်းချင်း ရုံးထုတ်ရမန်ယူ၊ အုပ်စုဖွဲ့ဓားခုတ် လူသတ်မှုဖြစ်ရပ်ကြောင့် မြို့သိက္ခာကျကြောင်း လွှတ်တော်အမတ်ပြော

တာမွေမြို့နယ်တွင် ဖြစ် ပွားခဲ့သော အုပ်စုဖွဲ့ဓားဖြင့် ခုတ် လူသတ်မှုတွင် ပါဝင်သည့် နာမည်ကြီးလူမိုက်နှင့် အဖွဲ့ကို အခင်းဖြစ် ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီး ရမိကြောင်း ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

၎င်းတို့ရှစ်ဦးကို စက်တင်ဘာ၁၂ ရက်ညနေတွင် တာမွေမြို့နယ်တရားရုံး၌ ရုံးထုတ်ရမန်ယူခဲ့ပြီး ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်။

ကလေးချင်းဖြစ်ပွားသည့် ပြဿနာက အစပြုကာ နာမည် ကြီး လူမိုက်ပါဝင်သော အုပ်စုဖွဲ့ ဓားခုတ်မှု စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က တာမွေမြို့နယ်(က)ရပ်ကွက်ရှိ တာမွေ ဈေးရှေ့လမ်းတွင် ဖြစ်ပွားပြီး အသက်(၃၀)အရွယ် အမျိုးသား တစ်ဦးကိုယ်ခန္ဓာအနှံ့ဒဏ်ရာများ ဖြင့် သေဆုံးခဲ့ကြောင်း၊၎င်းနှင့် တစ်အိမ်တည်းနေ အမျိုးသားနှစ်ဦး ဒဏ်ရာရကာ ဆေးရုံတွင် ကုသနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။


အုပ်စုဖွဲ့ ဓားခုတ်လူသတ်မှုတွင် ပါဝင်ခဲ့သူတစ်ဦးကို ယမန်နေ့က ရုံးထုတ်နေစဉ် (ဓာတ်ပုံ − Mar Naw / MPA)

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏တရားဝင် ထုတ်ပြန်ချက်တွင် တာမွေမြို့နယ် (က)ရပ်ကွက်နေ လင်မယားနှစ်ဦး က ကျိုက္ကဆံလမ်းမပေါ်ရှိ ကလေးကစားသည့်ဆိုင်တွင် ညနေဘက်ဂိမ်းဆော့ရင်း ၎င်းတို့၏ကလေးကို အခြား ကလေးတစ်ဦးက ကစားစရာ သေနတ်ဖြင့် ထုရိုက်ရာမှ လူကြီးချင်း ပြဿနာဖြစ်ပွားခဲ့ကြောင်း၊ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အထက်ပါ လင်မယားနှစ်ဦး ရှိနေသော အိမ်သို့ ဝင်းထွဋ်ဝင်းဆိုသူက ဖုန်းဆက်လာပြီး ‘‘မင်းတို့စောက်ချိုးမပြေဘူး။ မင်းတို့ကို လာခုတ်မယ်’’ ဟု ပြောရာ ဖုန်းထဲတွင် အပြန်အလှန်စကားများပြီးနောက် လူတစ်စုက ကားသုံးစီးဖြင့် ရောက်လာကာ ဓား၊ လှံများဖြင့် ထိုး၊ ခုတ်ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ရန်ပွဲကို အဝေးမှ ရပ်ကြည့် နေခဲ့သူတစ်ဦးက ‘‘ခုတ်နေတဲ့အ ချိန် သွားကြည့်လို့မရဘူး။ သွား တဲ့ကားတွေတောင် ပြောင်းပြန် ပြန်ပြေးနေရတယ်။ သူတို့ကိုပါ ရန်ရှာနေလို့၊ ခုတ်ပြီးမှ လူတစ် ယောက်က ဓားတစ်ချောင်းကိုင် ပြီး အာရာဖတ်ပေါ်တက်သွားတာ လား၊ ဓားကို ချပြီး တက်သွားတာ လားမသိဘူး။ အာရာဖတ်လည်း အထွက် ကျွန်တော်တို့သွားကြည့် တဲ့အချိန်မှာ လူတစ်ယောက်က လဲနေတယ်။ အိမ်သားတွေက ငိုယိုပြီး တိုက်ပေါ်ကနေ ပြေးဆင်းလာ တယ်။ အဲဒီအချိန်မှာ ရဲတွေ ရောက်လာတယ်’’ဟု ပြောသည်။

