ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ဒီေပ့ခ်္ကေန ဘာေတြဆက္လုပ္သြားမလဲ ေျပာျပခဲ့ပါတယ္။
ဥကၠာမင္းေမာင္က LGBT ေတြ နဲ႔ ပတ္သက္တဲ့  အေၾကာင္းအရာေတြကုိ တင္ျပသြားဖုိ႔ ကုိယ္ပုိင္ Facebook Page တစ္ခုကုိ ဖြင့္ လုိက္ပါၿပီ။ ဒီ Page ကေန လုပ္ေဆာင္သြားမယ့္ အေၾကာင္းအရာေတြကုိလည္း သူက ေျပာျပထားပါတယ္။

Photo: ဥကၠာမင္းေမာင္ ေဖ့စ္ဘြတ္
သရုပ္ေဆာင္ အဆုိေတာ္ ဥကၠာမင္းေမာင္က LGBT အားလုံးအတြက္ သီးသန္႔ Facebook Page ေလး တစ္ခုဖြင့္လုိက္ပါၿပီ။ ဒီ Page ေလးကုိ လည္း အမွတ္တရအေနနဲ႔သူ႔ရဲ႕ ေမြးေန႔မွာ စတင္ဖြင့္ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။

'' ကၽြန္ေတာ္ LGBT Blogger/influencer တစ္ေယာက္အေနနဲ႔ခရီးအစ LGBT ေတြအားလံုးအတြက္ ကၽြန္ေတာ့္ရဲ႕ ေမြးေန႔မွာ စတင္ၿပီး ဖန္တီး ေမြးဖြား လိုက္တဲ့ UNOKKARN & ME page ေလးပါ။ ျမန္မာလို အသံထြက္ကေတာ့ ယူႏိုကြန္းန္ ပါ'' ဆုိၿပီးေတာ့ စက္တင္ဘာလ ၁၈ ရက္ေန႔ ည ၁၁နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ တရားဝင္ျပသခဲ့တာျဖစ္ပါတယ္။


Photo: ဥကၠာမင္းေမာင္ ေဖ့စ္ဘြတ္
ဥကၠာမင္းေမာင္ဟာ အခုလက္ရွိမွာေတာ့ New York မွာေနထုိင္တာျဖစ္ပါတယ္။ အခြင့္အေရး ရရင္ ရသလုိ New York မွာရွိတဲ့ အႏုပညာ အလုပ္ေတြမွာလည္း ပါဝင္ႀကိဳးစားေနတာျဖစ္ပါတယ္။ လက္ရွိမွာ သူတည္ေထာင္လုိက္တဲ့ UNOKKARN & ME page ကေန တဆင့္ မၾကာခဏ ဆုိသလုိ ပရိသတ္ေတြနဲ႔ ေတြ႔ဆုံသြားမယ္လုိ႔ သိရပါတယ္။

''အခ်ိန္ရရင္ရသလို LGBT ေတြနဲ႔ ပတ္သတ္တဲ့ video file ေလးေတြ၊သတင္းေလးေတြ၊ မိတ္ကပ္၊ဖက္ရွင္၊personal stories ေလးေတြ၊ဟာသ ဗီဒီယိုေလးေတြလဲ ဒီ Page ကေနတင္သြားပါမယ္။ Official Logo ကေတာ့ဆြဲတုန္း မို႔လို႔ ေလာေလာဆယ္ ဒါေလးပဲတင္ထားတယ္'' ဆုိၿပီးေတာ့ ဆက္လက္ေရးသားခဲ့ပါေသးတယ္။

Photo: ဥကၠာမင္းေမာင္ ေဖ့စ္ဘြတ္
ဥကၠာမင္းေမာင္ဟာ အခုလက္ရွိမွာေတာ့ New York မွာ ေနထုိင္တာျဖစ္ပါတယ္။ သူ႔အေနနဲ႔ ျမန္မာႏုိင္ငံက အႏုပညာအလုပ္ေတြလည္း လုပ္ကုိင္လွ်က္ရွိသလုိ New York မွာရွိတဲ့ အႏုပညာေလာကထဲကုိလည္း ဝင္ေရာက္ႏိုင္ဖုိ႔ ႀကိဳးစားေနသူျဖစ္ပါတယ္။ သူဟာ အေမရိကန္ ရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္တဲ့ 'Dead Of Night' Short Film မွာလည္း ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။