အုပ်စုဖွဲ့ဓားခုတ်မှုတွင် ပါ ဝင်သော ဝင်းထွဋ်ဝင်းအပါအဝင် အသက်(၂၉)နှစ်မှ (၄၂)နှစ်ကြား အမျိုးသားရှစ်ဦးကို ယင်းညနှင့် စက်တင်ဘာ ၁၂ ရက်နံနက်အ စောပိုင်းတွင် လိုက်လံဖမ်းဆီးနိုင် ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

အမျိုးသားတစ်ဦးသည် ရဲ တပ်ဖွဲ့အား ပြန်လည်ခုခံသော ကြောင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အသက်(၄၂)နှစ်အရွယ် ဝင်းထွဋ်ဝင်းဆိုသူသည် သာကေတ မြို့နယ် ရပ်ကွက်(၈) တွင် နေ ထိုင်ပြီး ၎င်းသည် နာမည်ကြီးလူ မိုက်တစ်ဦးဖြစ်ကြောင်း သာကေ တမြို့ခံများက ပြောသည်။

ပြည်တွင်းသတင်းဌာနတစ် ခုက ဖြစ်သော Voice သတင်းဌာနက ဝင်းထွဋ်ဝင်းသည် ပစိဖိတ်ဓာတ်ပုံဆိုင်ရှင် အမျိုးသားကို လမ်းမတော် (၁၀)လမ်းတွင် ဓားဖြင့် ထောက်၍ အငှားယာဉ်ပေါ် ခေါ်ဆောင်ပြီး ပြန်ပေးဆွဲခဲ့မှုတွင် တရားခံပြေးအဖြစ် ကြေညာခံ ရသောကြောင့် ၂၀၁၆ ဇွန်လက ၎င်းကိုယ်တိုင် လာရောက်အဖမ်း ခံပြီး တရားရင်ဆိုင်ခဲ့ရာ ယင်းအမှု မှ တရားရှင်လွတ်မြောက်ခဲ့သူဖြစ် ကြောင်း ဖော်ပြထားသည်။

ယခုဖမ်းဆီးသော ဝင်းထွဋ် ဝင်းသည် ၂၀၁၆ က ဖမ်းဆီးခဲ့သော ဝင်းထွဋ်ဝင်းဟုတ်၊ မဟုတ် 7Day Daily သတင်းစာက မေးမြန်းရာ ရဲတပ်ဖွဲ့က ဖြေကြားခြင်း မရှိ ပေ။

၎င်းတို့ထံမှ ဓားရှည် ၁၃ ချောင်း၊ ဓားတိုနှစ်ချောင်း၊ လှံနှစ် ချောင်း၊ ပုဆိန်တစ်လက်နှင့် သံ လက်သီးကွင်းတစ်ခုကိုပါ ရဲတပ် ဖွဲ့က သိမ်းဆည်းခဲ့သည်။ အဆိုပါ အမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ (လူသတ်မှု၊ ဘေးဖြစ်စေတတ်သောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု၊ ပြစ်မှု ကျူးလွန်ရာတွင် ကိုယ်တိုင်အား ပေးကူညီမှု) ဖြင့် အမှုဖွင့်ခဲ့သည်။

တာမွေမြို့နယ်အတွင်း အုပ် စုဖွဲ့ လူသတ်ရမ်းကားမှုဖြစ်ရပ် သည် မြို့အတွက် သိက္ခာကျ ကြောင်း တာမွေမြို့နယ် မဲဆန္ဒ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းမြင့်က ပြောသည်။

တာမွေမြို့နယ်တွင် နေထိုင် သူတစ်ဦးက ‘‘ရုပ်ရှင်တွေမှာသာ လူမိုက်တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ချကြ၊ သတ်ကြတာ ကြည့်ဖူးတာ။ ခုက တော့ အပြင်မှာ တကယ်မြင်ရပြီ။ ရုပ်ရှင်တော့မဟုတ်ဘူး။ ငြိမ်းငြိမ်း ချမ်းချမ်းနေတဲ့ တိုက်နားပတ်ဝန်း ကျင်လူတွေ ညက ဒီအဖြစ်ပျက် ကို မျက်ဝါးထင်ထင်မြင်ပြီး တစ် ညလုံး အိပ်ပျော်ကြမယ်မထင်ပါ ဘူး။ ခုလိုသာ ဖြစ်နေမယ်ဆို ပြည်သူတွေရဲ့ ရင်ထဲ ဘယ်လိုတွေ ခံစားနေရမလဲ။ ဒါတွေက ဘာ ကြောင့်လဲ’’ဟု လူမှုကွန်ရက်တွင် ရေးသားကာ ရန်ကုန်မြို့၏တရား ဥပဒေစိုးမိုးမှုအပေါ် မေးခွန်းထုတ် ထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top