Photo: ဥကၠာမင္းေမာင္ ေဖ့စ္ဘြတ္
ဥကၠာမင္းေမာင္က Mister Tourism World 2016 Winner ဆုကုိ ရရွိပုိင္ဆုိင္ထားတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာလႈပ္ရွားမႈ အေနနဲ႔ သရုပ္ေဆာင္ ဘက္မွာေရာ၊ ဂီတဘက္မွာပါ အားသြန္ခြန္စုိက္ ႀကိဳးစားေဆာင္ရြက္ခဲ့သူျဖစ္ၿပီး 18 Album သီခ်င္းေခြလည္း ထြက္ရွိထား ပါတယ္။``
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 ဒီပေ့ချ်ကနေ ဘာတွေဆက်လုပ်သွားမလဲ ပြောပြခဲ့ပါတယ်။
ဥက္ကာမင်းမောင်က LGBT တွေ နဲ့ ပတ်သက်တဲ့  အကြောင်းအရာတွေကို တင်ပြသွားဖို့ ကိုယ်ပိုင် Facebook Page တစ်ခုကို ဖွင့် လိုက်ပါပြီ။ ဒီ Page ကနေ လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကိုလည်း သူက ပြောပြထားပါတယ်။

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်
သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်က LGBT အားလုံးအတွက် သီးသန့် Facebook Page လေး တစ်ခုဖွင့်လိုက်ပါပြီ။ ဒီ Page လေးကို လည်း အမှတ်တရအနေနဲ့သူ့ရဲ့ မွေးနေ့မှာ စတင်ဖွင့်ဖြစ်ခဲ့တာလို့ သိရပါတယ်။

'' ကျွန်တော် LGBT Blogger/influencer တစ်ယောက်အနေနဲ့ခရီးအစ LGBT တွေအားလုံးအတွက် ကျွန်တော့်ရဲ့ မွေးနေ့မှာ စတင်ပြီး ဖန်တီး မွေးဖွား လိုက်တဲ့ UNOKKARN & ME page လေးပါ။ မြန်မာလို အသံထွက်ကတော့ ယူနိုကွန်းန် ပါ'' ဆိုပြီးတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၁နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တရားဝင်ပြသခဲ့တာဖြစ်ပါတယ်။

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်
ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာနေထိုင်တာဖြစ်ပါတယ်။ အခွင့်အရေး ရရင် ရသလို New York မှာရှိတဲ့ အနုပညာ အလုပ်တွေမှာလည်း ပါဝင်ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိမှာ သူတည်ထောင်လိုက်တဲ့ UNOKKARN & ME page ကနေ တဆင့် မကြာခဏ ဆိုသလို ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

''အချိန်ရရင်ရသလို LGBT တွေနဲ့ ပတ်သတ်တဲ့ video file လေးတွေ၊သတင်းလေးတွေ၊ မိတ်ကပ်၊ဖက်ရှင်၊personal stories လေးတွေ၊ဟာသ ဗီဒီယိုလေးတွေလဲ ဒီ Page ကနေတင်သွားပါမယ်။ Official Logo ကတော့ဆွဲတုန်း မို့လို့ လောလောဆယ် ဒါလေးပဲတင်ထားတယ်'' ဆိုပြီးတော့ ဆက်လက်ရေးသားခဲ့ပါသေးတယ်။
Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်
ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာ နေထိုင်တာဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံက အနုပညာအလုပ်တွေလည်း လုပ်ကိုင်လျှက်ရှိသလို New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ သူဟာ အမေရိကန် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ 'Dead Of Night' Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်
ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှု အနေနဲ့ သရုပ်ဆောင် ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထား ပါတယ်။``
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
# Unicode Version ဖြင့် ဖတ်ပါ #

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top